Sai Nay Min Naing 1:35pm Jun 24
မန္တလေးဈေးချိုတော်ရှေ့တွင် ဇွန် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ ခန့်က ရပ်ထားသော ဂျစ်ကားတစ်စီးပေါ်၌ ပေါက်ကွဲမှု
ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော် ၈၄ လမ်း ၂၇ လမ်းနှင့် ၂၈ လမ်းကြား မန်းမြန်မာ ပလာဇာနှင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုဟိုတယ် မြေညီထပ်ရှေ့တွင် ရပ်ထားသော ဂျစ်ကားတစ်စီးပေါ်၌ ယနေ့ မွန်းတည့် ၁၂ နာရီခန့် အချိန်တွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု မျက်မြင်ကိုယ်တွေ့များထံမှ သိရှိရသည်။ လောလောဆယ်တွင်မူ အဆိုပါ ကားအနီး ကုန်ပစ္စည်း သယ်ပို့လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းနှင့် ပေါက်ကွဲမှုကြောင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုပလာဇာ အပေါ်ထပ်မှ မှန်အချို့ ကွဲကာ ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။ ဂျစ်ကားမှာမူ ပျက်စီးသွားပြီး ထပ်မံ၍ အသေအပျောက်နှင့် ဒဏ်ရာရရှိမှု အခြေအနေကိုမူ စုံစမ်းနေကြောင်း သိရှိရသည်။
"၂၆ လမ်းကနေ ၂၈ လမ်းထိကို ယာယီ ကန့်သတ်လိုက်တယ် အခု သက်ဆိုင်ရာ တာဝန်ရှိသူတွေ အခင်းဖြစ်ပွားရာ နေရာမှာ လာရောက် စစ်ဆေးလျက်ရှိတယ်ဆိုတာကို တွေ့ရပါတယ်"ဟု အခင်းဖြစ်ပွားရာနေရာအနီးသို့ သွားရောက် ကြည့်ရူနေသည့် မန္တလေးမြို့ခံ တစ်ဦးက မွန်းလွဲ ၁ နာရီခန့် တွင် ပြောကြာခဲ့ကြောင်းသိရသည် ။
Friday, June 24, 2011
Thursday, June 16, 2011
ကော့ကရိတ်နဲ့ လှိုင်းဘွဲမြို့နယ်တွေထဲက တိုက်ပွဲ ၂ ပွဲ
Posted by admin on June 15, 2011 0 Comment

http://www.demotix.com/photo/538254/jungle-war-between-dkba-and-spdc-burma
ကရင်ပြည်နယ် ကော့ကရိတ်မြို့ ရန်ကုတ်ကျေးရွာအနီးမှာ ဒီကေဘီအေ စစ်ဗျူဟာ (၂) ဗိုလ်မှူး ကြီး ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေက ကြံ့ဖွတ်အစိုးရ တပ်တို့ ဒီကနေ့ ဇွန်လ ၁၅ ရက် ညနေ ၃ နာရီခွဲမှ ၅ နာရီထိ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီကေဘီအေ ဘက်က ထိခိုက်မှု မရှိဆိုတာ သိရှိရပြီး ကြံ့ဖွတ် အစိုးရ စစ်တပ်ဘက်မှ ထိခိုက်မှုအခြေအနေကို မသိရှိရသေးပါ။
အလားတူး ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ထဲက ပိန်းနွယ်ကုန်းရွာအနီးမှာ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မှာပဲ မနက် ၈ နာရီမှ ၉နာရီခန့်အထိ
ဒီကေဘီအေ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နဖူး စခန်းထိုင်တပ် ကြံ့ဖွတ် အစိုးရ စစ်တပ် အင်အားတချို့နဲ့ တိုက်ပွဲတပွဲ ဖြစ်ပွားခဲ့ပါ
သေးတယ် ။
ဒီပွဲမှာ ကြံ့ဖွတ်စစ်တပ်ဘက်မှ ၄ ယောက်သေဆုံးခဲ့တယ်လို့ ဒီကေဘီအေ သတင်းရပ်ကွက် ပြောပြချက်အရ သိရှိရပါတယ်။

KNU, DKBA, BGF, ABSDF နဲ့ စစ်အစိုးရ ထောက်လှမ်းရေး အရာရှိဟောင်း တို့ရဲ့အမြင်တွေကို စုစည်း တင်ပြထားတဲ့ရုပ်သံဖိုင်
ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ပြန်လည် ပူးပေါင်းပြီး ဒီကေဘီအေ ဌာနချုပ်ရှိရာ မြိုင်ကြီးငူကို ပြန်လည် သိမ်းပိုက်လိုက်တဲ့ လုပ်ရပ်အပေါ် KNU, DKBA, BGF, ABSDF နဲ့ စစ်အစိုးရ ထောက်လှမ်းရေး အရာရှိဟောင်း တို့ရဲ့အမြင်တွေကို စုစည်း တင်ပြထားပါတယ်
Wednesday, June 15, 2011
Sunday, June 12, 2011
ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် မြန်မာအစိုးရသစ် တောင်းဆို
ခင်ဦးသာ Friday, 10 June 2011 18:20
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှုများကို လုပ်ဆောင်နေပြီဖြစ်၍ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းပေးရန် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပနေသော ကမ္ဘာ့ကုသမဂ္ဂ လူ့အခွင့် အရေးကောင်စီ၌ မြန်မာအစိုးရသစ်က တောင်းဆို လိုက်သည်။

တိုက်ပွဲကြောင့် ၂၀၁၀ နိုဝင်ဘာ လကုန်ပိုင်းက ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာရသော စစ်ပြေး ဒုက္ခသည်များ (ဓာတ်ပုံ - ဧရာဝတီ)
အစိုးရသစ်သည် သက်တမ်းအားဖြင့် ၆၉ ရက်သာ ရှိသေးသော်လည်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ စာတွေ့၊ လက်တွေ့ လုပ်ဆောင်နေကြောင်း၊ နိုင်ငံတကာကို ကိုယ်စားပြုသည့် ကမ္ဘာ့ ကုလသမဂ္ဂကဲ့သို့သော အဖွဲ့ကြီးကလည်း ပူးပေါင်းပါဝင် နေခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုများကို ရှေးရှု၍ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းသင့်ပြီ ဖြစ်ကြောင်း မြန်မာအစိုးရ ကိုယ်စားလှယ် ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်က တောင်းဆိုခဲ့သည်ဟု အစိုးရ၏ ယနေ့ထုတ် သတင်းစာများတွင် ရေးသားထားသည်။
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၁၇ ကြိမ်မြောက် အစည်းအဝေးကို ဂျနီဗာမြို့၌ မေလ ၃၀ ရက်မှ စတင်ကျင်းပလျှက်ရှိရာ ဇွန်လ ၁၇ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ ထိုအစည်းအဝေးသို့ ပြည်ပရောက် အတိုက်အခံ အင်အားစုများလည်း တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ထိုအစည်းအဝေးတွင် အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းလည်း တက်ရောက်နေရာ မြန်မာအစိုးရ ပြောဆိုနေသော နိုင်ငံရေးအကျဉ်းသား မရှိ ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေပြီး မကြာခင်က ပြန်လွတ်လာသူများ၌ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၅၁ ဦးသာ ပါဝင်ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ဦးဆောင်သော နိုင်ငံတကာ စုံစမ်းရေးကော်မရှင် တရပ်ကို အမြန်ဆုံးဖွဲ့စည်းရေးနှင့် မြန်မာစစ်အစိုးရ ကျူးလွန်ထားသော စစ်ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ကိုလည်း အစိုးရ၏ တားဆီး ဟန့်တားမှုတစုံတရာ မရှိစေဘဲ အကျဉ်းထောင် အသီးသီးသို့ ချက်ချင်းဝင်ရောက် စစ်ဆေးခွင့် ပြုရန်အတွက် ဒေါက်တာသောင်းထွန်းက ဆွေးနွေးခဲ့သည်။
အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီ ကျင့်စဉ် မရှိမှုများအပေါ် အခြေခံ၍ ဥပဒေအရ စီးပွားရေး ပိတ်ဆို့ထားခြင်း ဖြစ်သောကြောင့် ၎င်းပိတ်ဆို့မှုကို ထောက်ခံကြောင်း ရန်ကုန်မှ ရှေ့နေ တဦးဖြစ်သူ ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ စံနှုန်းတွေ မရှိတော့ဘူးဆိုရင် စီးပွားရေး ပိတ်ဆို့တာတွေက ပျောက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
အစိုးရသစ်အနေဖြင့် လူ့အခွင့်အရေးကိစ္စ၊ တရားဥပဒေ စိုးမိုးရေးနှင့် လွတ်လပ်ပွင့်လင်းသော တရားစီရင်မှု တစုံတရာမတွေ့ ရသေးကြောင်းလည်း ဦးအောင်သိန်းက ပြောသည်။
“တရားရုံးတွေရဲ့ အခေါ် အဝေါ်တွေ၊ ဆိုင်းဘုတ်တွေ ပြောင်းလဲသွားတာက လွဲရင် တရားစီရင်မှုဆိုင်ရာ ကိစ္စတွေမှာ အပြောင်းအလဲ ဘာတခုမှ ထူးခြားလာတာ မတွေ့ရသေးဘူး” ဟု လည်း သူက ဆိုသည်။
ဂျနီဗာ၌ ကျင်းပနေသည့် အစည်းအဝေးသည် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလအတွင်းက အဆိုပြုထားခဲ့ကြသော မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စရပ် များနှင့် ပတ်သက်သော အကြံပြုချက် ၁၉၀ ကို ပြန်လှန်သုံးသပ်သည့် ဆွေးနွေးပွဲဖြစ်သည်။
အကြံပြုချက် ၁၉၀ အနက် အချက် ၇၀ သည်မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးသည်ဟု ဆိုကာ မြန်မာ အစိုးရသစ်က ပယ်ချခဲ့သည်။ ၇၄ ချက်အား ထောက်ခံပြီး ကျန် ၄၆ ချက်ကို စဉ်းစားသုံးသပ်ဦးမည်ဟု မြန်မာအစိုးရက ဆိုထားသည်။
မြန်မာ အစိုးသစ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အတိုင်း ကျင့်သုံးသွားမည်ဖြစ်ပြီး နိုင်ငံသားတိုင်း၏ အခြေခံ ရပိုင်ခွင့်၊ အခြေခံ အခွင့်အရေးများကို လက်ရှိ ဖွဲ့စည်းပုံပါအတိုင်း ပြန်လည်သုံးသပ် ဆွေးနွေးသွားမည်ဟု မြန်မာကိုယ်စားလှယ် ဒေါက်တာ ထွန်းရှင်က ပြောခဲ့သည်။
မည်သည့်နိုင်ငံမဆို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး စွပ်စွဲခံရမှုများ ရှိကြောင်း၊ ယခုအစည်းအဝေးကို တက်ရောက် လာခြင်းကပင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ကြီးနှင့် ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း သူက ဆိုသည်။
မြန်မာအစိုးရ၏ လူသားမျိုးနွယ်တုံး သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် တောင်းဆိုထားသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ အား မြန်မာအစိုးရက ပြည်ဝင်ခွင့် ဗီဇာ မပေးသေးပေ။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြီးခဲ့သည့်လက ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ ကင်တာနာက မြန်မာနိုင်ငံ၏ အကျဉ်းထောင် များအတွင်း ကြမ်းတမ်းသော ညှဉ်းပန်းနှိပ်စက်မှုများ ရှိနေကြောင်း၊ တိုင်းရင်းသား ဒေသများ၌လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Thursday, June 9, 2011
ဆန္ဒပြ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်မည် စိုးရိမ်
လင်းသန့် Thursday, 09 June 2011 18:52
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံတခုမှ အလုပ်သမား ရပိုင်ခွင့်အတွက် ဆန္ဒပြ အလုပ်ထွက်ခဲ့သော အလုပ်သမားများသည် တောင်းဆိုချက်များမရဘဲ အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

၂၀၁၀ ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတရုံတွင် အလုပ်သမားများ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - niknayman ဘလော့)
ယင်း ဆန္ဒပြအလုပ်သမားအနေဖြင့် မူလစက်ရုံတွင် ပြန်လည်အလုပ်ရရှိရေးအတွက် ကြိုးပမ်းနေကြရကြောင်းလည်း အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့မှ ရှေ့နေ ကိုဖိုးဖြူက ပြောပြသည်။
“အခုတော့ အဲဒီအလုပ်သမားတွေက ပြန် စုစည်းနေတယ်။ သူတို့ တောင်းဆိုချက်မရသေးပေမယ့် အလုပ်ပြန်ရဖို့ အတွက် အလုပ်ရှင်နဲ့ ညှိနိုင်းဆောင်ရွက်သွားဖို့ သူတို့ဘက်က ပြင်ဆင်နေတယ်”ဟု ၎င်းက ဧရာဝတီကို ပြောသည်။
အလုပ်သမား ၃၀၀ ခန့်နှင့် လည်ပတ်နေသော တရုတ်နှင့်ဖက်စပ်လုပ်ကိုင်နေသည့် (Tailor Garment) အထည်ချုပ် စက်ရုံတွင် လွန်ခဲ့သည့် တနင်္လာနေ့က အလုပ်သမား ၁၀၁ ဦးသည် သတ်မှတ်ထားသည့် ချုပ်ထည်မပြည့်မီမှု ကြောင့် လုပ်အားခများ ဖြတ်တောက်ခံရခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒပြမှု စတင်ဖြစ်ခဲ့သည်။
စက်ချုပ်အလုပ်သမားတဦးလျှင် တလ ပျမ်းမျှ လုပ်အားခ ၃၈၀၀၀ ကျပ် ရရှိကြသည်။ သတ်မှတ်ချုပ်ထည် တဦးလျှင် တနေ့ ၁၀ ထည်စီ ပြီးစီးရမည်ဖြစ်သော်လည်း ပျမ်းမျှ ၇ ထည်ခန့်သာ ပြီးစီးသောကြောင့် တဦးလျှင်လုပ်ခ ၁၅၀၀၀ ကျပ် ခန့်စီ ဖြတ်တောက်ခံခဲ့ရခြင်းဖြစ်သည်။
ရက်သတ္တပတ် တခုလုံး အလုပ်ဆင်းနေရသည့်အတွက် စနေ၊ တနင်္ဂနွေ ရက်များတွင် အားလပ်ချိန်နည်းပါးသောကြောင့် အားလပ်ချိန်ပိုမိုရရှိရေး အပါအ၀င် အလုပ်သမား ရပိုင်ခွင့်များကို တောင်းဆိုခဲ့ကြသည်။
အဆိုပါ အထည်ချုပ်စက်ရုံမှ စက်ချုပ်အလုပ်သမား ၁၀၁ ဦး တပြိုင်တည်း အလုပ်ထွက်ခွာခဲ့မှုကြောင့် အလုပ်ရှင်ဘက် တွင်လည်း စက်ရုံလည်ပတ်ရေးတွင် အခက်အခဲများရင်ဆိုင်ရပြီး အလုပ်သမားများဘက်ကလည်း ဘ၀ရပ်တည်ရေး ခက်ခဲနေသည်ဟု သိရသည်။
အထည်ချုပ်စက်ရုံ အလုပ်သမားအများစုမှာ မူလတန်းပညာရေး၊ အလယ်တန်းပညာရေးမျှသာသင်ယူခဲ့ရပြီး ရန်ကုန် ပြင် ပ ကျေးလက်ဒေသများမှ လာရောက်ကြကြောင်း၊ မိသားစုရှိသူများမှာ ပို၍ စားဝတ်နေရေးအခက်အခဲများရှိနေကြ ကြောင်း အလုပ်သမား တဦးက ဆိုသည်။
“ကျမတို့မှာက ဒီအလုပ်မရှိတော့ရင် ဘ၀ ရပ်တည်ရတာမလွယ်ဘူး၊ ဒါကြောင့် အလုပ်ပြန်ရဖို့အတွက် ပြန်လုပ်နေ ရတယ်။ ကျမတို့ ဘာသွား လုပ်စားမလဲ”ဟု အမည်မဖော်လိုသူ ယင်းအလုပ်သမား က ပြောသည်။
အဆိုပါအလုပ်သမား ပြဿနာကို အလုပ်သမားညွှန်ကြားရေးရုံးမှ ပြေလည်ရန် ဖြေရှင်းပေးခြင်းမရှိသေးကြောင်း နှင့် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO) ရန်ကုန်ရုံးခွဲသို့ မိတ္တူပို့ တိုင်ကြားထားသည်ဟု ရှေ့နေကိုဖိုးဖြူက ပြောသည်။
နိုင်ငံတကာ၌လည်း လုပ်ငန်းကျွမ်းကျင်မှုအပေါ်မှုတည်ပြီး လုပ်အားခပေးခြင်းစနစ် နှင့် ထွက်ပေါ်လာသော တဦးချင်း လုပ်ဆောင်နိုင်မှုအပေါ် မှုတည်ပြီး လုပ်အားခပေးခြင်းစနစ်များကို သုံးဆွဲကြသည်ဟု အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးက ပြောဆိုသည်။
“ဥပမာဗျာ ၁၀ ထည်ချုပ်နိုင်ရင် ၁၅၀၀ ရမယ်။ ၁၀ ထည်မချုပ်နိုင်ဘဲနဲ့ ၁၅၀၀ ဘယ်ရနိုင်မလဲ။ ပြဿနာက ဒီမှာစတာ ပဲ”ဟု ၄င်းက ရှင်းပြသည်။
ပဲခူးမြို့ ကမာနတ်ကျေးရွာအနီးရှိ Cap 1 ဦးထုပ်စက်ရုံ အလုပ်သမားများကလည်း ပဲခူးမြို့နယ် အလုပ်သမား ဦးစီး အရာရှိ ထံ အလုပ်ခွင်တွင် အလုပ်ကြီးကြပ်သူနှင့် အလုပ်ရှင်တို့၏ အဓမ္မ ခိုင်းစေခြင်း၊ မတရားစည်းကမ်းများချမှတ် ၍ လုပ်အားခ ဖြတ်တောက်ခြင်း၊ လူမျိုးနှင့် နိုင်ငံသားဂုဏ်သိက္ခာ ထိခိုက်စေသည့် ကြမ်းတမ်းသောစကားလုံးများ သုံးနှုန်း ပြောဆိုနေခြင်း အပေါ် ဇွန်လ ၂ ရက်နေ့က တိုင်ကြားမှုဖြစ်ခဲ့သည်။
ILO သို့ ဆက်လက်တိုင်တန်းပြီးနောက်ပိုင်း အလုပ်ရှင်၏ ညှိနိုင်းမှုကြောင့် Cap 1 ဦးထုပ်စက်ရုံပြဿနာမှာ ပြေလည် သွားခဲ့သည် ဟု သိရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း အလုပ်သမားအခွင့်အရေးကာကွယ်သည့် အသင်းအဖွဲ့များ ယခုထိ တရားဝင်ဖွဲ့စည်းခွင့်မရှိသေးခြင်းသည် အလုပ်ရှင်နှင့် အလုပ်သမားကြား ပြဿနာများကို မှန်ကန်စွာ ဖြေရှင်းနိုင်မည် မဟုတ်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ဝေဖန်ပြောဆိုနေကြသည်။

ကချင်မှာ သေနတ်ပေါက်ပြီ
ဧရာဝတီ Thursday, 09 June 2011 18:46
ကချင်ပြည်နယ် မိုးမောက် မြို့နယ်တွင် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ စစ်ရေးတင်းမာနေရာမှ ယနေ့တွင် တိုက်ပွဲ စတင်ဖြစ်ပွားကြောင်း သတင်းရရှိသည်။

KIA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - James Robert Fuller)
တရုတ်-မြန်မာနယ်စပ်ရှိ KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ ဒေသခံ ကိုစန်းအောင်က “တိုက်ပွဲအနီးက ဒေသခံတွေက သေနတ်ပစ်သံတွေ မနက် ၂ နာရီထိုးလောက်မှာ စကြားရတယ်ပြောတယ်။ နေ့လည် ၁၂ ရီအထိ ဆက်ကြားနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
“အစိုးရတပ်တွေက KIA ကို ခြိမ်းခြောက်ချင်ပုံရပါတယ်။ KIA က သူတို့ထိန်းချုပ်တဲ့ နယ်မြေကို မကျော်ဖို့ အရင်က သတိပေးထားတော့ KIA ကို အစိုးရတပ်တွေက သွေးတိုးစမ်းတာထင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မိုးမောက် အခြေစိုက် KIA တပ်မဟာ ၃ နှင့် အစိုးရတပ်များ လအတန်ကြာ စစ်ရေးတင်းမာနေပြီးနောက် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း KIA နှင့် နီးစပ်သူတဦးက ဆိုသည်။
KIA တပ်မဟာ ၃ လက်အောက်ရှိ တပ်ရင်း ၁၅ နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ပြီး နှစ်ဘက် အထိအခိုက်စာရင်းကို မသိရသေးကြောင်း၊ နှစ်ဘက်စလုံး အထိအခိုက်များမည်ဟု ယူဆရကြောင်း ကိုစန်းအောင်က ဧရာဝတီသို့ ပြောသည်။
ယခင်လကတည်းက KIA က ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေထဲသို့ မဝင်ရောက်ရန် သတိပေးခဲ့သော်လည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာထဲသို့ အစိုးရတပ်များ ဝင်ရောက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခင်လကလည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာအတွင်း တိုက်ပွဲဖြစ်ခဲ့ပြီးကတည်းက အစိုးရတပ်များနှင့် စစ်ရေးတင်းမာနေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဗန်းမော် တောင်ပိုင်းတွင်လည်း အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ တပ်မှူးတဦး ကျဆုံးသည်ဟု ကချင်သတင်းရပ်ကွက်က ဆိုသည်။
၂၀၁၀ ပြည့်နှစ်ကတည်းက KIA တပ်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် စစ်အစိုးရက ဖိအားပေးခဲ့ရာမှ ဆက်ဆံရေး တင်းမာနေခဲ့သည်။
KIA ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ် လွမ်းဒေါင်က “နယ်ခြားစောင့်တပ် ပြောင်းတယ်ဆိုတာက အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို လုံးလုံးကြီး ရောက်သွားတာနဲ့ အတူတူပဲ” ဟု ပြောသည်။
၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးကို အစိုးရတပ်များက ဝင်ရောက်စီးနင်းပြီး KIO အရာရှိ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။
ရက်အနည်းငယ်အကြာတွင် အစိုးရထိန်းချုပ်သော သတင်းစာများက KIA ကို “သောင်းကျန်းသူ” ဟု ပြန်လည် သုံးနှုန်းခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်တွင် သဘောတူထားခဲ့သော အစိုးရတပ်နှင့် KIA အကြား အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။
ယမန်နှစ် စက်တင်ဘာလအတွင်းကလည်း လိုင်ဇာမြို့ရှိ KIO ဌာနချုပ်အနီး ဖြတ်သန်းသွားသော ထူးကုမ္ပဏီပိုင် ရဟတ်ယာဉ်တစင်းကို KIA တပ်များက ခြောက်လှန့် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

Tuesday, June 7, 2011
မတူညီတဲ့ဘ၀နှစ်ခု မတူညီတဲ့အုပ်ချုပ်မှုအောက်က အခြေအနေနှစ်ရပ် တိုးတက်မှုကွာခြားပုံလေးပါ
http://youtu.be/Th6LOfayvKw
Monday, June 6, 2011
DKBA စစ်ရေး အရှိန်မြင့်
အစိုးရသစ်ဟာ ပြည်တွင်းငြိမ်းချမ်းရေးကိုလုပ်ဖို့ ပျက်ကွက်နေတယ်လို့ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်က စွတ်စွဲလိုက်ပြီး DKBA ရဲ့ စစ်ဆင်ရေးတွေကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းအထိ တိုးချဲ့သွားမယ်လို့ ပြောပါတယ်။
RFA မှ ကူးယူဖေါ်ပြသည်
RFA မှ ကူးယူဖေါ်ပြသည်
တိုက်ပွဲဝင်ဝိညာဉ်ထံသို့ တမ်းတခြင်း

by Nan Datun on Saturday, June 4, 2011 at 10:34pm
သို့
သူငယ်ချင်း…မင်းသူ
ငယ်ငယ် ကပျော်ရွင်ခဲ့တဲ့ တို့တွေ အားလုံးရဲ့ပုံရိပ်တွေ ကဘယ်လိုမှမေ့မရတဲ့ ပျော်ရွင်တဲ့ဘဝလေးတွေပေါ့..တကယ်ဖြူစင်ရိုးသားမှု့
တွေ နဲ့ ကြီးပြင်းခဲ့တဲ့အတူသွား..အတူလာ..ညီကိုရင်းထက်ချစ်ခင်နေရင်း မီဘတွေရဲ့ဆိုဆုံးမတာတွေကိုမြေဝယ်မကျ နားထောင်ရင်း
သူငယ်တန်းဘဝမှ အလယ်တန်းဘဝရောက်လို့၈၈၈၈ ကိုရောက်လို့ မျက်စီတွေဖွင့် အမှန်တရားကိုရှာဖွေဖို့ လောကကြီးထဲကို
တို့တတွေ တူညီတဲ့စိတ်တွေနဲ့ညင်းခုံအော်ဟစ် ယူဆချက်တွေကို သုံးသပ်ရင်း ၁၆နှစ်ဆိုတဲ့ကာလကိုကျော်ဖြတ်….အသိပညာတွေစု
ဆည်းရင်းအသိပညာနဲ့ အတက်ပညာကို သင်ယူရင်းတရားမျှတတဲ့လွပ်လက်မှု့ကို လိုလားရင်း ယုံကြည်ချက်ကိုခြေချလို့ ( ၉၆ )ခုနှစ်က
ဘဝပညာတွေပို့ချတဲ့ ကျောင်းတော်ကြီးမှာ ၁၂နှစ်ဆိုတဲ့အမိန့်က တို့တွေအတွက်အပြုံးမပျက်ပျော်ရွင်စွာ( ၂ )တိုက်က အခန်းကျဉ်း
လေးတွေ အရိုးကွဲအောင်ရိုက်နှက်တဲ့ဒဏ်ကိုအေးစက်မှု့တွေက အဖော်ပြုလို့သီးသန့် ဆိုတဲ့ အခန်းတွေမှာ( ၅ ) ညဘဝကိုပိုင်ဆိုင်ခဲ့တဲ့
တို့တွေဟာ နံက်ခင်း အိပ်ဆောင်ဖွင့်တိုင်း ပထမ ထွက်လာတဲ့မင်းရဲ့တောင်းဆိုချက်က’’ငါကအရင်ထွက်လာတာ အရင်စဆိုမယ်…
’’’’ ငါတို့မညင်းခဲ့ပ်ါဘူး သူငယ်ချင်း ’’’
တိုက်ရဲရင်သေရဲရမယ်….
ခြောက်တိုင်းမကြောက်…..
တောင့်ခံကာ အံတုမယ်….
ဂုဏ်မယူ…နေရာမရှိ
လူငယ်တို့ရဲ့စိတ်က မကြောက်တရား..
အမှန်တရားကို ဖော်ထုပ်…
သက်သေတည်တဲ့…..ငါတို့ကျောင်းသား…
တို့တွေတွေ့ဆုံတိုင်း ရွက်ဆိုနေကြ စာသားပေါ့…..ခါးလေးကုံးကုံးနဲ့ အသံအစ်အစ်လေးနဲ့ ရွက်ဆိုတာ မင်းရဲ့ ဝေဒနာ ရင်မှာမချိ
နုတ်ပိတ်ကာဟန်ဆောင်ခဲ့ရတယ်လေ…ဘာကြောင့်လည်းဆိုတော့ ဒေါသကြီးတက်တဲ့မင်းစိတ်ကောက်မှာ မလိုလားတာအမှန်ပါ…
နေကို လစား ၄လမြောက်တော့ အံကိုကြိတ်လက်သီးတင်းတင်းဆုပ် ဖင်တရွက်တိုက်နဲ့ ပထမဆုံး ဆိုတဲ့ မင်းဘဝကိုရင်နင့်လို့ ထောင်ဆေးရုံ မှာကုသဖို့တို့တွေပြောပြတော့ မင်းစိတ်ဆိုးတယ်လေ…’’’ငါက ကာယကံရှင် ခွေးတွေဆေးကုတာ လူကကုသခံရမှာ မလိုဘူး ’’’ ဒီစကားဟာငါတို့ရဲ့
တောက်ကြည့်ရူ့ကြားလို့ တို့တွေပုံစံထိုင်…ဒေါက်နှင့်တိုက်ပိတ်..စာဥသီချင်းသံလွမ်းအောင်ဖွင့်…ရှေ့တင်မှာပဲ နှိက်စက်ခံနေရတာ မေ့မရပါဘူး……….
၁၀ရက်ပြည့်တဲ့နေ့ ပြန်ဆုံတော့..မလှုပ်မရပ် စဆိုတဲ့ မင်းရဲ့ အသံ ငါကြားနေစဲ သူငယ်ချင်း….ညတွေတိုင်းမင်းရဲ့ညည်းသံနားစွင့်
စိုးရိမ်စိတ် က ဒီရေ လို ပြင်းထန်နေရတယ်….၅ရက်၆လ မင်းရဲ့မွေးနေ့ အမှတ်တရ လက်ဆောင် ပေးဖို့ တန်းဖွင့်နောက်ကျတော့
စိုးရိမ်စိတ်က နောက်ကျခဲ့တယ်…မင်းရဲ့မွေးနေ့ သေနေ့ဖြစ်ရတာ ရင်နင့်အောင်နာတယ် … နံရံ ကမင်း ရေးခဲ့တဲ့ စာလုံးတလုံးကို ခွေးတွေ ထုံးနဲ့ဖုံးကြတယ် ဖုံးတိုင်းပေါ်တဲ့ မင်းရဲ့နောက်ဆုံးထွက်သက်စာလုံး’’’တိုက်’’’တဲ့...ပျော်ရွင်မှု့တွေ မင်းနဲ့အတူ ပါသွားပြီ တမလွန်ရောက်နေတဲ့ သူငယ်ချင်းစိတ်ချပါ…နေရာအသီးသီ….ကနေ တို့တွေတိုက်နေတယ်….ငါတို့တွေ စုစုစည်းစည်း နဲ့ ဂဏ္ဌပါင်း ဘတ်ပေါင်းစုံဌာနပေါင်းစုံ ကနေ တိုက်နေစဲပါ…
ယုံကြည်ချက်ကို ရှေ့တန်းတင်……..
ပြည်သူတွေအတွက် အသက်ပေးဆပ်။
ဖြူစင်စိတ်ထား…တွဲလက်ညီတဲ့…….
သမဂ္ဂ စိတ်က….တို့ကျောင်းသား….
တိုက်ရဲရင်သေရဲရမယ်…..
သေရဲရင်တိုက်ရဲရမယ်….
[၁၉၉၆ခုနှစ် ၆လ၅ရက်နေ့ တွင် တိုက်ရင်း ဘဝခြားသော လူမသိသူမသိ သေဆုံးသွားသော သူငယ်ချင်း မင်းသူ …..အမှတ်တရ………]အတွက်…
ကျနော် သူငယ်ချင်း ၃၇=-၁=၃၈ယောက် မှလွဲ လို့မည်သူမှ မသိခဲ့သော ကိစ္စဖြစ်သဖြင့် စာရေး…စာစီမှားခဲ့ရင် နားလည်ဖတ်ကြပါ….နားလည် စေချင်ပါတယ်…
ကျေးဇူးတင်ပါတယ်…
ခွပ်ဒေါင်းသွေးတို့ မည်သည်……….
ဖိရင်ကြွ
ထိရင် ထ…..
လူငယ်တို့ မည်သည် …မကြောက်တရား…..
ကျောင်းသားတို့ မည်သည် အမှန်တရား…….
ပြည်သူတို့ကိုသာ ရပ်တည်ထား…………။။။။
Friday, June 3, 2011
ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး လူငယ်များ တပ်လှန့်
လင်းသန့် Friday, 03 June 2011 19:22
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာမီ ပြုလုပ်မည့် ခရီးစဉ်အတွင်း အသက်အန္တရာယ် မကျရောက်စေရေး အတွက် နိုင်ငံသား အားလုံး အထူး သတိရှိကြရန် NLD လူငယ်များနှင့် နိုင်ငံရေး တက်ကြွသူများက နှိုးဆော်လျက်ရှိသည်။

ယခင်လက ရန်ကုန်တွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)
ခရီးစဉ် လုံခြုံရေးအတွက် NLD လူငယ်များ၊ ဒေသခံပြည်သူများ နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်ဖြင့် ပေါ်ပေါက်လာသည့် လူငယ် ကွန်ရက် အဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။
“ကျနော်တို့ဘက်က လူအားဖြင့်သာ ဆောင်ရွက်နိုင်ပြီး တကယ် အခွင့်နဲ့ အမိန့် အာဏာတွေကတော့ လက်ရှိ အာဏာပိုင်ကသာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု လူငယ်ကွန်ရက်မှ ဦးဆောင်သူတဦး ဖြစ်သည့် ကိုဖြိုးမင်းသိန်းက ဧရာဝတီကို ပြောသည်။
လုံခြုံရေးအတွက် NLD လူငယ်များနှင့် လူငယ်ကွန်ရက်အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သော်လည်း အသိစိတ်ဖြင့် တာဝန်ယူခြင်းမျိုးသာ ဖြစ်ကြောင်း NLD လူငယ် ခေါင်းဆောင် တဦးဖြစ်သူ ကိုရာဇာက ဧရာဝတီကို ပြောသည်။
ထို့အပြင် လုံခြုံရေးအတွက် စနစ်တကျ လေ့ကျင့် သင်ယူထားကြခြင်း မရှိဟု သိရသည်။
ခရီးထွက်မည့် ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်မိကြောင်း၊ သို့သော်လည်း လုံခြုံရေးအတွက် အာဏာပိုင်တို့တွင် တာဝန် အရှိဆုံးဖြစ်ကြောင်း NLD လူငယ်များက သုံးသပ်မိသည်ဟု မကွေးတိုင်း NLDလူငယ် တာဝန်ခံ ကိုနေမျိုးကျော်က ဧရာဝတီကိုပြောသည်။
“နိုင်ငံတကာ သတင်းမီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ အနီးကပ် ရှိနေမယ် ဆိုရင်လည်း လုံခြုံရေး အရ စိုးရိမ်မှုတွေကို လျော့ပါးစေမယ်လို့ ထင်တယ်” ဟု သူက ဆက်ပြောသည်။
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ် လုံခြုံရေးအတွက် အစိုးရတွင် တာဝန်ရှိသည်ဟု ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၆ လ ခန့်အကြာတွင် ရန်ကုန် ပြင်ပ ထွက်ကာ လူထုနှင့် အနီးကပ် တွေ့ဆုံရေး ခရီးစဉ်ကို ထုတ်ဖော် ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော် ခရီးအတွက် အစီအစဉ် အတိအကျကိုမှု ကြေညာခြင်း မရှိသေးပေ။
ဒေါ်အောင်ဆန်းစုကြည်သည် ခြိမ်းခြောက်ခံရမှု၊ တိုက်ခိုက်ခံရမှုတို့ကို ၁၉၈၉ ခုနှစ်က ဓနုဖြူ မြို့တွင် လည်းကောင်း၊ ၁၉၉၆ ခုနှစ်က ရန်ကုန်မြို့တွင် လည်းကောင်း ကြုံတွေ့ခဲ့ရသည်။
၂၀၀၃ ခုနှစ်က ဒီပဲယင်းမြို့သို့ ရောက်ရှိစဉ် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ထားသည့် လူ ၅၀၀၀ ၀န်းကျင်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုအခြေအနေများကြောင့် ယခု စီစဉ်နေသည့် ခရီးစဉ်အတွက် စိုးရိမ်နေကြခြင်း ဖြစ်သည်။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ လူထုခေါင်းဆောင်တဦး ခရီးသွားမည်ကို တားမြစ်လိုခြင်း မရှိဟု ဆိုသည်။
“နိုင်ငံရေးအရ ဒီခရီးစဉ်မျိုး ထွက်ရာမှာ အနှောင့်အယှက် အမျိုးမျိုး ပေးရင်တော့ ဒီမိုကရေစီကို ဖျက်ဆီးတာပဲဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ညနေ ၄ နာရီနောက်ပိုင်း တနယ်က တနယ် မကူးဘဲ နေ့ခင်းပိုင်းမှာပဲ သွားသင့်တယ်” ဟု သခင်ချန်ထွန်းက ပြောသည်။
အာဏာပိုင်တို့က နိုင်ငံရေးလှုပ်ရှားသူများကို ဟန့်တား နှိပ်ကွပ်ရာတွင် လက်နက်ကိုင်လုံခြုံရေး တပ်ဖွဲ့များကိုသာမက စွမ်းအားရှင်အဖွဲ့ ဟု ထင်ရှားသည့် အရပ်ဝတ် လူမိုက်များ ပါဝင်သည့် အဖွဲ့ကို အသုံးချခဲ့ကြသည်။
သမ္မတဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက်ပိုင်း ယခင် စစ်အစိုးရ စက်မှု ၁ ၀န်ကြီး၊ ယခု အာဏာရ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူးတဦးဖြစ်သူ ဦးအောင်သောင်း ခေါင်းဆောင်၍ စွမ်းအားရှင်များကို ပြန်လည် စုစည်းကာ ပြည်သူ့ လုံခြုံရေးအဖွဲ့ အဖြစ် ပြင်ဆင် ဖွဲ့စည်းထားကြောင်း သိရသည်။
ပြည်သူ့လုံခြုံရေးအဖွဲ့သည် အစိမ်းရောင် စစ်ယူနီဖောင်းကို ၀တ်ဆင်ကာ ဒိုင်းနှင့် နံပါတ်တုတ်များ ကိုင်ဆောင်မည်ဟု သိရသည်။

Thursday, June 2, 2011
ဘုရားသုံးဆူ ဒေသခံများ တိမ်းရှောင်
သန်းထိုက်ဦး Thursday, 02 June 2011 18:19
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တင်းမာမှု တိုးလာသဖြင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
အိမ်ခြေ ၂၀၀ ခန့်ရှိသည့် မဲကသာ ကျေးရွာတွင် ရွာလုံးကျွတ်နီးပါး ထွက်ပြေးကြကြောင်း ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
“ရွာသားတွေက ကြောက်လို့ တောထဲမှာ ပုန်းရှောင်နေသူကပုန်း၊ ဘုရားသုံးဆူမြို့ထဲကို ၀င်သူက၀င်၊ ကလေး ကျောင်းနေတဲ့အရွယ်တွေကျတော့ အခု ကျောင်း မတက်ရဲတော့ဘူး” ဟု သူက ရှင်းပြသည်။
မေလ ၂၇ ရက်နေ့မှ စတင်၍ ကရင် အမျိုးသား အစည်းအရုံး KNU ၏ တပ်ဖွဲ့ဝင်တချို့က မဲကသာ ကျေးရွာတွင် တပ်စွဲထားသော ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၃၇၃ ၏ တပ်များကို သွားရောက် တိုက်ခိုက်ခဲ့သည်။
ဤအတောအတွင်း မြန်မာ့တပ်မတော်ကဘုရားသုံးဆူမြို့တွင် စစ်အင်အား တိုးချဲ့ချထားလိုက်ကြောင်း ထိုဒေသအရေးကို လေ့လာနေသည့် လွတ်လပ်သော မွန်သတင်း အေဂျင်စီမှ အယ်ဒီတာ တဦးဖြစ်သည့် ကိုလ၀ီက ပြောသည်။
ရော်ဘာခြံတွင် လုပ်ကိုင်နေသော ဒေသခံများကို မြန်မာ့တပ်မတော်က မကြာခင်ရက်ပိုင်းအတွင်းက အထမ်းသမား ပေါ်တာ အဖြစ် စေခိုင်းရန် လိုက်လံဖမ်းဆီးမှုများ ရှိသည်ဟု သူက ဆိုသည်။
ထိုဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားလျက်ရှိသည်။
မေလ ၃၀ ရက်နေ့တွင် DKBA က ဘုရားသုံးဆူမြို့နယ် ချောင်းဆုံကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
“လက်နက်ကြီးနဲ့ နှစ်လုံး လှမ်းပစ်တယ်၊ လှမ်းပြီး ပစ်တော့ တလုံး ကွဲတယ်၊ တလုံးကတော့ မကွဲဘူး၊ ကွဲတဲ့အလုံးက ရွာအလယ် ဈေးတန်းမှာ ကျတယ်၊ ဈေးတန်းမှာ ကျတော့ မောင်သောသော ဆိုတဲ့ သူကို ဘယ်ဘက် ပေါင်မှာ တချက် ထိတယ်၊ ခြေဖနောင့်မှာ တချက် ထိတယ်” ဟု ဒေသခံ တဦးက ပြောသည်။
ဘုရားသုံးဆူ ဒေသတွင် မြန်မာ့တပ်မတော်၏ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၂၈၃ ရှိပြီး ယခုအခါ ခမရ ၃၇၃ နှင့် ခမရ ၅၆၃ တို့ကို တိုးချဲ့ ချထားကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ဘုရားသုံးဆူမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ အများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

Wednesday, June 1, 2011
Subscribe to:
Posts (Atom)