Monday, December 20, 2010

ပြည်တွင်းသတင်းအတိုအထွာများ... (တိုင်းပြည်ဖွတ်တက်တော့မယ်)

Tuesday, December 21, 2010

တိုင်းပြည်ဖွတ်တက်တော့မယ်


ကိုဒီမိုရေ ဒီလကုန်ရင် ရယက တွေ မယက တွေအကုန်ပြောင်းရမယ်.....။ ကြံ့ဖွတ်ပါတီဝင်တွေက အုပ်ချုပ်ရေးလုပ်မယ် လက်ရှိ ရယက ဥက္ကဌတွေက ဆက်လုပ်ချင်ရင် ကြံ့ဖွတ်ထဲဝင်ရမယ် ... ။ ဖေဖေါ်ဝါရီ ၁၀ ရက်နောက်ပိုင်း လွှတ်တော်ခေါ်တော့မယ်...။

ဒီနေ့ဂျာနယ်တွေမှာ မီးမဖြတ်ပါဘူးလို့ပါတယ် ဒါပေမဲ့ တောင်ဥက္ကလာနဲ့မြောက်ဥက္ကလာ ဘက်တွေမှာ ၁လ ပိုင်း ၆ရက်နေ့ကစပြီး မီးတွေဖြတ်မယ်ဆိုတဲ့စာတွေ ထွက်လာပြီ အကိုဒီမို...။

နောက်တခု နေပြည်တော်က စစ်တပ် အသိုင်းအဝိုင်းက တစ်ယောက်က ပြောလာတယ်...။ သန်းရွှေ အိမ်ဆောက်နေတဲ့ ကုန်ကျစားရိတ်နဲ့ မျောက်လောင်းလေး နေရွှေသွေးအောင်ရဲ့ မွေးနေ့ပွဲလုပ်တဲ့ ကုန်ကျစရိတ်ကို ကာကွယ်ရေးစါးရိတ်ထဲ ထည့်ခိုင်းပါတယ်တဲ့... ကိုဒီမိုရေ လောလောဆယ် တော့ဒီလောက်ပါပဲ..။


အတွင်းသိ...


အထက်ပါ မြန်မာပြည်က လာတဲ့စာထဲက အကြောင်းအရာတွေကို ဖတ်မိရင်း ကျွန်တော်တို့ ငယ်ငယ် မူလတန်းကျောင်းသား ဘဝက ပတ်ဝန်းကျင်ဆိုတဲ့ ဘာသာရပ် သင်ရပါတယ်။ သူငယ်တန်းလားတော့ မသိ မှတ်တော့ မမှတ်မိတော့ပါ။ အဲ့ဒီတုန်းက မိမိတို့ ပတ်ဝန်းကျင်ရှိ အသုံးဝင် အကျိုးပြုတဲ့ တိရိစ္ဆာန်များ အကြောင်းဆိုပြီး ဆရာမက သင်ပြခဲ့လို့ ကျက်မှတ်ခဲ့ရတာလေးကို အခုထိ မှတ်မိနေပါသေးတယ်....


ခွေး.... သူခိုးကပ်လျှင် ဟောင်သည်..။
ကြောင် ... ကြွက်ခုတ်သည်..။
ကျွဲ၊နွား ...... လှည်းဆွဲသည်.. လယ်ထွန်သည်.. နို့ရသည်.. အသားစားရသည်။
ကြက်၊ဘဲ... အသားစားရသည်.. ဥစားရသည်တဲ့..။

ယခု စစ်အာဏာရှင်ခေတ်.. မူလတန်းမှာ ပတ်ဝန်းကျင်ဆိုတဲ့ ဘာသာရပ် သင်ရရင်တော့ မိမိတို့ ပတ်ဝန်းကျင်ရှိ အသုံးမဝင် အကျိုးမပြုတဲ့ တိရိစ္ဆာန်များ အကြောင်းဆိုပြီး ဖြည့်စွက် ရေးစေချင်တာ ဖတ်စေချင်တာကတော့..


ကြံ့ဖွတ်.... မဲခိုးသည်..။ ဗျောင်လိမ်သည်။ ရမ်းကားသည်။ လူအများ မုန်းကြသည်။

ဆိုပြီး ခေတ်အခါနဲ့ လျှော်ညီအောင် စာပိုဒ်ထည့်ဖြည့်ပြီး သင်ရိုးအညွှန်းထည့်သွင်း သင့်ကြောင်း တင်ပြလိုက်ရင်း ကိုစိုးနာဂါစကီရဲ့ ရာဇဝင်ရိုင်း ဖွတ်သမိုင်း ကဗျာကို ပြန်လည် ဖော်ပြလိုက်ပါတယ်..။


ရာဇဝင်ရိုင်း ဖွတ်သမိုင်း


ငါ့အားဖွားမြင်


မြတ်မိခင်ကို
ငါလျှင်လွန်စွာ


တွေ့ချင်ပါလျှက်


တွေ့ရန်ခက်ခဲ့။


ဇနီမယား


သမီးသားကို


ငါကားလွန်စွာ


တွေ့ချင်ပါလျှက်


တွေ့ရန်ခက်ခဲ့။


တအူထုံဆင်း


တူကြီးပြင်းသည့်


မောင်ရင်းနှမ


လွန်ချစ်လှစွာ


တွေ့ချင်ပါလျှက်


တွေ့ရန်ခက်ခဲ့။


ငါမွေးဖွားရာ


ငါ့တိုင်းရွာကို


လွန်စွာချစ်ခင်


ငါပြန်ချင်လျှက်


အပြန်ခက်ခဲ့


ဘယ်အတွက်နည်း။


ဖွတ်မိကျောင်းဖြစ်


အနှီမြစ်မှာ


ဘယ်သောခါမှ


ချမ်းသာမရှိ


ပုံထင်သိကြ


အမိပြည်ရွာ


မြန်တိုင်းဋ္ဌာတွင်


အာဏာရှင်ဆက်


လွန်ရက်စက်စွာ


ကိုယ်ကျိုးရှာသည့်


ရာဇဝင်ရိုင်း


ဖွတ်သမိုင်းကြောင့်


ငါ့တိုင်းပြည်ရွာ


ပြန်ချင်ပါလျှက်


အပြန်ခက်ခဲ့။....။


ကိုစိုး(နာဂါစကီ)

Posted by ဒီမိုဝေယံ at Tuesday, December 21, 2010

Labels: ကဗျာ, သတင်း, အတို့အထိ


Artigos Relacionados:

No comments:

Post a Comment