Sunday, August 4, 2013
မင်းကိုနိုင်နှင့် ကိုကိုကြီးထံသို့ ယခုကဗျာလေး ရောက်အောင် ၀ိုင်းပို့ပေးကြပါ။
========================================
အလည်လွန်နေသော နယ်ကျွံနေသော သူတို့အတ္တတွေ (၈၈၈၈)အရေးတော်ပုံတည့်တည့်တွင်ရှိသော (၈)တန်းကျောင်းသူလေး မ၀င်မော်ဦးထံသို့ပြန်လှည့် အလေးပြုစေနိုင်ရန် ရည်ရွယ်ပါသည်။
 သမိုင်းမမေ့ တခေတ်ပြောက်၍
 တထောက်ရှု့ မျှော် ကျနော်ဝမ်းနည်း
 စစ်ခွေးဘီလူး အာဏာရူးကြောင့်
 ကျောင်းသွား ကျောင်းပျော်
 ကျောင်းဖေါ်ညီမလေး ၀င်းမော်ဦးလည်း
 သေပွဲရ ရင်နာလှသည်….
တရံတဖက် ဖိနပ်သက်သေ
 သွေးကွက်တွေနှင့်
 ပဋာမြေလူး အမေရူးပြီ
 အခြေပြို ဒီစနစ်ဆိုးရယ်ကြောင့်
 သွေးမိုးပေါက်ရွာပါစေတော့
 ဒီမိုကရေစီအနေသစ်မှ
 ဝေရစ်ကြ အမျှ အမျှ အမျှ………..
ဂိုလ်ရှယ်လေး
No comments:
Post a Comment