Wednesday, December 5, 2012

လက်ပံတောင်းဒါဏ်ရာ ရသူများအား စောင့်ရှောက်မှု ကော်မတီ
လက်ပံတောင်းတောင်(သပိတ်ဖြိုခွဲခံ)ထိခိုက်ဒါဏ်ရာ ရသူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှု ကော်မတီ ။

by ကိုဝိုင် ဝိုင်ကေ on Monday, December 3, 2012 at 1:20pm ·၂၀၁၂ခု ၊ ဒီဇင်ဘာလ (၃)ရက် ည(၈)နာရီ အချိန်တွင် ဘုရားကြီးရေတော်တိုက် ၊ အနန္တဂုဏ်ရည်ကျောင်းတွင် မန္တလေးမြို့ရှိ ဆရာတော်သံဃာတော်များနှင့် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သော လက်ပံတောင်းတောင်ဒေသအတွင်း သပိတ်စခန်းများကို ဖြိုခွဲခံရ၍ မီးလောင် ထိခိုက် ဒါဏ်ရာရ သူများအား မန္တလေးဆေးရုံကြီး သံဃာဆောင်တွင် ကုသလျက်ရှိသည့်အတွက် ကျန်းမာရေး ဆိုင်ရာများ ပံ့ပိုးစောင့်ရှောက် ကူညီပေးနိုင်ရန် ကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့သည်။

လက်ပံတောင်းတောင်(သပိတ်ဖြိုခွဲခံ)ထိခိုက်ဒါဏ်ရာ ရသူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှု ကော်မတီ ။

၁။ ဦးဝိသုတ (အနန္တဂုဏ်ရည်ကျောင်း ၊ ရေတော်တိုက် ၊ဘုရားကြီး ) ၀၉ ၄၀ ၁၇ ၀၉ ၄၀ ၇
၂။ ဦးဝိရသူ ( မစိုးရိမ်တိုက်သစ် ) ၀၉ ၂၀၀ ၄၀ ၁၃
၃။ ဦးကာဝိယ (ဂဠုန်နီ ဆရာတော် ၊ ကုသိဠာရုံ ကျောင်းတိုက် ၊ ဘုရားကြီး ) ၀၉ ၉၁၀၀ ၂၈ ၄၂
၎။ ဦးဥတ္တမ (ဘဝအလင်း ဆရာတော် ၊ ဂန္ဒာရုံကျောင်းတိုက်၊ အမရပူရ ) ၀၉ ၂၀ ၃၅ ၉၃၆
၅။ ဦးသောဘိတ ( ဘဝအလင်း ၊ ဂန္ဒာရုံကျောင်းတိုက်၊ အမရပူရ ) ၀၉ ၄၀၃ ၇၀ ၄၉ ၇၉
၆။ ဦးပညာနန္ဒ ( မဟာမင်းဒင် တိုက် )
၇။ ဦးစန္ဒန ( ဘုရားကြီး တိုက် )
၈။ ဦးစန္ဒန ( ပခုက္ကူ )
၉။ ဦးအဂ္ဂည ( ဓမ္မိကာ ရာမတိုက် )
၁၀။ ဦးတိက္ခဥာဏ (ဘုရားကြီးတိုက် )

နှင့် အဖွဲ့အစည်း အသီးသီးမှ လူပုဂ္ဂိုလ် (၂၆)ဦးတို့မှ ဆောင်ရွက်ပေးသွားပါမည်။

ကော်မတီ၏ လုပ်ဆောင်မှု ဆိုင်ရာ စီမံခန့်ခွဲမှုများကို သိရှိလိုပါက အထက်ပါ ဆရာတော်များမှသာ ဖြေကြားပေးမည် ဖြစ်ပါ၍ တိုက်ရိုက်မေးမြန်းကြရန် ပန်ကြားအပ်ပါသည်။ သတင်းပြန်ကြားရေး အနေဖြင့် ကော်မတီ၏ လုပ်ငန်းကိစ္စများကို ဖော်ပြနိုင်ရန် ဆရာတော်များ၏ ညွှန်ကြား မိန့်သည့်အတိုင်းသာ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
ဆောင်ရွက်ချက်များကို အများသိနိုင်ရန် ပြန်ကြားရေး ဆောင်ရွက်မည့်သူများ မှာ-

(၁) ကိုရဲရင့်ကျော်
(၂) ကိုအောင်မှိုင်းဆန်း
(၃) ကိုသိန်းအောင်မြင့်
(၄) ကိုညိုလင်း တို့ ဖြစ်ကြပါသည်။

ကော်မတီ၏ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ လုပ်ငန်းများ အတွက် လှူဒါန်းလိုသော ရဟန်းရှင်လူ ပုဂ္ဂိုလ်များအနေဖြင့် အောက်ပါဌာန (၂) နေရာသို့ တိုက်ရိုက် လှူဒါန်းပေးကြရန် နိုးဆော်အပ်ပါသည်။
လှူဒါန်းရန်ဌာန (၁)

ဦးဝိသုတ
ဖုန်း ၀၉ ၄၀ ၁၇ ၀၉ ၄၀၇
အနန္တဂုဏ်ရည် ကျောင်းတိုက် ၊ ရေတော်တိုက် ၊ ဘုရားကြီး ၊ မန္တလေးမြို့ ။

လှူဒါန်းရန်ဌာန (၂)

ဦးဝီရသူ
ဖုန်း ၀၉ ၂၀၀ ၄၀ ၁၃

မစိုးရိမ်တိုက်သစ် ၊ မန္တလေးမြို့ ။

No comments:

Post a Comment