Tuesday, December 21, 2010

ကာလကတ္တားအကျဉ်းထောင်မှ ပေးစာ

ကာလကတ္တားအကျဉ်းထောင်မှ ပေးစာ

11/5/2010

သို့ /

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမှန်တရားကို မြတ်နိုးသော အားလုံးသောပြည်သူများ

အိန္ဒိယနိုင်ငံ West Bengal မြို့တော် Kolkata ရှိ Presidency Correctional Home ခေါ် ဗဟိုအကျဉ်းထောင် ကြီးထဲတွင် ထိန်းသိမ်းချုပ်နှောင်ခြင်းခံထားရသော ဗမာပြည် တိုင်းရင်းသားလူမျိုးများ ကိုယ့်ကံကြမ္မာကိုယ် ဖန် တီးနိုင်ရေး၊ အမျိုးသားများ တန်းတူရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ပြည်သူလူထု အာဏာကို မတရားရယူထားသော ဘုံရန်သူ �နအဖ� စစ်အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်တိုက်ခိုက်နေကြ သော ရခိုင်ပြည် အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ NUPA နှင့် ကရင် အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ KNU မှ ရဲဘော် ၃၄ ဦးတို့ အမြန်ဆုံးလွတ်မြောက်ရေးအတွက် တတ်အားသရွေ့ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေး ကြပါရန် လူကြီးမင်းများထံ စာရေးအကြောင်းကြား အကူအညီတောင်းခံအပ်ပါသည်။


34 Arakanese freedom fighter in Kolkata jail

ကျွန်တော်တို့ ရခိုင်နှင့်ကရင်တော်လှန်ရေး ရဲဘော်များသည် အိန္ဒိယစစ်ထောက်လှမ်းရေးအရာရှိ Lt.Cal Grewal ၏ ကမကထပြု ဆောင်ရွက်မှုနှင့် အိန္ဒိယအာဏာပိုင်များ၏ သဘောတူဖိတ်ခေါ်ချက်အရ အိန္ဒိယနိုင်ငံ အန္ဒမန်၊ နီကိုဘာခေါ် ကပ္ပလီကျွန်းတွင် ကြားခံစစ်စခန်းတစ်ခုတည်ဆောက်ရန် ရောက်ရှိလာခဲ့ရာ အိန္ဒိယ ကြေး၊ ရေ၊ လေတပ်များက ( Operation Leach ) ခေါ် ပင်လယ်မျော့ စစ်ဆင်ရေးဖြင့် ၁၉၉၈ ခု ဖေဖေါ်ဝါရီလ ၁၁ ရက် နံနက် ၈ နာရီကျော်ကျော်လောက်ခန့်တွင် အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းစုရှိ �Landfall� ကျွန်းတွင် ဥပါယ် တံမျှဉ်ဖြင့် ဖမ်းဆီးလိုက်ပြီး ကျွန်တော်တို့ ခေါင်းဆောင်များဖြစ်ကြသော NUPA မှ စစ်ဦးစီးချုပ် ခိုင်ရာဇာ၊ ဗိုလ် မှူးစောထွန်း၊ ဗိုလ်ရန်နိုင်၊ ဗိုလင်းဇံခိုင်နှင့် KNU မှ ဖဒိုမှူးလယ်၊ ဗိုလ်မြင့်ဆွေတို့ ၆ ဦးကို သွေးအေးအေးဖြင့် ရက်ရက်စက်စက် အနီးကပ်ပစ်သတ်ခဲ့ကြသည်။ ကျွန်တော်တို့ကို ဖမ်းဆီးပြီး အရပ်သားအာဏာပိုင်များ လက် ထဲသို့ လွဲအပ်ခြင်းမပြုဘဲ အန္ဒမန်ကျွန်းမြို့တော် �Port Blair� ၏ စစ်တပ်စခန်းတစ်ခုတွင် တိတ်တဆိတ် ခေတ္တ ထိန်းသိမ်းထားခဲ့ပြီးနောက် ကျွန်တော်တို့ထဲမှ ၁၀ ဦးကို New Delhi သို့ စစ်တပ်လေယာဉ်ဖြင့် ယူဆောင်ကာ M.I စစ်ထောက်လှမ်းရေးရုံးချုပ်တွင် ရက်အတန်ကြာ ခေါ်ယူစစ်ဆေးခဲ့သည်။ ထို့နောက် ကျန်ရဲဘော်များကို သတင်းမီဒီယာသမားများ လက်လှမ်းမမှီနိုင်သော Port Blair မြို့ တောင်ဖက် မိုင်ရာပေါင်းများစွာကွာဝေးသော နီကိုဘာကျွန်းရှိ �Camp bell Bay� မြို့ငယ်သို့ လျှို့ဝှက်ယူဆောင်သွားခဲ့ပြီး စစ်တပ်စခန်းတစ်ခုတွင် လျှို့ဝှက် စွာ ချုပ်နှောင်ထားခဲ့သည်။ Delhi သို့ယူဆောင်သွားချိန်တွင် ကျွန်တော်တို့ ၁၀ ဦးကို ယူနီဖေါင်းများ ပြန်ဝတ် ပေးပြီး သာမန်အရပ်သားများ ခွဲခြားမသိနိုင်အောင် ပုံဖျက်ကာ တိတ်တဆိတ် ယူဆောင်သွားခဲ့သည်။ ထို့ နောက် အရပ်သားအာဏာပိုင်များလက်ထဲသို့ ၂၇၊ ၀၂၊ ၉၈ နေ့တွင် လွဲပြောင်းပေးခဲ့ပြီး Port Blair မြို့အကျဉ်း ထောင်သို့ ၂၄၊ ၀၃၊ ၉၈ နေ့တွင် ပြန်လည် ယူဆောင်ချုပ်နှောင်ခြင်း ခံခဲ့ရပါသည်။ ၂၆၊ ၀၃၊ ၉၈ နေ့ Port Blair Chief Juicial Majistrate (C-J-M) Court သို့ ရုံးထုတ်ခြင်းခံရပြီး ၁၈၊ ၀၂၊ ၉၈ နေ့စွဲဖြင့် Lt. Comman-der R.S Dhauker ၏ First Information Report ခေါ် F.I.R No 50/98 တွင် U/S121A/ 122/123/120B IPC Section 14 of Foreigners Act, 1946- Section 25/27 Arm Act, 1959 and Section 5 of Explosive substance Act, 1908 စသည့်ပုဒ်မများဖြင့် တရားစွဲကာ နိုင်ငံတကာ လက်နက် မှောင်ခိုအရောင်းအ၀ယ် သ မားများဖြစ်ကြောင်း အိန္ဒိယအရှေ့မြောက်ဒေသရှိ အိန္ဒိယအစိုးရကို လက်နက်ကိုင် တော်လှန်ပုန်ကန်နေကြ သော သူပုန်များကို လက်နက်များရောင်းချ အကူအညီပေးကာ အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားကိုဖျက်ဆီးရန် ကြိုး ပမ်းနေကြသူများဖြစ်ကြောင်း စွပ်စွဲထားပါသည်။ ကျွန်တော်တို့အမှုကို Central Bureau of Intelligence (C.B.I) လက်ထဲသို့ လွဲအပ်ပြီး ၃ လအတွင်း အမှုတွဲမတင်နိုင်ခြင်းကြောင့် ၂၈၊ ၀၅၊ ၉၈ နေ့ C.J.M မှ အာမခံ ပေးသော အမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။ သို့သော် ကျွန်းအုပ်ချုပ်ရေးမှူး I.P. Gupta လက်မှတ်ဖြင့် National Security Act ဟုဆိုကာ နောက်ထပ် ထောင်ဒဏ် ၁၂ လတိုးရန် အမိန့်ပေးခဲ့သည်။ အမှန်မှာ ကျွန်တော်တို့ သည် အိန္ဒိယအာဏာပိုင်များ စွပ်စွဲသလို အိန္ဒိယနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်သည့်လုပ်ရပ်များကို မည် သည့်အခါမှ ကျူးလွန်ခြင်းမရှိခဲ့သည်သာမက အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအတွက် အိန္ဒိယစစ်တပ်နှင့် ပူးတွဲစစ်ဆင် ရေးများပြုလုပ်ခြင်း၊ ဗမာပြည်တွင် တရုတ်အစိုးရ၏ စစ်အခြေစိုက်စခန်းများ၊ ရေဒါစခန်းများတည်ဆောက်နေ ခြင်းကို စုံစမ်းထောက်လှမ်းပေးခြင်းနှင့် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးနှင့် ပတ်သက်သော အရေးကြီးသည့် သတင်း များ ပေးပို့ခြင်းဖြင့် အိန္ဒိယနိုင်ငံတော်လုံခြုံရေးကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ပါသည်။



ကျွန်တော်တို့ Port Blair မြို့ အကျဉ်းထောင်ထဲတွင် နိုင်ငံတော်လုံခြုံရေးပုဒ်မဖြင့် အကျဉ်းချခံနေရစဉ် ထမင်း ယူချိန်၊ ရေချိုးချိန်မှလွဲ၍ စခန်းအပြင်သို့ ထွက်ခွင့်မပြုဘဲ တိုက်ပိတ်ထားကာ ပြင်ပနှင့် အဆက်အသွယ် ဖြတ် တောက်ထားခဲ့သည်။ New Delhi အခြေစိုက် South Asian Human Rights Documentation Centre မှ လူ့အခွင့်အရေးရှေ့နေ (Hinery Tiphy) သည် တရားရုံးမှ ခွင့်ပြုချက်ဖြင့် ကျွန်တော်တို့နှင့် တွေ့ဆုံရန် ၂၇၊ ၀၈၊ ၉၈ နေ့ အကျဉ်းထောင်ထဲသို့ ရောက်ရှိလာခဲ့သော်လည်း အာဏာပိုင်များ၏နှောက်ယှက်မှုကြောင့် ကျွန် တော်တို့ထဲမှ ခေါင်းဆောင်တစ်ဦးနှင့် အချိန်အနည်းငယ် တွေ့ခွင့်ရခဲ့သည်မှအပ ကျန်လူများနှင့် တွေ့ခွင့်မရ သည့်အပြင် နောက်ထပ် အန္ဒမန်၊ နီကိုဘာကျွန်းသို့ လာရောက်ခွင့်ကို ပိတ်ပင်ခြင်းခံခဲ့ရသဖြင့် ကျွန်တော်တို့၏ အကျိုးဆောင်ရှေ့နေအဖြစ် ဆောင်ရွက်ခွင့်မရှိခဲ့တော့ပေ။ National Security Act ပုဒ်မဖြင့် ၁၂ လပြည့်သည့် တိုင် အာဏာပိုင်များထံမှ တစ်စုံတစ်ရာ ထူးခြားပြောင်းလဲမှုမရှိသဖြင့် မတတ်သာသည့်အဆုံး ၇ ရက်ကြာ အစာ ငတ်ခံဆန္ဒပြ တောင်းဆိုသောအခါမှသာ တရားရုံးမှ အစိုးရရှေ့နေတစ်ဦးနှင့် ရေဒီယိုနားထောင်ခွင့်၊ သတင်းစာ မဂ္ဂဇင်းများ ဖတ်ခွင့်ပြုပါတော့သည်။ အစိုးရမှပေးသောရှေ့နေကို အယုံအကြည်မရှိသဖြင့် ၂၈၊ ၀၈၊ ၉၉ နေ့ New Delhi အခြေစိုက် လူ့အခွင့်အရေးရှေ့နေ Ms. Nandita Hakasar ကို ကျွန်တော်တို့၏ အကျိုးဆောင် ရှေ့နေအဖြစ် အသိအမှတ်ပြု လက်မှတ်ရေးထိုးပေးခဲ့သည်။ ကျွန်တော်တို့၏ ရှေ့နေမကြီး Ms. Nandita Haksar နှင့် Port Blair C.J.M Mr. Natoo တို့၏ ပူပေါင်းကူညီ ကြိုးပမ်းမှုကြောင့် လူတစ်ဦး အာမခံငွေ ရူပီ ၁၀၀၀၀ ကျပေးကာ Personal Surety Bond ဖြင့် ၁၃၊ ၁၀၊ ၉၉ နေ့ ည ၁၂ နာရီခန့်တွင် အကျဉ်းထောင်မှ လွတ်လာခဲ့သည်။ သို့သော် ထောင်ဗူးဝတွင် ရဲမှ ပြန်ဖမ်းပြီး Port Blair မြို့တွင်း အစိုးရအဆောက်အဦး သုံး ထပ်တိုက်အိုတစ်လုံးပေါ်တွင် နေရာချပေးကာ ထူထပ်သော အစောင့်အရှောက်များနှင့် တင်းကြပ်သော ဥပဒေ များချမှတ်ကာ � House Arrest� ဖြင့် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ အပြင်ထွက်လျှင် ပုလိပ်အ စောင့်အ ရှောက်ဖြင့် သွားလာရပါသည်။ တရားရုံး၊ ဆေးရုံ၊ ဈေးမှအပ အခြားနေရာများသို့ လည်ပတ်ခွင့်မပြုပါ။ မနက် တစ်ခါ၊ ညတစ်ခါ လူစစ်ဆေးသည်။ ၁၅၊ ၁၁၊ ၉၉ နေ့ New Delhi မှ ရှေ့နေ Ms. Vrinda Grouer နှင့် ဒေသခံ ရှေ့နေ Ms. T.Vasantha တို့ကို နောက်ထပ် ကျွန်တော်တို့၏ရှေ့နေများအဖြစ် လက်မှတ်ရေးထိုးပေးခဲ့သည်။ ၂၀၀၁ ခုနှစ် ဧပြီလတွင် ကျွန်တော်တို့ရှေ့နေများ တရားရုံးတွင် လျောက်လဲချက်အရ C.J.M က ကျွန်တော်တို့ ထဲမှ လူ ၅ ဦးကို ပထမသုတ်အနေဖြင့် New Delhi ရှိ UNHCR ကိုယ်စားလှယ်များနှင့် လူတွေ့စစ်ဆေးခံရန် ခွင့် ပြုခဲ့သည်ကို C.B.I က အထက်တရားရုံးတွင် လျောက်လဲခဲ့သဖြင့် အထက်တရားရုံးမှ UNHCR ကိုယ်စားလှယ် များနှင့် တွေ့ဆုံရန် New Delhi သို့ သွားရောက်ခြင်းကို ပိတ်ပင်ခဲ့သည်။ ၀၂၊ ၀၇၊၂၀၀၁ တွင် Association for Protection of Democrative Rights (A.P.D.R) ခေါ် လူ့အခွင့်အရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုယ် စားလှယ်နှစ်ဦးတို့ ကျွန်တော်တို့နှင့်တွေ့ပြီး အကူအညီပေးရန် လာရောက်ခဲ့သည်ကို အာဏာပိုင်များက ငြင်း ပယ်ပိတ်ပင်ခဲ့သည်။ မည်သည့်လူ့အခွင့်အရေးအဖွဲ့အစည်းကိုမှ ကျွန်တော်တို့နှင့် တွေ့ဆုံခွင့်မပြုသလို သ တင်းမီဒီယာသမားများနှင့် တွေ့ဆုံခွင့်၊ အဆက်အသွယ်ပြုခွင့်၊ တယ်လီဖုန်းပြောခြင်းများကို ပိတ်ပင်ခဲ့သည်။ ကျွန်တော်တို့အပေါ် စာနာမှုရှိသော ဒေသခံများအား ကျွန်တော်တို့ကို အကူအညီမပေးရန် ခြိမ်းခြောက်အကျပ် ကိုင်ခဲ့သည်။ ကျွန်တော်တို့ လူငယ်များ သင့်တော်ရာပညာတစ်ခုခု သင်ယူခွင့်၊ ဥပမာ- အင်္ဂလိပ်စကားပြော သင်တန်း၊ ကွန်ပျူတာသင်တန်းတက်ခွင့် စသည်တို့ကို တရားဝင်ပိတ်ပင်ခဲ့သည်။ ၁၀၊ ၀၇၊ ၂၀၀၁ နေ့တွင် NUPA နှင့် KNU မှ ရဲဘော်နှစ်ဦး ပျောက်ဆုံးသွားခဲ့ပြီး ယနေ့တိုင် သတင်းအစအန မရရှိသေးပေ။ ၀၁၊ ၁၂၊ ၂၀၀၃ နေ့တွင် ကျွန်တော်တို့၏ အကျိုးဆောင် ဒေသခံရှေ့နေမငယ် Ms. T. Vasantha သည် သူမ၏နေအိမ် တွင် နေ့လည်ချိန် လည်ပင်းကို ဓါးနဲ့ထိုး၍ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရသည်။


ဤအတောအတွင်း နှစ်လတစ်ကြိမ် တစ်လတစ်ကြိမ် ပုံမှန်ရုံးတက်နေရပါသည်။ တရားရုံးသို့ရောက်တိုင်း ကျွန် တော်တို့သည် အိန္ဒိယအာဏာပိုင်များ စွပ်စွဲသလို လက်နက်မှောင်ခိုအရောင်းအ၀ယ်သမားများမဟုတ်ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဗမာ နအဖ စစ်အစိုးရကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေကြ သော NUPA နှင့် KNU မှ ရဲဘော်များဖြစ်ကြောင်း၊ အိန္ဒိယအာဏာပိုင်များ ဖိတ်ခေါ်ချက်အရ အိန္ဒိယနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပါသဖြင့် အမြန်ဆုံးတရားဆုံးဖြတ်၍ လွှတ်ပေးပါရန် အကြိမ်ကြိမ်တောင်းဆိုသော်လည်း တရားလို C.B.I မှ ကျွန်တော်တို့အမှုကို စုံစမ်း၍ မပြီးသေးကြောင်း၊ အကြောင်းမှာ အိန္ဒိယ ကာကွယ်ရေးဝန် ကြီးဌာနမှ ပူးပေါင်းကူညီမှုမရှိ၍ဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနဆီသို့ အမှုနှင့်ပတ်သက်သော သက် သေအထောက်အထားများနှင့် Operation Leach တွင် ပါဝင်ခဲ့သော စစ်တပ်မှ အရာရှိများကို စုံးစမ်းမေးမြန်း ခွင့်ပြုရန် အကြိမ်ကြိမ်အကြောင်းကြားခဲ့သော်လည်း အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိကြောင်း စသည် ဖြင့် C.B.I မှ နောက်ထပ် အချိန်တိုးပေးရန် အကြိမ်ကြိမ်လျောက်လဲနေသဖြင့် မတတ်သာသည့်အဆုံး ကျွန် တော်တို့ရှေ့နေမကြီး Ms. Nandita Haksar သည် ၁၇၊ ၀၉၊ ၂၀၀၄ တွင် New Delhi ရှိ Supreme Court တွင် တိုက်ရိုက်လျောက်လဲချက် တင်ပါတော့သည်။ ၁၆၊ ၁၁၊ ၂၀၀၄ တွင် Supreme Court မှ C.B.I အရာရှိနှင့် အန္ဒမန်၊ နီကိုဘာကျွန်း အုပ်ချုပ်ရေးမှူးထံ သတိပေးစာ ထုတ်ပြန်ခဲ့သည်။ တရားမစွဲနိုင်လျှင် ကျွန်တော်တို့ကို တရားသေ ပြန်လွှတ်ပေးရတော့မည်ဖြစ်ပါသဖြင့် နောက်ဆုံး မတတ်သာသည့်အဆုံး C.B.I သည် ၂၇၊ ၁၂၊ ၂၀၀၄ နေ့တွင် Port Blair ရှိ C.J.M Court တွင် တရားစွဲဆိုပါတော့သည်။ အိန္ဒိယအာဏာပိုင်များ အမှန်တ ရားဖက်မှ အမှန်တကယ်ရပ်တည်ခဲ့လျှင် လွန်ခဲ့သော ၁၀ နှစ်ခန့်ကစ၍ ကျွန်တော်တို့အမှုကို ရုံးတင် တရားစွဲ ဆိုနိုင်ခဲ့ပါသည်။ ၎င်းတို့ တရားရုံးတွင် တချိန်လုံး ဆင်ခြေပေးနေခဲ့သလို ကာကွယ်ရေးဝန်ကြီးဌာနမှ ပူးပေါင်း ဆောင်ရွက်မှုမရှိခဲ့၍ ကြန့်ကြာနေခြင်းမဟုတ်ပါ။ ၎င်းတို့ကိုယ်တိုင်နှင့် အိန္ဒိယ အာဏာပိုင်အဖွဲ့အစည်းများ အားလုံး ကျွန်တော်တို့ကို ပူးပေါင်းကူညီမှုမရှိခဲ့၍သာ ဤကဲ့သို့ အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲ ကြန့်ကြာနေ ခြင်းဖြစ်သည်ကို Supreme Court မှ အမိန့်ချမှတ်၍ တရားမစွဲဆိုနိုင်လျှင် တရားသေ ပြန်လွှတ်ပေးရတော့မည့် အခြေအနေကို ဆိုက်ရောက်မှသာ အနီးကပ်၍ ၅နှစ် ၆ နှစ်နှင့် စုံးစမ်း၍မပြီးနိုင်သောအမှုကို တစ်လတည်းနှင့် စုံ စမ်းစစ်ဆေး တရားစွဲဆိုနိုင်သည်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ ကျွန်တော်တို့ အကျိုးဆောင်ရှေ့နေများ New Delhi ရှိ Supreme Court တွင် လျောက်လဲချက် မတင်ခဲ့၊ Supreme Court မှ ယခုလို အမိန့်မချမှတ်ခဲ့ လျှင် C.B.I သည် ယခုအချိန်ထိ တရားစွဲဆိုနိုင်အုံးမည်မဟုတ်။ အကြောင်းအမျိုးမျိုးပြကာ ဗမာပြည် ဒီမိုကရေစီ ရသည့်အချိန်ထိ (၀ါ) ကျွန်တော်တို့ကို အိုမင်းမစွမ်းသည့်အရွယ်ရောက်သည်အထိ အချိန်ဆွဲထားအုံးမည်ဖြစ်ပါ သည်။


C.B.I တရားစွဲဆိုချက်တွင် ကျွန်တော်တို့သည် ဗမာစစ်အစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်နေကြသော NUPA နှင့် KNU မှ သူပုန်များဖြစ်ကြောင်း၊ ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်းမီးကျောက် အမြောက်အ များနှင့် အိန္ဒိယရေကြောင်းပိုင်နက်ထဲသို့ တရားမ၀င် ကျူးကျော်ဝင်ရောက်လာခဲ့ကြသည်ဟုဆိုကာ U/S 14 of Foreigners Act, 1947, 25 (1.B) of Arms Act, 1959, Section 5 of Explosive substances Act, 1908 စသည့် ပုဒ်မများဖြင့် တရားစွဲဆိုထားပါသည်။ ဤသို့ဖြင့် အိန္ဒိယအာဏာပိုင်များသည် တရားမျှတစွာဖြင့် လူ သတ်တရားခံများကို ဖေါ်ထုတ်ရမည့်အစား အကြမ်းဖက် လူသတ်သမားများနှင့်ပူးပေါင်းကာ ကျွန်တော်တို့ကို တသက်လုံး ထောင်ထဲတွင်ပိတ်လှောင်ထားရန် ကြိုးပမ်းနေကြပါသည်။ ဤရည်ရွယ်ချက် မအောင်မြင်လျှင် တောင် ရနိုင်သလောက် အချိန်ဆွဲထိန်းသိမ်းထားရေးအစီအစဉ်ဖြင့် တရားစွဲဆိုပြီး အမှုကို ကြားနာစစ်ဆေးနေ စဉ် ဆက်လက်၍ အကြောင်းအမျိုးမျိုးပြကာ နှစ်ရှည်လများ ကြန့်ကြာအောင် ပြုလုပ်ကြမည်ဖြစ်သောကြောင့် ၎င်းတို့ကိုရှောင်ရှားနိုင်ရန် Kolkata ဗဟိုတရားရုံးသို့ အမှုကိုပြောင်းရွေ့ရန် အကျိုးဆောင်ရှေ့နေ Ms. Kamini Jaiswal မှ တဆင့် Delhi ရှိ Supreme Court သို့ ၃၀၊ ၀၃၊ ၂၀၀၅ နေ့တွင် လျှောက်ထားခဲ့ပါသည်။ ၎င်း လျှောက်လဲချက်ကို Supreme Court မှ လက်ခံကြားနာပြီး Supreme Court ၏ ညွှန်ကြားချက်နှင့် ၁၀၊ ၁၀၊ ၂၀၀၆ နေ့ Port Balia ရှိ Session Court မှ ကျွန်တော်တို့အမှုကို Kolkata တရားရုံးသို့ ပြောင်းရွေ့ခွင့်အမိန့် ထုတ်ပြန်ခဲ့ပါသည်။ ယင်းနေ့တွင်ပင် ကျွန်တော်တို့လည်း Port Balia အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင် ထိန်းသိမ်းခြင်းခံရပါတော့သည်။ ၃၁၊ ၁၀၊ ၂၀၀၆ နေ့တွင် Kolkata ရှိ Presidency Correctional Home ခေါ် ဗဟိုအကျဉ်းထောင်သို့ ရောက်ရှိ ချုပ်နှောင်ခြင်းခံခဲ့ရပါသည်။ အမှုကိုကြားနာရန် စတင်သည်နှင့် C.B.I က ကျွန်တော်တို့သည် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်အန္တရယ်ပြုနိုင်သောကြောင့် တရားရုံးတော်ရှိ ပြည်သူများရှေ့မှောက်တွင် ကြားနာစစ်ဆေးရန် မသင့်တော်ကြောင်း၊ အကျဉ်းထောင်ထဲတွင် လျှို့ဝှက်စွာ စစ် ဆေးသင့်ကြောင်း၊ West Bengal �chief Minister ထံသို့ စာရေးအကြောင်းကြားခဲ့သဖြင့် ပြည်နယ်ဝန်ကြီးချုပ် မှ ကျွန်တော်တို့အမှုကို အကျဉ်းထောင်ထဲတွင် ကြားနာစစ်ဆေးရန် တရားရုံးသို့ ညွန်ကြားလွှာပေးပို့ခဲ့သည်။ သို့သော် ကျွန်တော်တို့ အကျိုးဆောင်ရှေ့နေ Ms.Nandita Haksar ၏ကြိုးပမ်းမှုကြောင့် Kolkata ရှိ လူ့အခွင့် အရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အတတ်ပညာရှင်၊ အသိပညာရှင်များ အထူးသဖြင့် Kolkata တွင် လူအ များ ရိုသေလေးစားမှုကို ခံရသော ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယ တပ်မတော်ဖခင်ကြီး Subhas Chandra Bose ၏ ကွပ်ကဲမှုအောက်တွင် �Rani Jhonsi� အမျိုးသမီးတပ်ရင်းကို စတင်တည်ထောင်ခဲ့သူများထဲမှ တစ် ယောက်ဖြစ်သော Dr. (Col) Lakshuni Sehgal ဦးစီးပြီး ကျွန်တော်တို့လွတ်မြောက်ရေးအတွက် Solidarity Communittee for Burma�s Freedom Fighters စသည့် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ကျွန်တော်တို့အမှုကို တရားရုံးတော်ရှိ ပြည်သူ့ရှေ့မှောက်တွင် ကြားနာစစ်ဆေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ကန့်ကွက်လွှာကို ပေးပို့ခဲ့သဖြင့် ပြည်နယ်ဝန်ကြီးချုပ်က သူ၏အမိန့်စာလွှာကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။ ၎င်းအပြင် C.B.I သည် West Bengal အာဏာပိုင်များ၊ ပြည်သူများ နားလည်မှုလွဲ၍ ကျွန်တော်တို့အပေါ် စာနာမှုမရှိစေရန် သတင်းမီဒီယာများမှတဆင့် သတင်းအမျိုးမျိုးလွင့်ခဲ့သည်။ ၎င်း၏အကျိုးဆက်အဖြစ် အကျဉ်းထောင်ထဲတွင် ထောင်အာဏာပိုင်များ၏ ဆိုးဆိုးဝါးဝါး ဆက်ဆံခြင်းကို ခံကြရသည်။ ထောင်အာဏာပိုင်များ၏ စေခိုင်းချက် ကြောင့် ထောင်ဝါဒါနှင့် အကျဉ်းသား ၃၀၀-၄၀၀ ခန့် ကျွန်တော်တို့နေထိုင်သည့် အဆောင်ထဲသို့ ၀ိုင်းဝန်း ၀င်ရောက်ရိုက်ပုတ်ကြသဖြင့် ကျွန်တော်တို့ ရဲဘော် တော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။


၎င်းပြင် C.B.I သည် ၎င်းတို့၏ တရားလိုသက်သေ ၁၈ ဦးနှင့်အတူ နောက်ထပ်ရသလောက် အချိန်ဆွဲနေခဲ့ သည်။ အမျိုးမျိုးအကြောင်းပြကာ သက်သေများ တရားရုံးတော်သို့ လာရောက်သက်သေထွက်ဆိုရန် ကြန့် ကြာအောင် ပြုလုပ်နေခဲ့သည်။ အဓိက မျက်မြင်သက်သေများဖြစ်ကြသော Operation Leach တွင် ပါဝင်ခဲ့သူ အိန္ဒိယ စစ်တပ်မှ အရာရှိသုံးဦးတို့သည် တရားရုံးတော်သို့ လာရောက်ရန် အမျိုးမျိုးအကြောင်းပြ ငြင်းဆန်နေခဲ့ ကြသည်။ ဤအတောအတွင်း ကျွန်တော်တို့အမှုကို အဓိက တာဝန်ယူကိုင်တွယ်စစ်ဆေးနေသော Session Judge- Ashima Kumar Roy သည် ရုတ်တရက် ပြောင်းရွေ့ခဲ့သည်။ နောက်အသစ်ခန့်မည့် တရားသူကြီးကို ၁၀ လခန့် စောင့်ဆိုင်းခဲ့ရသည်။ တရားသူကြီး ရုတ်တရက် ပြောင်းရွေ့သွားခြင်းသည်လည်း ကျွန်တော်တို့အမှု ကို ကြန့်ကြာစေရန် သွယ်ဝိုက်၍ အချိန်ဆွဲခြင်းတမျိုးသာဖြစ်သည်။ Kolkata ရှိ Bichar Bhawan, Session Court တွင် အမှုကို စတင်ကြားနာသော ၂၉၊ ၀၁၊ ၂၀၀၇ နေ့မှစ၍ ၁၂၊ ၀၇၊ ၂၀၁၀ ထိ Plea bargaining ဖြင့် အမှုပြီးပြတ်သည်အထိ သုံးနှစ်ကျော်ကာလအတွင်း တရားသူကြီး ၄ ဦး ပြောင်းလဲချထားခဲ့သည်။ နောက်ဆုံး နှစ်ဘက်သက်သေများကို စစ်ဆေးပြီးစီး၍ နှစ်ဖက်ရှေ့နေများ အပြန်အလှန်ချေပငြင်းခုန်မည့် Argument ကို ၆ လစောင့်ဆိုင်းခဲ့သည်။ ၎င်းပြီးလျှင် တရားသူကြီးက အမှုကိုဆုံးဖြတ်အမိန့်ချမှတ်ရန်သာ ကျန်တော့သည်။ သို့ သော် Argument ကို ၆ လအထိ စောင့်သော်လည်း နောက်ထပ် အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲ ကြန့် ကြာနေမှုကို မစောင့်နိုင်တော့သည့်အပြင် အမိန့်ချမှတ်ဆုံးဖြတ်လျှင် ကျွန်တော်တို့တွင် ကွင်းလုံးကျွတ် လွတ် ကာ အမှုနိုင်ခြေရှိသော်လည်း C.B.I သည် Hight Court, Supreme Court စသည့် အထက်တရားရုံး များသို့ အယူခံဝင်ကာ အတိုင်းအတာမဲ့ အချိန်ဆွဲထားမည်ကို မစောင့်နိုင်တော့သဖြင့် Plea bargaining ဖြင့် အမှုကို ပြီးဆုံးစေရန် ၀၅၊ ၀၅၊ ၂၀၁၀ နေ့တွင် တရားသူကြီးထံ ကျွန်တော်တို့ ၃၄ ဦး လက်မှတ်ရေးထိုးကာ လျှောက် ထားခဲ့သည်။ C.B.I နှင့် ကျွန်တော်တို့အကြား အပြန်အလှန် သေသေချာချာ မျက်နှာချင်းဆိုင် ဆွေးနွေးပြီးမှ Plea bargaining ဖြင့် အမှုကို အပြီးသတ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သော်လည်း တရားသူကြီး အမိန့်ချမှတ် သောအခါ ကျွန်တော်တို့ထံမှ သိမ်းယူထားခဲ့သော ကျွန်တော်တို့ပိုင် ပစ္စည်းများ အထူးသဖြင့် ငါးဖမ်းလှေနှစ်စီး နှင့် အမြန်ယာဉ်နှစ်စီးကို မပေးသည့်အပြင် နောက်ထပ် လူတစ်ဦး ဒဏ်ငွေ ရူပီငွေ ၆၀၀၀ ကို ပေးဆောင်ရန်နှင့် ၎င်းငွေကို မပေးဆောင်နိုင်လျှင် နောက်ထပ် ၈ လထောင်ကျခံရမည်ဟု အမိန့်ချမှတ်ခြင်းမှာ တရားမျှတမှု မရှိ ပေ။ Under Section 265 B ၏ Plea bargaining ဥပဒေပုဒ်မအရ ကျသင့်ပြစ်ဒဏ်၏ထက်ဝက် (၀ါ) သုံးပုံတစ် ပုံကို ကျခံရမည်ဖြစ်သောကြောင်း Section သုံးခုဖြစ်သော 1. U/S 14 Foreigners Act အတွက် ထောင်ဒဏ် တစ်နှစ်နှင့်သုံးလ၊ ဒဏ်ငွေ ၂၀၀၀၊ ၎င်းကိုမပေးနိုင်လျှင် ထောင်ဒဏ် ၃လ။ 2. U/S 5 (B) of the Explosive substance Act ခေါ် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်း ပိုင်ဆိုင်မှုအတွက် ထောင်ဒဏ် တစ်နှစ်နှင့် သုံး လ၊ ဒဏ်ငွေ ၂၀၀၀၊ ၎င်းကိုမပေးနိုင်လျှင် နောက်ထပ် ထောင်ဒဏ်သုံးလ၊ 3. U/S 25-1B of the Arms Act ခေါ် လက်နက်မှုအတွက် ထောင်ဒဏ် ၆ လ၊ ဒဏ်ငွေ၂၀၀၀၊ ၎င်းကိုမပေးသွင်းနိုင်လျှင် နောက်ထပ် ထောင်ဒဏ် နှစ်လ ကျခံရမည်ဖြစ်ပါသည်။ ပြစ်မှုသုံးခုပေါင်းလျှင် ထောင်ဒဏ် သုံးနှစ်ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့အကျဉ်း ထောင်ထဲ ၆ နှစ်နီးပါးနှင့် အကျယ်ချုပ် ၇ နှစ်ထဲ အကျုံးဝင်သွားခဲ့ပြီးဖြစ်သော်လည်း ဒဏ်ငွေ ၆၀၀၀ ကိုမူ မဖြစ် မနေ ပေးဆောင်ရမည်ဖြစ်ပါသည်။ ဒဏ်ငွေ မဆောင်နိုင်လျှင် နောက်ထပ် ၈ လ ထောင်ကျခံရမည်ဖြစ်သည်။ ကျွန်တော်တို့တွင် ငွေကြေးအခက်အခဲရှိသည်ကိုသိ၍ နောက်ထပ် အချိန်ဆွဲနိုင်အောင် တမင်တကာ ပြုလုပ် ခြင်းဖြစ်သည်။ နောက်တစ်ချက်က Port Blair တွင် လူတစ်ဦး ရူပီငွေ ၁၀၀၀၀ ကျ အာမခံငွေဖြင့် အကျဉ်း ထောင်ထဲမှထွက်ကာ အပြင်တွင် အကျယ်ချုပ်ဖြင့်နေခဲ့စဉ်က တရားရုံးသို့ ပေးဆောင်ခဲ့သော ရူပီငွေ ၃ သိန်း ၄သောင်းကို ကျွန်တော်တို့ ထောင်ထဲသို့ပြန်ဝင်လျှင် ပြန်ပေးရမည် ဖြစ်သော်လည်း ပြန်မထုတ်ပေးသဖြင့် တရားရုံးသို့ လျှောက်ထားရာ C.B.I မှ ကန့်ကွက်၍ တရားသူကြီးက ကျွန်တော်တို့ လျှောက်လဲချက်ကို ပယ် ချခဲ့သည်။ ငွေကိုထုတ်ပေးလျှင် ၎င်းငွေဖြင့် ဒဏ်ငွေဆောင်ကာ အမြန်ဆုံး ပြန်လွှတ်ရမည်ကို မလိုလားသဖြင့် သွယ်ဝိုက်၍ ဟန့်တားခြင်းဖြစ်သည်။ ၎င်းငွေကို ပြန်ယူလိုလျှင် အထက်တရားရုံးသို့ လျှောက်ထားရမည်။ အ ထက်တရားရုံးသို့ လျှောက်ထားမည်ဆိုလျှင် နောက်ထပ်ရှေ့နေခ သိန်းနှင့်ချီ၍ ကုန်ကျမည်ဖြစ်ပြီး အနည်းဆုံး ၄-၅ လကြာဦးမည်ဖြစ်သည်။


ကျွန်တော်တို့အမှုကို ဆုံးဖြတ်အမိန့်မချမှတ်ခင် ကျွန်တော်တို့ရှေ့နေမကြီး ဒေါ် Nandita Haksar နှင့် NCGUP ၀န်ကြီး ဒေါက်တာတင့်ဆွေတို့ Kolkata သို့လာပြီး West Bengal အစိုးရနှင့် ဆွေးနွေးခဲ့ကြသည်။ အစပိုင်းတွင် West Bengal အစိုးရအနေဖြင့် ကျွန်တော်တို့ကို ချောချောချူချူနှင့် လွှတ်ပေးရန် သဘောတူခဲ့ သော်လည်း ကျွန်တော်တို့အမှု မဆုံးဖြတ်ခင် သုံးလေးရက်အလို နောက်တခေါက် ဆွေးနွေးပွဲတွင် West Bengal အစိုးရ သဘောထားပြောင်းသွားပြီး ကျွန်တော်တို့ကို ပြန်လွှတ်ပေးရန် မဖြစ်နိုင်ကြောင်း အမှုပြီးသည့် တိုင် နိုင်ငံခြားသားမှုနှင့် ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ သို့သော် (၁) အထက်တရားရုံးမှ လွှတ် ပေးရန် အမိန့်တစ်စုံတစ်ရာရရှိလျှင်သော်လည်းကောင်း။ (၂) သို့မဟုတ် ဗဟိုအစိုးရမှ ပြန်လွှတ်ပေးရန် အမိန့် တစ်စုံတစ်ရာ ရရှိလျှင်သော်လည်းကောင်း (၃) သို့မဟုတ် UNHCR မှ ဒုက္ခသည်အဖြစ် အပြည့်အ၀ အသိအ မှတ်ပြုထားသော ထောက်ခံစာရရှိလျှင်သော်လည်းကောင်း၊ ဤနေရာ၌ ကျွန်တော်တို့တွင် ရရှိထားသည့် UNHCR မှ အသိအမှတ်ပြုထုတ်ပေးထားသော Under Cansinderation Certificate ဖြင့် အခြားဒုက္ခသည်များ အိန္ဒိယနိုင်ငံအတွင်း သွားလာနေထိုင်ခွင့်ရှိသော်လည်း ကျွန်တော်တို့ကို ခွင့်မပြုဘဲ ငြင်းပယ်ထားသည်။ (၄) သို့မဟုတ် တတိယနိုင်ငံတစ်ခုခုမှ ကျွန်တော်တို့ကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပြုကာ လာရောက်ယူဆောင်လျှင် သော်လည်းကောင်း၊ သူတို့အနေဖြင့် ကျွန်တော်တို့ကို ပြန်လွှတ်ပေးနိုင်လိမ့်မည်ဟု ဆိုပါသည်။ သို့သော် ကျွန်တော်တို့တွင် ဤအချက်များနှင့် တခုမှမပြည့်စုံဖြစ်နေသည်။ (၁) အထက်တရားရုံးမှ လွှတ်မိန့်ရရန် လျှောက်ထားလျှင် အနည်းဆုံး ၆ လ၊ အများဆုံး တစ်နှစ်အထက်ထိ ကြာနိုင်သည်။ (၂) ဗဟိုအစိုးရသည် ကျွန် တော်တို့ကို ဖမ်းဆီးတရားစွဲထားသောကြောင့် ဗဟိုအစိုးရအနေဖြင့် ပြန်လွှတ်ရန် အမိန့် တစ်စုံတစ်ရာ ထုတ် ပြန်ရန် မဖြစ်နိုင်ပေ။ (၃) တတိယနိုင်ငံတစ်ခုခုက ဒုက္ခသည်အဖြစ် နိုင်ငံရေးခိုလှုံခွင့်ပေးရန်မှာ UNHCR မှ တ ဆင့် သွားရမည်ဖြစ်သည်။ (၄) UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကာ ဒုက္ခသည်ကဒ်ပြား ထုတ်ပေး ရန်မှာလည်း Delhi ရှိ UNHCR ကိုယ်စားလှယ်များနှင့် သွားရောက်တွေ့ဆုံကာ စစ်ဆေးမေးမြန်း စီစစ်ခံပြီးမှ ဖြစ်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် UNHCR နှင့် အိန္ဒိယအစိုးရအကြား သဘောတူညီမှုအရ UNHCR ကိုယ်စား လှယ်များသည် New Delhi အပြင်သို့ ထွက်ကာ ဒုက္ခသည်အဖြစ် လျှောက်ထားလိုသူများနှင့် တွေ့ဆုံခွင့်မရှိ။ မူအရ UNHCR ကိုယ်စားလှယ်များ Kolkata အကျဉ်းထောင်သို့ လာရောက်ကာ ကျွန်တော်တို့နှင့် လူတွေ့စစ် ဆေးရန်မဖြစ်နိုင်သလို ကျွန်တော်တို့ကို လည်း အကျဉ်းထောင်ထဲမှ News Delhi သို့ UNHCR ကိုယ်စား လှယ်များနှင့် တွေ့ဆုံရန် သွားရောက်ခြင်းကိုလည်း ပိတ်ပင်ထားသဖြင့် အိန္ဒိယအစိုးရသည် ကျွန်တော်တို့ လွတ်လမ်းအားလုံးကို ပိတ်ဆို့ချောင်ပိတ်ကာ စနစ်တကျဖန်တီး အချိန်ဆွဲ ဆက်လက်ချုပ်နှောင်ထားနိုင်အောင် ကြိုးစားနေကြပါသည်။ ၎င်းအပြင် အိန္ဒိယအစိုးရသည် မဗာပြည်တွင် November 7 နေ့ကျင်းပမည့် နအဖ စစ် အစိုးရ ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်ဟု လေသံပစ်နေပါသည်။ ရွေးကောက်ပွဲပြီးလျှင် ကျွန်တော်တို့ကို ဗမာပြည်သို့ ပြန်ပို့ရန် ရည်ရွယ်ထားပုံရပါသည်။ ယင်းကြောင့်လည်း ရွေးကောက်ပွဲပြီးသည့်အထိ အချိန် တစ်စုံ တစ်ရာရရန် ဥပါယ်တံမျှဉ်ဖြင့် အချိန်ဆွဲနေခြင်းဖြစ်သည်။ အကယ်၍ ကျွန်တော်တို့ ဗမာစစ်အစိုးရလက်သို့ လွဲ ပြောင်းခြင်းခံရလျှင် လူမဆန်စွာ ညှင်းပမ်းနှိပ်စက်ခံရကာ ဆက်လက်၍ နှစ်ရှည်လများ အကျဉ်းကျခံရမည်ဖြစ်ပါ သည်။ အကြောင်းမှာ ရွေးကောက်ပွဲပြီး၍ တက်လာသော အစိုးရသည်လည်း ယခုလက်ရှိ နအဖ စစ်အစိုးရ အ ထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး အစီအစဉ်အရ နိုင်ငံတကာ အ သိုင်းအ၀ိုင်းက သူတို့ကို လက်ခံအသိအမှတ်ပြုလာစေရန် နိုင်ငံတကာမိသားစုကို လိမ်လည်လှည့်ဖျားရန် စနစ် တကျ ဖန်တီးထားသော အရပ်သားအစိုးရအမည်ခံ စစ်အာဏာရှင်များ ဆက်လက်အုပ်စိုးကြမည်ဖြစ်သော ကြောင့် ဖြစ်ပါသည်။


ဤသည်ကိုကြည့်ခြင်းအားဖြင့် အိန္ဒိယအစိုးရ၏ သဘောထားနှင့်ပေါ်လစီကို သိနိုင်ပေသည်။ ၎င်းတို့သည် NUPA နှင့် KNU အပေါ် သဘောထားမဟုတ်။ ရခိုင်တမျိုးသားလုံး၊ ကရင်လူမျိုးတခုလုံးနှင့် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးအတွက် နအဖ စစ်အစိုးရကို တိုက်ပွဲဝင်ဆန့်ကျင်နေကြသော ဗမာပြည်သူပြည်သားအားလုံးအပေါ် အိန္ဒိယအစိုးရ၏သဘောထားဖြစ်သည်။ ကျွန်တော်တို့သည် အမျိုးသားများ တန်းတူရေး၊ ဒီမိုကရေစီနှင့် လူ့အ ခွင့်အရေးတို့အတွက် နအဖ စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသော NUPA နှင့် KNU မှရဲဘော်များဖြစ် ကြသည်ကို အိန္ဒိယအာဏာပိုင်များက အတိအလင်းဝန်ခံထားပြီးဖြစ်ပါသည်။ ကျွန်တော်တို့သည် အိန္ဒိယနိုင်ငံ သို့ အိန္ဒိယအာဏာပိုင်များ၏ ဖိတ်ခေါ်ချက်ဖြင့်လာရောက်ခဲ့ကြသည်။ အိန္ဒိယ စစ်ထောက်လှမ်းရေးအရာရှိ Lt. Cal Gtewal သည် ဤအမှုကိစ္စ၏အဓိကတရားခံဖြစ်ပါသည်။ သူသည် ကျွန်တော်တို့ကို အယုံသွင်းကာ ကျွန် တော်တို့ထံမှ ငွေကြေးအမြောက်အများ ရယူခဲ့သည်။ နောက်ဆုံး ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်း များကို သစ္စာဖေါက်ကာ ဗမာစစ်အစိုးရအလိုအတိုင်း ကျွန်တော်တို့ခေါင်းဆောင်များကို ရက်ရက်စက်စက် ဥပ ဒေမဲ့ သတ်ဖြတ်ခဲ့သည်။ အိန္ဒိယအစိုးရသည် Lt. Cal Grewal ၏လုပ်ရပ် �မှား�များကို သိရှိခဲ့သော်လည်း အ ရေးမယူသည့်အပြင် ရာထူးပင်တိုးပေးခဲ့သေးသည်။ အိန္ဒိယအစိုးရ၏ �အရှေ့မျှော်� ပေါ်လစီနှင့် ကျွန်တော်တို့ တိုင်းပြည်မှ သဘာဝတွင်းထွက်ပစ္စည်းများ၊ ရေနံနှင့်ဂတ်စ်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိရေး၊ အိန္ဒိယ အရှေ့ မြောက်ဖက်ရှိ သူပုန်များအရေးကို ကိုင်တွယ်ဖြေရှင်းရေးအတွက် နအဖ စစ်အစိုးရကို နှစ်သိမ့်ချွေးသိပ်ရန် ကျွန် တော်တို့ကို ဓါးစာခံအဖြစ် အသုံးပြုထားသည်။ အိန္ဒိယ-ဗမာ- တရုတ် အစိုးရတို့၏ နိုင်ငံရေးကစားကွက်တွင် ကျွန်တော်တို့ သားကောင်ဖြစ်နေကြရသည်။


အိန္ဒိယ စုံးစမ်းစစ်ဆေးရေးအရာရှိများကိုယ်တိုင်က ကျွန်တော်တို့သည် NUPA နှင့် KNU မှ ရဲဘော်များဖြစ်ဟု စုံစမ်းဖေါ်ထုတ်ထားပါလျှက် အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲကာလအတွင်း ဗြိတိသျှနယ်ချဲ့အစိုးရကို လက်နက် ကိုင် တော်လှန်တိုက်ခိုက်ခဲ့သော Dr. (Cal) Lakshmi Sahgal တို့လို Freedom Fighter ဟောင်းများ Dr. Ashok Mitra (West Bengal) ဘဏ္ဍာရေးဝန်းကြီးဟောင်း)၊ Sumit Chakravartt (Affairs Weekly အယ်ဒီ တာ)၊ Surendra Mahon (ပါလီမာန်အမတ်ဟောင်း)၊ Sujata Bhadra (Association for Protection of Democratic Rights (APDR) အထွေထွေအတွင်းရေးမှူးကဲ့သို့ West Bengal မှ အတတ်ပညာရှင်၊ အသိ ပညာရှင်များက ကျွန်တော်တို့ကို Freedom Fighters များ၊ နိုင်ငံရေးအကျဉ်းသားများဟု အသိအမှတ်ပြုထား သည်ကို အိန္ဒိယအစိုးရက မသိကျိုးကျွန်ပြုကာ Freedom Fighters များ၊ နိုင်ငံရေးအကျဉ်းသားများဟု အသိအ မှတ်မပြုဘဲ အကျဉ်းထောင်ထဲတွင် သာမန်ရာဇ၀တ်မှု ကျူးလွန်သူများနှင့် တန်းတူထားဆက်ဆံကာ သာမန်အ ကျဉ်းသားများရရှိသော အနိမ့်ဆုံးအခွင့်အရေးများဖြင့် အစားအသောက်ကအစ အလွန်ချို့တဲ့သော အနေအ ထားဖြင့် ထားရှိခြင်းမှာ အလွန်ဝမ်းနည်းဖွယ်ရာဖြစ်ပါသည်။ အိန္ဒိယနိုင်ငံကို တော်လှန်ပုန်ကန်နေသော အဖွဲ့အ စည်းများကို လေယာဉ်ပေါ်မှ လေထီးဖြင့်ချကာ လက်နက်ခဲယမ်းမီးကျောက်များ ရောင်းချခဲ့သော အင်္ဂလန်နိုင်ငံ သား အင်္ဂလိပ်လူမျိုး Peter Bleach ကဲ့သို့ နိုင်ငံတကာ လက်နက်မှောင်ခိုသမားကို ထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသားတစ်ဦးရရှိသော အထူးအခွင့်အရေးများပေးကာ အိန္ဒိယ အကျဉ်းထောင်သမိုင်းတွင် တခါမှ မရှိခဲ့ ဘူးသော ထောင်ထဲတွင် Type-writer သုံးစွဲခွင့် စသည့် အထူးအခွင့်အရေးများ ပေးထားခဲ့သည်။ ဤသို့ဖြင့် အိန္ဒိယနိုင်ငံနှင့် အိန္ဒိယလူမျိုးတို့၏ အကျိုးစီးပွားကို ပျက်စီးအောင် အိန္ဒိယနိုင်ငံ၏လုံခြုံရေးကို အမှန်တကယ် ခြိမ်းခြောက်ခဲ့သူ Peter Bleach ကို လက်နက်ရောင်းဝယ်မှုဖြင့် တရားရုံးမှ ထောင်ဒဏ်တသက် အမိန့်ချမှတ် ထားပြီးပါလျှက် ထောင်ဒဏ် ၈ နှစ် ၄၄ ရက်ကျခံပြီး အိန္ဒိယသမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်း ထောင်မှ အပြီးပိုင် လွှတ်ပေးနိုင်ခဲ့သေးလျှင် အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားကို မည်သည့်အခါမှ ထိခိုက်နစ်နာ အောင် မပြုလုပ်ခဲ့သော အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအတွက် ပူပေါင်းကူညီဆောင်ရွက်ပေးခဲ့သော ကျွန်တော်တို့ တော်လှန်ရေးသမားများကို အိန္ဒိယသမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အလျင်အမြန် လွှတ်ပေးရန်မှာ လုပ် သင့်လုပ်ထိုက်သော ကိစ္စဖြစ်လေသည်။


အိန္ဒိယပြည်သူများအနေဖြင့်လည်း ကျွန်ုပ်တို့သည် အိမ်နီးနားချင်းကောင်းပီသစွာ အိန္ဒိယနိုင်ငံနှင့် နှစ်ပေါင်း ရာ ထောင်ချီ ငြိမ်းချမ်းစွာ အတူတကွ ယဉ်တွဲနေထိုင်လာခဲ့ကြပြီး ဗြိတိသျှနယ်ချဲ့တို့လက်အောက် ကျရောက်ခဲ့ရ သည့်အချိန်ကာလများတွင် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီကာ နယ်ချဲ့လက်အောက် ကျွန်သဘောက်ဘ၀မှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ကြသည်။ လက်ရှိအခြေအနေတွင် ကျွန်ုပ်တို့ပြည်သူများသည် အလွန်ရက်စက် ကောက်ကျစ်သော စစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပမ်းမှုအောက်တွင် လူ့ဂုဏ်သိက္ခာများ ညှိုးနွမ်းကာ အလွန်ဆင်းရဲ ကျပ်တည်း လူတောမတိုးနိုင်သော အခြေအနေတွင် ဆိုက်ရောက်နေပါသဖြင့် ဗမာပြည်တွင် အမျိုးသားများ တန်းတူရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် ဒုတိယအကြိမ် လွတ်လပ်ရေးတိုက်ပွဲ ဆင်နွဲနေကြ သော ကျွန်ုပ်တို့ကို ကူညီရိုင်းပင်းသည့်အနေဖြင့် ကမ္ဘာတွင် အကြီးဆုံးဒီမိုကရေစီ တိုင်းပြည်မှ နိုင်ငံကြီးသား များဖြစ်သည်နှင့်အညီ အမှန်တရားဖက်မှ ရပ်တည်ပြီး ကူညီဆောင်ရွက်ပေးကြပါရန်နှင့် ကျွန်တော်တို့ ရခိုင်နှင့်ကရင် မျိုးချစ်ရဲဘော် ၃၄ ဦးတို့သည် အလွန်ကြမ်းတမ်းရှည်လျားလှသော ၁၂ နှစ်ကာ လကို ခက်ခက်ခဲခဲ စိတ်ရှည်သည်းခံစွာဖြတ်သန်းခဲ့ရပြီး ဖြစ်ပါသဖြင့် အလွန် ပင်ပန်းလှပေပြီ။ အိန္ဒိယ အာဏာ ပိုင်များ၏ နောက်ထပ်အတိုင်းအတာမဲ့ ချုပ်နှောင်ထားမှုကို ရှောင်ရှားနိုင်ရန်နှင့် ကျွန်တော်တို့ မျိုးချစ်ရဲဘော် ၃၄ ဦးတို့ အလျင်အမြန် လုံခြုံစွာ လွတ်မြောက်ရေးအတွက် ရခိုင်ပြည်သူပြည်သားများ၊ ကရင်လူထုနှင့် ပြည် တွင်းပြည်ပ ဒီမိုကရေစီဘက်တော်သား ဗမာပြည်သူများ မိမိတို့တက်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီ ဆောင် ရွက်ပေးကြပါရန် လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါသည်။


သစ္စာဖြင့်


၁။ စိုးနိုင်

၂။ သိန်းအောင်ကျော်

၃။ ဓညလင်း

၎။ သိမ်းအောင်ကျော်

၅။ ခိုင်စိုးလင်း

၆။ ခိုင်စံသိန်း

၇။ ချန်ဒူး

၈။ မင်းသာထွန်း

၉။ ဇော်လင်း

၁၀။ မောလီ

၁၁။ ခိုင်သာမြ

၁၂။ ထွန်းရီ

၁၃။ အောင်နိုင်ဝင်း

၁၄။ မျိုးမြတ်

၁၅။ မောင်ခင်အေး

၁၆။ အောင်ဇော်မင်း

၁၇။ ရဲထက်

၁၈။ မောင်ညိုစိန်

၁၉။ ခိုင်ရွှေလင်း

၂၀။ ခိုင်လှ

၂၁။ စိုးစိုး

၂၂။ ခင်မောင်ကြည်

၂၃။ မိုးမင်းထွန်း

၂၄။ လူလူ

၂၅။ ဖိုးချို

၂၆။ ခေးတိ

၂၇။ စောဘို

၂၈။ ဒါအေး

၂၉။ ဆန်းလွင်

၃၀။ ချာတိုးတိုး

၃၁။ မောင်နိုင်

၃၂။ ရွေလာ

၃၃။ ယွာဟေးသား

၃၄။ ချာမူချေ


ခေတ္တ

Presidency JaiL

Alipone, Kolkata-27

West Bengal, India 

No comments:

Post a Comment