Saturday, November 23, 2013

MM Play Boys: ဦးတေဇက သူရိယနေဝန်းဂျာနယ်ကို တရားစွဲမယ်

MM Play Boys: ဦးတေဇက သူရိယနေဝန်းဂျာနယ်ကို တရားစွဲမယ်: သူရိယနေ၀န်း ဂျာနယ်ရဲ့ မနေ့က ထုတ်ဝေမှုမှာ ခရိုနီ လုပ်ငန်းရှင်ကြီး ဦးတေဇကို မျက်နှာဖုံးပုံတင်ထား သူ့အကြောင်းတွေ ရေးသားထားပါတယ်။

MM Play Boys: KIA ဗိုလ်ချုပ် ဂွမ်းမော်ရဲ့ ရန်ကုန်သွား တောလား

MM Play Boys: KIA ဗိုလ်ချုပ် ဂွမ်းမော်ရဲ့ ရန်ကုန်သွား တောလား: ကချင် လက်နက်ကိုင်အဖွဲ့ KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ရန်ကုန်ကို မနေ့ည ၁၂ နာရီကျော် ၁ နာရီ လောက်က ရောက်လာပါတယ်။ ရန်ကုန် ခရီးအ...

MM Play Boys: အွန်လိုင်းအဆိုတော် မေမြတ်မွန် ကိုယ်တိုင်ပြောပြတဲ့ ...

MM Play Boys: အွန်လိုင်းအဆိုတော် မေမြတ်မွန် ကိုယ်တိုင်ပြောပြတဲ့ ...: အွန်လိုင်း အဆိုတော် မေမြတ်မွန်နဲ့ ဧရာဝတီ အင်တာဗျူးပါ။ မေမြတ်မွန်က သူ့ဘဝအကြောင်း ဘာတွေ  ပြောထားလဲ ဆိုတာ သိစေဖို့ MM Play Boys က ပြန်တင်ပေးလ...

Monday, October 21, 2013

BUDDHA FESTIVAL ( Fort Wayne , Indiana,USA )19 (+playlist)

BUDDHA FESTIVAL 15

အမေရိကန်နိုင်ငံ ၊ အင်ဒီးယားနားပြည်နယ် ၊ ဖို့ဝိန်းမြို့ ရှိ ဗုဒ္မ၀ိဟာရ သက်သတ်လွတ်ကျောင်းတွင်
ဒုတိယအကြိမ်မြောက် စုပေါင်းဘုံကထိမ်ကပ်လှူပွဲနှင့် မြတ်ဗုဒ္မအား ဆီမီးထွန်း ကြိုဆိုလှည့်လည်ပွဲအား
ဖို့တ်ဝိန်းမြို့ ရှိတိုင်းရင်းသားပေါင်းစုံနှင့် ထိုင်းဗုဒ္မဘာသာဝင်များ ၊ လာအို ဗုဒ္မဘာသာဝင်များအပြင် သီဟိုဌ်(သီရိလင်ကာ)ဗုဒ္မဘာသာယဉ်ကျေးမှုအဖွဲ့များဖြင့်စုံညီစီကားသိုက်မြိုက်စွာဖြင့်မြတ်ဗုဒ္မ အား စုပေါင်းကြိုဆိုကျင်းပပူဇော်ခဲ့ကြသည် ။
အဆိုပါကြိုဆိုပူဇော်ပွဲအား သီတင်းကျွတ်လပြည့်နေ့( ၁၀ / ၁၉ / ၂၀၁၃ )စနေနေ့မှစ၍သစ်သီး ဆွမ်းများ ကပ်လှူခြင်းနှင့် ညပိုင်းတွင်ဆီမီးထွန်းပူဇော်ခြင်း ( ၁၀ / ၂၀ / ၂၀၁၃ ) ရက်တနင်္ဂနွေနေ့တွင်
စုပေါင်းဆွမ်းကပ်လှူခြင်း ၊ ကထိန်သင်္ကန်းကပ်လှူ၍ သံဃာတော်များထံမှငါးပါးသီလခံယူခြင်း ၊ ညနေ ပိုင်းတွင် မြတ်ဗုဒ္မအား ဗုဒ္မ၀ိဟာရသက်သတ်လွတ်ကျောင်းမှ ပူဇော်ပွဲပြုလုပ်ရန်စီစဉ်ထားသည့် ခန်းမသို့
ပင့်ဆောင်လှည့်လည်ခဲ့ပြီးဗုဒ္မပူဇော်ပွဲကို နိုင်ငံကျော်အဆိုတော် အမေဒေါ်မာမာအေးမှပူဇော်ပွဲအား ဘုရားပင့်ပူဇော်ခြင်းဖြင့်ဖွင့်လှစ်ပေးပြီး သံထဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး
ဗုဒ္မ၀ိဟာရသက်သတ်လွတ်ကျောင်းဆရာတော်မှ သီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်ပေါ်လာပုံအားမြန်မာ ပအိုဝ် ကရင် ထိုင် အင်္ဂလိပ် ငါးဘာသာဖြင့်ရှင်းလင်းပြောကြားခြင်း ၊ သီရိလင်ကာဆရာတော်မှ မိတ်ဆက်စကားပြောကြားခြင်း ၊ ဓမ္မရက္ခိတကျောင်း ဆရာတော်ကြီးမှလည်း ဘာသာရေးနှင့်မျိုးဆက် သစ်တွေကိုခြေပြုတရားဟောကြားပြီးနောက် ( စံပြသဘင် )အမျိုးသားယဉ်ကျေးမှုအဖွဲ့မှ `ဓမ္မတေး များဖြင့် မြတ်ဗုဒ္မအား ဆိုတီးကများဖြင့်ပူဇော်ခဲ့ကြသည် ။
အဆိုပါပူဇော်ပွဲအခန်းအနားအား ဦးထွန်းဦးနှင်း ကိုအောင်မြင့်ထွန်းတို့မှပူဇော်ပွဲအခန်းအနားမှုး များ အဖြစ်ဆောင်ရွက်ပူဇော်ခဲ့ကြသည် ။
ရုပ်သံမှတ်တမ်း = ကိုအောင်မြင့်ထွန်း ( ၈၈မျိုးဆက် )

BUDDHA FESTIVAL ( Fort Wayne , Indiana,USA )

Monday, October 7, 2013

the tingyaut festival 6 ( fort wayne , indiana , USA )

အမေရိကန်ပြည်ထောင်စု ၊ အင်ဒီယားနားပြည်နယ် ၊ ဖို့တ်ဝိန်းမြို့ ရှိတိုင်းရင်းသားပေါင်းစုံ ဗုဒ္မဘာသာနွယ်ဝင်မိသားစုများမှ စုပေါင်း၍ သီတင်းကျွတ်လပြည့်ကျော် ( ၁ )ရက်နေ့တွင်
မြတ်ဗုဒ္မအား ဆီမီးထွန်းပူဇော်ကြိုဆိုပွဲကျင်းပပြုလုပ်ကြမည်ဖြစ်ပါ၍ အနုပညာဂီတအကပဒေ
သာများဖြင့်လည်းကြိုဆိုပူဇော်နိုင်ရန်အတွက် ကြိုတင်အကသင်ပြင်ဆင်နေကြသော သတင်း
မှတ်တမ်းရုပ်သံ ။

သီတင်းကျွတ်မီးထွန်းပွဲတော် အကြောင်းသိကောင်းစရာ     ==============================
နေ့စွဲ ။        ။ အောက်တိုဘာလ(၃)ရက် ၊ ၂၀၁၃ ခုနှစ်
                 သီတင်းကျွတ်လပြည့်နေ့မှာမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ဟာ အဘိဓမ္မာဒေသနာတော်ကို ၀ါတွင်း သုံးလလုံးလုံးတာဝတိံသာနတ်ပြည်မှာ ဟောကြားတော်မူပြီးသောအခါမှာ သင်္ကဿနဂိုရ်ပြည်ရဲ့ တောင်ဘက် မုခ် တံခါးမှတဆင့်နတ်ဗြဟ္မာများခြံရံပြီးသောအခါ သီတင်းကျွတ်လပြည့်နေ့ညမှာလူ့ပြည်သို့ပြန်လည်ဆင်းသက်တော် မူပေတယ် ။ လူ့ပြည်မှလည်း အရှင် သာရိ ပုတ္တရာ ဦးဆောင်တော်မူသော ရဟန်းသံဃာတော်များ ၊ လူပုဂ္ဂိုလ်များသည် မြတ်စွာဘုရား ကြွှဆင်းရာလမ်းတလျှောက်တွင် ပန်းနံ့သာများခင်း ကျင်းပြီး ဆီမီးများထွန်းညှိလျှက်မြတ်စွာဘုရားရှင်ကို ပူဇော်ကန်တော့၍ ကြိုဆိုကြသည် ။ ထိုအချိန်မှာမြတ်စွာဘုရားရှင်ရဲ့ ရောင်ခြည်တော်ဟာ လူ့ပြည် ၊ နတ်ပြည်  ဗြဟ္မာ့ ပြည်သို့တိုင်အောင်ထွန်းလင်းစေပြီး လူနတ်ဗြဟ္မာတို့ကလည်း တစ်ဦးနဲ့တစ်ဦးထင်ရှားစွာ တွေ့မြင်နိုင်ကြရတယ်လို့သိ ရပေတယ် ။
             သို့ဖြစ်ပါသောကြောင့် မျက်မှောက်ခေတ်တွင်လည်းမြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ပြန်လည်ကြွချီတော်မူသော ထိုသီတင်းကျွတ်လပြည့်နေ့ကိုအမှူးပြု၍ မြတ်စွာဘုရားရှင်အား ပူဇော်သောအားဖြင့် သီတင်းကျွတ်လဆန်း(၁၄)ရက်ကို သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)ရယ်လို့သတ် မှတ်ပြီး သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ကို ဆီမီးထွန်းပူဇော်ပွဲအဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက်ကျင်းပပူဇော်ကြခြင်းဖြစ်သည် ။
           
             သီတင်းကျွတ်လပြည့်နေ့ညမှာ ကျွန်ပ်တို့ဗုဒ္ဓဘာသာ ၀င်များအနေနဲ့ မိမိတို့ ထွန်းညှိပူဇော်သော ၊ ဆီမီး များကိုပူဇော်ရာမှာ မြတ်စွာဘုရား ရှင်ကိုကြည် ညိုသောသဒ္ဓါတရားဖြင့် ပူဇော်ဆည်းကပ်ပါ၏ဟူ၍  နှလုံးသွင်း ပူဇော်ပြီးသီတင်းကျွတ်မီးထွန်းပွဲတော်ကို မူလမြတ်ဗုဒ္မအား ကြိုဆိုကြသကဲ့သို့အနှစ် သာရ မပျက်ပျယ်အောင် ကျွန်ုပ်တို့မှ ဆက်လက်ထိမ်းသိမ်းသောအားဖြင့် သီတင်းကျွတ်လပြည့်နေ့သို့ကျရောက်လာတိုင်း မြတ်ဗုဒ္မအား ဆီမီးထွန်း ပူးဇော်ခြင်းကိုကျွန်ုပ်တို့၏ သားသ္မီး မြေးမြစ်များဖြစ်ကြသော  နောင်လာ နောင် သား မျိုးဆက်သစ်များအား လက်ဆင့်ကမ်းခြင်းဖြင့် အစဉ်အလာမပျက် ဆက် လက်ထိမ်းသိမ်းလျှက် သီတင်းကျွတ်လပြည့်နေ့သို့ကျရောက်တိုင်းမြတ်ဗုဒ္မ
ပူဇော်ကြပါကုန်၏ ………. ။

အမျိုးဘာသာ ၊ သာသနာရှည်ကြာတည်တန့်ခိုင်မာဖို့ === မျိုးဆက်သစ်သို့မျှဝေစို့
အောင်မြင့်ထွန်း ( ၈၈မျိုးဆက် )
အမေရိကန်ပြည်ထောင်စု ၊ အင်ဒီးယားနားပြည်နယ် ၊ ဖို့တ်ဝိန်းမြို့

သတင်းမှတ်တမ်း = အောင်မြင့်ထွန်း = ၈၈မျိုးဆက်