၈၈ မျိုးဆက်များ နှင့် ဘီဘီစီ အမေး အဖြေ
Wednesday, June 19, 2013
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ရှစ်ယောက် ဟာ မနေ့ က လန်ဒန် ကို ရောက်လာတဲ့ နေ့ မှာပဲ ဘီဘီစီ ကမ္ဘာတလွား ရုပ်မြင်သံကြား နဲ့ အသံလွှင့် ဌာန ကို ရောက်လာ ခဲ့ပြီး မြန်မာ နိုင်ငံ ရဲ့ လတ်တလော... အခြေအနေ၊ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကြမ်း၊ မြန်မာ့ အနာဂတ် စတာတွေ ကို ဘီဘီစီ သတင်းဌာနက တွေ့ဆုံမေးမြန်းမှု ပြုခဲ့ကြပါတယ်။
မင်းကိုနိုင်
မြန်မာနိုင်ငံရဲ့ လတ်တလော ပြောင်းလဲမှု တွေရဲ့ အဓိက အကြောင်းရင်း ကို မေးမြန်းရာမှာ ကိုမင်းကိုနိုင်က
-----------------
ပြည်သူလူထု တရပ်လုံးက အပြောင်းအလဲ ကို လိုလားတဲ့ အလျောက် အားထုတ်ကြိုးပမ်းမှု လည်းရှိခဲ့လို့ မပြောင်းမဖြစ် တဲ့ အခြေအနေ ရောက်လာပုံ၊ အများကြီး ပြောင်းလဲတယ် လို့ စွဲမှတ် မထားသင့်ပဲ ၊ တချို့ဟာ အပေါ်ယံ ပြောင်းလဲမှု သာ ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။
ကိုဌေးကြွယ်က
----------------
မြန်မာနိုင်ငံ ရဲ့ အနာဂတ်မှာ စစ်တပ် ရဲ့ အခန်းကဏ္ဍ ဟာ ဘယ်လောက် အထိ အရေးပါနေဦး မှာလည်း ဆိုတဲ့ မေးခွန်းကို ကိုဌေးကြွယ် က ဖြေရာမှာ တပ်နဲ့ အတူ တမျိုးသားလုံးနဲ့ ရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ကြယင်း၊ တပ်ရဲ့ အခန်းကဏ္ဍ ကို အာဏာ ထိန်းချုပ်ရာမှ နိုင်ငံ တည်ဆောက်၊ ကာကွယ်ရေး ကို တာဝန်ယူတဲ့ အပိုင်းဆီ တဖြည်းဖြည်း လျှော့ချ ဖို့ လိုကြောင်း ပြောပါတယ်။
မင်းဇေယျက
-------------
ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ အဖြစ် မြင်လိုပါသလား၊ ဒါမှ မဟုတ် ဘယ်သူ့ ကို ရွေးချယ်မှာပါလဲ ဆိုရာမှာ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့လူ့အခွင့်အရေး ရရှိရေး အတွက် ကြိုးစားလုပ်ဆောင်ပေး နိုင်မယ့် ခေါင်းဆောင်မျိုး၊ မည်သူ ကို မဆို လေးစားစွာ နဲ့ ကြိုဆိုမယ့် အကြောင်း ကို ကိုမင်းဇေယျာ က ဖြေကြားပါတယ်။
ကိုကိုကြီး
-----------
မြန်မာအစိုးရ ဟာ ဗုဒ္ဒဘာသာဝင်တွေ နဲ့ မွတ်ဆလင်တွေ အကြား တင်းမာမှု ကိုင်တွယ်ရာမှာ ဘယ်လိုမြင်ပါသလည်း ဆိုတဲ့ မေးခွန်းကို ကိုကိုကြီး က ရှင်းပြရာမှာ စွမ်းအားရှင် လို့ခေါ်တဲ့ အဖွဲ့အစည်းတွေ ရဲ့ စနစ်တကျ၊ အကွက်ချ လုပ်ဆောင်မှု တွေကို အရေးမယူလို့ နိုင်ငံရေး အမြတ်ထုတ် တာလို့ မြင်ပုံ ကို ပြောပြပါတယ်။
ကိုမြအေး
----------
ကိုမြအေး ကို တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာကို မေးရာမှာ ဘယ်နိုင်ငံ ကမဆို ပြည်တွင်းမှာ ရင်းနှီးမှု ပြုမယ် ဆိုရင် နိုင်ငံရော လူမျိုး အတွက်ပါ အကျိုးများစေဖို့ သာ အရေးကြီးကြောင်း ဖြေဆိုသွားပါတယ်။
BBC Burmese
(New Generation မှ ကူးယူဖော်ပြပါသည်။)
Monday, June 24, 2013
Monday, June 17, 2013
ရှစ်လေးလုံးနေ့ ဒို့မမေ့
၈ လေးလုံးနေ့ ညီလာခံ ရန်ကုန်မှာ ကျင်းပမည်
2013-06-15
၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု ငွေရတု အထိမ်းအမှတ် အခမ်းအနားကို ညီလာခံတစ်ရပ်အနေနဲ့ မြန်မာနိုင်ငံထဲမှာ ပထမဆုံးကျင်းပမယ်လို့သိရပါတယ်။
ဒီအခမ်းအနား ကျင်းပဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးချုပ်မှာ ဒီကနေ့သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ် ။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး တိုက်ရိုက်ပါဝင်ကြတဲ့သူတွေနဲ့ ညီလာခံအသွင်ဆောင်တဲ့ပွဲမျိုး ကျင်းပသွားမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ်က RFA ကို ပြောပါတယ် ။
" ၈ '' လေးလုံး ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု ငွေရတုအခမ်းအနားကျင်းပဖို့ကို ၈၈မျိုးဆက်ရယ်၊ ABSDFရယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရယ် ကျနော်တို့ပထမဦးဆုံး ဆုံပြီးခင်ကတည်းက ညီလာခံအသွင်ဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုကြီးကို ကျနော်တို့ပြည်တွင်းပြည်ပ ၈ လေးလုံးမျိုးဆက်အားလုံးစုစည်းနိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်၊ ကျနော်တို့မြန်မာပြည်တွင်းမှာရှိတဲ့ အမျိုးသားအင်အားစုအားလုံးကို ဖိတ်ကြားသွားမှာပါ၊ အစိုးရကိုလည်း ဖိတ်ကြားမှာဖြစ်သလို၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေစသဖြင့် ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့်ကို ဖိတ်ကြားသွားမှာဖြစ်ပါတယ် ။
အဲဒီ ၈ လေးလုံး ငွေရတုအထိမ်းအမှတ်ပွဲမှာ ဒီမိုကရေစီနိုင်ငံတော်ကို ရှေ့ဆက်ဖန်တီးနိုင်မယ့် အကြောင်းအရာတွေကို ခေါင်းစဉ်ခြောက်ခုနဲ့ ပညာရှင်တွေက စာတမ်းဖတ်ကြားမှာ ဖြစ်ပါတယ် ။
ဒီအခမ်းအနားကို အစိုးရအဖွဲ့နဲ့ ပြည်ပရောက် ၈ လေးလုံးမျိုးဆက်တွေအပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေကိုပါ ဖိတ်ကြားသွားမှာ ဖြစ်တယ်လို့သိရပါတယ် ။
၈ လေးလုံးအခမ်းအနားကို ရန်ကုန်တက္ကသိုလ်ထဲမှာ ကျင်းပဖို့ ခွင့်ပြုချက်တောင်းခံထားပေမယ့် လောလောဆယ်အထိတော့ ကျင်းပခွင့်ရ၊ မရ အာဏာပိုင်တွေဘက်က အကြောင်းမပြန်သေးဘူးလို့လည်း သိရပါတယ် ။
Thursday, April 25, 2013
Monday, March 4, 2013
၈၈ မျိုးဆက် ကိုဌေးကြွယ် နယူးယောက်မြန်မာကွန်မြူနီတီနှင့် မတ် ၂၂ မှာ တွေ့ဆုံမည်
၈၈ မျိုးဆက် ကိုဌေးကြွယ် နယူးယောက်မြန်မာကွန်မြူနီတီနှင့် မတ် ၂၂ မှာ တွေ့ ဆုံမည်
မိုးမခရွာဆော်ကြီး၊ မတ် ၃၊ ၂၀၁၃
မတ်လတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်မည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်အား အမေရိကန်ပြည်ထောင်စုရှိ မြန်မာမိသားစုများက ကြိုဆိုတွေ့ ဆုံကြရန် စီစဉ်လျက်ရှိရာ နယူးယောက်မြန်မာကွန်မြူနီတီက မတ်လ ၂၂ ရက်နေတွင် မြန်မာတိုင်းရင်းသားမိသားစုများနှင့် တွေ့ ဆုံဆွေးနွေးပွဲတရပ် ကျင်းပမည်ဖြစ်ကြောင်း အသိပေး ဖိတ်ကြားလိုက်သည်ကို တွေ့ရသည်။
ဖိတ်ကြားစာမှာ အောက်ပါအတိုင်းဖြစ်သည်။
ရင်းနှီးစွာ အသိပေးဖိတ်ခေါ်ခြင်း
နေစွဲ - ဖေဖော်ဝါရီလ ၂၈ ၂၀၁၃
မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဌေးကြွယ်ဟာ မတ်လ ၂၂ ရက်နေမှာ နယူးယောက်မြို့ကိုရောက်ရှိလာ၍ နယူးယောက်မြိုမှ မြန်မာတိုင်းရင်းသား မိသားစုများနဲ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူတိုင်းအောက်ပါအစီအစဉ်တိုင်း ကြွရောက်ပါရန် လေးစားစွာဖြဋ် ဖိတ်ခေါ်အပ်ပါသည်
နေ့ရက် _ မတ်လ ၂၂ ရက် (သောကြာနေ)
အချိန် _ ညနေ ၆ နာရီ မှ ၈ နာရီ
နေရာ _ 39, Eldridge Street, 4th floor, Manhattan.
(လက်ရှိ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်တို့နဲ့ ပါတ်သက်၍သိချင်သည့် အချက်အလက်များကို လွတ်လပ်စွာ ဆွေးနွေးမေးမြန်းနိုင်ပါသည်)
“နယူးယောက် မြန်မာကွန်မြူနီတီအင်အားစုများအဖွဲ”
ဆက်သွယ်ရန်
နေတင်မြင့် (347-944-7341)
Thursday, February 28, 2013
Friday, January 25, 2013
Tuesday, January 15, 2013
မမီလာဆိုတဲ့..တောင်ဇလပ်ပန်းလေးတပွင့် ... ကမ္ဘာ့အလယ်မှာ… ဖူးပွင့်လာခဲ့ပြီ…

( ၃၀ ) ရာခိုင်နှုံးသာ..လိုတော့သည်...။
အားပေးကြရမှာဖြစ်လို့ ..
SUPPORT မလုပ်ရသေးတဲ့ မိတ်ဆွေများအတွက်
သွားရောက် အားပေးကြပါရန် ... ထပ်မံအသိပေး
အပ်ပါသည်....။
... ------------------------------ --------
တောင်ဇလပ်ပန်းများဖူးပွင့်ရာ...
တောင်ပေါ်မြေမှ ချင်း တိုင်းရင်းသူလေး…. မမီလာ..
ငယ်စဉ်ကတည်းက… ပိုလီယို ဝေဒနာဖြင့် ကြီးပြင်း
လာခဲ့ရပြီး…
ရရှိလာခဲ့သော… ဘ၀တခုကို တန်ဖိုးထားပြီး…
အနိုင်မခံ အရှုံးပေးဘဲ.. ကြိုးစား ရုန်းကန်မှုတွေဟာ..
မိုးဒဏ်..လေဒဏ်..အအေးဒဏ်ပေါင်းများစွာကို
အန်တု ဖူးပွင့်ရတဲ့… တောင်ဇလပ်ပန်းများလိုဘဲ….
ယနေ့ … မမီလာဆိုတဲ့..တောင်ဇလပ်ပန်းလေးတ ပွင့်
ကမ္ဘာ့အလယ်မှာ… ဖူးပွင့်လာခဲ့ပြီ….။
သူမရဲ့ ဇွဲ..သူမရဲ့ သတ္တိတွေဟာ… သူမနှင့်ဘ၀တူမျိုး
တွေသာမက… မတူညီတဲ့ ဘ၀အမျိုးမျိုးကို ပိုင်ဆိုင်
ရှင်သန်နေကြရသော… လူသားအမျိုးမျိုးများအတွက်
အတုယူဘွယ်… အားကျစရာကောင်းသော.. တန်ဖိုးတခုဘဲ…၊
ဒါကြောင့် ကျွန်တော်တို့ တထွေ… ကိုယ့်နိုင်ငံသူလေးကို
ဂုဏ်ယူ အားပေးခြင်းဖြင့်..
ယနေ့ … မမီလာအတွက်လိုအပ်နေသော ပြည်သူများ
အားပေးမှုကို… ကျွန်တော်တို့ တထွေ စုပေါင်းညီညာစွာ
အားပေး..ကျားကန်ပေးကြရမှာဖြစ်လို့ …
အောက်မှာပေးထားသာ လင့် မှ တဆင့် ၀င်ရောက်ပြီး
Support လုပ်ပေးကြပါ….။
Milla Dawt Hniang
Hey guys, So i am asking for YOUR help. I am hoping to play crossroad and this is a great opportunity and a HUGE deal to me. So please click the link below and click the support button!!! All you have to do is click the "support" button and write down your name & email! Please & Thank you! :) Support your girl here! :)
http://www.playcrossroads.com/ u/Milladhniang
အားပေးကြရမှာဖြစ်လို့ ..
SUPPORT မလုပ်ရသေးတဲ့ မိတ်ဆွေများအတွက်
သွားရောက် အားပေးကြပါရန် ... ထပ်မံအသိပေး
အပ်ပါသည်....။
... ------------------------------
တောင်ဇလပ်ပန်းများဖူးပွင့်ရာ...
တောင်ပေါ်မြေမှ ချင်း တိုင်းရင်းသူလေး…. မမီလာ..
ငယ်စဉ်ကတည်းက… ပိုလီယို ဝေဒနာဖြင့် ကြီးပြင်း
လာခဲ့ရပြီး…
ရရှိလာခဲ့သော… ဘ၀တခုကို တန်ဖိုးထားပြီး…
အနိုင်မခံ အရှုံးပေးဘဲ.. ကြိုးစား ရုန်းကန်မှုတွေဟာ..
မိုးဒဏ်..လေဒဏ်..အအေးဒဏ်ပေါင်းမ
အန်တု ဖူးပွင့်ရတဲ့… တောင်ဇလပ်ပန်းများလိုဘဲ….
ယနေ့ … မမီလာဆိုတဲ့..တောင်ဇလပ်ပန်းလေးတ
ကမ္ဘာ့အလယ်မှာ… ဖူးပွင့်လာခဲ့ပြီ….။
သူမရဲ့ ဇွဲ..သူမရဲ့ သတ္တိတွေဟာ… သူမနှင့်ဘ၀တူမျိုး
တွေသာမက… မတူညီတဲ့ ဘ၀အမျိုးမျိုးကို ပိုင်ဆိုင်
ရှင်သန်နေကြရသော… လူသားအမျိုးမျိုးများအတွက်
အတုယူဘွယ်… အားကျစရာကောင်းသော.. တန်ဖိုးတခုဘဲ…၊
ဒါကြောင့် ကျွန်တော်တို့ တထွေ… ကိုယ့်နိုင်ငံသူလေးကို
ဂုဏ်ယူ အားပေးခြင်းဖြင့်..
ယနေ့ … မမီလာအတွက်လိုအပ်နေသော ပြည်သူများ
အားပေးမှုကို… ကျွန်တော်တို့ တထွေ စုပေါင်းညီညာစွာ
အားပေး..ကျားကန်ပေးကြရမှာဖြစ်လိ
အောက်မှာပေးထားသာ လင့် မှ တဆင့် ၀င်ရောက်ပြီး
Support လုပ်ပေးကြပါ….။
Milla Dawt Hniang
Hey guys, So i am asking for YOUR help. I am hoping to play crossroad and this is a great opportunity and a HUGE deal to me. So please click the link below and click the support button!!! All you have to do is click the "support" button and write down your name & email! Please & Thank you! :) Support your girl here! :)
http://www.playcrossroads.com/
Subscribe to:
Posts (Atom)



