Monday, October 31, 2011

စစ်အစိုးရ စစ်တပ်မှ K.I.A ကို ဓာတု လက်နက်အသုံးပြု နေပြီ

စစ်အစိုးရ စစ်တပ်မှ K.I.A ကို ဓာတု လက်နက်အသုံးပြု နေပြီ




In K.I.A civil war, Burmese Soldiers are using Chemical Weapons






Oct 31, 2011

အောက်တိုဘာလ ၃၀ ရက် ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား (၆) ရက်ကြာ တိုက်ပွဲ ဖြစ်ပွားလာတဲ့ ကချင်ပြည်နယ် ဂါးရာယာန်၊ ရွှေညောင်ပင်၊ လုန်ဇဲပ်၊ (Lung Zep) ကုန်း တိုက်ပွဲ နေရာများတွင် စစ်အစိုးရ စစ်တပ် ဘက်မှ အကျအဆုံး များလာမှုကြောင့် UN မှ ပိတ်ပင် ထားတဲ့ (Chemical Weapon) ဓာတုလက်နက် များကို ယခု K.I.A နှင့် တိုက်ပွဲမှာ အသုံးပြုနေကြောင်း စုံစမ်း သိရှိရပါတယ်။ ယင်းဓါတုလက်နက် ဓာတ်ငွေ့ ရှိုမိတဲ့ K.I.A တပ်သား (၁၀) ကျော်ဟာ တခါတည်း ခေါင်းမူးလာပြီး အဆက်မပြတ် အန် ခြင်း၊ ကိုယ်ခန္ဓာ ပျော့ခွင်သွားပြီး ဆက်လက် တိုက်ပွဲ မဝင်နိုင်တော့ ကြောင်း ရှေ့တန်း K.I.A သတင်းမှ သိရှိရပါတယ်။

တဆက်တည်းမှာဘဲ အောက်တိုဘာလ ၂၉ ရက် မနေ့ကလည်း K.I.A စစ်ဌာနချုပ် လိုင်ဇာနှင့် သိပ်မဝေးတဲ့ အင်သပ်တောင် တိုက်ပွဲမှာလည်း စစ်အစိုးရ စစ်တပ်ဘက်မှ ကျဆုံးမှု များလာတာနဲ့ အမျှ စစ်အစိုးရ စစ်တပ်ဘက်မှ (Chemical Weapon) ဓါတု လက်နက်ဖြင့် K.I.A စစ်တပ်ကို ပစ်ခဲ့ရာ K.I.A စစ်သည်တော် (၄) ဦးဟာ ဆက်လက် တိုက်ပွဲ မဝင်နိုင်တော့ဘဲ တကိုယ်လုံး ပျော့ခွင် သွားပြီး အဆက်မပြတ် အန် နေကြောင်း K.I.A ရှေ့တန်း နယ်မြေ တိုက်ပွဲ ဝင်နေတဲ့ K.I.A စစ်သားများမှ သတင်းပေးပို့ လာပါတယ်။
ဘယ်လို အမျိုးအစား ဓါတုလက်နက် ဖြစ်တယ်ဆိုတာ အတိအကျ မသိပေမယ် အဆင့်မြင့်တဲ့ ဓါတု လက်နက် ( Chemical Weapon) ဟုတ်တယ် ဆိုတာကို တော့ ငြင်းလို့ မရဘူးလို့ K.I.A ရှေ့တန်း အရာရှိများမှ ပြောကြား လာပါတယ်။ ဒီလိုမျိုး ယခုချိန်မှာ UN က နေပိတ်ပင်ထားတဲ့ ဓါတုလက်နက် ဖြင့် စစ်အစိုးရ စစ်တပ်မှ အသုံးပြု တိုက်ခိုက်နေခြင်းကို UN အပါအဝင် တမ္ဘာလုံးက ဒီတိုင်း ကြည့်နေလို့ မဖြစ် တော့ကြောင်း အသိပေး လိုက်ချင်ပါတယ်။


Now fighting with Kachin Independence Army K.I.A and Burmese Military soldiers are stronger and stronger, the war zone Gara Yang, Shwe Nyong Pin, Lung Zep become 6 days.. so Burmese military soldiers are using Chemical Weapon. When Burmese military soldiers shot Chemical Weapon to K.I.A who touch that gas cannot fight anymore, suddenly they feel headache and the whole body become weak.


And all so, yesterday in the war zone Intap Bum , Burmese military soldiers used Chemical Weapon . So, after breath that gas K.I.A (4) soldiers were suddenly feel headache and the whole body became weak if so they cannot shot anymore, the K.I.A officer confirm this event.

KNU၊ DKBA တို့ အစိုးရနှင့် ဆွေးနွေး

ကိုဝိုင်း | တနင်္လာနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၀ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး DKBA တို့သည် ယခုလအတွင်း အစိုးရကိုယ်စားလှယ်များအား ထိုင်းနိုင်ငံ ဘန်ကောက်နှင့် မွန်ပြည်နယ်
မော်လမြိုင်မြို့တို့တွင် တွေ့ဆုံခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။

KNU နှင့် တွေ့ဆုံမှုတွင် သဘောတူညီမှု တစုံတရာ မရှိသော်လည်း DKBA နှင့် ဆွေးနွေးရာတွင်မူ လတ်တလော
နှစ်ဘက်တပ်များကို တပ်ထိုင်နယ်မြေမှ အဝေးသို့ လှုပ်ရှားမှုများ မပြုရန် သဘော တူခဲ့ကြသည်။ KNU က
အောက်တိုဘာ လဆန်းတွင် ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၊ ဗိုလ်ချုပ် (ငြိမ်း) ချစ်သန်းတို့နှင့် ဘန်ကောက်မြို့တွင် တွေ့ခဲ့ကြောင်း KNU အရာရှိတဦးက မဇ္ဈိမသို့ ပြောသော် လည်း အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိပါ။
ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး DKBA တို့သည် ယခုလအတွင်း အစိုးရကိုယ်စားလှယ်များနှင့် ဆွေးနွေးသမ္မတ ဦးသိန်းစိန် ထုတ်ပြန်ထားသကဲ့သို့တဖွဲ့ချင်းသာ
ပြည်နယ်အဆင့် အစိုးရများကို ဆက်သွယ်ရန် ဦးအောင်မင်းနှင့် အဖွဲ့ကပြောဆိုပြီး KNU ကမူ ညီညွတ်သော
တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေဖြင့်သာဆွေးနွေးမည်ဟု ပြန်ကြားလိုက်သည်ဟု ဆိုသည်။

“တွေ့တော့ တွေ့တယ်။ တိတိကျကျတော့ ဘာမှမပြောရသေးဘူးပေါ့။ (KNU) က ဖြစ်စေချင် တာကတော့ UNFC နဲ့ တွေ့ဖို့ပေါ့။ သူတို့ကတော့ တဖွဲ့ချင်းနဲ့ တွေ့ဆုံချင်တာပေါ့။” ဟု KNU အရာရှိက ပြောသည်။

ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းမှာ အစိုးရအဖွဲ့တွင်း သဘောထား ပျော့ပြောင်းသူအဖြစ် ညွှန်းဆိုခံရလေ့ ရှိပြီး အငြိမ်းစား ဗိုလ်ချုပ်ချစ်သန်းမှာ ကရင်ရေးရာတွင် ကျွမ်းကျင်သူ တဦး ဖြစ်သည်။ ဦးအောင်မင်းသည် စနေနေ့ ကပြုလုပ်သော ပြည်တော်ပြန် သီးလေးသီး အဖွဲ့သားအချို့ပါဝင်သော မျှော်စင်ကျွန်း ဖျော်ဖြေပွဲသို့ သွားရောက် ခဲ့သေးသည်။

ဦးအောင်မင်း၏ ဘန်ကောက် ခရီးစဉ်တွင် စီးပွားရေး လုပ်ငန်းရှင်များလည်း လိုက်ပါလာရာ တနင်္သာရီတိုင်း ထားဝယ်မြို့တွင် အီတာလျံ-ထိုင်းကုမ္ပဏီက အကောင်အထည် ဖော်မည့် ထားဝယ်ဖွံ့ဖြိုးမှုစီမံကိန်းနှင့်လည်း ပတ်သက်နိုင်သည်ဟု လေ့လာသူများက သုံးသပ်ထားကြသည်။ ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းအောက်ရှိ ထားဝယ်-ကန်ချနဘူရီ အဝေးပြေး ကားလမ်း ဖောက်လုပ်မှုမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်သည်ဆိုသော ဒေသခံ
အချို့၏ စိုးရိမ်ချက်ဖြင့် ကရင်အမျိုးသား အစည်းအရုံးက စက်တင်ဘာလလယ်က တားမြစ်ခဲ့သေးသည်။

စက်တင်ဘာလ နှောင်းပိုင်းကလည်း KNU ကို ကရင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး
အောင်လွင် ဦးဆောင်သည့်အဖွဲ့က ထိုင်း-မြန်မာနယ်စပ် တနေရာတွင် လာရောက် တွေ့ဆုံခဲ့သေးသော်လည်း ဗဟို အစိုးရနှင့်သာ ဆွေးနွေးလိုကြောင်း KNU က အကြောင်း ပြန်လိုက်သည်ဟု သိရသည်။

KNU ကို ပြည်ထောင်စုအဆင့်က တွေ့ဆုံရန် ငြင်းနေဆဲတွင် DKBA ကိုမူ အောက်တိုဘာလ ၂၆ ရက်နေ့က
မော်လမြိုင်မြို့၌ ပြည်ထောင်စုအဆင့်ကိုယ်စားလှယ်များဖြစ်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူး-၁ ဦးအောင်သောင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်
တို့က လက်ခံ တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုက နယ်မြေကျော် မလှုပ်ရှားရေး သဘောတူညီခဲ့ပြီး ကရင်ပြည်နယ် မြို့တော် ဘားအံ အပါအဝင် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်တုံ၊ ကော့ကရိတ်၊ မြဝတီမြို့နယ်များတွင် DKBA ရုံးများ ဖွင့်လှစ်ခွင့်ပြုရန် သမ္မတထံသို့ တဆင့်တင်ပြခဲ့သည်ဟု တွေ့ဆုံပွဲတွင် ပါဝင်သူ DKBA ဒုဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေးက ပြောသည်။

“ဥပမာ သေဘောဘိုးခွင်ဆိုရင် လက်ရှိ အစိုးရတပ်က ထိုင်တယ်။ သူကလည်း လှုပ်ရှားမှုကို အဝေးကို မရှိဘူးဆိုရင် ဘာမှပြဿနာမရှိဘူး။ ကျနော်တို့ဘက်ကလည်း တခြမ်းယူထားတယ် အဝေးကို မသွားဘူးဆိုရင် ပြဿနာ မရှိဘူး
ပေါ့။” ဟုသူက ပြောသည်။

မော်လမြိုင်မြို့တွင် တွေ့ဆုံရာ၌ ကရင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ဝင်းအောင်လှိုင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း တို့လည်းပါဝင်သည်။

DKBA ဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မိုရှေး၊ စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးစိန်ဝင်း၊ ထောက်လှမ်းရေး အရာရှိ ဗိုလ်ကြီးပိဒါးတို့ သုံးဦး ဖြစ်သည်။

DKBA သည် ၁၉၉၄ ခုတွင် ကရင်အမျိုးသား အစည်းအရုံး KNU ခွဲထွက်ခဲ့ပြီးနောက် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် DKBA များမှာ၂ဝ၁ဝ ခု သြဂုတ်လ ၁၈ ရက်တွင် နယ်ခြားစောင့်တပ် တပ်ရင်း ၁ဝ၁၂၊ ၁ဝ၁၃ နှင့် ၁ဝ၁၄ တို့အဖြစ် အစိုးရပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင် ပြောင်းလဲ ရပ်တည်နေကြသည်။

ဗိုလ်မှူးချုပ်စောလားဘွယ်ဦးဆောင်သည့် DKBA က ၂ဝ၁ဝ နိုဝင်ဘာ ၈ ရက်၊ ရွေးကောက်ပွဲအပြီး နောက်တနေ့မှစ၍ အစိုးရကို တနှစ်ကြာ ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အပစ် ရပ်ရန် ပဏာမဆွေးနွေးကြခြင်း ဖြစ် သည်။

ဗိုလ်မှူးကြီးစောချစ်သူအဖွဲ့နှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးကြ ခြင်းမရှိသကဲ့သို့ ဗိုလ်မှူးချုပ် စောလားဘွယ် ဦးဆောင်သည့် DKBA ကို နယ်ခြားစောင့်တပ်အသွင် ပြောင်းရန်ပြောဆိုကြခြင်း မရှိကြောင်း သိရသည်။

“BGF ကို အတင်းအကျပ် လုပ်ခိုင်းမယ်ဆိုလည်း နောက် ဒါထက်ဆိုးတဲ့ အနေအထားပဲ ရောက်သွားမှာပါ။” ဟု ဗိုလ်မှူးချုပ်မိုရှေးက ဆိုသည်။

၂ဝ၁ဝ ခု သြဂုတ်လ ၁၈ ရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသွားရာတွင် မပါဝင်ပဲ ကျန်ခဲ့သည့် DKBA တပ်ဖွဲ့ဝင်များကို စုစည်းပြီး ၂ဝ၁ဝ ခု ၉ လပိုင်းတွင် ပြန်လည်ဖွဲ့စည်းရာ ဗိုလ်မှူးချုပ်မိုရှေးသည် တပ်ရင်းမှူးအဆင့်မှ ဒုစစ်ဦးစီးချုပ် တာဝန်ပေးအပ်ခံရသည်ဟု သိရသည်။

DKBA နှင့် အစိုးရ ကိုယ်စားလှယ်များအကြား တွေ့ဆုံပွဲများ ဆက်လက် ပြုလုပ်သွားရန် အစီအစဉ် ရှိသော်လည်း အစိုးရဘက်က အကြောင်းပြန်ကြားမှုကို စောင့်နေသည်ဟု ဆိုသည်။

အောက်တိုဘာ ၂၃ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ-၆ နယ်မြေ သေ့ဘောဘိုးရွာ နှင့် တောင်နီရွာ အကြားတွင် အစိုးရတပ်များကို မိုင်းထောင် တိုက်ခဲ့သေးသည်ဟု သူက ပြောသည်။

Sunday, October 30, 2011

DKBA , ABSDF အပါအ၀င် စစ်ရေးပူးပေါင်းအင်အားစု( ၄ )၏ မာနယ်ဆိုးစစ်ဆင်ရေး ရုပ်သံ

မြို့တော်ခန်းမတွင် ဗုံးတွေ့

မျိုးသိဏ်း | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၅၀ မိနစ်


(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့၏ လုံခြုံရေးအတင်းကြပ်ဆုံးနေရာများတွင် တခုအပါအဝင်ဖြစ်သည့် မြို့တော်ခန်းမ ပရဝုဏ်အတွင်း ခန်းမအဆောက်အအုံရှေ့ မဟာဗန္ဓုလပန်းခြံဘက်အခြမ်း ဆင်ဝင်အောက်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ဗုံးတလုံးတွေ့ရှိခဲ့သည်။
ဗုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ လမ်းမကြီးကို ဆူးလေဘုရားထောင့်မှ စတင်၍ ယာဉ်သွားလာခွင့် ရပ်ဆိုင်းပြီး ယူနီဖောင်းဝတ် ရဲများက နေရာယူ ပိတ်ဆို့ထားခဲ့သည်။

ဗုံးတွေ့ရှိသည့် သတင်းနှင့် လမ်းပိတ်ဆို့ထားသည့် သတင်းကြောင့် သွားရောက်သတင်းယူသည့်
ပြည်တွင်းဂျာနယ်များမှ သတင်းသမားများကို ရဲအရာရှိအချို့က ဓါတ်ပုံရိုက်ကူးခွင့် တားမြစ်ခဲ့ကြောင်း သိရသည်။

“ဓါတ်ပုံမရိုက်ဖို့ လာပြောတယ်။ လုံခြုံရေးကိစ္စဖြစ်လို့ နားလည်ပေးဖို့ ဘာညာ ကောင်းကောင်းမွန်မွန်
ပြောတာပါ။ နောက်ပိုင်း သတင်းထောက်တွေ တော်တော်လေးများလာတော့ အုပ်စုလိုက် ခပ်လှမ်းလှမ်းက ဓါတ်ပုံရိုက်တော့ လာမပြောတော့ဘူး။ ”ဟု ပြည်တွင်းဂျာနယ် သတင်းထောက် တဦးက ပြောသည်။

ဗုံးတွေ့ရှိသည့် နေရာသည် သီးသန့် ယာဉ်ရပ်နားခွင့် ကတ်ထုတ်ပေးထားသည့် အရေးကြီးပုဂ္ဂိုလ်များ၏ ယာဉ်ရပ်နားရာ နေရာအနီး ဖြစ်ပြီး ယူနီဖောင်းဝတ်ရဲများ အမြဲတစေ စောင့်ကြပ်နေသည့် နေရာဖြစ်သည်။
သီးခြား တရားဝင် အတည်ပြုချက် မရသော်လည်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့် သတင်းထောက်များ၏ ပြောဆိုချက်အရ အဆိုပါဗုံးအား ဖောက်ခွဲရှင်းလင်းပစ်ခဲ့သည်ဟု သိရသည်။

“ ၇ နာရီ ၅ မိနစ်လောက်မှာ “ဘုန်း” ဆိုပြီး အဲ့ဒီနေရာကပဲ အသံထွက်လာတယ်။ စောင့်နေတဲ့ လူတွေကော ရဲတွေကော အားလုံးဝိုင်းကြည့်ကြတယ်။ အထဲနဲ့ အဆက်အသွယ်ရှိတဲ့ တယောက်က လှမ်းမေးတော့ ဗုံးကို ဖောက်ခွဲပစ်မှ ရမှာမို့ ခွဲပစ်လိုက်ရတယ်ပြောတယ်။ အသံက တော်တော်လေးတော့ ကျယ်တယ်။ အဲ့အသံကြားပြီး သိပ်မကြာဘူး မြို့တော်ဝန်လဲ ပြန်သွားပြီလို့ သိရတယ်။” ဟု သွားရောက် သတင်းယူခဲ့သူ သတင်းထောက်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံး အခြေစိုက်ရာ မြို့တော်ခန်းမအတွင်းသို့ ကိစ္စအသီးသီးဖြင့် ဝင်ရောက်မည့်သူများအနေဖြင့် မှတ်ပုံတင် (သို့) အထောက်အထားကတ်တခု ပြသရန်လိုပြီး အမျိုးသမီးလက်ကိုင်အိတ်အပါအဝင် မည်သည့် အိတ်မျိုးမှ ယူဆောင်ခွင့် မရှိသလို ရှာဖွေရေးစက်များကိုလဲ
ဖြတ်သန်းရသည်။

နောက်ဆက်တွဲ ထပ်မံကြားသိရသည့် သတင်းများအရ ည ၉ နာရီ ၁၂ မိနစ်အချိန်တွင် မြို့တော်ခန်းမအနီးမှ ကျယ်လောင်သည့် ပေါက်ကွဲသံတခု ထပ်မံထွက်ပေါ်လာကြောင်း သိရပြီး မဟာဗန္ဓုလ လမ်းမအား ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သိရသည်။

Friday, October 28, 2011

လယ်ယာမြေ နိုင်ငံပိုင်ပြုရေး ဥပဒေ ဖျက်ရန် ဆန္ဒပြသူ ခုနှစ်ဦး အာမခံဖြင့်လွတ်

ဖနိဒါ | သောကြာနေ့၊ အောက်တိုဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၆ မိနစ်


ချင်းမိုင်(မဇ္စျိမ) ။ ။ ရန်ကုန်မြို့ အိုးအိမ်ဖွံ့ဖြိုးရေးရုံးရှေ့တွင် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေကို ပယ်ဖျက်ပေးရန် ဆန္ဒပြရာတွင် ပါဝင်ခဲ့မှုဖြင့် ရဲကဖမ်းဆီးခဲ့သော ရှေ့နေ ကိုဖိုးဖြူ အပါအဝင် ခုနှစ်ဦးတို့ကို အာမခံဖြင့် သောကြာနေ့တွင် ပြန်လွှတ်ပေးလိုက်သည်။

ဗိုလ်တထောင် ရဲစခန်း အချုပ်တွင် တညတာ နေခဲ့ရပြီးနောက် လယ်သမား ၁၂ ဦးက စုစုပေါင်း အာမခံ ကျပ်သိန်း ၅၀ ဖြင့် အာမခံပေးရာက ခုနှစ်ဦး လွတ်မြောက်လာခြင်း ဖြစ်သည်။
ရန်ကုန်မြို့ အိုးအိမ်ဦးစီးဌာနရှေ့ လယ်သမားတစုက မြေပိုင်ဆိုင်ခွင့်ပေးရေး ဆန္ဒပြနေစဉ် ကြည့်ရှု့နေကြသူများကို ကြာသပတေးနေ့ အောက်တိုဘာ ၂၇ ၇က်၊ ၂၀၁၁ ခုနှစ်ကတွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

ကိုဖိုးဖြူ၊ ဒဂုံမြို့သစ်တောင်ပိုင်း ကျီစုကျေးရွာသား လယ်သမားများ ဖြစ်သော ဦးစိုးနိုင်၊ ဦးခင်ထွေး၊ ဦးအောင်မြင့်၊ ဦးသိန်းထွန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်းကျေးရွာမှ ဦးညို နှင့် ဟင်းချက်သင်တန်း ကျောင်းဆရာ
တဦးဖြစ်သူ ဦးသီအောင်တို့ကို ရဲက ဥပဒေမဲ့ လူစုလူဝေးတွင်ပါဝင်မှု ပုဒ်မ ၁၄၃၊ အမိန့်ဖီဆန်မှု ၁၄၅ နှင့်
တရားစွဲဆိုထားပြီး နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်တွင် တရားရုံး ရုံးချိန်း ပေးထားသည်။
“လွှတ်တော်မှာ တင်သွင်းပေမယ့် လွတ်တော်မှာ အလိမ်အညာတွေပဲ ဖြစ်လာတယ်။ လယ်ယာမြေ ဥပဒေ မူကြမ်းတွေ ထွက်လာတယ်။ ဥပဒေမဲ့ လယ်လက်လွတ် ဆုံးရှုံးတဲ့ သူတွေအတွေကို ဘယ်လို အဖြေမျိုးမှ ပါမလာဘူး။ တကယ်တမ်းမှာ ကျနော်တို့ တောင်သူတွေ စားဝတ်နေရေး ကျပ်တည်းတာတွေ ပိုမိုပြင်းထန်
လာလို့ ကျနော်တို့ ဒီလမ်းကို ရွေးလိုက်ရတာပါပဲ” ဟု ကိုဖိုးဖြူက ပြောသည်။

ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ အိုးအိမ်ဖွံ့ဖြိုးရေး ဌာနရုံးရှေ့တွင် လယ်သမားတစု ပါဝင်သည့် ဆန္ဒပြသူများက ၁၉၅၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည် “လယ်သမားမြေ ပိုင်ဆိုင်ခွင့် ဥပဒေ” အရ မြေအားလုံး ကို နိုင်ငံတော်က ပိုင်ဆိုင်ကြောင်း ပြဋ္ဌာန်းထားခြင်းကို ဖျက်သိမ်းပေးရန်နှင့် သိမ်းဆည်းခံ လယ်မြေများ
ပြန်လည်ခွဲဝေပေးရန်တို့ကို လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့သည်။

မိနည်းအနည်းငယ်အတွင်း ရဲအင်အား ၁၀၀ ခန့်ရောက်ရှိလာရာ ဆန္ဒပြမှု ပြီးဆုံးသွားခဲ့သည်။ ထို့နောက် ဦးဆောင်သူများကို သတင်းရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ဖမ်းဆီး ခေါ်ဆောင်သွား
၍ နှစ်နာရီခန့်ကြာ စစ်ဆေး မေးမြန်း ပြီးနောက် ရဲစခန်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

"ကျနော်တို့ စစ်ဆေးတဲ့ နည်းလမ်းက မျက်နှာကို အုပ်တယ်။ အိတ်အမဲကို ခေါင်းကိုစွပ်ပြီး အုပ်တယ်။ စစ်တယ်။ အသက်ရှုကျပ်တယ်။ စစ်ဆေးနေချိန်မှာ တိုက်တဲ့ ရေထဲမှာ ဆေးဝါးပါတယ်လို့ ကျနော်ထင်တယ်။ ကျနော်မူး တယ်။"ဟု ကိုဖိုးဖြူက ပြောသည်။

မမြင်ဘူးသေးရင်တော့အထူးအဆန်ပေါ့ အမျိုးသမီးသစ်ပင်တဲ့

မမြင်ဘူးသေးရင်တော့အထူးအဆန်ပေါ့ အမျိုးသမီးသစ်ပင်တဲ့





သူယောင်မယ်သီးဆိုပြီး မြန်မာ့ရှေးဟောင်းကျမ်းတွေမှာ ဆိုပါတယ်။ ပါးစပ်ရာဇ၀င်အရ
ဝိဇ္ဇာ၊ဇော်ဂျီ၊တပသီစတဲ့လောကီထွက်ရပ်ပေါက် ပုဂ္ဂိုလ် များဟာ သူတို့ ရဲ့ လောကီဣဒ္ဓိပ္ပါဒ်အစွမ်းဖြင့် အသက်ဝင်အောင် ဖန်တီးပြီး ပျော်ပါးလေ့ရှိကြောင်း အဆို အမိန့် များရှိကြပါတယ်။ မိန်ခလေးသဏ္ဌာန်နဲ့  အံ့သြစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Nareepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်..။ မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမ၀န္တာတောင်တန်း ၀န်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲထပ်မံသိရပါသေးတယ်။ Naree ဆိုတာကတော့ မလေးလို မိန်းကလေးဖြစ်ပြီးတော့ pol ဆိုတာကတော့ သစ်ပင်ဖြစ်ပါတယ်။ မိန်းကလေးသစ်ပင်ပေါ့ဗျာ..။ အားလုံး ဗဟုသုတတိုးပွါးနိုင်ကြပါစေ။

မြတ်လေးငုံဘလောဂ်မှကူးယူဖေါ်ပြသည်
Ref:http://myatlayngon.blogspot.com/

Thursday, October 27, 2011

ဧရာဝတီမြစ် စီမံကိန်းဖျက်သိမ်းဖို့ တရုတ်ကိုလက်မှတ်ရေးထိုးတောင်းဆိုဖိအားပေးကြပါစို့

The Honorable Hu Jintao, President of the People's Republic of China, Beijing

PetitionOnline.com - Free Online Petition Hosting
www.petitiononline.com
The top place on the Web to create and sign free public petitions on most any responsible topic.