Thursday, March 31, 2011

အစိုးရသစ် မူဝါဒအပေါ် အမြင်များကွဲလွဲ

ခင်ဦးသာ Thursday, 31 March 2011 18:38

သမ္မတသစ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်က ဒီမိုကရေစီစနစ် စတင်ကူးပြောင်း ကျင့်သုံးတော့မည်ဟု ပြည်သူလူထုသို့ ရုပ်သံမှတဆင့် ပြောဆိုလိုက်ခြင်းကို အတိုက်အခံ နိုင်ငံရေး အင်အားစုများက အမြင်အမျိုးမျိုးဖြင့် ရှုမြင်ကြသည်။


သမ္မတ အဖြစ် တင်မြှောက်ခံရသူ အစိုးရသစ် ခေါင်းဆောင် ဦးသိန်းစိန်၊ ဒု သမ္မတ များဖြစ်သော သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောက်ခမ်းတို့ ယမန်နေ့က ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက်၌ ကတိ သစ္စာပြု ကျန်းကျိန်ကြစဉ် (ဓာတ်ပုံ - Timedg)
“ပြောတဲ့အတိုင်း လက်တွေ့ကျင့်သုံးမယ် ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒါပေမယ့် လုပ်မယ်ဆိုရင်တောင် ဒီ စစ်ဗိုလ် လူထွက်တွေက လုပ်တတ်ပါ့မလားဆိုတာ သံသယ ဖြစ်မိတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင်တဦး
ဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ဦးသိန်းစိန်သည် နအဖ အစိုးရထံမှ အာဏာ တရားဝင် လွှဲပြောင်းရယူပြီး ပြည်သူလူထုသို့ သမ္မတသစ် တဦးအနေဖြင့် ပထမဆုံး ပြောဆိုသော မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ပေါ်ပေါက်လာသော အစိုးရသစ်ကို လက်ခံစေလိုကြောင်း၊ ဒီမိုကရေစီရေးအပြင် လူ့အခွင့်အရေး၊ အလုပ်သမား၊ လယ်သမား အရေးများကို ဖွဲ့စည်းပုံ ဥပဒေအရ ဆောင်ရွက်သွားမည် ဟုလည်း ပြောဆိုသွားသည်။

နအဖ စစ်အစိုးရက အတည်ပြုထားပြီး လက်ရှိအချိန်ထိ အငြင်းပွားနေဆဲဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံပါ အားနည်းချက်များကို ပြန်လည် ပြုပြင်နိုင်ရန် အချက်တချို့ကို ဖွဲ့စည်းပုံတွင်ရေးဆွဲထားသည့်အတိုင်း ပြင်ဆင်သွားမည်ဟုလည်း ဦးသိန်းစိန်က ဆိုသည်။

နိုင်ငံတော်အားကာကွယ်ရန်အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တခုရှိရန် လိုအပ်၍ စစ်တပ်ကိုအင်အား တိုးချဲ့သွားမည်ဟု လည်း သမ္မတသစ် က ဆိုသည်။

စစ်အစိုးရက တဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်သွားမည်ဟူသော စကားသည် ပြန်လည်ပြုပြင်နိုင်မည့် အရေးကိုခြိမ်းခြောက်သည့် သဘောသက်ရောက်နေပြီး ဖွဲ့စည်းပုံ အတိုင်းလုပ်ဆောင်သွားမည်ဟု တိုက်ရိုက်ပြော ဆိုခြင်းဖြစ်ကြောင်း ဦးဝင်းတင် က ဆိုသည်။

အစိုးရသစ်အား အတိုက်အခံနိုင်ငံရေး အင်အားစုများက လက်ခံမှုအပြည့်မရှိသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း လက်မခံကြပေ။

“ဖွဲ့စည်းပုံက ပြန်ပြင်ဖို့မလွယ်သလို အစိုးရသစ်ဟာလည်း အများမျှော်မှန်းထားတဲ့ အစိုးရ မဟုတ်ဘူးလေ၊ ဒီမိုကရေစီ အစိုးရ လည်း ဖြစ်လာမှာမဟုတ်ဘူး”ဟု ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) SSA-S အဖွဲ့မှ စိုင်းလောင်ဝ်ဆိုင်း က ဧရာဝတီကို ပြော သည်။

၎င်းကဆက်၍“ဒီအစိုးရဟာလည်းပဲ နအဖ ပဲဖြစ်တယ်၊ သူတို့တက်လာကတည်းက ပြည်တွင်း စစ်မီးတွေပိုများလာတယ်၊ တိုင်း ရင်းသားတွေအရေးကိုလည်း ဘာမှလုပ်ပေးနိုင်တဲ့ အစိုးရမဟုတ်လို့ အစိုးရသစ်ကိုလည်းပဲ လက်မခံနိုင်တာပါ”ဟု ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU) မှ နော်စီဖိုးရာစိန်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်သည့်အပြင် ထိုဖွဲ့စည်းပုံအရ ပေါ်ပေါက်လာသော အစိုးရသစ်ကိုလည်း အသိအမှတ်မပြုနိုင်ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီ တချို့ကမူ အစိုးရသစ် အား ဝေဖန်ရန် စောသေးကြောင်း၊ အစိုးရသစ်အား အပြုသဘောဆောင်၍ ၎င်းတို့၏ လုပ်ဆောင်ချက်ကိုစောင့်ကြည့်ဦးမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)၏ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဧရာဝတီကို ပြောသည်။

“သမ္မတသစ် ပြောသွားတဲ့စကားတွေထဲမှာ လက်ခံနိုင်တာရော၊ မခံနိုင်တာတွေရောပါ ပါတယ်၊ ဒါပေမယ့်လုံးဝမကောင်းဘူးလို့ပြောလို့မရဘူးလေ၊ သေချာတာကတော့ စစ်တပ်ကနေ အရပ်သားအစိုးရကို အာဏာ လွှဲပေးလိုက်တာကိုတော့ ဘယ်သူမှ ငြင်း မရပါဘူး”ဟု ဦးခင်မောင်ဆွေ က ဆိုသည်။

NLDပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း“ကျနော်တို့ အနေနဲ့ လက်တွေ့ကျကျ ပေါ်လာတဲ့အစိုးရကိုတော့ လက် ခံ ရမယ်၊ ဒါပေမယ့် အမျိုးသားရင်ကြားစေ့ရေး လုပ်နိုင်မလုပ်နိုင်ဆိုတာက အရေးကြီးပါတယ်၊ ဒီအတွက်လည်း မျှော်လင့် ထား တယ်”ဟု ပြောသည်။

ဦးသိန်းစိန်က မြန်မာ့နိုင်ငံရေး၌ အစဉ်အလာတခုကဲ့သို့ ဖြစ်နေသော အစိုးရနှင့်အတိုက်အခံဆိုသည့် ပဋိပက္ခ အသွင်ဆောင်သော အမြင်သဘောထားကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသားအကျိုးစီးပွားကိုအခြေခံ၍ လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘော ထားကာ လက်တွဲ ဆောင်ရွက်သွားရန် တိုက်တွန်းပါသည်ဟု မိန့်ခွန်း၌ ပြောဆိုသည်။

“ပြောသွားတာတွေကတော့ အတော်နားထောင်ကောင်းတယ်ဗျ၊ ပြည်ပက မြန်မာသံရုံးတွေက ကိုယ့်နိုင်ငံသားတွေ တခုခု အကူအညီ သွားတောင်းရင်တောင် အလွယ်တကူ လုပ်ပေးတာ တခါမှ မကြားဖူးဘူး၊ အခုပြောတဲ့ ကူညီမယ်ဆိုတာ ဘယ်လို ဟာမျိုးကိုပြောတာလဲ ဆိုတာမသိဘူး”ဟု ဦးဝင်းတင်က ပြောသည်။

အစိုးရသစ်သည် ပြည်သူများအား လုပ်ဆောင်ပေးသွားမည်ဟု ကတိပေးပြောဆိုသည့်အတိုင်း လုပ်ပေးမည်ဆိုပါက မြန်မြန် အကောင်အထည် ဖော်ပေးရန်လိုအပ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

သမ္မတသစ် ဦးသိန်းစိန်၏ မိန့်ခွန်းတွင် နိုင်ငံရေးပါတီ အများစုကတောင်းဆိုနေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကို ပြောဆိုမသွားသည့်အပြင် လွှတ်တော်အစည်းအဝေးများမှလည်း ပယ်ချခံခဲ့ရသည်။

လွှတ်တော် အစည်းအဝေး တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များကမူ ပြည်သူများကိုယ်စား တင်ပြ ဆွေးနွေးခဲ့သော အဆိုများကို လွှတ်တော်က ပယ်ချခံခဲ့ရ၍ အားရကျေနပ်မှု မရှိခဲ့ကြကြောင်း၊ အစိုးရသစ်သည်လည်း ပြည်သူများအတွက်
ထူးခြားသော ပြောင်းလဲမှုကို လုပ်ပေးနိုင်မည်ဟု မထင်ကြောင်း ပြောဆိုကြသည်။

“လွှတ်တော်မှာ NDFက တင်တာ ပယ်ချခံရတာက လွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့မညီလို့ပါ၊ ကျနော်တို့က လွှတ်တော် မတင်ခင် မီဒီယာတွေကို ကြိုပြောလိုက်မိတာ၊ နောက်ဆိုရင် မီဒီယာတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောရတော့မှာပေါ့”ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဆိုသည်။

နအဖ မှ ပြည်ထောင်စု သမ္မတ နိုင်ငံတော်သို့ ပြောင်းလဲ၍ အစိုးရသစ် ပေါ်ပေါက်လာခြင်းကို ကမ္ဘာ့ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး အများလက်ခံနိုင်သော အပြောင်းအလဲများအတွက် အစပြုရန် တိုက်တွန်းသည်ဟု ဆိုသည်။

အမေရိကန်အစိုးရကမူ အရပ်သားအစိုးရသစ်ဖွဲ့လိုက်သော်လည်း စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ် ဟောင်းများက အရေးကြီး သည့် နေရာများကို ဆက်လက်ယူထားသည့်အတွက် ကြီးမားသော အပြောင်းအလဲ မဟုတ်ကြောင်း၊ အဓိကကျသည့် ဆုံးဖြတ် ချက်များနှင့်ပတ်သက်ပြီး စစ်အုပ်စု သြဇာ သက်ရောက်နေဆဲဖြစ်သည်ဟု ယူဆကြောင်း၊ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု မူဝါဒကို ဆက်လက်ကိုင်စွဲကျင့်သုံးသွားမည်ဖြစ်ပြီး အစိုးရသစ်နှင့်ထိတွေ့ဆက်ဆံရေးကိုလည်း ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၂၀ မိနစ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ခန့်အပ်လိုက်သည်။ ထို့အပြင် ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာဝန်ကြီးများကိုလည်း သမ္မတဦးသိန်းစိန်က ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် (Photo :: SHAN)
၁။ ဗိုလ်ချုပ်လှမင်း - ကာကွယ်ရေးဝန်ကြီးဌာန
၂။ ဒုဗိုလ်ချုပ်ကြီးကိုကို- ပြည်ထဲရေးဝန်ကြီးဌာန
၃။ ဗိုလ်ချုပ် သိန်းဌေး -နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန
၎။ ဦးဝဏ္ဏမောင်လွင်- နိုင်ငံခြားရေးဝန်ကြီးဌာန
၅။ ဦးကျော်ဆန်း- ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
၆။ ဦးမြင့်လှိုင်-လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၇။ ဦးဝင်းထွန်း -သစ်တောရေးရာဝန်ကြီးဌာန
၈။ ဦးလှထွန်း-ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာန
၉။ ဦးခင်မောင်မြင့်-ဆောက်လုပ်ရေးဝန်ကြီးဌာန
၁ဝ။ ဦးတင်နိုင်သိန်း- အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
၁၁။ ဦးဝင်းမြင့်- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၂။ ဦးသိန်းထွန်း- ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
၁၃။ ဦးအောင်ကြည် -အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄။ ဦးသိန်းထိုက်- သတ္တုတွင်းဝန်ကြီးဌာန
၁၅။ ဦးအုန်းမြင့်- သမဝါယမဝန်ကြီးဌာန
၁၆။ ဦးဥာဏ်ထွန်းအောင်- ပို့ဆောင်ရေးဝန်ကြီးဌာန
၁၇။ ဦးတင့်ဆန်း- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန
၁၈။ ဦးကျော်စွာခိုင်- အမှတ်(၁) စက်မှုဝန်ကြီးဌာန
၁၉။ ဦးစိုးသိန်း- အမှတ်(၂) စက်မှုဝန်ကြီးဌာန
၂ဝ။ ဦးအောင်မင်း- ရထားပို့ဆောင်ရေးဝန်ကြီးဌာန
၂၁။ ဦးသန်းဌေး- စွမ်းအင်ဝန်ကြီးဌာန
၂၂။ ဦးဇော်မင်း- အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၃။ ဦးခင်မောင်စိုး- အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၄။ ဒေါက်တာမြအေး- ပညာရေးဝန်ကြီးဌာန
၂၅။ ဒေါက်ဖေသက်ခင်- ကျန်းမာရေးဝန်ကြီးဌာန
၂၆။ သူရဦးမြင့်မောင်- သာသာနာရေးဝန်ကြီးဌာန
၂၇။ ဦးအေးမြင့် -သပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၂၈။ ဦးခင်ရီ- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၂၉။ ဦးသိန်းညွန့်- သမ္မတရုံးဝန်ကြီးဌာန
၃ဝ။ ဦးစိုးမောင်- သမ္မတရုံးဝန်ကြီးဌာန

သမ္မတ ကျမ်းကျိန်စဉ်မှာ အလွဲလွဲအချော်ချော်

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၈ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ သမ္မတဦးသိန်းစိန်နှင့် ဒုသမ္မတများ ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ကျမ်းသစ္စာကျိန်ဆိုမှုပြုရာတွင် လွဲချော်မှုဖြစ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်အမတ်များက ပြောသည်။

၂၂ နှစ်အတွင်း မြန်မာပြည်အတွက် ပထမဆုံးဖြစ်လာသော ကျမ်းကျိန်ဆိုမှုတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်တို့သာ မတ်တပ်ရပ်နေခဲ့ကြပြီး လွှတ်တော်အမတ်များမှ ထိုင်လျက်သားဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

လွဲချော်မှု ဖြစ်ခဲ့ရခြင်းအပေါ် အမတ်များမှ လွှတ်တော်နာယက သို့မဟုတ် လွှတ်တော်ညွှန်ချုပ်တို့မှ ကြိုတင်မှာကြားမှုလုပ်ရန် သတိမေ့လျော့ခဲ့ခြင်းကြောင့်ဟု အပြစ်ပြောသည်။
“သမ္မတ ကျမ်းကျိန်နေတဲ့အချိန်မှာ ကျနော်တို့
၂၂ နှစ်အတွင်း မြန်မာပြည်အတွက် ပထမဆုံးဖြစ်လာသော ကျမ်းကျိန်ဆိုမှုတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်းတို့ ကျမ်းကျိန်ဆိုနေသည်ကို တွေ့ရစဉ် (AFP PHOTO/HO/MRTV )
လွှတ်တော်ကိုယ်စားလှယ်အားလုံးက ထိုင်လျက်ပဲ ထိုင်နေရတယ်၊ လွှတ်တော်ညွှန်ချုပ်ကလည်း ဘာမှမပြောဘူး၊ အခမ်းအနားမှူးရယ် ဘာရယ်မဟုတ်တော့ဘဲနဲ့ နာယက က အခမ်းအနားမှူး ပုံစံမျိုးလုပ်သွားတာ အဲဒီ အချက်ကတော့ လွဲချော်နေတယ်ဗျ” ဟု လွှတ်တော်အမတ်တဦးက ပြောသည်။

သို့သော်လည်း ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့ဝင်များ ကျမ်းကျိန်ရာတွင် လွှတ်တော်နာယက ဦးခင်မောင်မြင့်က လွှတ်တော်အမတ်များကို မတ်တပ်ရပ်ပေးရန် မေတ္တာရပ်ခံခဲ့သည်။

“သမ္မတတွေတုန်းက သူကိုယ်တိုင် ရှေ့ထွက်ပြီးတော့ တိုင်ပေးတယ်၊ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကျတော့ နာယက က သူ့ခုံကနေထိုင်ပြီးတော့ တိုင်ပေးတယ်၊ အဲဒီလို မတိုင်ခင် နာယက က လွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံး မတ်တပ်ရပ်ပေးပါ၊ သမ္မတ တုန်းက သူတယောက်ပဲ မှတ်တပ်ရပ်သွားတယ်၊ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တွေကျတော့ နာယက ထိုင်နေတယ် လွှတ်တော် ကိုယ်စားလှယ်တွေက မတ်တပ်ရပ်ရတယ်၊ အဲဒီတော့ ပြောင်းပြန်တော့ ဖြစ်နေတယ်” ဟု အမတ်တဦးက ပြောသည်။

မှားယွင်းမှုများသည် လွှတ်တော်အတွေ့အကြုံများ နည်းပါးခြင်းကြောင့်ဖြစ်ရခြင်းသာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးစိုင်းမောင်တင် ပြောသည်။

သမ္မတ သုံးဦးက သစ္စာဆိုကြရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို သစ္စာစောင့်သိရန်၊ အချုပ်အချာအာဏာကို တည်တံ့အောင် ထိန်းသိမ်းသွားရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းသွားရန်၊ တာဝန်များကို ဖြောင့်မှတ်စွာ ဆောင်ရွက်သွားရန်၊ လောကပါလ တရားများအတိုင်း အုပ်ချုပ်သွားရန်နှင့် နိုင်ငံတော်အား အသက်နှင့်ကိုယ်ကို အပ်နှင်းကြောင်း ပါရှိသည်။

သမ္မတများ ကျမ်းကျိန်ခြင်းကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ခန်းမတွင် ပြုလုပ်ခြင်း ဖြစ်သည်။ ထိုအခမ်းအနားကို လွှတ်တော်နှစ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များအပြင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်များ တက်ရောက်ခဲ့ကြသည်။

၁၈ ရက်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပပြီးနောက် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများ ရပ်နားလိုက်သည်။

Wednesday, March 30, 2011

အမေရိကန် သံအမတ် ဒေါက်တာ စင်သီယာမောင် ဆေးခန်း သွားရောက်လည်ပတ်

ဧရာဝတီ Wednesday, 30 March 2011 17:47

ထိုင်း-မြန်မာ နယ်စပ်တွင်ရှိသည့် မြန်မာဒုက္ခသည်များ အရေး အပါအ၀င် နယ်စပ် အခြေအနေများကို သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Ms Ksistie Kenney သည် မဲဆောက်မြို့သို့ ယနေ့ရောက်ရှိလာသည်။

အမေရိကန် သံအမတ်ကြီးနှင့်အဖွဲ့ မယ်တော်ဆေးခန်းသို့ ရောက်ရှိစဉ် (ဓာတ်ပုံ - ဧရာဝတီ)
မကြာသေးခင်က အသစ်ခန့်အပ်ခြင်းခံရသည့် အဆိုပါ သံအမတ်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် မဲဆောက် ရှိ မယ်တော် ဆေးခန်းသို့ ရောက်ရှိလာပြီး နယ်စပ်အခြေစိုက်၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အမျိုးသမီး ရေး အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ(BMWEC) ဥက္ကဌ နော်ဖောရေ က “သံအမတ်ကြီးက ဒီနယ်စပ်က အခြေအနေတွေကိုမေးတော့ အခြေအနေတွေကို အဖွဲ့လိုက်ဆွေးနွေးတင်ပြခဲ့ကြတယ်၊ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ပညာရေးနဲ့ပတ်သက်ပြီး ထိုင်းမှာအသိအမှတ်ပြု ပညာသင်ကြားခွင့် တရားဝင်ရရှိနိုင်ရေး အတွက် သူ့ကိုတင်ပြဆွေးနွေးခဲ့တယ်၊ ဒီနယ်စပ်မှာရွှေ့ပြောင်းကလေးငယ် ၁ သောင်းကျော်လောက်သာ ပညာသင်ကြားနိုင်ပြီး၊ ၃ သောင်းကျော်လောက်က ပညာမသင်ကြားနိုင်တဲ့ ကိစ္စတွေ ပါတင်ပြခဲ့တယ်”ဟု ပြောသည်။

ဆွေးနွေးပွဲတွင် အဆိုပါအဖွဲ့အစည်းများက လက်ရှိနယ်စပ်တွင်ကြုံတွေ့နေရသည့် အခြေအနေများနှင့် အခက်အခဲများကို တင်ပြ ဆွေးနွေးချက်များအပေါ် သံအမတ်ကြီးက နည်းလမ်း ရှာဖွေမှုများပြုလုပ်သွားမည်ဟု ပြန်လည်ဆွေးနွေးခဲ့သည်။

မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်က“လာမယ့် ၅ နှစ်ကာလ ကျရင် ကျန်းမာရေး၊ ပညာရေး အခြေ အနေတွေ၊ လုံခြုံမှု အခြေအနေတွေကို သူတို့ဘယ်လိုပူးပေါင်းမှုတွေ ပေးမလဲဆိုတာတွေကို ရည်ရွယ်ပြီးတော့လာတာဖြစ် ပါတယ်၊ နောက်ပြီးတော့လာမယ့်ကာလတွေမှာ အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်အရေးကို ဘယ်လိုရှုမြင်သလဲ၊ အဲဒီ အပေါ်မှာလည်း သူတို့ရဲ့ကြိုးစားဆောင်ရွက်မှုတွေကဘယ်လိုရှိလဲ၊ ပြီးတော့ ကျမတို့ဒီမှာရှိတဲ့ ကျန်းမာရေး၊ ပညာရေးအဖွဲ့အစည်းတွေက လိုအပ်ချက်နဲ့ ကူညီပံ့ပိုးမှုတွေ၊ ပြည်တွင်းမှာလုံခြုံစိတ်ချရတဲ့အခြေအနေတွေ၊ ပြန်နိုင်ဖို့ အခြေအနေတွေ၊ ဘယ်လိုရှိလဲ ဆိုတာတွေကို ဆက်စပ်ပြီးတော့ ကျမတို့ဆွေးနွေးခဲ့ကြတယ်”ဟုပြောသည်။

အမေရိကန် သံအမတ်ကြီးနှင့်အဖွဲ့ မယ်တော်ဆေးခန်းသို့ ရောက်ရှိစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဆွေးနွေးပွဲတွင် အမေရိကန်အစိုးရအနေနှင့် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် အတွက် ဆက်လက်၍ အခြားသော အစိုးရများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သံအမတ်ကပြောကြောင်း ဒေါက်တာ စင်သီယာမောင် က ဆိုသည်။

မဲဆောက်ခရီးစဉ်နှင့် ပတ်သက်၍ သံအမတ်ကြီးက“ဒီယ်စပ်မှာရှိတဲ့ အမေရိကန်USAID အဖွဲ့က အလှူပေးထားတဲ့နေရာ တွေ၊ မယ်တော်ဆေးခန်းနဲ့ မယ်လဒုက္ခသည်စခန်းတွေရဲ့အခြေအနေတွေ၊ နောက်ပြီးမြန်မာဒုက္ခသည်စခန်းတွေ ကနေ အမေရိက ကို တနှစ်ကိုလူ ၂ သောင်းပို့ ဆောင်ပေးတဲ့ ဆောင်ရွက်မှုအခြေအနေတွေကိုလည်း လာကြည့်တာဖြစ်တယ်" ဟု ဒေသခံ သတင်းထောက်များကို ပြောကြားသည်။

အမေရိကန် သံအမတ်နှင့်အဖွဲ့သည် နံနက်ပိုင်းတွင် မယ်တော်ဆေးခန်း အပါအ၀င် မဲဆောက်ရှိ SAW မြန်မာရွှေ့ပြောင်း အထက်တန်း ကျောင်းနှင့် မြို့ပြင် ဝှေ့ကလုပ် အရပ်ရှိ မြန်မာဒုက္ခသည်များကို တတိယနိုင်ငံသို့ ပို့ဆောင်ပေးသည့်ဌာနသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မွန်းလွဲပိုင်းတွင် မဲဆောက်မြို့မြောက်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာတွင် တည်ရှိသည့် မယ်လ ဒုက္ခသည် စခန်းသို့ သွားရောက်ကြည့်ရှုခဲ့သည်။

Monday, March 28, 2011

မြန်မာ့အရေးကို စစ်ရေးအရ၀င်ရောက်ရန်တောင်းဆိုမှုတွင် ၀င်ရောက်လက်မှတ်ထိုးပေးကြပါရန်

Burma needs Military Intervention Petition

မျိုးချစ်မြန်မာများခင်ဗျား

မြန်မာပြည်တွင် တိုင်းပြည်၏ သယံဇာတပစ္စည်းများကိုမိမိတို့ ကိုယ်ကျိုးအတွက် ရောင်းချ
ဖြုန်းတီး ဂုတ်သွေးစုတ်နေသော စစ်အာဏာရှင်စနစ်သည်မြန်မာပြည်သူလူထုကြီး
တရပ်လုံးကိုလူမှုဒုက္ခဆင်းရဲတွင်းသို့ နက်ရှိုင်းစွာပို့ ဆောင်ပေးနေသည့်အဓိကအကြောင်း
တရားကြီးဖြစ်သည် ထိုစနစ်ဆိုးကြီးသည်မြန်မာနိုင်ငံတွင်ခိုင်မာစွာအမြစ်တွယ်လျှက်ရှိပြီး မြန်မာပြည်သူတို့ ၏ အသက် သွေးချွေးတို့ ကို မြိန်ယှက်စွာစတေးရ်ျ စစ်အာဏာရှင်တို့ ၏ တကိုယ်ကောင်းဝါဒ ကိုသာတဖက် သတ် အားပေးကူညီလျှက်ရှိခဲ့ပေသည်။ အချိန်ကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတပစ္စည်းများလုံးပါးပါးသွား
ရမည့်အခြေအနေသို့ ကျရောက်သွားမည့် အန္တရယ်ရှိသလိုတိုင်းပြည်တိုးတက်ရာတိုးတက်
ကြောင်းကို ဦးဆောင် ဦးရွက်ပြုမည့် တန်ဖိုးရှိသည့် လူသား အရင်း အမြစ်များ ဖြစ်သည့်
ပညာတတ် လူငယ်များ ကမ္ဘာ့ အဆင့်မီ ထွန်းကား လာရေးကိုလည်း မတရား ဥပဒေ
များဖြင့် အင်တာနက်သုံးစွဲမှုများကိုပိတ်ပင်တားဆီးလျှက်ရှိသလို အရပ်သားပညာရေး ဘတ် ဂျက်ကို နည်းပါးစွာ သတ်မှတ်ထားခဲ့ပြီး စစ်အသုံးစရိတ်များကို သာတိုင်းပြည်ဝင်ငွေ၏ လေးပုံတပုံကို မိုက်ရိုင်းစွာလျာထားသတ်မှတ်ထားခဲ့သည်။ ပြည်သူလူထုဘ၀တိုးတက်ရေးကို မကြည့်ဘဲ မိမိတို့  အာဏာ တည်မြဲရေးကိုသာ စောင်းပေးရ်ျ ပြုလုပ် နေ
သောစစ်အာဏာရှင်ဆိုးတစု အား တွန်းလှန်ရန် မှာ ကုလသမဂ္ဂ သဘောတူညီမှုဖြင့်
နိုင်ငံခြားတပ်များ စစ်ရေးအရ၀င်ရောက် ဖြေရှင်းမှသာမြန်မာ ပြည်သူများ စစ်ကျွန်ဘ၀မှလွတ်မြောက်ရ်ျ ကြောက် လန့်ကင်းကွာလွတ်လပ်သောလူသားများ အဖြစ်နေထိုင်နိုင်
်ကြမည်ဖြစ်သည် ။

ထို့ ကြောင့် အချိန်မနှောင်းခင် ကုလသမဂ္ဂသဘောတူညီမှုဖြင့်နိုင်ငံခြားတပ်များမြန်မာနိုင်
ငံသို့  အမြန်ဆုံးဝင်ရောက်ပြီး လစ်ဗျားတွင်နေတိုးတပ်ဖွဲ့ များက ကာဒါဖီ တပ်ဖွဲ့ များ ရဲ့ သတ်ဖြတ်မှုများကို တားဆီးသကဲ့သို့ နအစစ်အစိုးရ ၏ ဖိနိပ်မှုများ ကို တားဆီးရန် နှင့် မြန်မာပြည်သူများ၏ လူ မှု ဒုက္ခကို ကယ်တင်ရန်အတွက်တောင်းဆိုမှုကို သဘောတူ
လက်မှတ်ထိုးကြရန်အထူး လို အပ်နေ ပါသည် ။

အမေရိကန်နိုင်ငံနှင့်ဥရောပနိုငံများသည် မြန်မာ့အရေးကို စစ်ရေးအရင်ရောက်ရန် လက်
တွန့် နေသည်မှာ ၄င်းတို့ ကိုကျူးကျော်သူများအဖြစ် မြန်မာပြည်သူများကမြင်မည်ကို စိုးရိမ်နေရ်ျဖြစ်ပါသည် ။
၎င်းစစ်ရေးအရ၀င်ရောက်မှုသည် မြန်မာပြည်သူများကို လူသားခြင်းစာနာသောအားဖြင့်
စစ်ကျွန်ဘ၀မှ လွတ်မြောက် လာစေရန် ကူညီခြင်းအဖြစ် မြန်မာပြည်သူများက လိုလို
လားလား ဖိတ်ခေါ်ကြောင်းသိလျှင် ၄င်းတို့ အနေနှင့်ပြတ်သားစွာလုပ်ဆောင်လာနိုင်
မည်ဖြစ်သည် ။
မစိုးရိမ်ဆရာတော်ကြီး မကွယ်လွန်မီ နယူးယောက်မြို့ တွင်တွေ့ စဉ်က ” အကယ်ရ်ျ အမေရိကန်ရေတပ်ကြီး ဗမာပြည်ကိုချီတက်မည်ဆိုလျှင်သဘောင်္ဦးခန်းမှာ သာသနာ့
အလံစိုက်ထူပြီး ငါလိုက်မယ်ကွ”ဟုမိန့် ဆို ဘူးပါသည် ။

မြန်မာနိုင်ငံရှိ ဗုဒ္ဒဘာသာခေါင်းဆောင်ဆရာတော်ကြီးများကပါလိုလားနေသောနိုင်ငံ
ံခြားတပ်များ ၀င်ရောက်လာစေလိုမှုကို ဗုဒ္ဒဘာသာရဟန်းတော်များကပါ သာသနာ့ပြန့် ပွားရေးကိုရည်စူးရ်ျ လက်မှတ်ရေးထိုးကူညီကြပါရန်ပန်ကြားအပ်ပါသည် ။

ယနေ့ ခေတ်သည် အင်တာနက်ခေတ်ဖြစ်သည်။ သတင်းမှောင်ချရ်ျ လိမ်ညာလှည့်စားကာ
ပြည်သူတို့ ကိုဖိနှိပ်အုပ်ချုပ်နိုင်သောခေတ်သည်နေ၀င်ခဲ့ပြီဖြစ်သည် ။
ထို့ ကြောင့် မြန်မာပြည်သူပြည်သားများ တိုင်းပြည်ချစ်စိတ် ၊ တာဝန်သိစိတ်နှင့် လက်မှတ်
်ရေးထိုးကြပါရန်ပန်ကြားအပ်ပါသည် ။

၈၈ မျိုးဆက်ကျောင်းသားများ( ပြည်ပ )

Burma needs Military Intervention Petition

Burma needs Military Intervention Petition