Thursday, December 6, 2012

မဝင်းမော်ဦး၏ ဖြစ်ရပ်မှန်ဇာတ်ကားကို ရိုက်ကူးမည်

၁၉၈၈တွင် သေဆုံးသူ မဝင်းမော်ဦး၏ ဖြစ်ရပ်မှန်ဇာတ်ကားကို ရိုက်ကူးရန် ဒါရိုက်တာ အဏ်ထော်ဏီ ကြိုးစား
ဖြိုးနှင့်မင်း ရုပ်ရှင်နှင့်ဗီယို ထုတ်
လုပ်ဖြန့်ချီရေးမှ ဒါရိုက်တာအဏ်
ထော်ဏီက ၈၈သပိတ်တွင်
သေနတ်မှန်၍ သေဆုံးသွား


သူ မဝင်းမော်ဦး၏ ဘဝ အကြောင်းကို ရိုက်ကူးမည့်အတွက် ကိုယ်တိုင် ဝထ္တုနှင့် ဇာတ်ညွှန်းရေးနေကြောင်း သိရသည်။

အဆိုပါ မဝင်းမော်ဦး သေဆုံးသည်မှာ ၁၉၊ ၉၊ ၂၀၁၃ တွင် ၂၅နှစ်ပြည့်ပြီ
ဖြစ်ကြောင်း၊ ယခု ရိုက်မည့်ဇာတ်ကားကို သူမ၏အ သက်၂၅နှစ်ပြည့်အမှီ ထိုဇာတ်ကားပြီးအောင် ကြိုးစားနေကြောင်း ထပ်မံသိရသည်။

ထိုဇာတ်ကားနှင့် ပတ်သက်၍ ဒါရိုက်တာအဏ်ထော်ဏီက " မဝင်းမော်ဦး တိုက်ပွဲမှာ သေနတ်ထိတုန်းက သူ့ကိုကယ်ပြီး ပြေးတဲ့ဘေးက ဆရာဝန်
နှစ်ယောက်ကို ဦးအထင် ကိုကိုင်ဇာနဲ့ ကိုထူးအိမ်သင်လို့ ထင်တာပေါ့။
နှစ်ယောက်လုံး မျက်မှန် တွေနဲ့ နှစ်ယောက်လုံး အနုပညာညီအကိုတွေက ဘာပဲပြောပြော ခုလိုလူမှုရေးအရ လုပ်ခဲ့တဲ့ပုံလေးလို့ ထင်ခဲ့တာ။

နောက်မှ ဒီပုံကို သေချာကြည့်တော့မှ ဆရာဝန်နှစ်ယောက် ဖြစ်နေတယ်။ အဲဒါ ကိုယ်တိုင်လွဲခဲ့တဲ့ဟာဖြစ်နေတော့ စိတ်ဝင် စားစရာ ပိုဖြစ်လာတယ်။ ဒါကို ရိုက်ဖို့ဆိုပြီးတော့ သူ့ရဲ့မိဘတွေနဲ့ ဆက်သွယ်ပြီး ဒီကလေးကို ရိုက်ဖို့အတွက် ခွင့်ပြုချက် ယူလိုက်တယ်။

ရိုက်မယ့်ပုံစံက မဝင်းမော်ဦး ဒီ၈၈မှာ စပြီး လှုပ်ရှားခဲ့ပြီး ထိခဲ့တယ်ပေါ့။ စအဖွင့်ကတော့ နောက်ဆုံး ၁၉ ရက်နေ့ ချီတက်လာတာနဲ့စပြီး သူဒဏ်ရာရတာနဲ့စပြီး ဆေးရုံပေါ်ရောက်တဲ့အချိန်မှာ သူ့အဖေနဲ့ သူနဲ့ မိဘပြောစကား နားမထောင်လို့ ထိတယ်လို့ ပြောတဲ့ဟာ
လေး၊ သူပြန်စဉ်းစားတဲ့ဟာလေး၊ ပြန်ပြီးပြောတာလေး သူသေဆုံးတဲ့အထိ
နောက်ပြီး သူသေဆုံးတဲ့အချိန်မှာလဲ သူရဲ့bodyကို ထုတ်ယူဖို့ အခက်အခဲ
ဖြစ်တာတွေ သူ့ကိုမီးသဂြိုလ်ဖို့အထိ အခက်ခဲဖြစ်တာလေး တွေ ဖြစ်ခဲ့တယ်။

ဒါကြောင့် ပရိသတ်တွေကိုလည်း ပညာပေးချင်တဲ့ သဘောမျိုးလေးပါ။
ကျောင်းသူအာဇာနည် သူရဲ ကောင်းလေးကိုလည်း ဂုဏ်ပြုတဲ့ သဘော မျိုးလေးပါ"ဟု ပြောကြားသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး “ပြည်သူကျွေးသော ထမင်းကိုစားတဲ့ အနုပညာ ရှင်ဖြစ်တဲ့အတွက် အမျိုးသားနိုင်ငံရေးမှာ ဝင် ရောက် ပါဝင်ပတ်သက်ပြီး လုပ်ကိုင်တဲ့သဘောမျိုးပါ။ အမျိုးသားနိုင်ငံရေး သမိုင်းတခုရဲ့ ဖြစ်ရပ်မှန် တစ်ခုကို ကျန်စေချင် ခဲ့တဲ့ သဘောလေးနဲ့ ရိုက်သွားမှာပါ” ဟု ဒါရိုက်တာအဏ်ထော်ဏီက မြန်မာ့ခေတ်သို့ ဆိုသည်။

မဝင်းမော်ဦး၏ ဖြစ်ရပ်မှန်ဇာတ်လမ်းနှင့် ပတ်သက်၍ အနုပညာရှင်မင်း သမီးကြီးမျိုးထဲမှ မဟုတ်ဘဲ ကလေးသရုပ်ဆောင် ထဲမှ မဝင်းမော်ဦးနှင့် အနီးစပ်ဆုံးတူမည့် ကလေးကို ရွေးချယ်မည်ဖြစ်ကြောင်း၊ မဝင်းမော်ဦး၏ မိဘနေရာရွေးချယ်ရာတွင် လည်း ဖခင်အဖြစ် အရွေးခံရသူသည် အရေးကြီး သဖြင့် ဇာတ်ပို့နေရာတွင် အရေးပါပုံနှင့် အဆိုပါ ဇာတ်ကားကို အာရုံထားပြီး တစ်စိုက်မက်မက် လုပ်ပေးနိုင်သည့် မင်းသားနှင့်သာ ရိုက်မည်ဖြစ်ကြောင်း သိရသည်။

အိအိ
The Myanma Age

Wednesday, December 5, 2012


"ဒေါ်အောင်ဆန်းစုကြည်အား မေးခွန်းထုတ်ပြီ"

မုံရွာမှာ အမေပြောတဲ့ စကားတွေ
ကို နားထောင်ပြီး ပြန်ပြောချင်စိတ်
ဖြစ်လာလို့ပါ။ ကျွန်တော့်လို ပြည်သူ

တစ်ယောက်ပြောတဲ့စကားကို အမေလည်း နားထောင်ချင်မယ်ထင်ပါတယ်။
(ဒီစကားတွေ အမေ့ဆီရောက်ပါစေ။)
-------------------------------
ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။
*(လုပ်ချင်သလို လုပ်လို့ မရဘူးဆိုတာ .. ပြည်သူကို ပြောတာလား .. အစိုးရကို ပြောတာလားအမေ)
...................................................
အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။
*(အများကောင်းကြိုးအတွက် ကိုယ့်အကျိုးကို နောက်မှာ ထားရမယ်ဆိုတာ .. မွဲပြာကျပြီး လုပ်စားစရာ မရှိတော့တဲ့ ပြည်သူတွေကို ပြောရမယ့်စကားလား.. .
ထားစရာ မရှိတော့လို့ စင်ကာပူမှာ ကွန်ဒိုတိုက်ခန်းတွေ ၀ယ်ထားတဲ့ အစိုးရနဲ့ ပတ်သတ်တဲ့ လူတန်းစားကိုပြောတာလားအမေ)
.......................................................................
ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လို လုပ်မလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။
*(အမေ.. ကမ္ဘာကိုနောက်မှ ကြည့်ပါ။ မြန်မာကို အရင်ကြည့်ပါအမေ။ အူမတောင်မျ သီလစောင့်နိုင်မှာပါ။ အခု ကျွန်တော်တို့က သူများနိုင်ငံကို ကျူးကျော်နေတာ မဟုတ်ဘူး။ သူများ သယံဇာတတွေ ခိုးယူနေတာမဟုတ်ဘူး။ စာချုပ်တစ်စောင်နဲ့ ကျွန်တော်တို့ ဆန်အိုး ဘယ်ဟာက အဖိုးထိုက်တန်တဲ့လို့ ထင်လို့လဲ အမေ)
...................................................................................
ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်း လူတိုင်းမှာ တာဝန်ရှိဖို့ လိုပါတယ်။ နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့ လည်း မရဘူး။ အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့လည်း မရဘူး။ အစိုးရချည်း လုပ်လို့လည်း မရဘူး။ ပြည်သူလူထုအားလုံး ပါဝင်မှ ကျွန်မတို့ နိုင်ငံ သိက္ခာရှိအောင် ကျွန်မတို့ လုပ်နိုင်မှာပါ။
*(အမေပြောသလို လုပ်ချင်စိတ်က နိုင်ငံသားတိုင်းမှာရှိတယ်အမေ။ ကျွန်တော်တို့က နောက်လိုက်တွေပါ။ ခေါင်းဆောင်တွေဖြစ်တဲ့ သူတွေက ခိုင်းပါ။ ညွှန်ကြားပါ။ ဒါပေမယ့် အဲဒါတွေ လိုက်လုပ်ဖို့ ဆန်အိုးကို အရင်ဖြည့်ပေးပါအမေ။ သူတို့ လယ်တွေ ကုန်သွားရင် ကျွန်တော်တို့ ဆန်အိုးတွေ ပျောက်ကုန်မယ်ဆိုတာကိုလည်း အမေ ယေဘုယျတွေးပါ။ သယံဇာတတွေ ထည့်မပြောသေးဘူးအမေ။ )
...........................................................................................
ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အခါမှာ ပြည်သူတွေ အကြိုက်ကို ကျွန်မ အမြဲလိုက်ပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မ မှန်တဲ့အတိုင်းပဲ ပြောမယ်။ ပြည်သူတွေက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောပိုင်ခွင့် ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ကျွန်မ သေသေချာချာ ကတိပေးနိုင်တယ်။ ကျွန်မ ပြည်သူတွေကို လှည်ဖျားတဲ့ နိုင်ငံရေးမျိုး လုပ်လို့ မရဘူး။

*(ယုံတယ်.. အမေ့ကို ယုံတယ်။ အရင်ကလည်း ယုံတယ်။ အခုလည်း ယုံတယ်။ နောက်လဲ ယုံနေဦးမှာပါအမေ။ ကျွန်မကို ယုံပါလို တစ်ခွန်းမှ အမေပြောစရာ မလိုပါဘူး။ ကျွန်တော်ကတော့ ယုံပါတယ်အမေ။ ဒါပေမယ့်လေ.. အမေက ကျွန်တော့လောက်တော့ သတင်းတွေ လိုက်ဖက်နိုင်မှာ မဟုတ်ပါဘူး။ ဘယ်နေရာမှာ ဘာတွေဖြစ်နေတယ်ဆိုတာ အမေကျွန်တော့လောက် မသိဘူး အမေ)
............................................................

နောက်ပြီးတော့ တစ်ခဏနာ ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တဲ့ နိုင်ငံရေးမျိုးလည်း ကျွန်မ မလုပ်ဘူး။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီးတော့ ကျွန်မ လုပ်သွားမှာ။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည် အကျိုးကို ကြည့်ပြီးတော့ လုပ်တဲ့အခါမှာ ကျွန်မမှာ အားနည်းချက်တွေရှိလို့ ဆိုရင်လည်း ၀ိုင်းပြီးတော့ ပြုပြင်ပေးကြပါ။ ကျွန်မ လက်ခံဖို့ အဆင်သင့်ပါပဲ။

*(အမေက ဒီလို ပြောတော့ .. ကျွန်တော်က ဒီလိုပြောပါတယ်အမေ။ အမေ့အားနည်းချက်လို့ မပြောပါဘူး။ မပြောရက်ဘူးအမေ။ အမေက အားလုံးကို မသိနိုင်ဘူးလို့ ဖြေတွေးပေးပါတယ်။ အခုကလည်း အမေမသိနိုင်တာတွေ သိအောင် ပြောတာပါ။ ကျွန်တော့်ရဲ့ ဒီအတွေးအမြင်တွေကို အမေ့လောက် ပညာမတတ်ဘူးဆိုပြီး ပစ်ပယ်လိုက်တာမျိုးတော့ မဖြစ်စေချင်ဘူး။ အမေက ပညာတတ်တွေကိုပဲ ဆွေးနွေးရမယ့် တာဝန်ရှိတာမဟုတ်ဘူးအမေ။ ကျွန်တော်တို့ ယုံကြည်မှုတွေကို တန်ဖိုးထားရင် ကျွန်တော့်လို နလပိန်းတုန်းရဲ့ ခံစားချက်တွေကိုလည်း နားလည်အောင် ..ပြည့်ဝအောင် အမေကပဲ ဖြေရှင်းပေးရမှာပါ။ ကျွန်တော်က အမေ အလေးထားပါတယ်ဆိုတဲ့ ပြည်သူတစ်ယောက်ပါ အမေ)
.............................................................

ဒါပေမဲ့ ကျွန်မတို့ ပြည်သူတွေကလည်း သေသေချာချာ စဉ်းစားပါ။ သဘောထားကြီးရမယ်။ ရေရှည်အမြင်ရှိရမယ်။ ကျွန်မတို့နိုင်ငံမှာ အဓိကလိုအပ်ချက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပဲ။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ ဘာလဲဆိုတော့ ဆယ်စုနှစ်ပေါင်းမြောက်မြားစွာ ကွာဟနေတဲ့ အသင်းအဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံ့အကျိုးအတွက်အတူ စွမ်းဆောင်နိုင်ဖို့ကိစ္စဖြစ်ပါတယ်။

ဒီလိုလုပ်ဖို့ ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူအားလုံးဟာ ရေရှည်အမြင်နဲ့လုပ်ဖို့ လိုပါတယ်။ အဲ့ဒီလို ရေရှည်အမြင်နဲ့လုပ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ အခု ဒီဒေသမှာဖြစ်နေတဲ့အခက်အခဲတွေကို ကျွန်မတို့နိုင်ငံ သိက္ခာရှိမယ့် ပုံစံနဲ့ ကျွန်မ ဖြေရှင်းချင်ပါတယ်။ အဲ့ဒီလို လုပ်တဲ့အခါ ပြည်သူတွေက ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။

*(ရတယ် အမေ။ လက်ပန်းတောင်းတောင် ကိစ္စမှာ ထွက်လာမယ့် အဖြေတွေ အများကြီးရှိမယ်။ တိုင်းပြည်ရဲ့ ရေရှည်အကျိုးအမြတ်၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာ။ ဒါတွေကို အမေပြောသလို လက်ခံမယ်အမေ။ နောက်လိုက်ကောင်းတွေ ပီသစွာနဲ့ ယုံကြည်ရတဲ့ ခေါင်းဆောင်ဆုံးဖြတ်တာကို နာခံမှာပါအမေ။ ဒါပေမယ့် အမေ.. အကြမ်းဖတ်ခံရတဲ့ ပြည်သူတွေ ဘုန်းကြီးတွေ ကိစ္စကို အမေဘယ်လိုရှင်းမလဲ။ အခု.. တရားဥပဒေစိုးမိုးရေးအတွက် အမေတာဝန်ခံထားတာကို သိတယ်အမေ။ ပြည်သူအတွက် ကျောသားရင်သားမခွဲခြားတဲ့ ဒီမိုကရေစီနိုင်ငံရဲ့ ဥပဒေကို ဖော်ဆောင်ပေးပါ။ ကျွန်တော်တို့သိတဲ့ ဒီမိုကရေစီနိုင်ငံမှာ သမ္မတလည်း တရားစွဲတာ ခံရပါတယ်အမေ။)
.................................................

ဒီမိုကရေစီလမ်းကြောင်း လျှောက်တဲ့အခါမှာ ပြည်သူတွေက ပြည်သူတွေရဲ့ ထောက်ခံမှုမရဘဲနဲ့ ကျွန်မတို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုဆိုတာ ပြည်သူအကြိုက် ရေတိုဆုံးဖြတ်ချက်လေးတွေ ချပြီးတော့ အဲဒီလို ပြည်သူရဲ့ ထောက်ခံမှုတွေ ဒီလိုမမှန်မကန်တဲ့ နည်းတွေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေကို ရမယ်ဆိုရင်လည်း ရေရှည်မှာ အကျိုးမရှိပါဘူး။ ကျွန်မစောစောကပြောသလိုပေါ့။ ပြည်သူတွေနဲ့ မှန်မှန်ကန်ကန်ဆက်ဆံမယ်။ ရိုးရိုးဖြောင့်ဖြောင့် ဆက်ဆံမယ်။

*(အမေ့ရဲ့ ကိုယ်ကျင့်သိက္ခာကို အကြွင်းမဲ့ ယုံပါတယ်အမေ။ အမေ မသိလိုက်တဲ့ ကိစ္စတွေကိုတော့ ထောက်ပြပါရစေ။ ဒါကလည်း ကျွန်တော်တို့ ခံစားချက်တွေကို အမေတိုက်ရိုက်သိနိုင်အောင် ရေးနေတာပါ)

ကျွန်မရဲ့ဆုံးဖြတ်ချက်တွေ၊ ကျွန်မရဲ့ လုပ်တာကိုင်တာတွေကို ပြည်သူက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောနိုင်တယ်။ ကျွန်မရှင်းပြမယ်။ ကျွန်မတစ်ခုခုကို လုပ်တယ်ဆိုရင် ဘာဖြစ်လို့ လုပ်သလဲဆိုတာ ရှင်းပြမယ်။

*(အမေ မုံရွာကို ရောက်တော့ အကြမ်းဖက် ဖိနှိပ်မှုက ဖြစ်ပြီးသွားပါပြီအမေ။ အမေအဲဒီအကြောင်းကို ဘာလို့ တစ်ခွန်းမှ မပြောခဲ့တာလဲ။ ကျွန်တော် ဒီမိန့်ခွန်းကို အစအဆုံးဖတ်ပြီးပါပြီ.. ရှင်းပြပါအမေ)
............................................................................

အခုဒီဒေသမှာ ကြေးနီစီမံကိန်းနဲ့ ပါတ်သက်ပြီး ဖြစ်နေတဲ့ပြဿာနာဟာ ကျွန်မကနေပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်။ ဒီလိုအေးအေးချမ်းချမ်းနဲ့ ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။ နိုင်ငံလည်း သိက္ခာရှိတယ်။ ကျွန်မတို့ အနာဂတ်အတွက်လည်း ကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ အဲ့လိုရအောင် ကျွန်မကြိုးစားမယ်။ ကြိုးစားပေမယ့်လို့ အောင်မြင်မယ်၊ မအောင်မြင်မယ် ဆိုတာကတော့ ကျွန်မကနေပြီးတော့ ဘယ်လိုအာမခံချက်မှ မပေးနိုင်ဘူး။ ဒါပေမယ့် ပြည်သူကသာ ကျွန်မနဲ့ လက်တွဲပြီးတော့ ပြေလည်မှုရှာမယ်ဆိုလို့ရှိရင် အောင်မြင်နိုင်မယ်လို့ ကျွန်မယုံပါတယ်။

*(ဘုန်းကြီးတွေ အရေပြား မီးလောင်ခံရပြီးမှ ရတဲ့ ငြိမ်းချမ်းရေးလားအမေ။ ငြိမ်းချမ်းရေးနဲ့ အောင်မြင်အောင် အမေလုပ်ပါအမေ။ ပြီးရင် .. မတရားမှုကိုတွေကိုလည်း ဆက်ပြီးဖော်ထုတ်ပေးပါအမေ။ လုပ်ချင်တာလုပ်ပြီး ငြမ်းချမ်းရေးခေါင်းစဉ်တပ်တိုင်း အပြစ်ကြေကြေးဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေးကို မလိုချင်တော့ပါဘူး)
..............................................................................

ဒီတော့ ကျွန်မက ပြည်သူကိုတစ်ခုပဲ တောင်းပန်ချင်ပါတယ်။ သေသေချာချာ စိတ်ရှည်ရှည်နဲ့ ကျွန်မဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ ဆုံးဖြတ်ချက်တော့ မချသေးဘူးပေါ့နော်။ ဒါပေမယ့် ကျွန်မ တစ်ဖက်ကိုတော့ မေးကြည့်ပြီးပါပြီ။ လုပ်ငန်းရှင်တွေဘက်ကို တွေ့ပြီး သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့ချင်တယ်။ ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။ ဟိုဘက်ဒီဘက် အဖြေ နှစ် ခုကို ကြည့်ပြီးတော့ တတ်နိုင်သလောက် ပြေလည်အောင်လို့ ကျွန်မ ညှိပေးချင်တယ်။ အဲ့လို ညှိပေးတာကို ပြည်သူတွေက သဘောတူရဲ့လား။

*(အမေက ညှိပေးပါ။ ကျွန်တော်တို့ကို အမေက တောင်းပန်စရာမလိုပါဘူး။ တရားဥပဒေစိုးမိုးရေးအတွက် ကျွန်တော်တို့ကသာ အမေ့ကို တောင်းပန်ချင်တာပါ။ ငြိမ်းချမ်းရေးလဲ လုပ်ပါ။ ဥပဒေစိုးမိုးရေးကိုလည်း အလေးထားပေးပါအမေ။ အပြစ်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးပါ။ ရွှေအိုရောင်ကို ကျွန်တော်တို့ မှတ်စုမှာ ကျော်သွားပေးလို့ရပါတယ်။ လွှတ်တော်အမတ်ဖြစ်နေတဲ့ အမေ.. တရားဥပဒေစိုးမိုးရေးတာဝန်ယူထားတဲ့ အမေရှိနေလျက်နဲ့ မုံရွာအကြမ်းဖက်မှုကိုတော့ မျက်ကွယ် မပြုရက်နိုင်ဘူး။ အမေလဲ သိထားကြားထားသလို .. တရုတ်ကို ကြောက်တယ်လို့ ပြောတဲ့ အစိုးရက ပြည်သူကို မီးလောင်တိုက်ချလိုက်တဲ့ ကိစ္စမို့ပါအမေ။)
...............................................................

ကျွန်မတို့ဆီက နိုင်ငံသားတွေက အေးအေးချမ်းချမ်းနေချင်တယ်ဆိုတာကို ကျွန်မယုံကြည်တယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေက အချင်းချင်းကြားမှာ စေတနာ မေတ္တာနဲ့ပဲ နေချင်တယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ဒါ လူသားတိုင်းက ဒီလိုပါပဲ။ စေတနာမေတ္တာနဲ့ နေရတဲ့ ပတ်ဝန်းကျင်ဟာ အင်မတန်မှ အေးချမ်းပါတယ်။ ဒေါသတွေ ဟုန်းဟုန်းတောက်နေတဲ့ ပတ်ဝန်းကျင်ဆိုတာ မအေးချမ်းနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ နိုင်ငံကြီး အေးချမ်းဖို့ အတွက် ကျွန်မအစဉ်အမြဲပဲ ပြန်လည်ရင်ကြားစေ့ရေးလမ်းကို ကျွန်မလျှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလျှောက်တဲ့အခါမှာ ကျွန်မနဲ့အတူ ပြည်သူပါလာမှ ကျွန်မလုပ်ငန်းတွေမှာ အောင်မြင်နိုင်မှာပါ။


ဒါ့ကြောင့် ကျွန်မလမ်းမှာဆိုလို့ရှိရင် ပြည်သူတွေက ကြိုဆိုလေ့ရှိတယ်။ ကျွန်မ အင်မတန်မှ အားတက်တယ်။ အားတက်တယ်ဆိုတာ ကျွန်မကို ကျန်းမာပါစေလို့ ခေါ်နေလို့ မဟုတ်ဘူး။ အသက်ရာကျော်ရှည်ပါစေလို့ အော်နေလို့ မဟုတ်ဘူး။ တစ်ခါတစ်လေ စဉ်းစားမိတယ်။ အသက်ရာကျော်တောင် ရှည်ပါ့မလားပေါ့နော်။ ဒါပေမယ့် ဘာပဲပြောပြော ပြည်သူရဲ့ ထောက်ခံမှု ရှိရင်တော့ ကျွန်မတို့ လုပ်ငန်းတွေဟာ အောင်ခြေအများကြီှးရှိတယ်ဆိုတာ ကျွန်မအားတက်ရပါတယ်။

*(အေးအေးချမ်းချမ်းနေချင်တာပေါ့အမေ။ ကျွန်တော်တို့ မြန်မာတွေက မြန်မာပီသလွန်းလို့ကို ခက်နေတာပါ။ ဘယ်လောက်တောင် သီးခံနိုင်ကြသလဲဆိုတာ အမေလဲ အသိပါလေ။ ကုလားက၀ိုင်း.. တရုတ်က ၀ိုင်းထားတဲ့ ကိုယ့်အလောင်း အခေါင်းမြှုတ်ရမယ့် မြေ နေရာလေးမပျောက်ချင်တာပဲရှိတာပါ။ ဒါပေမယ့် ဇာတိမာန်ကြီးတဲ့ ကျွန်တော်တို့က ကိုယ့်အချုပ်အချာအာဏာကို ဘာမှ မဟုတ်တဲ့ တရုတ်ကုမ္မဏီလေးက စိုးမိုးခြယ်လှယ်သွားမှာကိုတော့ မမြင်ရက် မကြည့်ရက်ဘူးအမေ။ ကျွန်တော်တို့ကတော့ အသက်ရာကျော် မရှည်ချင်ဘူး။ မနက်ဖန်ဖြစ်ဖြစ် .. သဘက်ခါဖြစ်ဖြစ် မသေခင်လေးမှာ မြန်မာဆိုတဲ့ ဒီနိုင်ငံလေးမှာ စိတ်လက်ကြည်သာစွာ သေသွားချင်တာပါပဲ။ ဘာဖိနှပ်မှုမှ မရှိဘဲနဲ့ပေါ့ အမေရယ်)
...............................................................................

အဲဒီတော့ ခက်ခဲတဲ့အချိန်မှာ မိတ်ဆွေကောင်းဆိုတာ လွယ်ကူတဲ့အချိန် မဟုတ်ဘူး။ ကိုယ့်ဘက်ကနေပြီးတော့ ရပ်တည်ပေးတဲ့ အရာဟာ မိတ်ဆွေကောင်းပဲ။ ကျွန်မရဲ့ ပြည်သူတွေဟာ ကျွန်မရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်စေချင်ပါတယ်။ ဖြစ်စေချင်တယ်လို့ ကျွန်မရိုးရိုးပဲ ပြောပါရစေ။ ကျွန်မအနေနဲ့လည်း ကျွန်မတို့ပြည်သူတွေအတွက် မိတ်ဆွေကောင်း ဖြစ်ချင်ပါတယ်။ ခက်ခဲတဲ့အချိန်မှာလည်း ရပ်တည်မယ်။ နောက်တစ်ခုက မိတ်ဆွေကောင်းဆိုတာ မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ဆက်ဆံရတယ်။ ပြောဆိုရတယ်။ ကိုယ့်အကြိုက်ကို လိုက်လိုက်ပြောတဲ့သူဟာ မိတ်ဆွေကောင်းလို့ မထင်နဲ့နော်။ မှားလိမ့်မယ်။

ဘယ်တော့မဆို ကိုယ့်အကြိုက်ကို လိုက်ပြီးပြောတာဟာ မိတ်ဆွေကောင်းများရဲ့
အလုပ်မဟုတ်ဘူး။ တစ်ကယ့်မိတ်ဆွေကောင်းဆိုတာ ကိုယ့်ရဲ့ကောင်းကျိုးကို ရှေ့ရှုပြီးတော့ ပြောသင့်ပြောထိုက်တာကို ပြောမယ်။ ထောက်ပြသင့်တာကို ထောက်ပြမယ်။ အဲဒါမဟုတ်ဘူးလား။ ကျွန်မတို့ဟာ တစ်ဦးနဲ့တစ်ဦး ကျွန်မနဲ့ ပြည်သူကြာမှာ တစ်ကယ့်ကို ကောင်းမြတ်တဲ့ မိတ်ဆွေကောင်းတွေ ဆက်ဆံမှုတစ်ခု ဖြစ်စေချင်ပါတယ်။

အဲဒါကြောင့် တတ်နိုင်သလောက် ကျွန်မက ပြည်သူတွေနဲ့ တွေ့တယ်။ ပြောဆိုတယ်ဆိုတာဟာ ပြည်သူတွေနဲ့ ကျွန်မရဲ့ကြားမှာ နားလည်မှုတွေ တည်ဆောက်နိုင်အောင်လို့၊ ကျွန်မတို့ကြားမှာ ကောင်းမွန်တဲ့ သံယောဇဉ်တွေ တည်ဆောက်နိုင်အောင်လို့ ကျွန်မတွေ့ဆုံတာပါ။ တစ်ကယ်လို့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့နိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် သန်း ၆၀ ကို ဘယ့်နှယ့်လုပ်သွားလို့ရမှာလဲ။ သိန်း ၆၀ ကို တစ်ယောက်ချင်း တစ်ယောက်ချင်း မတွေ့နိုင်တဲ့အခါကျတော့ ဒီလိုပဲ အစုလိုက်တွေ့ရတာပဲ။ ဒီလိုတွေ့ရတိုင်းလည်း ကျွန်မဝမ်းသာပါတယ်။

တစ်ခါတစ်လေ ခရီးသွားရင် စိတ်ဆိုးရတာတွေ အများကြီးရှိတယ်။ ပြည်သူတွေမဟုတ်ပါဘူး။ ကျွန်မတို့ အဖွဲ့တွေ လုပ်ပုံကိုင်ပုံမဟုတ်လို့။ ဒါပေမယ့် အဲ့လို စိတ်ဆိုးရတဲ့အခါတောင်မှ ပြည်သူတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်မကို ကြိုဆိုတဲ့အခါ စိတ်ဆိုးတာတွေ ပြေရပါတယ်လို့ ပြောပြချင်တယ်။ ဒါကြောင့် ကျေးဇူးတင်ပါတယ်လို့။

အခုတော်တော်လေး မှောင်နေပြီဆိုတော့ နောက်ဆုံးအနေနဲ့ ကျွန်မတောင်းပန်ချင်တာရှိတယ်။ ဒီလိုမှောင်တဲ့အထိ စောင့်ရအောင်လို့ လုပ်ခဲ့တာကို ကျွန်မတောင်းပန်ပါတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့။ နံနက်တုန်းက မန္တလေးကနေ မုံရွာကိုလာတော့။ မုံရွာက ပြည်သူလူထုက အင်မတန်မှ သောင်းသောင်းဖျဖျ ကြိုဆိုတယ်။ တော်တော့ကို နောက်ကျသွားတယ်။ လမ်းမှာ ဖြေးဖြေးလေးပဲသွားဖြစ်တယ်။ အဲ့ဒါကြောင့် ကျွန်မဒီမှာ အရောက်နောက်ကျတယ်။ နောက်ကျတော့ လမ်းမှာ ကြိုဆိုတဲ့ ရွာသူရွာသားတွေကို ကျွန်မကောင်းကောင်း မနှုတ်ဆက်နိုင်ခဲ့ဘူး။ ဟိုဘက်က အလုပ်ချိန်းထားတာကို နောက်ကျမှာဆိုးလို့။ အဲ့ဒါကြောင့် လမ်းမှာ မနှုတ်ဆက်ခဲ့ရတဲ့ ရွာသူရွာသားတွေကို တောင်းပန်ပါတယ်။ အခုလို မှောင်တဲ့အထိ စောင့်ရတဲ့ ဒီကိုရောက်နေတဲ့ ပြည်သူအားလုံးကိုလည်း တောင်းပန်ပါတယ်လို့ ပြောပါရစေ။

နောင်ဆိုလို့ရှိရင်လည်း ကျွန်မတို့ အများကြီး အတူတူလုပ်ရဦးမယ်။ ဒီလို မျက်နှာချင်းဆိုင် မတွေ့နိုင်သည့်တိုင်အောင် ကျွန်မတို့နိုင်ငံ ကောင်းကျိုးအတွက်ဆိုတာ ကျွန်မတို့ အားလုံးအတူလုပ်ရမှာပဲ။ အဝေးက ဆက်သွယ်မှုနဲ့ ကျွန်မတို့ လုပ်သွားရမှာပဲ။ တစ်ချို့ကျတော့လည်း ကျွန်မရဲ့ ရှေးရေစက်အရ ပြန်ပြီးတော့ နီးနီးကပ်ကပ် ပြန်တွေ့ရတဲ့ လူတွေလည်း ရှိမှာပါ။ ဒီလိုနီးနီးကပ်ကပ် ပြန်ပြီးတော့ မဆုံနိုင်ဘူးဆိုရင်တောင် ဒီလို တစ်ချိန်တစ်ခါမှာ ကျွန်မတို့ဟာ အတူတူ နိုင်ငံရဲ့ ပြဿာနာကြီးအတွက် စဉ်းစားပိုင်ခွင့် အတူတူထိုင်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် ရတာကိုလည်း ကျွန်မရင်ထဲ အမြဲမှတ်သားထားပါတယ်။ ကျွန်မရင်ထဲမှာ ထိန်းသိမ်းထားပါမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။

*(ကျွန်တော်နိဂုံးချုပ်ပြောချင်တာကတော့ အမေ.. ကျွန်တော်က အမေ့လောက် အတွေးအခေါ် မရှိသူပါ။ အတွေ့အကြုံ မရှိသူပါ။ အမေ့လောက် မရဲရင့်သူပါ။ အမေ့လောက်လဲ မပေးဆပ်ရဲသူပါ။
ဒါပေမယ့် ကျွန်တော်ပြည်သူပါအမေ။ အမေ အလေးထားတယ်ဆိုတဲ့ အမေ့ရဲ့ ပြည်သူပါ။ အမေ့နောက်က လိုက်မယ့် အမေ့ရဲ့ နောက်လိုက်ကောင်း တစ်ယောက်ပါ။ အခုအမေက ..ပြောချင်ရင်ပြောဆိုလို့ ပြောပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ပါ။

တစ်ခုပါပဲ။
အပြစ်ရှိသူတွေကို စီရင်ပါ အမေ။
လက်ပံတောင်းဒါဏ်ရာ ရသူများအား စောင့်ရှောက်မှု ကော်မတီ
လက်ပံတောင်းတောင်(သပိတ်ဖြိုခွဲခံ)ထိခိုက်ဒါဏ်ရာ ရသူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှု ကော်မတီ ။

by ကိုဝိုင် ဝိုင်ကေ on Monday, December 3, 2012 at 1:20pm ·၂၀၁၂ခု ၊ ဒီဇင်ဘာလ (၃)ရက် ည(၈)နာရီ အချိန်တွင် ဘုရားကြီးရေတော်တိုက် ၊ အနန္တဂုဏ်ရည်ကျောင်းတွင် မန္တလေးမြို့ရှိ ဆရာတော်သံဃာတော်များနှင့် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သော လက်ပံတောင်းတောင်ဒေသအတွင်း သပိတ်စခန်းများကို ဖြိုခွဲခံရ၍ မီးလောင် ထိခိုက် ဒါဏ်ရာရ သူများအား မန္တလေးဆေးရုံကြီး သံဃာဆောင်တွင် ကုသလျက်ရှိသည့်အတွက် ကျန်းမာရေး ဆိုင်ရာများ ပံ့ပိုးစောင့်ရှောက် ကူညီပေးနိုင်ရန် ကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့သည်။

လက်ပံတောင်းတောင်(သပိတ်ဖြိုခွဲခံ)ထိခိုက်ဒါဏ်ရာ ရသူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှု ကော်မတီ ။

၁။ ဦးဝိသုတ (အနန္တဂုဏ်ရည်ကျောင်း ၊ ရေတော်တိုက် ၊ဘုရားကြီး ) ၀၉ ၄၀ ၁၇ ၀၉ ၄၀ ၇
၂။ ဦးဝိရသူ ( မစိုးရိမ်တိုက်သစ် ) ၀၉ ၂၀၀ ၄၀ ၁၃
၃။ ဦးကာဝိယ (ဂဠုန်နီ ဆရာတော် ၊ ကုသိဠာရုံ ကျောင်းတိုက် ၊ ဘုရားကြီး ) ၀၉ ၉၁၀၀ ၂၈ ၄၂
၎။ ဦးဥတ္တမ (ဘဝအလင်း ဆရာတော် ၊ ဂန္ဒာရုံကျောင်းတိုက်၊ အမရပူရ ) ၀၉ ၂၀ ၃၅ ၉၃၆
၅။ ဦးသောဘိတ ( ဘဝအလင်း ၊ ဂန္ဒာရုံကျောင်းတိုက်၊ အမရပူရ ) ၀၉ ၄၀၃ ၇၀ ၄၉ ၇၉
၆။ ဦးပညာနန္ဒ ( မဟာမင်းဒင် တိုက် )
၇။ ဦးစန္ဒန ( ဘုရားကြီး တိုက် )
၈။ ဦးစန္ဒန ( ပခုက္ကူ )
၉။ ဦးအဂ္ဂည ( ဓမ္မိကာ ရာမတိုက် )
၁၀။ ဦးတိက္ခဥာဏ (ဘုရားကြီးတိုက် )

နှင့် အဖွဲ့အစည်း အသီးသီးမှ လူပုဂ္ဂိုလ် (၂၆)ဦးတို့မှ ဆောင်ရွက်ပေးသွားပါမည်။

ကော်မတီ၏ လုပ်ဆောင်မှု ဆိုင်ရာ စီမံခန့်ခွဲမှုများကို သိရှိလိုပါက အထက်ပါ ဆရာတော်များမှသာ ဖြေကြားပေးမည် ဖြစ်ပါ၍ တိုက်ရိုက်မေးမြန်းကြရန် ပန်ကြားအပ်ပါသည်။ သတင်းပြန်ကြားရေး အနေဖြင့် ကော်မတီ၏ လုပ်ငန်းကိစ္စများကို ဖော်ပြနိုင်ရန် ဆရာတော်များ၏ ညွှန်ကြား မိန့်သည့်အတိုင်းသာ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
ဆောင်ရွက်ချက်များကို အများသိနိုင်ရန် ပြန်ကြားရေး ဆောင်ရွက်မည့်သူများ မှာ-

(၁) ကိုရဲရင့်ကျော်
(၂) ကိုအောင်မှိုင်းဆန်း
(၃) ကိုသိန်းအောင်မြင့်
(၄) ကိုညိုလင်း တို့ ဖြစ်ကြပါသည်။

ကော်မတီ၏ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ လုပ်ငန်းများ အတွက် လှူဒါန်းလိုသော ရဟန်းရှင်လူ ပုဂ္ဂိုလ်များအနေဖြင့် အောက်ပါဌာန (၂) နေရာသို့ တိုက်ရိုက် လှူဒါန်းပေးကြရန် နိုးဆော်အပ်ပါသည်။
လှူဒါန်းရန်ဌာန (၁)

ဦးဝိသုတ
ဖုန်း ၀၉ ၄၀ ၁၇ ၀၉ ၄၀၇
အနန္တဂုဏ်ရည် ကျောင်းတိုက် ၊ ရေတော်တိုက် ၊ ဘုရားကြီး ၊ မန္တလေးမြို့ ။

လှူဒါန်းရန်ဌာန (၂)

ဦးဝီရသူ
ဖုန်း ၀၉ ၂၀၀ ၄၀ ၁၃

မစိုးရိမ်တိုက်သစ် ၊ မန္တလေးမြို့ ။
ကြေးနီစီမံကိန်းအား ဆက်လက်အကောင်ထည်ဖော်မည်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကော်မရှင် အဆုံးအဖြတ်အတိုင်း ဦးပိုင် ဆက်လုပ်မယ်

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းမှာ တစိတ်တပိုင်း ပါဝင် လုပ်ကိုင်နေတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်က ၊ သမ္မတ ဖွဲ့ပေး လိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ဆောင်ရွက် မှာ ဖြစ်တယ်လို့ပြောကြား လိုက်ပါတယ် ။

ဒီစီမံကိန်းဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် က တရားဝင် ခွင့်ပြု ထားတဲ့ လုပ်ငန်း ဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဆောင်ရွက်မယ့် လက်ပန်းတာင်း တောင် အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က စီမံကိန်း တာဝန်ခံ ဦးမြင့်အောင်က ဘီဘီစီကို ပြောပါတယ် ။

စီမံကိန်းကို ဆက်လက် ဆောင်ရွက်ဖို့ ကြိုးစားနေပြီး၊ ကော်မရှင် နဲ့လည်း ပူးပေါင်း ဆောင်ရွက်သွား မယ်လို့ ဦးမြင့်အောင်က ပြောပါတယ် ။ နောက်ပြီး မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်မှာ စစ်တပ်က ရှယ်ယာ အများစု ပါဝင်တာမို့ ဦးစားပေး ခံရတာမျိုး မရှိဘူးလို့ သူက ဆိုပါတယ် ။

ဒေသခံ ယာ သမားတွေကို ထိုက်သင့်တာ ထက်ကို လျော်ကြေး ပိုပေး ထားတာ ဖြစ်ပြီး၊ အခုလည်း လျော်ကြေး ထပ်တောင်းရင် ဖြစ်ဖြစ် ၊ လူမှုရေးဆိုင်ရာ အကူအညီတွေ တောင်းဆိုရင် ဖြစ်ဖြစ် ကုမ္ပဏီ အနေနဲ့အကူအညီ ပေးသွားမှာ ဖြစ်တယ်လို့ ဦးမြင့်
အောင်က ပြောပါတယ် ။

လက်ပန်းတောင်းတောင် ကယ်ဆယ်ရေး ကော်မတီ နာယက ကဗျာဆရာ ဦးအံ့မောင် ကတော့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ဝမ်ပေါင် ကုမ္ပဏီဟာ စွမ်းအား မြင့် စက်တွေ အများကြီး တပ်ဆင် ထားတာကြောင့် ကော်မရှင်က စုံစမ်းမှုတွေ လုပ်နေတဲ့ အချိန်တို အတွင်းမှာပဲ လက်ပန်းတောင်း တောင် ၃၃ လုံး ဟာ ကုန်သွား နိုင်တယ်လို့ ပြောကြား ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည် အပါဝင် အဖွဲ့ ဝင် ၃၀ ခန့် ပါဝင်တဲ့ လက်ပံတာင်းတောင် အရေး စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဒီဇင်ဘာလ ၁ ရက် နေ့က သမ္မတ ဦးသိန်းစိန် အမိန်နဲ့
ဖွဲ့စည်းပေး လိုက်တာ ဖြစ်ပါတယ် ။
BBC

Saturday, December 1, 2012

လက်ပံတောင်းတောင်အရေး တွန်းအားပေးကြ


၅ ရက်အတွင်း အရေးမယူပါက ပတ္တနိက္ကုဇ္ဇနကံ ဆောင်မည်ဟု ဦးဝီရသူ မိန့်ကြား

၅ ရက်အတွင်း အရေးမယူပါက ပတ္တနိက္ကုဇ္ဇနကံ ဆောင်မည်ဟု ဦးဝီရသူ မိန့်ကြား
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ကန့်ကွက် သပိတ်မှောက်နေကြသော ရဟန်းသံဃာများအား နိုဝင်ဘာလ ၂၉ ရက် မနက်က အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်သည့် တရားခံများအား နိုင်ငံတော်အစိုးရမှ အမြန်ဆုံး အရေးယူဆောင်ရွက်ခြင်းမရှိပါက ပတ္တနိက္ကုဇ္ဇနကံ
ဆောင်မည်ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်သည်။
monkdemoinmandalay1
မန္တလေးမြို့၊ အိမ်တော်ရာ ဘုရား၊ မြောက်ဖက်မုခ်တွင် နိုဝင်ဘာလ ၃ဝ ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ စတင်၍ သံဃာအပါး ၂ဝဝ ခန့်က ထိုင်သပိတ်ဆင်နွှဲနေကြစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း လက်ပံတောင်း သပိတ်မှောက် သံဃာတော်များအား အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ ဝန်ချတောင်းပန်ရန်နှင့် ၅ ရက်အတွင်း တရားခံများကို ဖော်ထုတ်အရေးယူရန် တောင်းဆိုထားသည်။

ကြာသပတေးနေ့ အကြမ်းဖက်မှုအား ရှုတ်ချသည့် ထိုင်သပိတ် ဆန္ဒပြပွဲကို သောကြာနေ့ မွန်းလွဲ ၁ နာရီက မန္တလေး မြို့ရှိ အိမ်တော်ရာ ဘုရား၊ မြောက်ဖက်မုခ်တွင် သံဃာ အပါး ၂ဝဝ ခန့်က ဆင်နွှဲနေစဉ် ဦးဆောင် ကိုယ်တော်တပါး
ဖြစ်သည့် မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်ခြင်းဖြစ်သည်။

“တရားခံ အစစ်ကို အမြန်ဆုံး အရေးယူပေးပါ၊ အမြန်ဆုံး အရေးယူ မပေးဘူးဆိုရင် ဒီအစိုးရဟာ စစ်အစိုးရလိုပဲ သံဃာထုတရပ်လုံးရဲ့ ပတ္တနိက္ကုဇ္ဇန ကံကို ခံရမယ်လို့ ဦးဉ္စင်း ပြောချင်တယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

မန္တလေးမြို့ လေးပြင်လေးရပ် သံဃာများနှင့် အမရပူရ၊ ဘဝအလင်း၊ မဟာဂန္တာရုံ စသည့် ကျောင်းတိုက်များမှ သံဃာများက တောင်းဆိုချက် ၄ ရပ် ချမှတ်ထားရာတွင် လက်ပံတောင်း အကြမ်းဖက်မှုနှင့်ပတ်သက်၍ “နိုင်ငံတာ် အစိုးရမှ သံဃာတော်များအား တရားဝင် ဝန်ချတောင်းပန်ရမည်။ အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပါတ်သက်၍ တာဝန် အရှိဆုံး အစိုးရမှ ပြည်သူများ ကျေနပ်လက်ခံနိုင်သည်အထိ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူဖြေရှင်းပေးရမည်” ဟု ပါရှိပြီး ဒဏ်ရာရရှိသွားသည့် သံဃာများနှင့် လုပုဂ္ဂိုလ်များအတွက်ု “ပြည့်စုံလုံလောက်သည့် ကျန်းမာရေး
စောင့်ရှောက်မှုနှင့် တစုံတရာ နစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက် ပေးရမည်” ဟုလည်း တောင်းဆိုထားသည်။

ထို့အပြင် “ဓါတုလက်နက်ကို ဘယ်သူက အသုံးပြုဖို့ ဘယ်သူက ခွင့်ပြုတယ်၊ အမိန်ပေးတယ် ဆိုတာကို အမြန်ဆုံး
ဖော်ထုတ်ပေးရမည်လို့ တောင်းဆိုထားပါတယ်။ ၅ ရက် စောင့်ကြည့်ပြီးရင်တော့ တောင်းဆိုတာတွေ မလိုက်
လျောဘူး ဆိုရင် တနည်းနည်းနဲ့ ထပ်ပြီး တုံ့ပြန်သွားမယ်” ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားသည်။

ထိုင်သပိတ် ဆန္ဒပြပွဲတွင် သံဃာများအပြင် ပြည်သူ ၂၀၀ ခန့်ကလည်း ဝန်းရံ ပါဝင်ကြောင်း သိရသည်။

မီးလောင်ဒဏ်ရာများဖြင့် သံဃာတော်များ၏ ဓာတ်ပုံများ၊ သာသနာ့အလံများ လွှင့်တင်ကာ ဆန္ဒပြနေကြကြောင်း အိမ်တော်ရာဘုရားသို့ သွားရောက်သတင်းရယူနေသည့် မဇ္ဈိမ သတင်းထောက် ကိုလွင် က ပြောသည်။

လက်ပံတောင်း ကြေးနီစီမံကိန်းတွင် သံဃာတော်များ ဝင်ရောက်ပါဝင်လာရခြင်းမှာ လယ်တီဆရာတော်ဘုရားကြီး၏ သမိုင်းဝင် အမွေအနှစ်အား ထိန်းသိမ်းစောင့်ရှောက်ရန် အဓိက ရည်ရွယ်ရင်းဖြစ်ပြီး သပိတ်မှောက်ပြည်သူများနှင့် စီမံကိန်း ကုမ္ပဏီတို့ နှစ်ဖက်လုံးမှ အကြမ်းဖက်ခြင်းများ မပြုမိစေရန် စောင့်ရှောက်ဖို့ ပါဝင်လာရခြင်း ဖြစ်ကြောင်း လည်း ဆရာတော်က ရှင်းပြသည်။

ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေသော ကုမ္ပဏီများနှင့် ဒေသခံများအကြား ပြဿနာများကို
ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ဆောင်ရွက်ပေးမည့် အပေါ်လည်း ကြိုဆိုကြောင်း ဆက်လက်မိန့်ကြားသည်။

“ဦးပဉ္စင်းကတော့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်း ခရီးစဉ်ကို တအားကြီးကို ဝမ်းသာအားရ ကြိုဆိုတယ်။ တခြားတခြားသော သြဇာတိက္ခမ ရှိတဲ့ ပါတီတွေ အဖွဲ့အစည်းတွေလည်း ဒကာမကြီး ဒေါ်အောင်ဆန်း စုကြည်တို့၊ ဒကာမကြီး ဒေါ်ခင်စန်းလှိုင် တို့လို ဝိုင်းဝန်းပါဝင် ဆောင်ရွက်စေချင်တယ်လေ” ဟု ဦးဝီရသူ က ဆိုသည်။

ကြာသပတေးနေ့နံနက် အကြမ်းဖက်မှုကြောင့် သံဃာအပါး ၅ဝ ကျော်မှာ မုံရွာဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရပြီး ဒဏ်ရာပိုမိုပြင်းထန်သော ကိုယ်တော် နှစ်ပါးမှာ မန္တလေးသို့ ပင့်ဆောင်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း သိရှိရသည်။
လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စ အဓိကတရားခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို(အရေးကြီး လက်ဆင့်ကမ်း Share ပေးရန်)

တန်ဆောင်မုန်းလပြည့်နေ့ညက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ငြိမ်းချမ်းစွာဆန္ဒပြနေသော ရဟန်းသံဃာအပါအ၀င် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပေါ်သည့်ကိစ္စတွင် အဓိကတာဝန်အရှိဆုံးလူမှာ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုဖြစ်ကြောင်းသိရှိရသည်။ အစိုးရအဖွဲ့ သမ္မတရုံးမှ လက်ပံတောင်းတောင်ကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနအား ဖြိုခွဲရှင်းလင်းရန် တာဝန်ပေးအပ်ထားသော်လည်း ရဲတပ်ဖွဲ့ဝင်များ၏ လုပ်နည်းကိုင်နည်း မကျွမ်းကျင်မှု နည်းစနစ် မသေချာမှု နှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများ အားနည်းခဲ့သောကြောင့် အရုပ်ဆိုးအကျည်းတန်သည့် အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများအား ဖြိုခွဲရှင်လင်းရာတွင် လုပ်ကိုင်နည်းအဆင့်ဆင့်ဖြစ်သည့် (၁)ဆန္ဒပြသူများအား မိုက်ခ် များ အော်လံများဖြင့် သတိပေးခြင်း (၂) အတွင်းစည်းအပြင်စည်းတားခြင်း (၃) ထပ်မံသတိပေးခြင်း (၄) အင်အားပြင်းရေပိုက်အသုံးပြုပြီး လူစုခွဲခြင်း (၅) မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများခွဲပြီး လူစုခွဲခြင်း (၆) အဓိကခေါင်းဆောင်များကို ဖမ်းဆီးခြင်း (၇) ဒါဏ်ရာရရှိသူများအား သက်ဆိုင်ရာဆေးကုသမှုပေးခြင်း (၈) လူစုခွဲလုပ်ငန်းပြီးဆုံးခြင်းဟူ၍ အကျဉ်းဖျင်းအဆင့်များရှိပါသည်။ အဆင့် (၄) အထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သော်လည်း အဆင့်(၅) စတင်ချိန်တွင် စမ်းသပ်လေ့ကျင့်ထားခြင်းမရှိသော ဖော့စ်ဖောရပ်စ်ပါဝင်သော မီးခိုးဗုံးများဖြင့် ပစ်ခတ်ခဲ့ရာမှ အဆိုပါဖော့စ်ဖောရပ်စ်မှာ လေနှင့်ဓါတ်ပြုပြီး ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်ပေါင်းများကို မီးလောင်ကျွမ်းစေသဖြင့် အဆင့်(၄)တွင် ရေဖျန်းခံထားရသော လူ၊ ရွက်ဖျင်တဲများနှင့် ပစ္စည်းများကို မီးလောင်ကျွမ်းခြင်း ဖြစ်ပေါ်ခဲ့ရသည်။ အဆိုပါ အဆင့်(၅)တွင် မမျှော်လင့်ဘဲ မီးတောက်မီးလျှံများ ဖြစ်ပေါ်ခဲ့သဖြင့် ဘာဆက်လုပ်ရမည်မသိဘဲ ကြောင်ငေးကြည့်နေခဲ့ရကြောင်းကို အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက PDK နှင့် ဖုန်းဆက်သွယ်ရာတွင် ပြောကြားခဲ့သည်။ အဆိုပါ ရဲအရာရှိက မိမိတို့မှာ ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် အသုံးပြုခဲ့သော မီးခိုးဗုံးများဟုသာ ယူဆသဖြင့် ဆန္ဒပြနှိမ်နှင်းရေးအဆင့်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မမျှော်လင့်ဘဲ မီးများထလောင်ခဲ့သဖြင့် ကြောင်ငေးကြည့်နေရပြီး နောက်ပိုင်းအဆင့်များကို အောင်မြင်စွာမဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့မီးများလောင်ကျွမ်းသဖြင့် သံဃာတော်များ ဒဏ်ရာအနာတရ ရခဲ့မှုများရှိသည်ကို သိရှိရသဖြင့် ၀မ်းနည်းရပါကြောင်း ပြောဆိုသွားသည်။ သို့ဖြစ်၍ လက်ပံတောင်းတောင် ဆန္ဒပြမှု လူစုခွဲရေးစီမံချက်သည် အထက်မှ အောက်ခြေအဆင့်အထိ ကောင်းမွန်စွာ ကြီးကြပ်ကွပ်ကဲနိုင်မှုမရှိခြင်း၊ အောက်ခြေတွင် အသုံးပြုသော လက်နက်ပစ္စည်းများအကြောင်း မသိရှိပဲ လွဲမှားစွာအသုံးပြုခဲ့မိခြင်း၊ အဓိကရုန်းနှိမ်နှင်းရေးနည်းလမ်းများကို အခြေအနေနှင့်အညီ သင့်တော်အောင် အမိန့်မပေးနိုင်ခြင်းများကြောင့် အရုပ်ဆိုးအကျည်းတန်ခဲ့ရပြီး လုပ်ပိုင်ခွင့်ရှိသူနှင့်ပစ်မိန့်ပေးသူ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုမှာ တာဝန်ရှိကြောင်း တင်ပြလိုက်ပါသည်။

Post by: People Development for Knowledge
Photo by: မြ၀တီ

အေးချမ်းမွန်မှ   People Development For Knowledge တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : People Development For Knowledge
လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စ အဓိကတရားခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို(အရေးကြီး လက်ဆင့်ကမ်း Share ပေးရန်)

တန်ဆောင်မုန်းလပြည့်နေ့ညက ဖြစ်ပွားခဲ့သော...
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ငြိမ်းချမ်းစွာဆန္ဒပြနေသော ရဟန်းသံဃာအပါအ၀င် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပေါ်သည့်ကိစ္စတွင် အဓိကတာဝန်အရှိဆုံးလူမှာ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုဖြစ်ကြောင်းသိရှိရသည်။ အစိုးရအဖွဲ့ သမ္မတရုံးမှ လက်ပံတောင်းတောင်ကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနအား ဖြိုခွဲရှင်းလင်းရန် တာဝန်ပေးအပ်ထားသော်လည်း ရဲတပ်ဖွဲ့ဝင်များ၏ လုပ်နည်းကိုင်နည်း မကျွမ်းကျင်မှု နည်းစနစ် မသေချာမှု နှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများ အားနည်းခဲ့သောကြောင့် အရုပ်ဆိုးအကျည်းတန်သည့် အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများအား ဖြိုခွဲရှင်လင်းရာတွင် လုပ်ကိုင်နည်းအဆင့်ဆင့်ဖြစ်သည့် (၁)ဆန္ဒပြသူများအား မိုက်ခ် များ အော်လံများဖြင့် သတိပေးခြင်း (၂) အတွင်းစည်းအပြင်စည်းတားခြင်း (၃) ထပ်မံသတိပေးခြင်း (၄) အင်အားပြင်းရေပိုက်အသုံးပြုပြီး လူစုခွဲခြင်း (၅) မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများခွဲပြီး လူစုခွဲခြင်း (၆) အဓိကခေါင်းဆောင်များကို ဖမ်းဆီးခြင်း (၇) ဒါဏ်ရာရရှိသူများအား သက်ဆိုင်ရာဆေးကုသမှုပေးခြင်း (၈) လူစုခွဲလုပ်ငန်းပြီးဆုံးခြင်းဟူ၍ အကျဉ်းဖျင်းအဆင့်များရှိပါသည်။ အဆင့် (၄) အထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သော်လည်း အဆင့်(၅) စတင်ချိန်တွင် စမ်းသပ်လေ့ကျင့်ထားခြင်းမရှိသော ဖော့စ်ဖောရပ်စ်ပါဝင်သော မီးခိုးဗုံးများဖြင့် ပစ်ခတ်ခဲ့ရာမှ အဆိုပါဖော့စ်ဖောရပ်စ်မှာ လေနှင့်ဓါတ်ပြုပြီး ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်ပေါင်းများကို မီးလောင်ကျွမ်းစေသဖြင့် အဆင့်(၄)တွင် ရေဖျန်းခံထားရသော လူ၊ ရွက်ဖျင်တဲများနှင့် ပစ္စည်းများကို မီးလောင်ကျွမ်းခြင်း ဖြစ်ပေါ်ခဲ့ရသည်။ အဆိုပါ အဆင့်(၅)တွင် မမျှော်လင့်ဘဲ မီးတောက်မီးလျှံများ ဖြစ်ပေါ်ခဲ့သဖြင့် ဘာဆက်လုပ်ရမည်မသိဘဲ ကြောင်ငေးကြည့်နေခဲ့ရကြောင်းကို အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက PDK နှင့် ဖုန်းဆက်သွယ်ရာတွင် ပြောကြားခဲ့သည်။ အဆိုပါ ရဲအရာရှိက မိမိတို့မှာ ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် အသုံးပြုခဲ့သော မီးခိုးဗုံးများဟုသာ ယူဆသဖြင့် ဆန္ဒပြနှိမ်နှင်းရေးအဆင့်များအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မမျှော်လင့်ဘဲ မီးများထလောင်ခဲ့သဖြင့် ကြောင်ငေးကြည့်နေရပြီး နောက်ပိုင်းအဆင့်များကို အောင်မြင်စွာမဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့မီးများလောင်ကျွမ်းသဖြင့် သံဃာတော်များ ဒဏ်ရာအနာတရ ရခဲ့မှုများရှိသည်ကို သိရှိရသဖြင့် ၀မ်းနည်းရပါကြောင်း ပြောဆိုသွားသည်။ သို့ဖြစ်၍ လက်ပံတောင်းတောင် ဆန္ဒပြမှု လူစုခွဲရေးစီမံချက်သည် အထက်မှ အောက်ခြေအဆင့်အထိ ကောင်းမွန်စွာ ကြီးကြပ်ကွပ်ကဲနိုင်မှုမရှိခြင်း၊ အောက်ခြေတွင် အသုံးပြုသော လက်နက်ပစ္စည်းများအကြောင်း မသိရှိပဲ လွဲမှားစွာအသုံးပြုခဲ့မိခြင်း၊ အဓိကရုန်းနှိမ်နှင်းရေးနည်းလမ်းများကို အခြေအနေနှင့်အညီ သင့်တော်အောင် အမိန့်မပေးနိုင်ခြင်းများကြောင့် အရုပ်ဆိုးအကျည်းတန်ခဲ့ရပြီး လုပ်ပိုင်ခွင့်ရှိသူနှင့်ပစ်မိန့်ပေးသူ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုမှာ တာဝန်ရှိကြောင်း တင်ပြလိုက်ပါသည်။

Post by: People Development for Knowledge
Photo by: မြ၀တီ

အေးချမ်းမွန်မှ People Development For Knowledge တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : People Development For Knowledge