Friday, August 31, 2012

ရန်ကုန် လေဆိပ်၌ ABSDF ဥက္ကဌ ဟောင်း ဒေါက်တာ နိုင်အောင်ကို သတင်းမီဒီယာများကြားတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မြောက်ပိုင်းဒေသ၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင်ကျင်းပကြောင်း သတင်း ရရှိသည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ABSDFမြောက်ပိုင်း ရဲဘော်ဟောင်းများက ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး သြဂုတ်လ ၃၁ ရက်စွဲဖြင့် ကြေညာချက် တစောင်လည်း ထုတ်ပြန်ခဲ့သည်။ ၁၉၉၁-၉၂ ခုနှစ်ကာလ ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ် ပါဂျောင်ဒေသရှိ ABSDF မြောက်ပိုင်းစခန်း အကျဉ်းထောင်၌မတ ရား စွပ်စွဲခံရကာ ညှဉ်းပန်းနှိပ်စက်ခံရပြီး ကျဆုံးသွားသူများ၏ နစ်နာမှုကို ပြန်လည် ဖော်ထုတ်ပေးလိုကြောင်း၊ တရား ဥပဒေ လမ်းကြောင်းအရ ဖြေရှင်းသည်များကို အားပေးကူညီနိုင်ရေးတို့အတွက် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း ဦးဆောင် ကျင်းပသူ တဦးဖြစ်သည့် ABSDF မြောက်ပိုင်း ရဲဘော်ဟောင်း ကိုရဲလင်းက ဧရာဝတီကို ပြောသည်။ “သမိုင်းကြောင်းအမှန် ပေါ်ပေါက်ဖို့အတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက ကိုယ် ဆက်စပ် ပတ်သက်ခဲ့တဲ့ အနေ အထားတွေက နေပြီးတော့ မှန်ကန်တဲ့ အချက်အလက်တွေ ပေးပြီး ပူးပေါင်း ပါဝင်စေလိုတဲ့ ရည်ရွယ်ချက်တွေလည်း ပါ ပါတယ်”ဟု သူက ဆိုသည်။ ယင်းဖြစ်ရပ်ကို သင်ခန်းစာယူ၍ အလားတူ ဖြစ်ရပ်မျိုး နောင်တွင် မဖြစ်ပေါ်စေရေး၊ အငြိုး အာဃာတ မထားဘဲ မိသားစု အားလုံးနှင့် တရားသဖြင့် အမှန်တရား ပေါ်ပေါက်ရေးကို ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သူက ဆက်ရှင်းပြသည်။ အဆိုပါ ကြေညာချက်တွင် အခင်းဖြစ်ပွားချိန်က သေဆုံးခဲ့သည့် ဦးစိန်၏ သမီးဖြစ်သူ မစန်းစန်းအေးက သူ၏ ဖခင် သေဆုံးမှုအတွက် အပြစ်ရှိသူများကို အရေးယူပေးရန် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်း၌ သြဂုတ်လ ၁၉ ရက်နေ့က အမှုဖွင့် တိုင်ကြားမှုကို မြောက်ပိုင်း ရဲဘော်ဟောင်းများက တာဝန်သိစိတ်ဖြင့် ထောက်ခံကြောင်းလည်း ပါဝင်သည်။ တရားစွဲဆိုခဲ့သူ မစန်းစန်းအေးက ဖခင် ဦးစိန်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ABSDF မြောက်ပိုင်းဒေသသို့ သွားရောက်ခဲ့ပြီး နောက် ၄င်းအား သတ်ဖြတ်ခံခဲ့ရသည်ကို သိခဲ့ရသော်လည်း အသေးစိပ်ကို မသိခဲ့ရကြောင်း၊ မကြာသေးခင်ကမှ ဖခင်သေဆုံး ရပုံကို သိခဲ့ရပြီးမှ တရားစွဲခဲ့ကြောင်း၊ ထောက်ခံ ကူညီမှုများအတွက် အားတက်မိကြောင်း ဧရာဝတီကို ပြောသည်။ ထိုသို့သတင်းစာရှင်းလင်းပွဲ လုပ်၍ ကြေညာချက်ထုတ်သည့် ယနေ့နေ့လယ်ပိုင်းတွင်ပင် ယခင် ABSDF ဥက္ကဌဟောင်း ဒေါက် တာနိုင်အောင် သည်လည်း နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပြည်တော်ပြန်ခရီး အဖြစ် ရန်ကုန်မြို့သို့ ရောက်ရှိလာချိန် နှင့် တိုက်ဆိုင်နေသည်။ ကိုရဲလင်းက“ဒေါက်တာနိုင်အောင်တို့ အနေနဲ့ အဖြစ်အပျက်အမှန် ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ ၃ ပွင့်ဆိုင် သော် လည်းကောင်း ပေါ့၊ ညှိနှိုင်းဆွေးနွေးသင့်တယ် ဆိုတဲ့ လမ်းကြောင်းပေါ် တက်သင့်တယ်၊ ဥပဒေကြောင်းအရ ဖြေရှင်းကြတဲ့ ပြ ဿနာတွေမျိုးမှာလည်း ကိုယ်တာဝန်ရှိတဲ့ အနေအထားအလျောက် ဖြေရှင်းပေးရလိမ့်မယ်လို့ ကျနော်တို့ မြင်တယ်”ဟု ပြော သည်။ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသော ဒေါက်တာနိုင်အောင်က ABSDF မြောက်ပိုင်းနှင့် ပတ်သက်၍ ထိုအချိန်က ဖြစ်ရပ် အပေါ် ၀မ်းနည်းကြောင်း သတင်းထောက်များ၏ အမေးကို ပြန်လည်ဖြေကြားသည်။ “တရား ဥပဒေ စိုးမိုးမှု၊ ပွင့်လင်း ထင်သာမြင်သာမှုဖြစ်တဲ့ အခြေအနေရောက်ရင် အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး အဖြစ်မှန် ပေါ်ပေါက်ရေးကိုကျနော်တို့ ရှာဖွေလုပ်ဆောင်ချင်ပါတယ်။ အဲ့ဒီအတွက် အပြည့်အ၀ပူးပေါင်းပါဝင်မယ်လို့ ကျနော် ပြောလိုပါတယ်” ဟု ဒေါက်တာနိုင်အောင်က ဆိုသည်။ ယနေ့ ရန်ကုန်မြို့သို့ ပြည်တော်ပြန် ရောက်ရှိလာသူများမှာ ဒေါက်တာ နိုင်အောင် အပါအ၀င် ဒေါက်တာ သောင်းထွန်း၊ ဦးညိုအုန်းမြင့်(NLD-LA)တို့ ဖြစ်သည်။ ဒေါက်တာနိုင်အောင် ပြောဆိုချက်အပေါ် ကြိုဆိုကြောင်း၊ ၄င်းအနေနှင့်လည်း ပါဂျောင် ဒေသတွင် ဖမ်းဆီးစစ်ဆေးခံရခဲ့ပြီး အချုပ်ကျခဲ့သူဖြစ်ကြောင်း၊ ဦးစိန် သေဆုံးမှုနှင့်ပတ်သက်၍ တရားဥပဒေအရ သက်သေထွက်ဆိုရာတွင်လည်း သိသည့်၊ မြင် သည့် အချက်များကိုသာ ထွက်ဆိုမည်ဖြစ်ကြောင်း ကိုရဲလင်းက ပြောဆိုသည်။ ယနေ့ သတင်းစာရှင်းလင်းပွဲကို အခင်းဖြစ်ပွားမှုကြောင့် သေဆုံးသူများ၏ မိသားစုဝင်များ၊ သတင်းမီဒီယာသမားများ၊ စိတ် ၀င်စားသူများ တက်ရောက်ကြသည်။ ၁၉၉၁-၉၂ ခုနှစ်က ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် စစ်ထောက်လှမ်းရေးဟု စွပ်စွဲပြီးလူ ၁၀၀ ကျော်ကို ဖမ်းဆီး၍ ပြစ် ဒဏ်ပေး စီရင်မှု ဖြစ်ပွားခဲ့ရာABSDF မြောက်ပိုင်း ဥက္ကဌ ကိုထွန်းအောင်ကျော် အပါအ၀င် ၃၅ ဦး သေဆုံး၍လူ ၅၀ ကျော်မှာ တရုတ်ပြည်ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

Wednesday, August 8, 2012

ရှစ်လေးလုံး အခမ်းအနား အမေရိကန်ပြည်ထောင်စုတွင် ကျင်းပ

2012-08-08၂၄ နှစ်မြောက် ရှစ်လေးလုံး လူထုအုံကြွမှု အထိမ်းအမှတ် အခမ်းအနားတွေကို အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့နဲ့ အနောက်အလယ်ပိုင်းမှာရှိတဲ့ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့တို့မှာ မနေ့က ကျင်းပပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအရေးတော်ပုံကြီးမှာ ပါဝင်တဲ့ တစ်နိုင်ငံလုံးက မြန်မာပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆန်ဖရန်စ္စကိုမြို့နားက ဘတ်ကလေမြို့မှာ Burma Day မြန်မာနိုင်ငံနေ့ အခမ်းအနားကို မနက် ၈ နာရီ ၈ မိနစ်မှာ ကျင်းပတယ်လို့ ဘာ့ဒါ့ (BADA) မြန်မာ-အမေရိကန် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့က ဦးညွန့်သန်းက ပြောကြားပါတယ်။
"ရှစ်လေးလုံး အထိမ်းအမှတ်နဲ့ ဗမာပြည်နေ့လို့ သတ်မှတ်ပြီးတော့ ဘတ်ကလေမြို့မှာ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံတော်အလံနဲ့ ခွပ်ဒေါင်းအလံကို လွှင့်ထူမယ်လေ။ မနက် ၈ နာရီနဲ့ ၈ မိနစ်မှာ မြန်မာနိုင်ငံတော်အလံနဲ့ ခွပ်ဒေါင်းအလံ လွှင့်တင်ပြီးတော့ ရှစ်လေးလုံး အထိမ်းအမှတ်ပွဲကို ကျင်းပတယ်။ ပြီးတဲ့ နောက်ပိုင်းမှာလည်း ဆရာတော်တွေအားလုံးကို ဆွမ်းကပ်ပြီးတော့ အမျှပေးဝေလိုက်ပါတယ်"
အခမ်းအနားကို မြန်မာနိုင်ငံကနေ Oakland မြို့ကို ခေတ္တကြွရောက်လာတဲ့ ရွှေည၀ါဆရာတော်လည်း တက်ရောက်ပြီး ဘတ်ကလေမြို့က Peace and Justice Commission ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး ကော်မရှင်အဖွဲ့ဝင်တွေ၊ ဆန်ဖရန်စ္စကို တ၀ိုက်က မြန်မာ့အရေး စိတ်ဝင်စားသူတွေနဲ့ မြန်မာတွေ တက်ရောက်ပါတယ်။
အဲဒီနောက် ဘတ်ကလေမြို့နဲ့ တဆက်တည်းရှိနေတဲ့ Oakland မြို့က လူထုရိပ်သာတစ်ခုမှာ ရှစ်လေးလုံးနေ့ ဆွမ်းကပ်အလှူဒါန လုပ်တယ်လို့ ပြောပါတယ်။
ဖို့ဝိန်းမြို့ ပအို့ဝ်၀ိဟာရ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှာ ရှစ်လေးလုံး အထိမ်းအမှတ် စုပေါင်းဆွမ်းကပ် လှူဒါန်းပွဲနဲ့ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပတယ်လို့ ပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ ဦးအောင်မြင့်ထွန်းက ပြောကြားပါတယ်။
"၁၁ နာရီမှာ စုပေါင်းပြီး ဆွမ်းတွေကပ်တယ်။ ၁ နာရီမှာ ကျွန်တော်တို့ တရားနာတယ်။ ၁ နာရီခွဲလောက်မှာ ကျွန်တော်တို့ အခမ်းအနားကို စတာပေါ့နော်။ တက်ရောက်လာတဲ့ လူတွေကလည်း စကားပြောကြတယ်ပေါ့။ ဒီရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေး ကော်မတီကနေပြီး စုပေါင်းပြီး လုပ်ကြတာပါ"
ဒီအခမ်းအနားမှာ ရွှေညဝါဆရာတော် တက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး RFA ဒေါ်စန်းစန်းတင်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။
တင်ပြချက်။
အသံဖိုင်ယူရန်။

Sunday, July 29, 2012

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရေး ဖို့ဒ်ဝိန်း မိသားစု ပြင်ဆင်

2012-07-29

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့်စက်တင်ဘာလ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ အင်အားအပြည့်နဲ့ ကြိုဆိုနိုင်ရေး အတွက် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများဆုံး နေထိုင်ရာ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာ ပြင်ဆင်နေကြပါတယ်။
အစီအစဉ်တွေ ရေးဆွဲနိုင်ရေးအတွက် ဒီကနေ့ အစည်းအဝေး ခေါ်ယူထားကြောင်း၊ ဖို့ဒ်ဝိန်းမြို့ရောက် မြန်မာတိုင်းရင်းသားများ အားလုံး စုစည်းပြီး ညီညီညွတ်ညွတ်နဲ့ တမြို့လုံးက ကြိုဆိုနိုင်ရေး ပြင်ဆင်နေကြကြောင်း မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဦးအောင်မြင့်ထွန်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဖို့ဒ်ဝိန်းမြို့ကို လာရောက်မယ့်ရက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ သူရဲ့ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၉ ရက်နေ့မှာ အမေရိကန်လွှတ်တော်က ဂုဏ်ပြုချီးမြှင့်မယ့် ရွှေတံဆိပ်ဆုကို အရင်ဆုံး လက်ခံရယူမှာ ဖြစ်ပါတယ်။

Friday, July 20, 2012

အာဇာနည်ဗိမာန် လွတ်လပ်စွာ ဂါရဝပြုခွင့်ရ

 

2012-07-19
အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနားကို ဒီနှစ်မှာ စတင်ပြီး ခမ်းနားစွာ ပြန်လည်ကျင်းပခဲ့သလို ပြည်သူအများကိုလည်း အရင်လိုမဟုတ်ဘဲ အာဇာနည် ဗိမာန်မှာ လွတ်လွတ်လပ်လပ် လာရောက် ဂါရဝ ပြုခွင့် ပေးခဲ့ပါတယ်။
Photo: 88 Generation Students
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်က ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့အတူ အနုပညာရှင် ၂၀ ခန့် စုပေါင်းပြီး ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် လွမ်းသူ့ပန်းခွေချ အလေးပြုရန် ရောက်ရှိနေစဉ်။
ဒီကနေ့ နေ့လည် (၃) နာရီလောက်မှာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့အတူ နာမည်ကျော် အနုပညာရှင် ၂၀ လောက် စုပေါင်းပြီး ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်တွေကို လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။
ဒီနှစ် အာဇာနည်နေ့ အခမ်းအနားမှာ အာဏာပိုင်တွေဘက်က ပြည်သူတွေ ပါဝင်ခွင့် ပေးခဲ့တဲ့အတွက် ပြုပြင် ပြောင်းလဲရေးအတွက် တိုးတက်လာတဲ့ အခြေအနေတစ်ခု ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မမီးမီးက RFA ကို ပြောပါတယ်။
"ဒီနေ့ အာဇာနည်နေ့မှာ အခုလိုမျိုးပေါ့နော်၊ အားလုံးပါဝင် အလေးပြုလို့ ရအောင်ပေါ့နော်၊ ဘာမှ စည်းကမ်းတင်းကျပ်ခြင်း၊ ကန့်သတ်ခြင်း မရှိပဲနဲ့ ပြည်သူလူထုအားလုံးကို လွတ်လပ်စွာ အလေးပြုခွင့်ပေးတဲ့ အတွက် ဒီဟာ ကျွန်မတို့ နိုင်ငံရဲ့ ပြန်လည် တည်ဆောက်ရေးကာလမှာ ဒီလိုမျိုးလုပ်တဲ့ ဖြစ်ရပ်ကို ကျွန်မတို့ ဂုဏ်ယူပါတယ်။ နောက်ပိုင်းလည်း ကျွန်မတို့ ပြည်သူနဲ့ အတူ ပူးပေါင်းဆောင်ရွက် သွားမှာပါ။ ပြည်သူကို မကြောက်ပါနဲ့။ ပြည်သူနဲ့အတူ လက်တွဲဆောင်ရွက်ပါ။ ဒါမှသာလျင် စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကို အမြန်ဆုံး ဖော်ဆောင်နိုင်ပြီးတော့ ကျွန်မတို့ တိုင်းပြည်ဟာ အေးချမ်းသာယာပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ တကဲ့ ဒီမိုကရေစီနိုင်ငံသစ် ဖြစ်ပါလိမ့်မယ်လို့ ကျွန်မပြောချင်ပါတယ်"
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကလည်း ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူး အောက်မေ့တဲ့အနေနဲ့ သင်္ကန်းကျွန်း မဂ္ဂင်ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်လှူဒါန်း ခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက RFA ကို ပြောပါတယ်။
ဒါ့အပြင် ကိုကျော်ကိုကိုနဲ့ အဖွဲ့က ရွှေပြည်သာ မြို့နယ်မှာရှိတဲ့ ပညာ့ပျိုးခင်း ပညာဒါနကျောင်းမှာ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေကို အာဇာနည်နေ့အကြောင်း ဟောပြောခဲ့ပြီး ဗကသများ အဖွဲ့ချုပ် အမှုဆောင်တချို့က သံလျင်မြို့နယ်က ကျောင်းသားတွေရဲ့အာဇာနည်နေ့အခမ်းအနား၊ ဟင်္သာတမြို့နယ်က ကျောင်းသားတွေရဲ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
မန္တလေးမြို့မှာတော့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးတွေ ချထားပေမယ့် ရတနာပုံတက္ကသိုလ် ကျောင်းသားတွေ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို အထက်ဗမာပြည် ဗကသများ အဖွဲ့ချုပ်ဝင်တွေ တက်ရောက်ကြတယ်လို့ ဗကသများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီဝင် ကိုမိုးထက်နေက ပြောပါတယ်။
"ရတနာပုံတက္ကသိုလ် ကျောင်းသားတွေက ဦးဆောင်ပြီးလုပ်တယ်။ ကျွန်တော်တို့ အဲဒီပွဲတက်တယ်။ ကျောင်းထဲကိုတော့ ဝင်လို့မရဘူး။ ကျောင်းဝင်းတံခါး ပိတ်ထားတယ်။ ကျောင်းမှာ ဆရာတွေ အဲဒီအပေါက်ဝမှာ ထိုင်စောင့်နေတယ်။ နောက် CCTV ကင်မရာတို့ တပ်ထားတယ်။ နောက် ကန်တပ်ကုန်း ဆရာတော် လုပ်တဲ့ပွဲ တက်တယ်။ လုံခြုံရေး ချထားတာတော့ အနည်းအကျဉ်း ရှိပါတယ်။ နောက်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေလည်း ချထားတာ ရှိတယ်။ ဒါပေမဲ့ ဝင်ပြီး အနှောင့်အယှက် ပေးတာတော့ မရှိဘူး"
ဧရာဝတီတိုင်း ဒေးဒရဲမြို့မှာတော့ ရန်ကုန်မြို့ အာဇာနည်ကုန်း ပုံစံငယ်အတိုင်း ဒေးဒရဲ NLD ရုံးရှေ့မှာ တည်ဆောက်လိုက်ပြီး ဒေသခံပြည်သူနဲ့ အဖွဲ့အစည်းတွေ၊ ဌါနဆိုင်ရာ တချို့က ဝန်ထမ်းတွေ စုစုပေါင်း လူ သုံးထောင်လောက် အာဇာနည်နေ့ကို ကျင်းပခဲ့တယ်လို့ NLD လူငယ် ကိုရင်ထွေးက ပြောပါတယ်။
"ရွှေတိဂုံ အနောက်မုခ်မှာရှိတဲ့ အာဇာနည်ကုန်း ပုံစံမျိုး သစ်သားတွေနဲ့ ဆောက်ပြီးတော့ အပေါ်ကနေ ပိတ်စတွေနဲ့ အုပ်ပြီးတော့ ဗြက် ၁၅ ပေ၊ အရှည် ၁၈ ပေရှိတဲ့ အာဇာနည်ကုန်းဗိမာန် ပုံစံတူ ဆောက်ပြီးတော့ အာဇာနည် ခေါင်းဆောင်တွေ ဓာတ်ပုံ ထည့်ပြီးတော့ ၂၅ နှစ်လုံးလုံး ကွယ်ပျောက်နေတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို သတိရတဲ့လူတိုင်းက အလေးလာပြုဖို့ အတွက် ကျွန်တော်တို့ ဖိတ်မန္ကကပြုပြီးတော့ ကျွန်တော်တို့ ဆောက်ပါတယ်ခင်ဗျ။ လူတွေ အားလုံးပေါင်း ခန့်မှန်းခြေက သုံးထောင်ကျော်လောက် ရှိမယ် ခင်ဗျ။ မြို့မှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေရော လာပြီးတော့ ပန်းခွေချ အလေးပြုပါတယ်ခင်ဗျ။ ဌာနဆိုင်ရာ တချို့ကရော လာပါတယ်ခင်ဗျ"
တောင်ကြီးနဲ့ အောင်ပန်းမြို့တွေမှာလည်း အာဇာနည်နေ့ ပန်းခွေချ အလေးပြုမယ့် အစီအစဉ်ကို မနေ့ကအထိ ပြည်နယ်အစိုးရက ခွင့်မပြုတဲ့အကြောင်း စာပို့ထားပေမယ့် ဒီနေ့မှာတော့ NLD အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေက ပန်းစည်းချ အလေးပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူပဲ ပျဉ်းမနား နေပြည်တော်မှာလည်း နေပြည်တော်ကောင်စီက ကြီးမှူးပြီး ပထမဆုံးအကြိမ် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကျွေး တရားနာပွဲကို ကျင်းပခဲ့ပါတယ်။ ဒါအပြင် နေပြည်တော် မဲဆန္ဒနယ်မြေ (၄) ခုမှာ အနိုင်ရသွားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပထမဆုံးအကြိမ် အာဏာပိုင်တွေဘက်က ဖိတ်ကြားခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒက္ခိဏသီရိမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။
ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းက ဗိုလ်ချုပ်ကြေးရုပ်မှာ အများပြည်သူတွေက ပန်းစည်းတွေနဲ့တကွ ဂါရဝ ပြုခဲ့ကြသလို နှစ်ပေါင်းများစွာ ပိတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကိုလည်း ဒီနေ့ ဖွင့်ပေးတဲ့အတွက် ကျောင်းသား၊ ပြည်သူတွေနဲ့ စည်းကား ပြည့်ကျပ်နေပါတယ်။

Thursday, July 19, 2012

ဒေါ်နန်းဝါနုနှင့်စပ်လျှဉ်း၍


ဒေါ်နန်းဝါနုကို ဒေါ်ရီရီအောင်က ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူး
မေး။ ။အခုလိုတင်လိုက်တဲ့ အဆိုဟာဒေါ်အောင်ဆန်းစုကြည်ကို
ရည်ညွှန်းတာဆိုပြီးတော့လဲ ပြောနေကြပါတယ်ရှင့်။ အဲဒါဟုတ်ပါသလား။
ဖြေ။ ။အဲသလိုမျိုးသဘောထား အနေနဲ့တော့ မဟုတ်ဘူးရှင့်။ သူ့ ကို
ရည်ညွှန်းတာတော့ တစ်စိတ်တစ်ပိုင်းပဲ ပါပါတယ်။ ဒါပေမယ့် ကျွန်မတို့
မြန်မာနိုင်ငံကို လတ်တလော ပူပူနွေးနွေးရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကို တိုက်ရိုက်ရည်ညွှန်းတာရှင့်။ မြန်မာနိုင်ငံရဲ့အရေးကိစ္စကိုတော်တော်လေး ထဲထဲဝင်ဝင်လုပ်ပေးနိုင်မယ့်
နောက်ပြိးလို့ ရှိရင် ကျွန်မတို့ ရဲ့ သမ္မတ ဦးသိန်းစိန်ရယ်၊ လွှတ်တော်ဥက္ကဌ
ရယ် ဒေါ်အောင်ဆန်းစုကြည်ရယ်ပူးပေါင်းပြိးတော့ ဆောင်ရွက်ကြမယ်လို့ 
တင်လိုက်တာ။ ကျွန်မအနေနဲ့ကတော့ တစ်ဦးတစ်ယောက်ထဲကနေ
ဆောင်၇ွက်လို့ မရဘူးလို့ ယူဆတယ်ရှင့်။
မေး။ ။ခုလို အဆိုတင်သွင်းလိုက်ပြီးတဲ့နောက်မှာ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ် ဒေါ်နန်းဝါနုတို့ ရယ်တွေဆုံပြီး
တော့ ဆွေးနွေးကြတယ်လို့ သိရပါတယ်ရှင့်။ အဲဒီမှာ ဘာတွေပြောကြပါလဲ။
ဖြေ။ ။တွေ့ ဆုံတယ်ဆိုတာကတော့ ကြိုဆိုတဲ့ အနေနဲ့တွေ့ တာရှင့်။
မေး။ ။ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုရုပ်သိမ်းဖို့ အဆိုပြုချက်တင်သွင်းတာက
ဒေါ်နန်းဝါနု တစ်ယောက်ထဲ့ရဲ့ သဘောထားပါလား
ဖြေ။ ။ဟုတ်ကဲ့ ကျွန်မတစ်ယောက်ထဲရဲ့ သဘောထားပါပဲ။ အမှန်ဆိုလို့ ရှိရင် အချိန်ရှိသေးတယ်ဆိုရင် တော်တော်လေးစဉ်းစားဥိးမယ်။ ကျွန်မအနေနဲ့
ကတော့အချိန်ကသိပ်မ၇ှိတော့ဘူး။ဘာဖြစ်လို့ လဲဆိုတော့နောက်တစ်ပတ်
မှ ဆုံးဖြတ်ကြတော့မယ်ဆိုတဲ့အနေထားကြောင့် ကျွန်မရဲ့သဘောထားက သူတို့ သိသွားသင့်တယ် ဆိုပြိး သဘောပေါက်သွားတာကြောင့် အဆိုကို
ကြိုးစားပန်းစားနဲ့ ကျွန်မတစ်ဦးထဲ ရေးခဲ့၇ခြင်းဖြစ်ပါတယ်။
မေး။ ။ဒေါ်နန်းဝါနုရဲ့ အဆိုပြုချက်ဆိုတာက အစိုးရဘက်က သဘောထားနဲ့ 
တစ်ထပ်တည်းဖြစ်နေတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ အပေါ်မှာချမှတ်
ထားတဲ့ပိတ်ဆို့မှု၊ အရေးယူမှုအားလုံကိုပယ်ဖျက်ပေးစေချင်တယ်ဆိုတာက အစိုးရဘက်ကသဘောထား။ အဲဒီတော့ ဒ်ီအဆိုပြူချက်ကို တင်သွင်းတဲ့
နေရာမှာ ဒီအရေးကြီးတဲ အဆိုအနေနဲ့ တင်သွင်းဖို့ လုပ်တာဟာ စည်းဝါး
ကိုက်လုပ်တာဆိုပြီးတော့ ပြောဆိုမှုတွေကြားရပါတယ်ရှင့်။ ဘာလို့လဲ
ဆိုတော့ ထောက်ခံဆွေးနွေးတဲ့သူတွေဘက်က စာရွက်စာတမ်းအပြည်အစုံ
နဲ့ ထောက်ခံပြိးတော့တင်ပြကြတယ်ဆိုတော့ ညှိထားတာလို့ ပြောနေကြတဲ့ အပေါ်မှာ ဒေါ်နန်းဝါနုဘယ်လိုမျိုးတုန့် ပြန်ပြောဆိုနိုင်မှာပါလဲ။
ဖြေ။ ။ ဒီဟာကလေ ဒီအစိုးရရဲ့ သဘောထားတစ်ခုထဲ မဟုတ်ဘူးရှင့်။ ကျွန်တို့ တိုင်းရင်းသားတွေအားလုံးကလဲ ဒီသဘောထားရှိပါတယ်။အားလုံး
မေးကြည့်လိုက်ပါ။ ဒီအရေးယူပိတ်ဆို့ မှုဆိုတာတွေဟာ ကျွန်မတို့ ဘက်ကို လုံးလုံးမထိပေမယ့် နောက်ပြီးမြန်မာနိုင်ငံကိုလဲ မဖြစ်စေချင်ဘူး။ကျွန်မတို့ စာရိုက်ပြီးတော့မှ အဲဒီဟာလုပ်တယ်ဆိုတာမှန်တော့မှန်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မနဲ့ဒေါ်ခင်စောဝေနဲ့က နှစ်ယောက်က အခန်းခြင်းကပ်ရက်
နေတာ။ ပြီးညတုန်းက ၁ နာရီထိကို ကျွန်မတို့ နှစ်ယောက် ကျွန်မအခန်း
ထဲမှာပဲ ကွန်ပျူတာနဲ့ ရိုက်ပြီးတော့ တစ်ခါထဲမှတိုင်ပင်ပြီးတော့ရေးကြတာ။ ဦးဌေးမြင့် အနေနဲ့ က နဂိုကထဲက သူကစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ အတွက်ကြောင့် သူက ကျွန်မအဆို မတင်သွင်းခင်လောက်ကထဲက
ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခဲ့တယ်ဆိုတဲ့ အနေအထားကို
သိခဲ့ရတယ်။
မေး။ ။ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော ဘယ်လိုသဘောထားရှိတယ်
လို့ သိရပါလဲ။
ဖြေ။ ။ သူနဲ့တွေ့တဲ့ အချိန်က ကျွန်မက သူ့အတွက်ကြိုဆိုတဲ့နှုတ်ဆက်ပွဲ
ဖြစ်နေတော့လဲ တစ်ယောက် အကြောင်းတစ်ယောက် အများရှေ့ မှာ စကားကောင်းကောင်းပြောရတယ်မရှိဘူး။ကျွန်မက သူ့ ရဲ့စိတ်သဘောထား
ကို မသိဘူးရှင့်။
မေး။ ။မြန်မာနိုင်ငံမှာတိုးတတ်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အရဖြစ်ရပ်တွေဟာ ပြည်ပကနေပြီးတော့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူချမှတ်ထားတဲ့ဖိအား
တွေကနေပေါ်ပေါက်လာတာ။ နောက်ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်
ထဲမှာ ပါဝင်လာပြီးနောက်အထိဖြစ်လာတာပေါ့နော်။ ပိတ်ဆို့ အရေးယူမှု
တွေကိုအမြန်ဆုံရုပ်သိမ်းပေးဖို့  ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဆောင်ရွက်ဖို့
တောင်းဆိုခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အကျပ်အတည်း
ဖြစ်အောင်တွန်းပို့ တယ်ဆိုတဲ့သဘောတွေ ပြောနေတာတွေကြားရ
ပါတယ်။ အဲဒီအပေါ်မှာရော ဒေါ်နန်းဝါနုဘယ်လိုပြောချင်ပါသလဲ။
ဖြေ။ ။ ကျွန်မတို့ကလဲ အဲဒီလိုမျိုး မရည်၇ွယ်ဘူး။ ကျွန်မတို့ ကလုပ်ချင်တဲ့ စိတ်ဆန္ဒရှိတဲ့သူ ဘယ်သူမဆို ကိုယ့်ရဲ့ စိတ်သဘောထားအရသာ ကျွန်မတို့
မြန်မာနိုင်ငံအတွက်လုပ်ပေးပါ ပြောတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်မတို့ အတွက်လုပ်ပေးပါဆိုတာကနေ ကျွန်မ မတောင်းဆိုခဲ့ရဘူး။
သူ မလုပ်သည်ဖြစ်စေ လုပ်သည်ဖြစ်စေ ကျွန်မတို့ နဲ့လဲဆိုင်တယ် သူ လုပ်တယ်ဆိုရင်တော့ ကျွန်မတို့ မြန်မာနိုင်ငံသားတွေအနေနဲ့  အထူးကျေးဇူးတင်ရမှာပေါ့။
..............................................................................................
်ဒေါ်နန်းဝါ၀ါနု ကို ပုဂွိုလ်ရေး တိုက်ခိုက်ထားသည် ဟု ယူဆရသော
စာတစ်ပုဒ် ။
ဒေါ်အောင်ဆန်းစုကြည်ကို အရှက်ခွဲခဲ့သူ ကျားဖြူမမ ဆိုသည်မှာ-
အမည်-ဒေါ်နန်းဝါ၀ါနု (ရှေ့နေ)အသက်-(၃၀) နှစ်
အဖအမည်-စိုင်းဦးဆိုင်
(
၂၀၀၅-ခုနှစ် ရှမ်းပြည်အတိုင်ပင်ခံကောင်စီဖမ်းဆီးမှုတွင် ဗိုလ်ချုပ်ဆေထင်
ကို အားပေးကူညီမှုဖြင့် ပုဒ် ၁၇()တပ်ကာ ထိန်းသိမ်းခံရသည်။ လပိုင်း
အတွင်း ပြန်လွတ်မြောက်ခဲ့သည်။ တောင်ကြီးမြို့-သစ်တောရပ်ကွက်တွင်
အနှိပ်ခန်းဖွင့်လှစ် နေထိုင်သည်။ အနှိပ်ခန်းသက်သက်မဟုတ်ဘဲ
ပြည့်တန်ဆာခန်းပါ ပူးတွဲလုပ်ကိုင်သည်)
ခင်ပွန်းအမည်-ခွန်ဌေးနိုင်လော
နန်းဝါနုသည် ရှေ့နေလုပ်ငန်းဖြင့် အခကြေးငွေမယူပါဟုဆိုပြီး တရားခံများ
ဘက်မှ ပါဝါများကို ယူဆောင်သည်။ သို့သော် ရဲကြေး၊ တရားသူကြီးကြေး၊ ဆွဲချရှေ့နေအတွက်ဟု ဆိုကာ ငွေများကို တရားခံများထံ ပြန်လည်
တောင်းခံသော ထူးခြားသည့် တိုင်းရင်းသူ ရုပ်ရှည်ချောမောသည့် ရှေ့နေမ တစ်ဦးဖြစ်သည်။
ခင်ပွန်းဖြစ်သူမှာ ဗိုလ်နေ၀င်းရဲ့ဒေါက်တိုင် ဒုတိယ-ဗိုလ်မှူးကြီးထွန်းရင်လော
(
မြသန်းတင့်၊ ဗန်းမော် တင်အောင်၊ လူထုစိန်ဝင်းနှင့်ရဲဘော်ဖိုးသံချောင်း
တို့ကို ကျွန်းသို့ပို့ဆောင်ခဲ့သူ) ၏တူတော်မောင် ခွန်ဌေးနိုင်လော ဖြစ်သည်။
ထွန်းရင်လောဆိုသူမှာ ပအိုဝ်းအမျိုးသား လောက်ကောင်အဖြစ် ပအိုဝ်းပြည်သူများက သတ်မှတ် ခံထားရသူဖြစ်သည်။ မဆလ ဒေါက်တိုင်
ဖြစ်သလို နအဖ ညောင်နှစ်ပင်ညီလာခံတွင်လည်း သဘာပတိအဖြစ် ကုလားထိုင်ပေါ် တက်ခွထိုင်ဖူးသူဖြစ်သည်။
လက်ရှိ နန်းဝါနု ခင်ပွန်း ခွန်ဌေးနိုင်လောမှာ အမြဲတမ်းသောက်စားနေသူ
ဖြစ်သည်။ တကယ့်ယစ်ထုတ် ကြီးဖြစ်နေပါသည်။ ဇနီးသည်မှာလည်း ရုပ်ရှည်ချောမောသဖြင့် စိုင်းအိုက်ပေါင်းတို့ လက်စွဲတော်ဖြစ် နေသည်ကို သိရှိသဖြင့် ထွက်ပေါက်ရှာသည့်အနေဖြင့်ပိုမိုအရက်သောက်နေသူဖြစ်သည်
ဖခင်မှာလည်း ဇိမ်ခန်းဖွင့်လှစ်ထားသဖြင့် စိုင်းအိုက်ပေါင်းကဲ့သို့သောလူများ ရန်ကုန်တွင် ခြေငြိမ် သလောက် တောင်ကြီးတွင် ထင်တိုင်းကျဲနေသည်မှာ နန်းဝါနု ဖခင်ဖွင့်ထားသော ဇိမ်ခန်းတွင်ဖြစ် သည်။ တကယ်လည်း စိုင်းအိုက်ပေါင်းသည် ရန်ကုန်တွင် ဗြောင် မ'ဘူး'ရဲပါ။ တောင်ကြီးတွင်သာ စိတ်လွတ်ကိုယ်လွတ် 'ဘူး'ပါသည်။ ထို့ကြောင့်လည်း နန်းဝါနုဖခင်
ဇိမ်ခေါင်း စိုင်းဦးဆိုင်နှင့် ဖောက်သည်ဖြစ်သွားပုံရသည်။
၂၀၁၀-ခုနှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကျန်းမာရေးမှူး
ဒေါက်တာစိုင်းခမ်းလှိုင်သည် ကော်မရှင်အဖွဲ့ခေါင်းဆောင်ဖြစ်သည်။
နအဖ အခြေခံဥပဒေ နောက်ဆုံးရေးဆွဲသည့် ၅၄ ဦးကော်မတီတွင် လည်း ဒေါက်တာစိုင်းခမ်းလှိုင်ပါဝင်သည်။ (ညောင်နှစ်ပင်ညီလာခံ
အပြီးတွင် ဦးသိန်းစိန်ဦးဆောင်သော အခြေခံဥပဒေ နောက်ဆုံး
အချောသတ်ရေးဆွဲသည့် ၅၄ ဦးကော်မတီဖြစ်သည်)
ဒေါက်တာစိုင်းခမ်းလှိုင်သည် နန်းဝါနု၏ ဦးလေးအရင်းခေါက်ခေါက်
ဖြစ်သည်။ ဒေါက်တာစိုင်းခမ်းလှိုင် သည် ၂၀၁၀ -ရွေးကောက်ပွဲတွင်
ကော်မရှင်မှ ထွက်ကာ ကွန်ဟိန်းမဲဆန္ဒနယ်တွင် ကြံ့ဖွတ်အမတ် အဖြစ်
အရွေးခံသည်။ စိုင်းအိုက်ပေါင်းကလည်း စိုင်းခမ်းလှိုင်တူမဖြစ်သူ နန်းဝါ၀ါနုကိုရွေးချယ်ကာ ကျားဖြူ အမတ်အဖြစ် ကွန်ဟိန်းတွင် ၀င်ရောက်ယှဉ်ပြိုင်စေသည်။ ကွန်ဟိန်းရှမ်းများ ကြံ့ဖွတ်ကို အော့နလုံး နာသဖြင့် နန်းဝါနုသည် အရွေးချယ်ခံ အမတ်ဖြစ်လာသည်။ ဦးလေးဖြစ်သူ ဒေါက်တာစိုင်းခမ်းလှိုင်ကလည်း ရွေးကောက်ပွဲအပြီးတွင် နန်းဝါနုအား ကော်မရှင်ထံတရားစွဲသည်။ စိုင်းအိုက်ပေါင်း အားဖြည့်ကူညီ သဖြင့် ကော်မရှင်တွင် နန်းဝါနု အနိုင်ရကာ အမတ်ဖြစ်လာပြီး လွတ်တော်တွင်းရောက်လာသူဖြစ် သည်။
အမေရိကန်၏စီးပွားရေးပိတ်ဆို့မှုကို နန်းဝါနု မသိပါ။ နားမလည်ပါ။ စိုင်းအိုက်ပေါင်း ဖတ်ကြားခိုင်းလို့ဖတ်ကြားလိုက်ရပါသည်။ လွတ်တော်တွင်း
ဒေါ်အောင်ဆန်းစုကြည် ထိုင်ရခက် ထရခက်ဖြစ်အောင် နန်းဝါနုက
လုပ်ချလိုက်ခြင်းဖြစ်ပါသည်။
အကျိုးရလာဒ်အဖြစ် တောင်ကြီးအက်စ်ဘီနှင့် စရဖများ ၂၀၁၂- ဧပြီလမှ
စပြီး ပိတ်ထားသည့် ဖခင်ဖြစ်သူ ဇိမ်ခန်းသည် မကြာမီအချိန်တွင်း
ပြန်လည်ဖွင့်လှစ်လာမည်ဖြစ်သည်။
အေးချမ်းလှသော ကျနော်တို့ တောင်ကြီး-သစ်တောရပ်ကွက်သည် မကြာမီကာလအတွင်း အော်ဟစ် မူးယစ် မုန်ယိုသံများနှင့် ကြီးစိုး မင်းမူ ဆူညံပေတော့မည် ။
ခွန်အောင်ခမ်းကီ (ကျောက်တလုံး)
စကားချပ်။ ရှမ်းအသိုင်းအ၀ိုင်းက နန်းဝါ၀ါနုလို ပအိုးဝ်ပျက်ကို လင်လုပ်သောကြောင့် ပစ်ပယ်နေကြသလို ယခုအခါပအိုဝ်းများကလည်း
ဒေါ်စုကိုအရှက်ခွဲသော ဖောက်ပြန်သောရှမ်းမကို ဇနီးလုပ်သောကြောင့် ခွန်ဌေးနိုင်လောကို ပစ်ပယ်ကုန်ပြီ။ ရှမ်းပစ် ပအိုဝ်းပစ်ဘဝ ရောက်ရလေပြီ။

Via
ဂါမဏိ