Tuesday, November 2, 2010
ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု သတင်း
Don't Vote
ပဲခူးတိုင်း အနောက်ခြမ်းရှိ ပြည်မြို့နှင့် တခြားသော မြို့ပေါင်း (၁၀ )မြို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် မဲမပေးရေး စာ တန်းပါ ပိုစတာများ ကပ်ပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည် ။
ပြည်- ရန်ကုန် ကားလမ်းတလျှောက်ရှိ ပြည်၊ ရွှေတောင်၊ ပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ လက်ပံ တန်း၊ သာယာဝတီ၊ သုံးဆယ်၊ သဲကုန်း၊ ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ ပေါင်းတလည်၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့များနှင့် မကွေးတိုင်း အတွင်းရှိ အောင်လံ၊ ကမ္မ မြို့နယ်များတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် မဲမပေးရန်အတွက် ရွေးကောက်ပွဲ ဆန့်ကျင် သည့် ပိုစတာများကပ်၍ လှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်သည်ဟု ဦးဆောင်ပြုလုပ်ခဲ့သည့် အဖွဲ့ဝင်တဦးဖြစ်သူကိုရဲမြင့်နိုင်က ပြောကြားခဲ့သည်။
ထိုလှုပ်ရှားမှုကို ကျောင်းသားများ ဦးဆောင်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး (Boycott-2010) အဖွဲ့နှင့်စစ်အာဏာရှင်
်တိုက်ဖျက်ရေးလူထုလပ်ရှားမှုကော်မတီက ပြုလုပ်ခဲ့ ခြင်း ဖြစ်ပြီး ပြည်မြို့တွင်ပင် စာရွက်ပေါင်း ၂၀၀၀ ကျော် ကပ်ခဲ့သည်ဟု ပြောပါသည် ။
သတင်းပေးပို့သူ ကိုရဲမြင့်နိုင်

Monday, November 1, 2010
၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ပ) မှ ပြည်တွင်းလှုပ်ရှားမှုအတွက် ငွေကြေးထောက်ပံ့မည်
11/1/10
(၈၈)မျိုးဆက်သစ်ကျောင်းသားများ(ပြည်ပ)၏ မျက်နှာစုံညီ အထူးအစည်းအဝေးတရပ်ကို အမေရိကန်ပြည်ထောင်စု ယူထာ့ပြည်နယ်ဆော့လိတ်မြို့တွင် အောက်တိုဘာလ (၂၃)နှင့်(၂၄)ရက်များတွင် အောင်မြင့်စွာကျင်းပခဲ့ကြပါသည်။
အစည်းအဝေးကိုကိုယ်တိုင်လာရောက်နိုင်သောပြည်နယ်များမှရဲဘော်များနှင့်မလာရောက်နိုင်သော်လည်းအွန်လိုင်းမှ
တဆင့်တက်ရောက်လာသောရဲဘော်များ စုစုပေါင်း(၄၃)ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးသို့အမေရိကား၊ ကနေဒါ၊နော်ဝေ၊ဂျပန်၊သြစတေးလျ၊အိန္ဓိယ ၊ အာဖဂန်နစ္စတန်၊ထိုင်း တို့မှရဲဘော်များ
တက်ရောက်ခဲ့ကြပါသည် ။
အစည်းအဝေးမှအောက်ပါဆုံးဖြတ်ချက်များကိုချမှတ်ခဲ့သည်။
(က) စစ်အုပ်စုမှ စိတ်ကြိုက်ရေးဆွဲထားသည့်(၂၀၀၈) ဥပဒေကို အခြေခံသော(၂၀၁၀) ရွေးကောက်ပွဲကိုလုံးဝဆန့်
ကျင်တိုက်ဖျက်သွားမည်ဖြစ်သလို ၎င်းရွေးကောက်ပွဲမှထွက်ပေါ်လာသောမည်သည့်ရလဒ်ကိုမျှလက်မခံ တိုက်
ဖျက်သွားမည်။
(ခ) စစ်အာဏာရှင်စံနစ်လုံးဝဖျက်သိမ်းနိုင်သည့်အထိ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများဖြင့် လက်တွဲကာ လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်သွားရန်။
(ဂ) ခေတ်နှင့်အညီမျိုးဆက်သစ်လူငယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်အတွက် မိမိတို့ အင်အားစုအတွင်း မျိုးဆက်သစ်များကို ဖိတ်ခေါ်၊အားပေး၊လက်တွဲသွားရန်။
(ဃ)ကုလသမဂ္ဂနှင့်နိုင်ငံ တကာအစိုးရများအားစစ်အုပ်စုအပေါ် ဒီထက်ပိုသော ဖိအားပေးမှုများ ဆောင်ရွက်သွား
ရန်အတွက် ထိရောက်စွာတိုက်တွန်းသွားရန်။
(င)စစ်အာဏာရှင်စံနစ်ဖျက်သိမ်းရေး၊ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်
ရေးဟူသောမိမိတို့၏ နိုင်ငံရေးရည်မှန်းချက်များအောင်မြင့်သည်အထိ ဦးလည်မသုန်ချီတက်သွားရန် တို့ဖြစ်သည်။
အမေရိကန်ရောက် ၈၈ ကျောင်းသားခေါင်းဆောင်များ
ကျနော်တို့ရဲ့ ရဲဘော်ကြီးတွေကတော့ အသက်ကြီးပေမဲ့ အခုထိလန်းနေတုံးပဲ။ အခုကြည့် မျိုးဆက်သစ်နဲ့ပေါင်းပြီး ချ,မယ်လို့ သူတို့ ပြောနေပြီ။ ပြီးခဲ့တဲ့အပတ်က ၈၈-မျိုးဆက်(ပြည်ပ) ကနေ ပြည်တွင်းလှုပ်ရှားမှုအတွက် ငွေကြေး နဲ့ စိတ်ဓာတ်ပိုပြီး ထောက်ပံ့မယ်လို့ အမေရိကမှာလုပ်တဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပြီ။
အမေရိကန်ပြည်ထောင်စု Utha ပြည်နယ်ရှိ ဆော့လိပ် မြို့ တွင် ကျင်းပသည့် ၈၈ မျိုးဆက် ကျောင်းသားများ တွေ့ ဆုံပွဲ တွင် ပြည်တွင်းရှိလှုပ်ရှားမှုများအတွက် ငွေကြေးထောက်ပံ့မည်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည် အော်ရီဂွန် ပြည်နယ် မှ ကိုထွန်းထွန်းက ပြောသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတကာမှ ၈၈ မျိုးဆက်ကျောင်းသား ၈၀ ကျော်တက်ရောက်ကြောင်း သိရသည်။
လက်ရှိပြည်တွင်း အကူညီပေးရေးနှင့်ပက်သက်၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထွန်းထွန်းမှ အောက်ပါအတိုင်းဆက်လက်ပြောပြသည်။
"အခုလောလောဆယ် ပြည်တွင်းက ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အဓိက ရုပ်အား၊ စိတ်ဓာတ်အား ကူညီပေးနေတယ်။ တိုက်ရိုက်ချိတ်ဆက်လုပ်ပေးနေတယ်"
၈၈-မျိုးဆက်ကျောင်းသားများအဖွဲ့ (ပြည်ပ) အနေနဲ့ မျိုးဆက်သစ်တွေနဲ့အတူပူပေါင်းလက်တွဲပြီး လုပ်မည်ဖြစ်ကြောင်းကိုလည်း ကိုထွန်းထွန်းမှ အောက်ပါအတိုင်းဆက်လက်ပြောပြသည်။
"မျိုးဆက်သစ်တွေနဲ့ ၈၈ ကျောင်းသားဟောင်းတွေ လက်တွဲပြီး အန်တီစုတို့နဲ့အတူ ရွေးကောက်ပွဲလွန်ကာလမှာ စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်"
အဆိုပါအစည်းအဝေးသို့  ရဟန်းပျို သမဂ္ဂ ဆရာတော် ဦးခေမာစာရလည်းတက်ရောက်ကြောင်းသိရသည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုထွန်းအောင်ကျော်၊ကိုဇာနည်၊ကိုသက်ထွန်း၊ကိုကျော်သန်း၊ကိုကျော်ကျော်ထွတ်၊
နှင့် ကိုဘိုစော အပါအ၀င် နိုင်ငံတကာမှ ၈၈ မျိုးဆက်ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးသို့မလာနိုင်သည့် နိုင်ငံတကာရောက် ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ယခုအစည်းအဝေးသို့ တယ်လီဖုန်း၊ အင်တာနက်တို့မှ တိုက်ရိုက်ဆွေးနွေးကြကြောင်းသိရသည်။
ဒို့အကိုကြီးတွေ လန်း,ချက်ကတော့ မိုက်တယ်။ ကြိုက်တယ်ဗျာ။ အားပေးတယ်။
ရေးသားသူ - ဘုန်းကျော် at Monday, November 01, 2010

တော်လှန်ရေးပါလီမန်ကိစ္စ
တော်လှန်ရေးပါလီမန်ကိစ္စ
11/2/10
NCUB/NCGUB ၏ အတွင်းရေးဖိုင်တခု
ခင်ဗျားရေးတဲ့စာကိုတွေ့လို့ ပြန်ရေးတာပါ။ မရေးရင်လည်း မပြည့်စုံလို့ပါ။ အားလုံးသိအောင် ဒီစာကိုရေးတာပါ။ လ၀တော့ မထားချင်ဘူး။
ကိုအောင်မိုးဇော်မေးလည်း မဖြေဘူး။ သူတို့ မဟာဗျူဟာတောင် မပြောတဲ့ကိစ္စပဲ။ အခုတော်လှန်ရေးပါလီမန်ကိစ္စဆိုရင် ပိုဆိုးပေါ့။
NCUB ကို အဆိုးမြင်နေတာမဟုတ်ဘူးဗျ..။ အရမ်းချစ်စရာကောင်းတဲ့ NCUB တခုပါ။ ဒါပေမယ့် လက်ရှိအတွင်းရေးမှုးဖြစ်တဲ့ ဦးမောင်မောင်၊ ဦးမြင့်သိဏ်းက ကောင်းတဲ့လူတွေမဟုတ်ဘူးဆိုတာ တော်လှန်ရေးထဲမှာပါတဲ့လူတိုင်းကိုမေးကြည့်ပါ။ ဒါက လက်ရှိတာဝန်ယူနေတဲ့ လူတွေရဲ့ အပိုင်း။
တောလှန်ရေးပါလီမန်ကိစ္စကိုပြောပြမယ်။ ခင်ဗျားပြောသလို တပ်ပေါင်းစုအဖွဲ့တွေအပြောင်းအလဲတစ်စုံတရာရှိတာတော့ကောင်းပါတယ်။ မကောင်းဘူးလို့ပြောနေတာမဟုတ်ဘူး။ သို့သော် သူ့အတိုင်းအတာတော့ရှိတယ်။ အချိန်ရှိတယ်။ အခုဟာက ပြည်တွင်းမှာ ဦးဝင်တင်တို့လုပ်မဲ့ကိစ္စကို ကန့်လန့်လုပ်နေသလိုဖြစ်နေလို့ ပြောနေတာပါ။ ဖြစ်နိုင်ရင် ဒီကိစ္စပြီးမှ လုပ်လို့မရဘူးလား။ အခုလ ၄-၅ ရက်နေ့ကြမှ လုပ်တာက တခုခုတော့ တခုခုပဲ။
နောက်တခု ငွေကိစ္စ၊ တော်လှန်ရေးပါလီမန်ဖြစ်ရင် နိုင်ငံသုံးနိုင်ငံက ငွေရမယ်လို့ကြားတယ်။ အတိအကျတော့ မသိဘူး။ ဦးမောင်မောင်နဲ့ ကိုအောင်မိုးဇော်ပဲသိမယ်။ ဒါက တခု။
ဘာ့ကြောင့် NCUB and NCGUB ဟာ ရွေးကောက်ပွဲကိစ္စကို ဦးစားမပေးပဲ တော်လှန်ရေးပါလီမန်မှ ပါလီမန်ဖြစ်နေတာလဲ။ ၂၀၀၈-ဖွဲ့စည်းပုံက တော်လှန်ရေးပါလီမန်ထက်အရေးကြီးလား။ အစိုးရတိုးချဲ့ ဖွဲပြီးတယ်ပဲထားပါစို့...ဘယ်လောက်ထိ လုပ်နိုင်မှာလဲ။ ဘာလုပ်ဖို့ဖွဲ့တာလဲ။ ဘယ်သူ့ကို ကိုယ်စားပြုမှာလဲ။ အဲဒိအထဲမှာ အင်အားစုတိုင်းပါဝင်နိုင်မလား။ ဥပမာ ခင်ဗျားတို့လို ရခိုင်အဖွဲ့တွေကော၊ SYCB တို့လို ကျောင်းသားအဖွဲ့တွေကော၊ ၈၈-မျိုးဆက်ပြည်ပကော စသဖြင့်စသဖြင့်။ ပါနိုင်လား။ သိရသလောက်တော့ အဖွဲ့အစည်းက ခေါင်းဆောင်တွေပဲ ငြိပြီးလုပ် ပြီးရင် ရာထူးယူ၊ ပရိုပိုဆယ်တင် ၀ါး၊ ဒါနဲ့ပဲ အဆုံးသတ်တာများလို့ပါ။
အားလုံးသတိထားကြဖို့ ကျနော့်အမြင်ကို တင်ပြနေခြင်းသာဖြစ်ပါတယ်။ တိုးချဲ့ မကလို့ ကြားဖြတ်ပဲဖွဲ့ဖွဲ့ ကျနော်အတွက်တပြားမှ မရဘူး။ လူလေးစားအားထားရတဲ့ တော်လှန်ရေးတပ်ပေါင်းစုအစိုးရဖြစ်ရင် သိပ်ကောင်းပေါ့။ အခုဟာက လုပ်စားဖို့ဆိုတဲ့စကားလုံးက ကျနော့်ခေါင်းထဲမှာ စွဲနေပြီ။ ဒါကို ဘယ်သူရှင်းပေးမလဲ၊ ရှင်းပေးနိုင်ရင် ယုံမယ်ဗျာ။
ရေးသားသူ - ဘုန်းကျော် at Tuesday, November 02, 2010

ဒုတိယပင်လုံညီလာခံကျင်းပရေး ရခိုင်ပြည်အမျိုးသားကောင်စီ ထောက်ခံ
2010-11-01
ကလေးမြို့မှာ အောက်တိုဘာလ ၂၄ ရက်နေ့ က ကျင်းပတဲ့ ၂၂ နှစ်မြောက် ဇိုမီး အမျိုးသားကွန်ဂရက် နှစ်ပတ်လည် အခမ်းအနားကနေ ထွက်ပေါ်လာတဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေး ဆုံးဖြတ်ချက်အပေါ် ထောက်ခံ ကြိုဆိုကြောင်း ANC ရခိုင်ပြည် အမျိုးသားကောင်စီ က ဒီကနေ့ နိုဝင်ဘာ ၁ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ် ။

(RFA)
မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)
အဲဒီ ကြေညာချက်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားကောင်စီ အထွေထွေ အတွင်းရေးမှူး ကိုထွန်းဇော်က RFA ကို အခုလို ပြောပါတယ် ။
“ကလေးမြို့ ကြေညာစာတမ်းကတော့ ကျွန်တော်တို့ရဲ့ သဘောထားနဲ့ ထပ်တူကျတယ်ဗျ။ ဘာကြောင့်လဲ ဆိုတဲ့အခါကျတော့ လက်ရှိတိုင်းပြည်ရဲ့ ပြဿနာက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာ၊ ပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်မှု မရှိတဲ့ ပြဿနာ၊ နောက်ပြီးတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိတ်သုဉ်းနေတဲ့ ပြဿနာ ဖြစ်တယ်။ အဲဒါကြောင့် ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဆိုလို့ရှိရင်တော့ ဒီ ၄၇ ခုနှစ်က တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောတူညီမှု ရခဲ့တဲ့ ပင်လုံ သဘောတူညီချက်လိုမျိုး ပင်လုံစိတ်ဓာတ်ပေါ်မှာ အခြေခံပြီးတော့မှ ပင်လုံညီလာခံ တရပ်လိုမျိုး ထပ်ပြီးတော့ ခေါ်ဖို့ လိုတယ်ဆိုတဲ့ သဘောထားပေါ်မှာ ကျွန်တော်တို့ရဲ့ သဘောထားနဲ့ ထပ်တူထပ်မျှ ကျလို့ ကျွန်တော်တို့ ကလေးမြို့ ကြေညာစာတမ်းကို ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ထောက်ခံ ကြိုဆိုလိုက်တာ ဖြစ်ပါတယ်။”
ရခိုင်အမျိုးသားကောင်စီရဲ့ အဆိုပါ ကြေညာချက် အမှတ် ၀၆/၂၀၁၀ မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ စစ်အာဏာရှင် သက်ဆိုးရှည်ကြာရေး လုပ်ငန်းရပ် အားလုံးကို တိုင်းရင်းသား ပြည်သူများနဲ့ တစည်းတလုံးတည်း လက်တွဲ ရင်ဆိုင် ဖြေရှင်းသွားမှာ ဖြစ်ကြောင်း ၊ တိုင်းရင်းသားအားလုံး ပါဝင်ပြီး လွတ်လပ်ရေး ရယူခဲ့တဲ့ ပင်လုံ စိတ်ဓာတ်မျိုးဖြင့်သာ ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်နိုင်မယ်လို့ အလေးအနက် ခံယူကြောင်း ၊ တိုင်းရင်းသားအားလုံး တန်းတူရည်တူ ရှိတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတရပ်ကို တည်ဆောက်ရေး အတွက် ဒုတိယ ပင်လုံညီလာခံကို မဖြစ်မနေ ခေါ်ယူဖို့ အစဉ်တစိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

Subscribe to:
Posts (Atom)