ကားနောက်ဆုတ် ရာမှ အချင်းများ ပြီး နေပြည်တော် တွင် စစ်တပ်အရာရှိ က ရဲ အရာရှိ ကို သေနတ်ဖြင့် ထုတ်ပစ်
ယမန် နေ့ ညက နေပြည်တော် ဟိုတယ်ဇုန် အတွင်း ရှိ တော်ဝင်ကုမုဒြာ ဟိုတယ် အနီးတွင် ရှမ်းပြည်နယ် မှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ အစည်း အဝေး လာတက်သည့်ရဲမှုး တစ်ဦး ၏ အစိုးရ ကား ဆူဇူကီး အပြာရောင် နှင့် နေပြည်တော် တိုင်း စစ်ဌာနချုပ် မှ ဗိုလ်မှုး နိုင်မင်း ဆိုသူစီးလာ သည့် ကိုယ်ပိုင်ကား မတ်တူး အဖြူရောင် တို့ တိုက်မိရာမှ ဗိုလ်မှုး နိုင်မင်း ဆိုသူ ကရှမ်းပြည် မှ (ကိုးကန့် ဒေသတွင် တာဝန် ကျသည် ဟု သိရသည်) ရဲမှုး အား ဆဲဆိုပြီး နောက်မူးမူးဖြင့် သူ့ တွင် ပါလာ သော ပစ္စတို သေနတ် ဖြင့် ထုတ်ပစ် သည် ဟု ဟိုတယ်ဇုန် ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။
အင်္ဂါနေ့ ည ၁၂ နာရီခန့် တွင် ဟိုတယ် ဘား တစ်ခု မှာ သူငယ်ချင်း အရာရှိ နှစ်ဦး နှင့် အတူ သောက်စားပြီး ပြန်လာသည့် ဗိုလ်မှုး နိုင်မင်း သည် ကားရပ်ထားသည့် နေရာ မှ ထွက်ရန် နောက်သို့ ဆုတ်စဉ်ရဲမှုး ကား နှင့် တိုက်မိပြီး အဆိုပါ ရဲမှုး က ဖြစ်စဉ် ကို အမှု ဖွင့်ထားရန် လို ကြောင်း ပြောသည်တွင်သူ့ တွင် အသင့် ပါလာသည့် ပစ္စတို သေနတ် နှင့် ထုတ်ပစ်ခြင်း ဖြစ်သည် ဟု အမည်မဖော်လိုသည့်ဟိုတယ် ၀န်ထမ်း က သူမျက်မြင် တွေ့ ရှိ ပုံ ကို ပြောသည်။
သူက “သေနတ် သံ က နဲနဲ ကျယ်တယ် ဒါပေမယ့် ၊ဘားတွေ ပိတ်ချိန် ကားသံတွေ နဲ့ ဆူညံနဲ့ တော့ ဘာဖြစ်မှန်း မသိလိုက်ကြဘူး၊ ရဲမှုး လည်း မထိ ဘူး ၊ဘယ်သူမှ မထိ ဘူး သူ့ သူငယ်ချင်းတွေ ဆွဲထား တော့ သူက အမူး လွန်နေတာ သူက ရာထူး တိုး လို့ ဒီမှာ ဒင်နာ လာလုပ်တာ ဟုဟုပြောသည်။
နေပြည်တော် ဟိုတယ် ဇုန် အုပ်ချုပ်ရေးမှုး ဖြစ်သူက မူ ထို ပြဿနာ ကို တွေ့ မြင်လိုက်သည့် ဟိုတယ်ဝန်ထမ်း များ အား မည်သူမှ ထုတ်ဖော် မပြောရ ဟု ခြိမ်းခြောက်ထားသည်။
လွန်ခဲ့သည့် စနေနေ့ က ပဲခူး အခြေစိုက် ခလရ ၅၉ မှ စစ်သားများ က သေနတ်ဖြစ် အကြောင်းမဲပစ်ခတ်သောကြောင့် လူငယ် နှစ်ဦးသေဆုံး ခဲ့ရသည်။
-တင်ကျော်ကျော်စိုး
Posted by စက်တင်ဘာထ၀ရ at 3:53 PM 0 comments
Thursday, September 9, 2010
ပဲခူးမှ လူငယ် (၂) ဦး သေဆုံးမှု သတင်းစာရှင်းလင်းပွဲလုပ်မှာမဟုတ်ကြောင်း နေပြည်တော်မှရဲအရာရှိတဦးမှပြောကြား
တက်လူ / ၀၉ စက်တင်ဘာ ၂၀၁၀
ပဲခူးမြို့  ဇိုင်းဂနိုင်းတောင်ရပ်ကွက်မှ လူငယ် (၂) ဦးကို ခလရ (၅၉) မှ စစ်သားများက သေနတ်ဖြင့်ပစ်သတ်လိုက်သည့်ကိစ္စကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်မဟုတ်ကြောင်း နေပြည်တော်မှ ရဲအရာရှိတဦးက ပြောကြားသည်။
အဆိုပါလူငယ် (၂) ဦး သေဆုံးခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ ရဲချုပ်ခင်ရီက ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည့်အပေါ် အဆိုပါ ရဲအရာရှိက ခေတ်ပြိုင်သို့ ပြန်လည်ပြောကြားခြင်းဖြစ်သည်။
၎င်းက “သတင်းစာရှင်းလင်းပွဲဆိုတာမျိုးက ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်နေတာကို ပြန်ပြီးသဘောပေါက်အောင် ရှင်းလင်းပေးရတာလေ။ အထင်လွဲနေတာတွေ မလွဲရအောင်ပေါ့၊ အခုကိစ္စကတော့ရှင်းတယ်၊ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ၊ အခုလို အသေသတ်တဲ့ကိစ္စကတော့ လုံးဝကို ပြစ်မှုထင်ရှားစေတဲ့ လုပ်ရပ်တခုပါပဲ” ဟု ပြောဆိုသည်။
ရွေးကောက်ပွဲပြုလုပ်ရန် ရက်ပေါင်း (၆၀) ခန့်သာ လိုတော့သည့်အချိန်တွင် ပဲခူးမြို့၌ စစ်တပ်ကအရပ်သားကို သေနတ်ဖြင့် ပွဲချင်းပြီး ပစ်သတ်ခဲ့သည့်ကိစ္စသည် ပဲခူးမြို့အပါအ၀င် မြန်မာနိုင်ငံတ၀န်းနှင့် ကမ္ဘာကပါ သိရှိခဲ့ကြပြီးဖြစ်သည်။
“ရွေးကောက်ပွဲ လုပ်ခါနီးပြီလေ။ စစ်တပ်အနေနဲ့ သူတို့ဘက်က အပြစ်ကို ပြည်သူတွေကို သေသေချာချာ ချပြပြီးတော့ အမှန်အတိုင်း ဖော်ထုတ်ပြပြီး ကြေညာဖို့လိုတယ်။ ဒီလိုလုပ်တာက သူတို့အတွက် တော်ကာကျမယ်လေ။ ပြည်သူတွေကတော့ စစ်သားဆိုတာကို မုန်းပြီးရင်းမုန်းရင်းပဲ။ ကျမတို့ ပဲခူးကတော့ စစ်သားလို့တောင် မကြားချင်တော့လောက်အောင် ဖြစ်နေကြပြီ” ဟု ပဲခူး ကျွန်းသာယာရပ်ကွက်သူတဦးက ပြောသည်။
အဆိုပါ ပစ်သတ်မှုကို ပဲခူးမြို့ခံများက တိတိကျကျ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးစေလိုကြောင်း တယောက်တပေါက် ပြောဆိုနေကြရာမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်
ခြေလျင်တပ်ရင်းအမှတ် (၅၉) မှ အရာရှိဖြစ်သူနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ စက်တင်ဘာ (၅) ရက်နေ့ နံနက်ပိုင်းတွင် ထိုစစ်တပ်မှ စစ်သားများက ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်း မြလမ်းတွင် နေထိုင်သူ မောင်စိုးပိုင်ဇော် အသက် (၁၉) နှစ်နှင့် မင်္ဂလာလမ်းတွင်နေထိုင်သူ မောင်အောင်သူဟိန်း အသက် (၂၃) နှစ်တို့ကို နေရာတွင် သေနတ်ဖြင့် ပွဲချင်းပြီး ပစ်သတ်ခဲ့သည်။ ထိုလူငယ် (၂) ဦးအလောင်းများကို စက်တင်ဘာ (၇) ရက်တွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်၌ သင်္ဂြိုဟ်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံအရေး ၀င်ရောက်စွက်ဖက်နေတဲ့ တရုပ်နိုင်ငံကို တိတိကျကျ ကန့်ကွက်ရှုတ်ချ ပြောကြရအောင်
ကျုပ်တို့ကိုယ်တိုင်က ရေရေလည်လည်ညံ့လွန်းကြပါပေတယ်။ ဒါကိုသေသေချာချာ အနူလုံပဋိလုံစဉ်းစားပြီးမှ ပြောရတာပါ။ မေလ ၂၉ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ကတည်းက
လုပ်ကြဖို့လိုသွားပါတယ်။ ခုတော့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်သွားရပါပြီ။ အကြောင်းကတော့ တရုပ်နိုင်ငံကနေပြီး လာမဲ့၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက ကြားဝင်စွက်ဖက်ပြီး မနှောင့်ယှက်ကြပါနဲ့လို့ ပြောဆိုသွားလို့ပါဘဲ။
နိုင်ငံတကာကိုလဲ ပြောသွားသလို ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးပါတီများနဲ့ ပြည်သူတရပ်လုံးကို ပြောသွားတာလို့ ထင်မှတ်ရပါတယ်။ အဓိကကတော့ ပြည်တွင်းရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီအင်အားစုတွေကို ပြောသွားသလိုဘဲ နိုင်ငံတကာရှိ ဒီမိုကရေစီအင်အားစုတွေကိုပါ ဆိုလိုသွားတဲ့ စကားရပ်ပါဘဲ။ သာမန်အားဖြင့်ကြည့်ရင် နအဖစစ်အုပ်စုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တရုပ်ပြည်ကို သွားတဲ့ခရီးမှာ ဒီစကားဟာ လှလှပပမြန်မာနိုင်ငံရေးကို မီးမောင်းထိုးပြလိုက်ခြင်းပါဘဲ။ တနည်းအားဖြင့် ကျနော်တို့ကို စိန်ခေါ်လိုက်တာပါဘဲ ။ နှစ်နိုင်ငံအစိုးရအချင်းချင်းတွေ့ဆုံကြတဲ့အခါ စီးပွါးရေးစာချုပ်ချုပ်ဆိုကြတာဟာ လုပ်ရိုးးလုပ်စဉ်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတွေပါ။ သံခင်းတမန်ခင်း စီးပွါးရေးပြသနာတွေသာဖြစ်ပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံအရေးကို တရုပ်နိုင်ငံက ဘယ်လိုပံ့ပိုးကူညီသွားမှာလဲ ဆိုတာကို လေ့လာထားဖို့ လိုအပ်တာတခုပါဘဲ။ ခုတော့ရှင်းရှင်းလင်းလင်း ထုတ်ဖေါ်ပြောဆိုသွားပါပြီ။
ဒီတော့ဒီလိုထုတ်ဖေါ်မပြောဆိုခင် နိုင်ငံတကာရှိဒီမိုကရေစီအင်အားစု တနည်းအားဖြင့်တပ်ပေါင်းစုတွေက ဘယ်လိုနည်းနဲ့မျှ မသိလိုက်လေကြသလားလို့ တွေးတောကြည့်ပါတယ်။ လွန်ခဲ့တဲ့အပါတ်က နအဖဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုပ်ပြည်ကို သွားရောက်မဲ့ခရီးစဉ်ကို ကြေညာထားတာပါ။ အတွင်းလဲသိ အပြင်လဲသိကြတာပါဘဲ။ ဒါပေမဲ့အတွင်းလဲ ဘာမှမပြောလိုက်ရ။အပြင်ကလဲ ဘာမှမတုန့်ပြန်လိုက်ကြတာကို ၀မ်းနည်းစွာတွေ့လိုက်ရပါပြီ။ ဆရာအောင်ဗလတယောက် အသေစောသွားခြင်း ဆိုပြီးယူကြုံးမရဖြစ်မိရပါတယ်ဗျာ။ ဆရာအောင်ဗလသာ သက်ရှိထင်ရှားရှိနေခဲ့မယ်ဆိုရင် ပြည်ပကအတိုက်အခံအင်အားစုတွေကို သေသေချာချာတိုက်တွန်း ပြောဆိုနေမှာပါ။ အမှန်ကတရုပ်နိုင်ငံဟာ ကုလသမဂ္ဂမှာ လူ့အခွင့်အရေးနဲ့ပါတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးတော့ လုပ်ကြမယ်ဆိုရင် ဗီတိုအာဏာကို သုံးနိုင်တယ်ဆိုပြီး စောစောကတည်းကဘဲ ဝေဖန်နေကြတဲ့ နိုင်ငံဖြစ်နေပါတယ်။ ဒီလောက်ရေပန်း
စားနေတဲ့ နိုင်ငံကိုတောင်မှ အသိမပေးလိုက်ရခြင်းဟာ ကျနော်တို့ကိုယ်တိုင် ချာလွန်း၍သာဖြစ်ပါတယ်ဗျာ။ ပြည်တွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရုပ်နိုင်ငံကို ရွေးကောက်ပွဲ့နဲ့ ပါတ်သက်လို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတရပ်လုံးရဲ့ ဆန္ဒသဘောထားအမှန်ကို ထုတ်ဖေါ်ပြောထားလိုက်ရင် တစုံတရာအကျိုးရှိသော အခြေအနေတွေ ဖြစ်ပေါ်လာမှာပါ။ ပြီးတော့ ပြည်ပမှာရှိတဲ့ အင်အားစုတွေကလဲဘဲ နအဖစစ်အုပ်စုတွေရဲ့ တရုပ်နိုင်ငံခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြထားကြမယ်ဆိုရင်လဲ တစံတရာအနေနဲ့ ငြိပြီးအကျိုးရှိချင်ရှိနေမှာပါ။
ဒါပေမဲ့ကျနော်တို့ဘာမျှမလုပ်လိုက်ရခင်မှာဘဲ တရုပ်ပြည်ရဲ့ ခရီးစဉ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သွားရောက်နိုင်ခဲ့ပါပြီ။ သူနဲ့သွားတဲ့အထဲမှာ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေပါသွားတာတွေ့ရပါတယ်။ ဒီနေရာမှာ အစိုးရအဖွဲ့ဝင်ဆိုတဲ့ စကားလုံးကို ဂရုတစိုက် စဉ်းစားမိပါတယ်။ နအဖစစ်အုပ်စုအတွင်းမှာ မည်သူမည်ဝါတွေက အစိုးရဆိုတာမှန်း မသိရဘဲဖြစ်နေရပါတယ်။ နအဖအတွင်းမှာ စစ်ဗိုလ်ချုပ်များသည်သာ အစိုးရအဖွဲ့ဝင်လား ။ သို့မဟုတ် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများးသည်သာ အစိုးရအဖွဲ့ဝင်လား ။ ယခုအချိန်မှာ ဘယ်လိုမှ ခွဲခြားမရတော့ပါ။ ကျနော်ကဘဲ ညံ့လွန်း၍လားမသိ။ သူတို့တွေရဲ့အစိုးရဖွဲ့စည်းပုံကို မလေ့လာခဲ့လို့လားမသိ ။ ဥဏှောက်ခြောက်နေမိပါတယ်။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ တွေးတောကြည့်တဲ့အခါ အာဏာလွှဲပြောင်းရေးပြသနာကို စဉ်းစားမိပါတယ်။ ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီတုံးက န၀တအဖွဲ့က ရွေးကောက်ပွဲကို ပြုလုပ်ခဲ့တာပါ။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့အာဏာလွှဲပြောင်းမပေးခဲ့ပါ။
ခုလဲဘဲ ရွေးကောက်ပွဲကို ဒုတိယအကြိမ်အဖြစ် နအဖစစ်အုပ်စုက လုပ်ပါတော့မယ်။ ရွေးကောက်ပွဲလုပ်ပြီးရင် အာဏာလွှဲပြောင်းပေးပါ့မလား။ အာဏာလွှဲပြောင်းပေးမဲ့သူက ဘယ်သူတွေပါလိမ့်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲမှာအနိုင်ရရှိသူကို အာဏာလွှဲ့ပြောင်းပေးပါ့မလား။ ကျနော်စဉ်းစားကြည့်မိနေပါတယ်ဗျာ။ ရွေးကောက်ပွဲမှာ မဲအနိုင်ရရှိတဲ့ပါတီတွေဟာ အရပ်သားအစိုးရအဖွဲ့ကို ဖွဲ့စည်းကြမယ်လို့ ဆိုပါတယ်။ ဒီတော့ကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာလွှဲ့ပြောင်းပေးရအောင် သူကအစိုးရလား။ ဒါမှမဟုတ် သူဦးဆောင်တဲ့စစ်အုပ်စုကဘဲ အစိုးရလား။ အဲဒီအစိုးရအဖွဲ့ကိုဖျက်သိမ်းပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ပါတီတွေကို အစိုးရဖွဲ့ခွင့် ပေးပြီးအာဏာလွှဲပြောင်းပေးမှာတဲ့လား။ အဲဒီအစိုးရဆိုတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ စစ်ကောင်စီကို ပြောတာပါ။ စစ်ကောင်စီဟာ အစိုးရလား။ ဒီလိုဆိုရင် ၀န်ကြီးချုပ်သိန်းစိန်ဦးဆောင်တဲ့ အခုလက်ရှိမောင့်ကြက်သရေခေါင်းပေါင်းနဲ့ အရပ်သားအစိုးရပါလို့ ပြောနေတဲ့ သူတို့ရဲ့ဝန်ကြီးများအဖွဲ့ကကော နအဖရဲ့အစိုးရအဖွဲပ၀် ၀န်ကြီးတွေဆိုတော့ သူတို့ကဘဲ အာဏာလွှဲပြောင်းပေးမှာတဲ့လား။ ဒီဟာတွေကတော့ဖြင့် လွယ်မယောင်နဲ့ သိပ်ပြီးကိုရှုပ်ထွေးနေတာပေါ့ဗျာ။ ၀န်ကြီးချုပ်သိန်းစိန်တို့ဟာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ခုအချိန်မှာ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ နာမည်စာရင်းတင်သွင်းထားပါပြီ။ အဲဒီအမည်စာရင်းမှာ
၁၂၅ ဦးသောစစ်တပ်ကဆွဲခန့်ကိုယ်စားလှယ်တွေဟာ ဦးသိန်းစိန်တို့ဖြစ်ဖို့များနေပါတယ်။ ဘာကြောင့်ဆိုရင် ၂၅ ရာနုံးကို အခွင့်ထူးခံရရှိထားသူတွေမို့ လုံးဝလွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ အခြေအနေကို သူတို့ဖန်တီးထားတာဖြစ်နေမှာပါဘဲ။ ဒါကြောင့်လဲ မရှက်မကြောက်နဲ့ ဦးသိန်းစိန်တို့တတွေ ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေရာထူးနဲ့ အမည်စာရင်းတင်သွင်းထားကြတာဖြစ်မယ်ထင်ပါတယ်။
ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ တဖက်စောင်းနင်းနဲ့ ကြံ့ဖွံ့ပါတီက မဲအပြတ်အသတ်မရရှိခဲ့ရင် သို့မဟုတ် အစိုးရဖွဲ့နိုင်သော လွှတ်တော်ကိုယ်စားလှယ်အရေအတွက် မရရှိခဲ့ရင် ၀န်ကြီးချုပ်ရာထူးရယူထားသူဦးသိန်းစိန်ဟာ သူ့ရဲ့မောင့်ကြက်သရေခေါင်းပေါင်းကို သူကိုယ်တိုင် ချွတ်ချရပါလိမ့်မယ်။ ပြီးတော့ ရွေးကောက်ပွဲပြီးလို့ အရပ်သားအစိုးရဖွဲ့ကြတဲ့အခါမှာလဲ ၀န်ကြီးချုပ်အဖြစ် လွှတ်တော်ခေါ်ယူပြီး ရွေးချယ်ကြရမှာပါ။ ဒီတော့ ရွေးကောက်ပွဲပြီးစီးသွားလို့ အရပ်သားအစိုးရဖွဲ့စည်း ကြပါတော့မယ်လို့ ဆိုတော့ရင် အဲဒီအချိန်မှာ ၀န်ကြီးချုပ်ခေါင်းပေါင်းနဲ့ လွှတ်တော်ထဲမှာ ထိုင်နေတဲ့ ဦးသိန်းစိန်ကို လက်ညိုးထိုးပြီး ပြလို့ကတော့ အဲဒီလွှတ်တော်ဟာ အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။ ဒါဖြင့်ရင် အဲဒီရာထူးတွေနဲ့ ရွေးကောက်ပွဲကို ၀င်ပြီးပြိုင်လို့ မရပေဘူးလားလို့ စောဒကတက်ပြီးမေးစရာ ရှိလာပါတယ်။ ဟုတ်ကဲ့။ ဒီလိုစောဒကတက်ပြီး မေးလာလို့ ရှိရင်တော့ ဒီနေရာမှာ ဂုဏ်သိက္ခာအပိုင်းနဲ့ စကားပြောကြရပါလိမ့်မယ်။ အမေရိကန်နိုင်ငံအပါအ၀င် အခြားဒီမိုကရေစီနိုင်ငံတွေမှာ လက်ရှိအစိုးရကလဲဘဲ လက်ရှိအစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်ရာထူးတွေ သမတရာထူးတွေနဲ့ ၀င်ရောက်ပြိုင်ကြပါတယ်။ ဒီနေရာမှာထူးခြားတာက မဲအနိုင်ရရှိသွားသူ ဒါမှမဟုတ် ပါတီကို
အာဏာလွှဲပြောင်းပေးပြီး ရွှေနန်းတော်ကနေပြီး ထွက်တော်မူတတ်ကြတာဟာ အင်မတန်မှလှပတဲ့ နိုင်ငံရေးမြင်ကွင်းတွေဖြစ်ပါတယ်။
ဒါကြောင့် အင်မတန်လှပတဲ့နိုင်ငံရေးအာဏာလွှဲပြောင်းပေးပွဲလို့ ပြောဆိုကြပါတယ်။ ဂုဏ်သရေရှိတဲ့ လူကြီးကောင်းနိုင်ငံရေးသမားတွေဟာ မိမိတို့နိုင်ငံအတွက် ပြည်သူတွေက ရွေးချယ်ပေးပြီးရင် ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို ခံယူကြတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ စစ်အုပ်စုက ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းမပေးခဲ့ပါဘူး ။အခုတခါရွေးကောက်ပွဲ့ကို ထပ်မံပြီးလုပ်လာခဲ့ပါပြီ။ အခုတချိန်မှာလဲဘဲ ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပြောင်းမပေးခဲ့ရင် ဆိုတဲ့အသိတွေက လူတိုင်းရင်ထဲမှာရှိနေကြပါတယ်။ စစ်အုပ်စုကို ပြည်သူတွေက အယုံအကြည်မရှိကြပါ ။ တရားမျှတမှူမရှိတဲ့ ဒီရွေးကောက်ပွဲကို ပြည်သူတွေက ပိုမိုသိကြပါတယ်။ နိုင်ငံတကာကလဲ ဒီလိုပြသနာတွေကို မျက်စိဖွင့်ပြီး သိနေကြပါတယ်။ ဒီတော့ကာ တရားမျှတမှူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရွေးကောက်ပွဲပြီးရင် ဘယ်သူကအာဏာလွှဲပြောင်းပေးမှာလဲ ဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ရွေးကောက်ပွဲမှာ လက်ရည်တူယှဉ်ပြိုင်နေကြတာမဟုတ်ဘူးဆိုတာကိုလဲဘဲ လူတိုင်းသိကြပါတယ်။
ရွေးကောက်ပွဲပြီးရင် အနိုင်ရရှိတဲ့ပါတီက လွှတ်တော်ခေါ်ယူဖို့ အခွင့်အာဏာ ရရှိနိုင်ကြပါ့မလား။ နအဖစစ်အုပ်စုက လွှတ်တော်ကို ခေါ်ယူပေးသည်ထားပါဦး၊ အရပ်သားအစိုးရဖွဲ့စည်းကြတဲ့အခါ ၀န်ကြီးချုပ်ရွေးကြရပါပြီတဲ့။ ၀န်ကြီးချုပ်သိန်းစိန်ကို ဆက်လက်ပြီး ၀န်ကြီးချုပ်ရွေးချယ်ကြတာကို လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်နိုင်ကြပြီဆိုရင် ဦးသိန်းစိန် ထွက်ပေးပါ့မလား။ အခုလက်ရှိမြန်မာနိုင်ငံဟာ ၀န်ကြီးချုပ်သိန်းစိန်ရဲ့ လက်ထက်မှာ နိုင်ငံရေးချွတ်ချုံကျမှူတွေ ။ ကမ္ဘာမှာအဆင်းရဆဲဆုံးနိုင်ငံဖြစ်နေတာတွေ။ လူ့အခွင့်အရေးချိုးဖေါက်ခံရဆုံးသော နိုင်ငံတွေဖြစ်ရတာကြောင့် ဦးသိန်းစိန်ကို ဆက်လက်ပြီး ၀န်ကြီးချုပ်နဲ့ နိုင်ငံကိုဦးဆောင်ဖို့ ပေးသင့်ပါသလား။ မပေးသင့်ဘူးဆိုရင် ဦးသိန်းစိန်ဟာ ၀န်ကြီးချုပ်ရာထူးက နုတ်ထွက်ထားဖို့ သင့်မနေဘူးလား။ ဦးသိန်းစိန်က ဘယ်အချိန်မှာ ၀န်ကြီးချုပ်ရာထူးက နုတ်ထွက်မှာပါလဲ။ ဒါတွေဟာရွေးကောက်ပွဲကာလအတွင်းမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြုလုပ်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ပါတီတွေအလုပ်ဖြစ်တာပါဗျာ။ အထူးသဖြင့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြဖို့ နိုင်ငံတကာကို လှည့်လည်ပြောနေကြတဲ့ ဒေါက်တာခင်ဇေါ်ဝင်းတို့ နေ၀င်းမောင်တို့ ဦးသုဝေတို့က တရုပ်နိုငငံကိုသွားရောက်ပြီး ဒီကိစ္စကို ပြောဆိုဆွေးနွေးသင့်မနေဘူးလားဗျာ။
အခုလဲဘဲ တရုပ်နိုင်ငံက ပြောလိုက်တာကို လေ့လာလိုက်ရင် တရုပ်နိုင်ငံက ရွေးကောက်ပွဲကို နိုင်ငံတကာက ၀င်ရောက်စွာက်ဖက်ခြင်းမပြုလုပ်ပါနဲ့လို့ ပြောဆိုလိုက်ပါပြီ။ ဒီတော့နအဖရဲ့ တရားမျှတမှူမရှိတဲ့ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မဲ့ ပါတီတွေဟာ ဒီလိုအချက်တွေကို တောင်းဆိုထားသင့်တာပါဘဲ။ ၉၀ ခုနှစ်မှာ အာဏာလွှဲပြောင်းခြင်း မရှိခဲ့လို့ လူ့သိက္ခာပိုင်းဆိုင်ရာအရ မယုံကြည်နိုင်လို့ ၀န်ကြီးများအဖွဲ့ကနေပြီး နုတ်ထွက်ပေးဖို့။ ရွေးကောက်ပွဲပြီးရင် လွှတ်တော်ခေါ်ယူဖို့။ လွှတ်တော်အတွင်းမှာ အရပ်သားအစိုးရအဖွဲ့ကို ဖွဲ့စည်းတဲ့အခါ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ဖို့ စတာတွေကို တောင်းဆိုထားကြဖို့လိုတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာကလဲ ၀င်ရောက်စွက်ခြင်းမဟုတ်သလို အတိုက်အခံဒီမိုကရေစီအင်အားစုတွေကလဲဘဲ ၀င်ရောက်စွက်ဖက်တာမဟုတ်တဲ့အတွက် ဒီတောင်းဆိုချက်လောက်ကို တောင်းဆိုဖို့တော့ သင့်လျော်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တရုပ်နိုင်ငံက အထူးသဖြင့် ဒီကိစ္စတွေကို နအဖက လုပ်ပေးနိုင်အောင် တိုက်တွန်းကောင်းတိုက်တွန်းပေးမှပါ။ ပြည်သူ့လွှတ်တော်အတွင်းရောက်မှ ကျားဖမ်းမယ် ဆင်ဖမ်းမယ်ဆိုတဲ့စကားပြောတာထက် လွှတ်တော်အတွင်းမရောက်ခင်ကတည်းက ပြောထားဖို့လိုအပ်နေတာပေါ့ဗျ။ အမေရိနက်နိုင်ငံကို လာပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းကို ပြောနေဖို့မှ မလိုတော့တာလေဗျာ။ တိတိကျကျပြောရရင် တရုပ်ပြည်ကိုသွားပြီးတော့ သူတို့ကသွားပြောနေရမှာဗျနော်။
တကယ်လို့ဒီမိုကရေစီအတိုက်အခံအင်အားစုတွေက ဒီစကားတွေကို သွားပြီးပြောနေရင် သဟာာဇါတမဖြစ်တတ်လို့ပါ။ ပြီးတော့လဲတရုပ်နိုင်ငံရဲ့ နအဖအပေါ် ထားရှိတဲ့နိုင်ငံရေးသီဝရီကို သိရှိထားပြီးဖြစ်တဲ့အတွက် ပြောလဲပြောကြမှာမဟုတ်ပေဘူးလို့ ယူဆနိုင်စရာရှိထားလို့ပါဗျာ။ ဒီအချိန်မှာတော့ နအဖဟာ တရုပ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံအတွက် လူတိုင်းကြိုက်တဲ့ မရွှေနှင်းဆီဖြစ်နေတဲ့အခါမှာ သူတို့အတွက် ခဏတာသဲခြေကြိုက်စရာပါဘဲ။ ဒါပေမဲ့ရေရှည်မှာတော့ ဘယ်သူဇတ်သိမ်း ဆိုးကြမှာလဲဆိုတာကိုတော့ နိုင်ငံတကာက စိတ်ဝင်စားနေကြပါပြီ။ အထူးသဖြင့် ပဲခူးလူငယ်နှစ်ဦးကို သွေးအေးအေး လူသတ်မှူဟာ ရာဇ၀တ်မှူစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့တဲ့အခါ အမှူကောင်းတမှူအဖြစ်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ် ကွင်းတားနားအတွက် နောက်တိုးစာရင်းမှာ ရေးမှတ်ထားပြီးသား ဖြစ်သွားတာဆိုတာပါဘဲ။ ဒီလိုရာဇ၀တ်မှူတွေ တပုံခေါင်းနဲ့ ရှိနေတဲ့ နအဖစစ်အုပ်စုအတွက် ကယ်တင်ရှင်များအနေနဲ့ တရုပ်နိုင်ငံက မည်မျှအထိ ကာကွယ်စောင့်ရှောက်ထိမ်းသိမ်းပေးမှာလဲဗျာ။ ဥပမာတခုအနေနဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ့ပြုလုပ်တဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်။ အဲဒါကို သူများတွေက ကွန်ဂရက်ကျူးလေးရှင်း မလုပ်ခင် တရုပ်နိုင်ငံကဘဲ အယင်သူများနိုင်ငံတွေထက် စောစီးစွာပြုလုပ်ခဲ့တဲ့ သမိုင်းတခုက အထင်အရှားတခုရှိနေခဲ့တယ်ဗျ။
ခုလဲဘဲနအဖစစ်အစိုးရကပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဘယ်နိုင်ငံတကာကမှ ၀င်ရောက်စွာက်ဖက်ပြီး မပြုလုပ်ရဘူးတဲ့။ ဒီတော့ တရုပ်နိုင်ငံက ဒီစကားကို ပြောလိုက်တာဟာ မြန်မာနိုင်ငံအရေးကို ၀င်ရောက်စွက်ဖက်လိုက်ခြင်း မဟုတ်ပေဘူးလားဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့အရေးကို မြန်မာနိုင်ငံသူနိုင်ငံသားတွေကသာ ဆုံးဖြတ်ရမှာဆိုတော့ အခုက တရုပ်နိုင်ငံက ရှေ့ကနေပြီးကာဆီးကာဆီးနဲ့ နိုင်ငံတကာကို ပြောနေတာက တကယ့်ရယ်စရာပါဘဲဗျာ။ ဒီတော့မြန်မာနိုင်ငံအရေးနဲ့ ပါတ်သက်သူမှန်သမျှ တရုပ်နိုင်ငံရဲ့ ပြောဆိုချက်တွေကို ကန့်ကွက်ဖို့လိုတယ်ဗျာ။ ရှုတ်ချဖို့လိုတယ်ဗျာ။ လက်မခံဖို့လိုတယ်ဗျာ။ အထဲကပုဂ္ဂိုလ်တွေကလဲ တရုပ်နိုင်ငံကို စကားပြောဖို့ လိုအပ်တယ်ပေါ့ဗျာ။ အပြင်ကပုဂ္ဂိုလ်တွေကလဲဘဲ တပ်ပေါင်းစုတွေ ၊ ဟိုအဖွဲ့တွေအစုံပေါ့ဗျာ ကျားကျားယားယား အစရှိသဖြင့် အမျိုးသမီးအဖွဲ့အပါအ၀င် ဒီတရုပ်နိုင်ငံကို ဆန့်ကျင်ရလိမ့်မယ်ဗျ။ ကန့်ကွက်ဖို့လိုသဗျ။ သူတို့နဲ့ပြုလုပ်နေတဲ့ သဘာဝဂါစ်တွေကို
နအဖစစ်အုပ်စုနဲ့ ပြုလုပ်နေတာတွေကို အသိအမှတ်မပြုကြောင်း အသိပေးဖို့လိုအပ်တယ်ဗျ။ သူတို့တွေက နအဖနဲ့ စီးပွါးရေးအရင်းအနှီးတွေ လုပ်နေတော့ စစ်အစိုးရကို ကြောထောက်နောက်ခံပေးနေတာပါ။ ဒါကိုသတိထားပြီး ကိုယ်တွယ်ပြောဆိုဆက်ဆံဖို့လိုပါတယ်ဗျာ။ တခုတော့ရှိတာပေါ့ဗျာ။ တရုပ်နိုင်ငံဟာ အာဆီယံလောက်တောင် မြန်မာနိုငံဒီမိုကရေစီအတိုက်အခံအင်အားစုတွေက ဆန့်ကျင်ကန့်ကွက်တာကို မခံရတော့ သူတို့ကိုများ ဒီမိုကရေစီအင်အားစုတွေကလဲဘဲ နအဖလက်ခံသလို လက်ခံနေကြတယ်လို့ ထင်မှတ်နေသလားမသိပါဘူးဗျာ။ ဘာဘဲဖြစ်ဖြစ် ဒီလိုထင်မှတ်ထားနေရင်တော့ အဲဒီအထင်တွေကို သင်ပုန်းခြေရအောင် တနည်းအားဖြင့် မြန်မာနိုင်ငံအရေး ၀င်ရောက်စွာက်ဖက်နေတာဟာ ဘယ်သူမှ မဟုတ်ဘူး ။ တရုပ်နိုင်ငံသာဖြစ်ကြောင်း ပြောဆိုကြရအောင်ဗျာ။ ဒါကြောင့် ကျနော်တို့တခုခုမလုပ်သင့်ပေဘူးလားလို့ ။။။။
ခိုင်အောင်ကျော် ( နယူးယောက် )

Wednesday, September 8, 2010
ဂျပန်ရောက်မြန်မာနိုင်ငံသားများတရုပ်ကိုဆန့်ကျင်
မိုးထဲလေထဲအတားအဆီးများထဲက ဂျပန်ရှိ မြန်မာတို့၏ဆန္ဒပြပွဲ
၂၀၁၀ ခုနှစ် စက်တင်ဘာလ (၈)ရက်။

စက်တင်ဘာလ (၈)ရက် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံခရီးစဉ် ဒုတိယနေ့ ဆန္ဒပြပွဲတွင် အလွန်မိုးသီးထန် ရွာချသည့်ကြားထဲက ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီ အင်အားစုတို့မှ ဂျပန်နိုင်ငံရှိ တရုတ်သံရုံးသို့ ညနေ(၃း၀၀)နာရီအချိန်မှီစ၍ သွားရောက် ဆန္ဒပြခဲ့ကြပါသည်။
အဆိုပါဆန္ဒပြပွဲမှာ သတ်မှတ် ညှိနှိုင်းထားပြီး ဖြစ်သည့်နေရာကိုပင် ယနေ့အတွက်ဆန္ဒပြပွဲမှ လုံခြုံရေးတာဝန်ကျ ဂျပန်ရဲများမှ ခွင့်မပြုတော့ဘဲ လုံခြုံရေးရဲ အင်အားတိုးချဲ့ကာ တရုတ်သံရုံးနှင့် မီတာ(၃၀၀)အကွာအဝေးနေရာ ပိတ်ဆို့ထားလိုက်ပါသည်။ ဒီမိုကရေစီ အင်အားစုဘက်မှ တာဝန်ရှိသူများက တရုတ်သံရုံးကို မြင်နိုင်လောက်သည့် ညှိနှိုင်းထားပြီးနေကိုသာ သွားရောက်ဆန္ဒလိုကြောင်း တောင်းးဆိုခဲ့သော်လည်းခွင့်မပြုဘဲ လုံခြုံရေးရဲများတို့မှ အင်းအားသုံး ပိတ်ဆို့ပြီး မိုးရေထဲမှာ ရုန်းယင်းဆန်ခတ်နဲ့ ဆန္ဒပြပွဲကိုနွှဲခဲ့ကြပြီး တရုတ်ဝန်ကြီးချုပ်ထံသို့ တိုက်တွန်းတောင်းဆိုသည့် စာတစ်စောင်ကိုပါ အတိုက်အခံများကြားမှ မရ,ရအောင် ပေးပို့ခဲ့ပါသည်။
သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Myo San Oo(BDA)

စစ်တပ်က လူငယ်နှစ်ဦးကို သတ်ဖြတ်မှု ကုလသမဂ္ဂသို့ ကင်တားနားအစီရင်ခံမည်
2010-09-07
ပဲခူးမြို့မှာ အရပ်သားလူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ လူ့ အခွင့်အရေး ထပ်မံ ချိုးဖောက်မှုတခုပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားက ဒီကနေ့ စက်တင်ဘာ ၇ ရက်မှာ RFA ကို ပြောကြားပါတယ်။
(Photo: AAPP)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။
မြန်မာစစ်တပ်က အခုလို အင်အားသုံးပြီး ပစ်ခတ် သတ်ဖြတ်ခဲ့တာ မှန်ကန်တယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက် ကျုးလွန်မှုတခု ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါ့ပြင် မစ္စတာ ကင်တားနားက သူ့အနေနဲ့ ပဲခူးမြို့က လူငယ်နှစ်ဦး ပစ်သတ်ခံရမှုကို အသေးစိတ် အချက်အလက် စုဆောင်း ရယူနေဆဲ ဖြစ်ပြီး၊ ဒီကိစ္စကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ လာမဲ့ အောက်တိုဘာအတွင်း ကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မလွဲမသွေ အစီရင်ခံ တင်ပြဖို့ရှိတယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားဟာ ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနိုင်ငံကို သွားရောက်ဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်အစိုးရက ခုချိန်ထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။ သူဟာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန် အဆိုပြုထားပါတယ်။ မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို အမေရိကန်၊ သြစတြေးလျား၊ ချက်ပြည်သူ့သမတနိုင်ငံ စတဲ့ နိုင်ငံတွေက ထောက်ခံထားပါတယ်။
ပဲခူုးမြို့မှာ စစ်တပ်က ပစ်ခတ်ခဲ့လို အရပ်သားလူငယ်နှစ်ဦး သေဆုံးရမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။ ဒီလို မတရားမှုတွေကနေ လူထုအုံကြွမှုတွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူတွေ စစ်ခေါင်းဆောင်တွေ သိဖို့ လိုအပ်တယ်လို့ ဦးဝင်းတင်က ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းကလည်း တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ တပ်မတော်သားတွေအနေနဲ့ အခုလို အပြစ်မဲ့ ပြည်သူနှစ်ဦးကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ဒီဖြစ်ရပ်အပေါ် သက်ဆိုင်ရာက ထိုက်သင့်သလို အရေးယူ ဆောင်ရွက်စေလိုကြောင်းနဲ့ ဒီကိစ္စကြောင့် စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို ထိခိုက်လာနိုင်ကြောင်း ပြောဆိုပါတယ်။
ပြည်သူုတွေ ရှေ့မှောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို ခြောက်လှန့်သလို ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတဲ့ စစ်ဗိုလ်စစ်သားတွေကို အရေးယူအပြစ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ်မှာ အဓိက တာဝန်ရှိကြောင်းနဲ့ ပြစ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်စီရင်ရာမှာလည်း နစ်နာသူ မိသားစုတွေရဲ့ ရှေ့မှောက်မှာ ပြစ်ဒဏ်စီရင်ခြင်းမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ က သုံးသပ်ချက် ထုတ်ပြန်ပါတယ်။
မှုခင်းဖြစ်ပွားတဲ့ ပဲခူးမြို့နယ်ဟာ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဌေး ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်ဖြစ်လို့ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်ပေးဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးအတွက် လက်ရှိ အာဏာယူထားတဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်ပိုင်းအနေနဲ့ ပူးပေါင်း ဖြေရှင်းပေးဖို့ ယူဒီပီ ပါတီ အလုပ်အမှုဆောင်အဖွဲ့ကလည်း မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုပါတယ်။
http://www.rfa.org/burmese/
ပဲခူးမြို့မှာ အရပ်သားလူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ လူ့ အခွင့်အရေး ထပ်မံ ချိုးဖောက်မှုတခုပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားက ဒီကနေ့ စက်တင်ဘာ ၇ ရက်မှာ RFA ကို ပြောကြားပါတယ်။
(Photo: AAPP)မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။
မြန်မာစစ်တပ်က အခုလို အင်အားသုံးပြီး ပစ်ခတ် သတ်ဖြတ်ခဲ့တာ မှန်ကန်တယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက် ကျုးလွန်မှုတခု ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါ့ပြင် မစ္စတာ ကင်တားနားက သူ့အနေနဲ့ ပဲခူးမြို့က လူငယ်နှစ်ဦး ပစ်သတ်ခံရမှုကို အသေးစိတ် အချက်အလက် စုဆောင်း ရယူနေဆဲ ဖြစ်ပြီး၊ ဒီကိစ္စကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ လာမဲ့ အောက်တိုဘာအတွင်း ကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မလွဲမသွေ အစီရင်ခံ တင်ပြဖို့ရှိတယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားဟာ ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနိုင်ငံကို သွားရောက်ဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်အစိုးရက ခုချိန်ထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။ သူဟာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန် အဆိုပြုထားပါတယ်။ မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို အမေရိကန်၊ သြစတြေးလျား၊ ချက်ပြည်သူ့သမတနိုင်ငံ စတဲ့ နိုင်ငံတွေက ထောက်ခံထားပါတယ်။
ပဲခူုးမြို့မှာ စစ်တပ်က ပစ်ခတ်ခဲ့လို အရပ်သားလူငယ်နှစ်ဦး သေဆုံးရမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။ ဒီလို မတရားမှုတွေကနေ လူထုအုံကြွမှုတွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူတွေ စစ်ခေါင်းဆောင်တွေ သိဖို့ လိုအပ်တယ်လို့ ဦးဝင်းတင်က ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းကလည်း တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ တပ်မတော်သားတွေအနေနဲ့ အခုလို အပြစ်မဲ့ ပြည်သူနှစ်ဦးကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ဒီဖြစ်ရပ်အပေါ် သက်ဆိုင်ရာက ထိုက်သင့်သလို အရေးယူ ဆောင်ရွက်စေလိုကြောင်းနဲ့ ဒီကိစ္စကြောင့် စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို ထိခိုက်လာနိုင်ကြောင်း ပြောဆိုပါတယ်။
ပြည်သူုတွေ ရှေ့မှောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို ခြောက်လှန့်သလို ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတဲ့ စစ်ဗိုလ်စစ်သားတွေကို အရေးယူအပြစ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ်မှာ အဓိက တာဝန်ရှိကြောင်းနဲ့ ပြစ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်စီရင်ရာမှာလည်း နစ်နာသူ မိသားစုတွေရဲ့ ရှေ့မှောက်မှာ ပြစ်ဒဏ်စီရင်ခြင်းမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ က သုံးသပ်ချက် ထုတ်ပြန်ပါတယ်။
မှုခင်းဖြစ်ပွားတဲ့ ပဲခူးမြို့နယ်ဟာ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဌေး ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်ဖြစ်လို့ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်ပေးဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးအတွက် လက်ရှိ အာဏာယူထားတဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်ပိုင်းအနေနဲ့ ပူးပေါင်း ဖြေရှင်းပေးဖို့ ယူဒီပီ ပါတီ အလုပ်အမှုဆောင်အဖွဲ့ကလည်း မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုပါတယ်။
http://www.rfa.org/burmese/
Subscribe to:
Posts (Atom)