Thursday, January 26, 2012

ဦးဂမ္ဘီရအပါအဝင် မဂ္ဂင်ကျောင်းတိုက်က သံဃာငါးပါး စာထုတ်ဆင့်ခေါ်ခံရ

ဦးဂမ္ဘီရအပါအဝင် မဂ္ဂင်ကျောင်းတိုက်က သံဃာငါးပါး စာထုတ်ဆင့်ခေါ်ခံရ

2012-01-26
အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး သံဃာ့ ခေါင်းဆောင် ဦးဂမ္ဘီရ အပါအ၀င် မဂ္ဂင်ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ သံဃာတော် ငါးပါးကို ပြစ်မှု ကျူးလွန်နေတဲ့ ရဟန်းတော်များဟု သုံးနှုန်းပြီး ဇန်န၀ါရီ ၂၅ ရက် ရက်စွဲနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က စာထုတ် ဆင့်ခေါ်ခဲ့တယ်လို့ သိရှိရပါတယ်။
Burma VJ Media Network
၂ဝဝ၇ ရွှေဝါရောင် သံဃာ့အရေးအခင်းအပြီး စစ်အစိုးရ အာဏာပိုင်များ ဝင်ရောက်စီးနင်း ဖျက်ဆီးပြီး ချိပ်ပိတ် သော့ခတ်ခဲ့သည့် မဂ္ဂင်ကျောင်းတိုက်ပုံ ဖြစ်ပါသည်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ တတိယ အဖွဲ့ခွဲရဲ့ ဇန်န၀ါရီ ၂၅ ရက်က ကျင်းပတဲ့ သတ္ထမအကြိမ် ပထမ အထူး အစည်းဝေးပွဲကြီးက ဆုံးဖြတ် အပြီး သံဃာတော် ငါးပါးကို ဆင့်ခေါ်ခဲ့တာပါ။ ဒီဆင့်ခေါ်စာကို ဒီကနေ့ ဇန်န၀ါရီ ၂၆ ရက်မှ လက်ဝယ်ရရှိခဲ့တယ်လို့ ဦးဣဿရိယက မိန့်ပါတယ်။
စာမှာ ပြစ်မှုကျူးလွန်တဲ့ ရဟန်းတွေလို့ သုံးနှုန်းထားပြီး သံဃာ့ နာယက အဖွဲ့ တွဲဘက် အကျိုးတော်ဆောင် ဆရာတော် လက်မှတ်ထိုးကာ မနက်ဖြန် လာပြီး ဖြေရှင်းဖို့ ပင့်ထားကြောင်း မိန့်ပါတယ်။
ဦးဂမ္ဘီရ အပါအ၀င် သံဃာငါးပါး သီတင်းသုံး နေထိုင်တဲ့ မဂ္ဂင်ကျောင်းတိုက်ဟာ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီး ချိတ်ပိတ်ထားခဲ့တဲ့ ဘုန်းကြီးကျောင်း ဖြစ်တဲ့ အတွက် ဘုန်းကြီးကျောင်းကို ဖွင့်ပြီး သီတင်းသုံး နေထိုင်တဲ့ ကိစ္စနဲ့ ပတ်သက်နိုင်ကြောင်း၊ ပြေလည်အောင် ညှိနိုင်းသွားမှာ ဖြစ်ကြောင်း ဦးဣဿရိယက မိန့်ပါတယ်။
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ဆင့်ခေါ်ခြင်းခံရတဲ့ ဦးဂမ္ဘီရ အပါအ၀င် သံဃာတော် ငါးပါးလုံးဟာ အခုလ ၁၃ ရက်က နိုင်ငံတော်သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော်တွေ ဖြစ်ပါတယ်။

အစိုးရနှင့် ဆွေးနွေးရန် မွန်ပြည်သစ် ကိုယ်စားလှယ် ရွေးပြီး

            အစိုးရနှင့် ဆွေးနွေးရန် မွန်ပြည်သစ် ကိုယ်စားလှယ် ရွေးပြီး


စံခလပူရီ (မဇ္ဈိမ) ။ ။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့၌ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် မွန်ပြည်သစ်ပါတီက ဒု-ဥက္ကဋ္ဌ နိုင်ရော့စ ဦးဆောင်သည့် ကိုယ်စားလှယ် ၇ ဦးပါ အဖွဲ့ကို ရွေးချယ်လိုက်သည်။

ပါတီဗဟိုဌာနချုပ်ရှိရာ ရေးချောင်းဖျားဒေသတွင် ဗဟိုအလုပ်မှုဆောင် ကော်မတီများ ညှိနှိုင်းဆွေးနွေးခဲ့ပြီး အင်္ဂါနေ့တွင် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ကိုယ်စားလှယ်များမှာ ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စ၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်သည့် နိုင်တလညီနှင့် နိုင်လရီဂကောင်း၊ ဗဟိုကော်မတီဝင်များ ဖြစ်သည့် မော်လမြိုင်ခရိုင် ဥက္ကဋ္ဌ နိုင်အေးမွန်၊ ထားဝယ်ခရိုင် ဥက္ကဋ္ဌ နိုင်ဗညားလယ်၊ သထုံခရိုင် အတွင်းရေးမှူး နိုင်ဧကနှင့် ဗဟိုစစ်ကော်မတီ ဒု-ဗိုလ်မှူးကြီး နိုင်ဗညားချမ်းနွန်တို့ ဖြစ်ကြောင်း ဗဟိုကော်မတီဝင်
နိုင်ဟံသာပိန်ခိုင်းက ပြောသည်။
MNSP
အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့၌ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် မွန်ပြည်သစ်ပါတီက ဒု-ဥက္ကဋ္ဌ နိုင်ရော့စ ဦးဆောင်သည့် ကိုယ်စားလှယ် ၇ ဦးပါ အဖွဲ့ကို ရွေးချယ် (ဓါတ်ပုံ မဇ္ဈိမ)

“ကျနော်တို့ဘက်က အရင်က ရပ်တည်ချက်အတိုင်းပဲ။ တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲရေး ကိုပဲ တင်ပြဖို့ ရှိပါတယ်။ အပစ်အခတ် ရပ်စဲတာက အဓိက မဟုတ်ပါဘူး။ နိုင်ငံရေး ဆွေးနွေးဖို့ပဲ အဓိကပါ” ဟု မဇ္ဇျိမကို ပြောသည်။

ပါတီဥက္ကဋ္ဌ နိုင်ထောမွန်ကလည်း မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ရန် မခက်ခဲသော်လည်း နိုင်ငံရေး
ဆွေးနွေးမှုများ ပြုလုပ်ရန် ခက်ခဲသည်ဟု ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲ အပိတ်မိန့်ခွန်း တွင် ဇန်နဝါရီ ၂ဝ ရက်နေ့က ပြောကြားခဲ့သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်များ ဖြစ်ကြသည့် ချင်းအမျိုးသားတပ်ဦး
နှင့် ကရင်အမျိုးသား အစည်းအရုံးတို့ အပစ်အခတ် ရပ်စဲလိုက်သည့်အတွက် တပ်ပေါင်းစုဖြင့် နိုင်ငံရေး ဆွေးနွေးရန် မလွယ်ကူတော့ကြောင်း UNFC နှင့် မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

“UNFC ရဲ့ ဘဝပေး အခြေအနေက စက္ကူရုပ်ကျားလို ဖြစ်သွားပြီဆိုတော့ တိုင်းရင်းသား အားလုံးရဲ့ အကျိုးစီးပွား အတွက် အကောင်အထည်ဖော်ဖို့ဆိုတာ မလွယ်တော့ဘူး” ဟု နိုင်ဟံသာက မွန်အမျိုးသားရေးရာ နှီးနှော ဖလှယ်ပွဲ တွင် ပြောကြားခဲ့သည်။

အစိုးရမှ စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်းခုခံကာကွယ်နိုင်ရန် UNFC ကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ
လ ၁၇ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၁၂ ဖွဲ့မှ အခြေခံ ခြောက်ဖွဲ့နှင့် မဟာမိတ်ခြောက်ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ်များနှင့် မဆွေးနွေးမီ ရက်ပိုင်းတွင် မွန်ပြည်သစ် ကိုယ်စားလှယ်
များက ပြည်တွင်းရှိ မွန်နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်း အသီးသီးထံမှ အကြံဉာဏ်များကို ရယူသွားဦးမည်ဟုလည်း
နိုင်ဟံသာပိန်ခိုင်းက ပြောသည်။

မြန်မာအပေါ် ပိတ်ဆို့ အရေးမှု ထပ်မလျော့ပေးဖို့ ပန်ကြား

                   မြန်မာအပေါ် ပိတ်ဆို့ အရေးမှု ထပ်မလျော့ပေးဖို့ ပန်ကြား
Burma Campaign UK ရဲ့ ဆန္ဒပြပွဲ
26 ဇန်နဝါရီလ 2012
မြန်မာနိုင်ငံမှာ စစ်တပ်က ကျော်ထောက်နောက်ခံ ပေးထားတဲ့ လက်ရှိ အစိုးရက ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှုတွေကို ဂတိ ပေးထားတဲ့ အတိုင်း လုပ်ပြမှသာ နောက်ထပ် လျော့ပေါ့ ပေးသင့်တယ်လို့ ဥရောပ သမဂ္ဂကို မြန်မာ့အရေး တက်ကြွ လှုပ်ရှားတဲ့ Burma Campaign UK နဲ့ Human Rights Watch အဖွဲ့ နှစ်ခုက တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက မြန်မာအစိုးရ ခေါင်းဆောင်တွေကို ဥရောပ နိုင်ငံတွေက ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားမှုကို ဥရောပ သမဂ္ဂက ရုတ်သိမ်း ပေးခဲ့ပါတယ်။
အာဏာပိုင်တွေဟာ ဖိနှိပ်ချုပ်ချုယ်ထားတဲ့ ဥပဒေတွေကို တခုမှ ပြန်ရုတ်သိမ်းပေးတာ မရှိသေးဘူးလို့ Burma Campaign UK က ပြောပါတယ်။
နောက်တဖွဲ့ဖြစ်တဲ့ Human Rights Watch ကတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးပြီး အများယုံကြည် လက်ခံ ရလောက်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးတဲ့အထိ မြန်မာအစိုးရအပေါ် ဖိအား ဆက်ပေးနိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာ ရောက်နေတဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ လက်ရှိ လုပ်နေတဲ့ ပြပြင် ပြောင်းလဲရေးတွေဟာ နောက်ကြောင်း ပြန်လှည့်လို့ မရတဲ့ အခြေအနေမှာ ရှိနေပါတယ်လို့ ပြောပါတယ်။

တိုကျိုတွင် လာမည့် ၄ နှစ်အတွင်း ငလျင်ကြီးများ လှုပ်ခတ်နိုင်ဟုဆို

တိုကျိုတွင် လာမည့် ၄ နှစ်အတွင်း ငလျင်ကြီးများ လှုပ်ခတ်နိုင်ဟုဆို

Planet |ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုသည် လာမည့် (၄)နှစ်အတွင်း အလွန်အင်အားကြီးမားသော ငလျင်ပြင်းကြီးများ လှုပ်ခတ်မှုနှင့် ကြုံရနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ မြို့တော် အနေဖြင့် လာမည့် (၄)နှစ်အတွင်း ရစ်ခ်ျတာစကေး (၇)ထိရှိသည့် ငလျင်ကြီးများနှင့် ကြုံကြိုက်ရမည့် အနေအထားသည် (၇၀)ရာခိုင်နှုန်းထိ ရှိနေကြောင်း သိရသည်။ လာမည့် နှစ်ပေါင်း(၃၀)အတွင်း အဆိုပါ ငလျင်ကြီးမျိုးနှင့် တိုက်ရိုက်ထိတွေ့ရမည့် အခြေအနေမှာမူ (၉၈)ရာခိုင်နှုန်းထိ သေချာနေကြောင်း တိုကျိုတက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့သည်။ ဂျပန်မှ ငလျင်တိုင်းတာရေး ကျွမ်းကျင်သူများက (၄)နှစ်အတွင်း ဂျပန်သည် သေချာပေါက်နီးပါး ငလျင်ကြီးတစ်ခုခုနှင့် ကြုံရနိုင်ကြောင်း သတိပေးထားသည်။

တိုကျိုတက္ကသိုလ်၏ ငလျင်သုတေသန ဌာနက ငလျင်၏ ပြင်းအားသည် ရစ်ခ်ျတာစကေး (၉)ထိ မြင့်တက်လာနိုင်ကြောင်းလည်း ဆိုသည်။ ပြီးခဲ့သည့်နှစ် အစောပိုင်းက ဂျပန်တွင် ငလျင်ကြီးတစ်ခု လှုပ်ရှားခဲ့ရာ နိုင်ငံ၏ အရှေ့မြောက် ကမ်းခြေ ဒေသတွင် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း (၂၃၀၀၀)ကျော် သေကြေ ပျက်စီးခဲ့သည်။ တိုကျိုတွင် ဆောက်လုပ်ထားသော အဆောက်အအုံသစ် အများအပြားသည် ငလျင်ဒဏ် ခံနိုင်အောင် နည်းပညာ မြှင့်တင်ထားသော်လည်း အစိုးရက ပြင်းအားအဆင့် (၇.၃)ရှိသော ငလျင်တစ်ခု ရိုက်ခတ်ပါက လူပေါင်း (၅၆၀၀)မျှ သေကြေကာ အိမ်ခြေ (၈၅၀၀၀၀)မျှ ပျက်စီးနိုင်ကြောင်း ခန့်မှန်းထားသည်။

သုတေသီများ၏ ခန့်မှန်းချက်နှင့်မူ အစိုးရဘက်က အတည်ပြုရန် ငြင်းဆိုခဲ့ပြီး မတူညီသော ကွန်ပျူတာ အမျိုးအစားများအပေါ် အခြေခံ တွက်ချက်မှုအလိုက် ရလဒ် ကွာခြားနိုင်ကြောင်း ထောက်ပြခဲ့သည်။ ဂျပန်တွင် ကိုဘေးငလျင်ကြီးကြောင့် လူ(၆၄၀၀)ကျော် သေဆုံးပြီးနောက် (၁၉၉၅)မှစ၍ အဆောက်အအုံများ တည်ဆောက်မှုကို ငလျင်ဒဏ်ခံနိုင်မှု အဆင့်အတန်း သတ်မှတ်လာခဲ့သည်။

စစ်ဘေးရှောင်များအရေး KNU ဆွေးနွေးမည်

                      စစ်ဘေးရှောင်များအရေး KNU ဆွေးနွေးမည်

အီးမေးလ်ပို့ရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် မြန်မာအစိုးရ နှစ်ဖက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံသည့်အခါတွင် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ ရွာပုန်း၊ ရွာရှောင် ဒုက္ခသည် IDP များ
ပြန်လည်ထူထောင်ရေးကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်စွဲကိုင် တော်လှန်ရာတွင် နှစ်ဖက် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ပြေးနေရ သူများကို နေရပ်ရင်း ပြန်ရောက်ရေးနှင့် အိုးအိမ်နှင့် လယ်ယာမြေများ ပြန်လည်နေရာချထားပေးရေးတို့ကို ဦးစားပေး အချက်တခုအဖြစ် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထော က ပြောသည်။

“ကျနော်တို့က ပြည်တွင်းထဲက IDP တွေကို အရင်ဦးစားပေးအဖြစ် ဆွေးနွေးသွားမှာပါ။ နယ်စပ် ဒုက္ခသည်စခန်းတွေက လူတွေအတွက်တော့ ဒုတိယအဆင့် ဖေါ်ဆောင်ရေးအဖြစ် တခါတည်း ဆွေးနွေးသွားမယ်။ ဘာလို့လဲဆိုတော့ သူတို့က
နေရေးနဲ့ ရိက္ခာတွေ အထဲကလူတွေလောက် ပူစရာမလိုဘူးလေ” ဟု သူက မဇ္ဈိမကို ပြောသည်။
knuandgov2
KNU နှင့် မြန်မာအစိုးရ နှစ်ဖက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံသည့်အခါတွင် စစ်ဘေးရှောင် ဒုက္ခသည်များ ပြန်လည်ထူထောင်ရေးကို ထည့်သွင်း ဆွေးနွေးသွားမည် (ဓါတ်ပုံ မဇ္ဈိမ)

အဆိုပါ ဒုက္ခသည်များမှာ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်ရှိ တောတောင်များအတွင်း ခြေသလုံးအိမ်တိုင် ဘဝဖြင့် ပုန်းအောင်းနေရပြီး စားဝတ်နေရေးအတွက် ထိုင်း-မြန်မာ နယ်စပ်ရှိ စားနပ်ရိက္ခာအကူညီပေးရေးအဖွဲ့များက လက်လှမ်းမှီသ၍ ကူညီပေးလျက်ရှိကာ ကျန်းမာရေး စောင့်လျှောက်မှုကို နယ်လှည့်ကျောပိုးအိတ်အဖွဲ့ BPHWT နှင့် ကရင်အမျိုးသား အစည်းအရုံး KNU ဆေးတပ်ဖွဲ့တို့မှ ကုသမှုများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

IDP ဒုက္ခသည် စုစုပေါင်း ၁ သိန်းခန့်ရှိပြီး KNU အပေါ် မြန်မာအစိုးရက ထိုးစစ်ဆင်ရာတွင် ရွာလုံးကျွတ် မီးရှို့ခံရသူများ
နှင့် မြေမြှပ်မိုင်းများကြောင့် နေရပ်ရင်းသို့ မပြန်နိုင်သူ အများစုဖြစ်ပြီး ပဲခူးတိုင်း၊ ရွှေကျင်၊ ကျောက်ကြီး အပါအဝင် ကရင်ပြည်နယ်ရှိ မြို့နယ် အားလုံးနီးပါးမှ လာသူများဖြစ်ကြောင်း BPHWT ဒါရိုက်တာ ဦးမန်းမန်းက ပြောသည်။

ထို့အတူ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့၌ ရေကာတာ တည်ဆောက်မှုကြောင့် ရွှေ့ပြောင်းရသော သူများလည်း ပါရှိသည်ဟု ဆိုသည်။

“အဓိကကတော့ ပြည်တွင်းစစ်၊ အစိုးရဲ့ထိုးစစ်တွေကြောင့် နယ်မြေထိန်းချုပ်မှုတွေ၊ ရေကာတာ ဆောက်တာတွေ အကြိုးဆက်တွေကနေ ရွာပုန်းရွာရှောင် အနေအထားနဲ့ အမြဲတမ်း ရွှေ့ပြောင်းနေရတာကတော့ ကရင်ပြည်နယ် မြို့နယ်အားလုံးလိုလိုပါပဲ။ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းဘက်ကလည်း ပါတာပဲ” ဟု ဦးမန်းမန်း က မဇ္ဈိမကို ပြောသည်။

KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ ဇန်နဝါရီ ၁၂ ရက်နေ့က ဘားအံမြို့တွင် အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြပြီး KNU ဘက်မှ တောင်းဆိုသည့် အချက် ၁၁ ချက်အား မူအားဖြင့် နှစ်ဖက် သဘောတူထားပြီး ယင်းအချက်များကို အကောင်ထည်ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် အသေးစိပ် ထပ်မံဆွေးနွေးကြဖို့ ၄၅ ရက်အတွင်း တွေ့ဆုံကြမည် ဖြစ်သည်။

ထိုတွေ့ဆုံမှုတွင် ရွာပုန်းရွာရှောင်ဒုက္ခသည်များအရေး၊ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များ အရေး
နှင့် KNU နှင့် ဆက်နွယ်၍ အကျဉ်းချခံထားရသည့် အကျဉ်းသားများ လွတ်မြောက်ရေးတို့ကို KNU ငြိမ်းချမ်းရေး
ဖော်ဆောင်ရေးကော်မတီက ထည့်သွင်းဆွေးနွေးသွားမှာဖြစ်သည်။ အကျဉ်းသား စာရင်းများကိုလည်း ပြုစုထားပြီး
ဖြစ်ကြောင်း ဒေးဗစ်ထောက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုတွင် ခိုလှုံနေကြသည့် ဒုက္ခသည်ပေါင်း ၁ သိန်းခွဲဝန်းကျင်ခန့်ရှိပြီး ၎င်းတို့၏ စားဝတ်နေရေးကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ အကူအညီပေးရေးအဖွဲ့ TBBC က စားနပ်ရိက္ခာ ထောက်ပံ့ပေး
နေလျက်ရှိသည်။ အဆိုပါ ဒုက္ခသည်များထဲတွင် KNU နှင့် အစိုးရတပ်များ တိုက်ပွဲပဋိပက္ခများကြောင့် ရောက်ရှိလာ သည့် ကရင်လူမျိုး အများစုပါဝင်ပြီး နိုင်ငံရေးအရ ထွက်ပြေးပုန်းခိုလာသူ အခြားတိုင်းရင်းသားများလည်း ရှိကြသည်။

ဒုက္ခသည်များမှာ မူလက ၎င်းတို့နယ်မြေများအတွင်း စပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးကြသူများ ဖြစ်သည်။ ယခုအခါ တွင် နယ်မြေအတွင် အိုးအိမ်၊ လယ်မြေများ ပျက်စီးကုန်ပြီး နယ်မြေအတွင်းရှိ မြေမြှပ်မိုင်း အန္တရာယ်ကြောင့် နေရပ်ရင်း
ပြန်လည် အခြေချရန် အခက်ခဲများစွာရှိနေကြောင်း ပြောဆိုကြသည်။

၂ဝ၁ဝ ခုနှစ်အစောပိုင်းက အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်း-မြန်မာနယ်စပ် နို့ဘိုး ဒုက္ခသည်စခန်းတွင် လာရောက် ခိုလှုံနေသူ ပိုင်ကျုံမြို့နယ်သား တဦးက “ကျနော်တို့ရွာတွေက ကွက်လပ်တွေပဲ ရှိတယ်။ တောထဲသွား မျှစ်ချိုး တောင်ယာစိုက်ဖို့ဆိုတာ မိုင်းတွေ ရှိနေတယ်။ ဒီကိစ္စက ဘယ်သူမှ ဖြေရှင်းပေးနေတာ မဟုတ်သေးဘူး။ ပြန်လုပ်ပါမယ်တဲ့ လှည်းလည်းမရှိ၊ နွားလည်းမရှိ။ ဒါတွေ ဘယ်သူတွေက စီစဉ်ပေးမှာလဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

မြန်မာအစိုးရတပ်က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကဒီးမူ ရွာကို ၂ဝ၁ဝ ဖေဖေါ်ဝါရီလပိုင်းက မီးရှို့ခဲ့သဖြင့် မယ်လ ဒုက္ခသည်စခန်းတွင် သုံးနှစ်ခန့် လာရောက်ခိုလှုံနေသူ ကရင်အမျိုးသမီးတဦးကလည်း “ကျမတို့က အခု ဘာမှန်းမသိဘူး ဒီမှာနေရတာ။ တတိယ နိုင်ငံကို ပို့မယ်ဆိုလည်း ကျမတို့ သားသမီးတွေအတွက် ပညာရေး စိတ်ပူစရာ မလိုဘူး။ ရွာပြန်ပို့မယ် ဆိုလည်း အန္တရာယ်ကင်းကင်းနဲ့ လုပ်ကိုင်စားသောက်ဖို့ ရပ်တည်နိုင်ဖို့ အာမခံချက်တွေရှိရင် ကောင်းတာ
ပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။

ဒုက္ခသည်များ နေရပ်ရင်းပြန်၍ ဘဝများ ပြန်စနိုင်ကြရန်အတွက် မြန်မာအစိုးရနှင့် KNU တို့မှာ တာဝန်ရှိပြီး စစ်မှန်သည့် အပစ်အခတ် ရပ်စဲမှုပြုလုပ်ပြီး မြေမြှပ်မိုင်းများ ရှင်းလင်းကာ၊ ဒုက္ခသည်များ၏ လယ်ယာမြေ ပိုင်ဆိုင်ခွင့်များ ပြုလုပ်ပေး
ခြင်း၊ လယ်ယာမြေများကို ပြန်လည် ခွဲဝေပေးခြင်း၊ ကောက်ပဲသီးနှံ မျိုးစေ့များ၊ စိုက်ပျိုးရေး ကိရိယာများနှင့် ဒုက္ခသည်များအား မှတ်ပုံတင် ထုတ်ပေးခြင်းများဖြင့် ထူထောင်ရေး ပြုလုပ်ပေးရန် လိုအပ်ကြောင်း BPHWT မှ ဦးမန်းမန်း က ပြောသည်။

အကျဉ်းသားသတင်းသမား

ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြန်လွတ်လာကြတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ကိုကိုကြီး (ခေါ်) ကေကျု လည်း ပါလာခဲ့တယ်။ သူ ထောင်က လွတ်လာပြီးတာနဲ့ သူ့ကို အင်တာဗျူးခဲ့တာနဲ့ ဆက်စပ်ပြီး အခုလို သတင်းသမား ဖြစ်ခဲ့ရတာ သူနဲ့ တိုက်ရိုက် ပတ်သက်ခဲ့တာကို အောက်မေ့မိပါတယ်။
မြန်မာပြည် အကျဉ်းထောင်တွင်း တနေရာ
သရက်အကျဉ်းထောင် ၁ တိုက် မှာ ကိုကိုကြီးနဲ့ အတူနေစဉ် ကာလတွေတုန်းက ကိုကိုကြီးကို အတူနေ နိုင်ငံရေး အကျဉ်းသားတွေက အဖိုးကြီးလို့ ခေါ်ပြီး ကျနော့်ကိုတော့ အဖိုးလေးကို ခေါ်ကြတယ်။ အားလုံးထဲမှာ သူက အသက်အကြီးဆုံးမို့ သူ့ကို အဲဒီလိုခေါ်ကြတာပါ။
ကိုကိုကြီးဟာ ၁၉၉၉ ခုနှစ်က ကျခံရတဲ့ ပြစ်ဒဏ်ကာလ ကုန်ဆုံးချိန်က အမှတ်ရစရာလေးကို ရင်ထဲ စွဲစွဲထင်ထင်ရှိခဲ့ တယ်။ လွတ်ရက် နီးကပ် လာတာနဲ့အမျှ အမြဲ ကြိုတင်ပြင်ဆင်တတ်တဲ့ အဖိုးကြီး ခေါ် ကိုကိုကြီးဟာ အပြင်လောက ပြန်ရောက်ရင် မီဒီယာတွေနဲ့ ဘယ်လိုရင်ဆိုင် ဖြေကြားသွားမလဲ ဆိုတာကို အစမ်းလေ့ကျင့်ခန်းလုပ်ဖို့ ကျနော်နဲ့ တိုင် ပင်လေ့ရှိပါတယ်။
ကိုကိုကြီးကို အကျဉ်းထောင်ထဲမှာပဲ အစမ်း အင်တာဗျူးခွင့်တွေ ကျနော် ရခဲ့တယ်။
နေ့တိုင်း လမ်းလျှောက်ရင်း ကျနော်က ကပ်သီး ကပ်သပ် ကြံကြံဖန်ဖန် မေးခွန်းတွေ ထုတ်၊ သူက ဖြေရင်းနဲ့ လေ့ကျင့်ခဲ့ ကြတာပါ။
တရက်တော့ သူ လွတ်ရက်စေ့တဲ့နေ့မှာပဲ ထောင်ဗူးတံခါးဝကို သူ့ကို ခေါ်သွားကြပေမယ့် ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီမှာ ကျနော်က သူ့ကို “ဘ” ခြောက်လုံး မေးခွန်းတွေ ဆင့်ဆင့်ပြီး မေးဖြစ်ခဲ့တယ်။ နောက်ဆုံး အဖြေကတော့ အရင်ပြစ်ဒဏ်ကနေ လွှတ်ပေးလိုက်တဲ့ စာကို ထောင်ပိုင်နဲ့ ရဲ သတင်းတပ်ဖွဲ့က ဖတ်ပြတယ်၊ ပြီးတာနဲ့ တဆက်တည်း မှာပဲ နိုင်ငံတော်လုံခြုံရေးကို ထိပါးနှောင့်ယှက်တယ်လို့ ယူဆရတဲ့ အမှုဖြစ်တဲ့ ပုဒ်မ ၁၀ (က) နဲ့ ၆ လ ထပ်မံ ချုပ်နှောင် လိုက်တယ် ဆိုတာပါပဲ။
၂၀၀၅ ခုနှစ် မှာတော့ ပုဒ်မ ၁၀ (က) ထပ်တိုးဖို့ သက်တမ်း ၅ နှစ်နဲ့ ၆ လ ကာလ ကုန်သွားဖို့ အချိန်တွေက နီးကပ်လာ ပြန်တယ်။ အဲဒီတုန်းကလည်း အင်တာဗျူးတွေလုပ်ရင်း သူနဲ့ ကျနော် လေ့ကျင့်ကြပြန်တယ်။
“ငါ့ကို ထောင်ထဲမှာတုန်းက မင်းက ချောင်ပိတ်မေးတာတွေကိုတောင် ငါ ဖြေနိုင်ခဲ့သေးတာ” လို့ ကိုကိုကြီးက ဇန်နဝါရီ ၁၃ ရက်နေ့ သူထောင်ကလွတ်တဲ့အချိန် ကျနော့်အင်တာဗျူးအပြီးမှာ မှတ်မှတ်ရရ ပြောပါတယ်။
ကျနော်က အလွန်အဖြေကျပ်တဲ့ မေးခွန်းတွေကို သူ့ကို မေးခဲ့ဖူးတယ်။ မနက်ဖြန် သူ့ကို ဘာတွေ မေးမလဲ ဆိုတာ စဉ်းစားရတာ ကျနော့်ရဲ့ ထောင်တွင်း သတင်းထောက်အလုပ်လို့တောင် ပြောနိုင်ပါတယ်။
“ခင်ဗျားတို့က ကျောင်းသားအရွယ်လည်း မဟုတ်တော့ဘူး။ အခု ခင်ဗျား လွတ်လာပြီဆိုတော့ ကျောင်းသားသမဂ္ဂ ပေါ်ပေါက်ရေး လုပ်ဦးမှာလား” ဆိုတဲ့ ကျနော့်မေးခွန်းကို သူက “ကျနော်တို့ အခုလွတ်လာပြီဆိုတော့ အသက် အရွယ်အရရော၊ ဖြတ်သန်းမှုအရရော၊ တိုင်းပြည်အကျိုး တကယ်လုပ် ကြပြီ ဆိုရင် လမ်းပေါ်ထွက်ပြီး အရင်တုန်းက ပြောခဲ့သလို ကျောင်းသားနိုင်ငံရေး လောက်နဲ့ မလုံလောက်ဘူး၊ ဒါကြောင့် ကျနော်ကတော့ ပါတီနိုင်ငံရေး ဘက်ကို ဦးတည်လုပ်သွားမယ်” ဆိုပြီး ကိုကိုကြီးက ဖြေဖူးတယ်။ ဒါက သူ ထောင်ကလွတ်ရင် ဘယ်လိုဖြေမယ် ဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလ အကျဉ်းစံနေရစဉ်မှာ မေးခဲ့ ဖြေခဲ့ကြတာတွေပါ။ ဒီနေ့ ဒီအချိန်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ အတူ သူ ဘာတွေ လုပ်မယ် ဆိုတာတော့ မြန်မာပြည်သားတွေ သိနေလောက်ပါပြီ။
“ဒေါ်အောင်ဆန်းစုကြည်ကို ပါတီခေါင်းဆောင်ထက် ပိုပြီးမျှော်လင့်ထားလား၊ ဘာကြောင့်မျှော်လင့်ထားတယ်၊ မထား ဘူးဆိုတာလေး သိပါရစေ။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး မိတ်ဆွေအဖြစ် သဘောထားလား၊ ပြိုင်ဘက်အဖြစ် သဘောထားလား” ဆိုတဲ့ မေးခွန်းကိုလည်း သူ ပြန်ဖြေခဲ့ဖူးပါတယ်။
“မြန်မာ့နိုင်ငံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ကျနော်တို့ အမြဲ စဉ်းစားတဲ့အခါ ပါတီ ခေါင်းဆောင် တဦးထက် ပိုတယ်။ ဥပမာ ဗျာ State person လိုမျိုး ကျနော်တို့ က မျှော်လင့်ထားတယ်” လို့ ဒီမေးခွန်းကို သူ ဖြေပါတယ်။
“နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မိတ်ဆွေအဖြစ် ဆက်ရှိနေမယ် ဆိုတာ သေချာတာက ကျနော်တို့ဟာ မိတ်ဘက်ြုဖစ်တယ်၊ ဘုံ ပန်းတိုင်ရှိနေသမျှ ကာလ တလျှောက်လုံးပဲ” လို့လည်း သူက ပြောပါတယ်။
သတင်းသမားဆိုတာ ကိုယ်မေးမယ့်သူရဲ့အကြောင်း သိထားရမယ်၊ မေးရမယ့် ဘာသာရပ် အကြောင်းအရာကို သိနားလည် ထားရမယ်။ ပြီးတော့ ပရိသတ် ဘာသိချင်နေမလဲ သိထားရမယ် ဆိုတာတွေလောက်သာ အဲဒီတုန်းက ကျနော် နားလည် ခဲ့တာပါ။
၈၈ မျိုးဆက် ကျောင်းသားခေါင်ဆောင်တွေ ထောင်ကထွက်လာတော့ သိချင်သူ ပရိသတ်တွေ ကိုယ်စား ကျနော်က သတင်းသမားအနေနဲ့ မေးခွန်းတွေမေးရမယ့် တာဝန် ကျလာပါတယ်။ အခုတခါတော့ အစမ်းလေ့ကျင့်တာ မဟုတ် တော့ဘူး။ တကယ့် သတင်းသမားအဖြစ်နဲ့ သူ့ကို မေးပါတယ်။
ထောင်က ထွက်လာခါစ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဘာတွေလုပ်ခဲ့တယ်၊ ဘာကြောင့် ထောင်ထဲ ရောက်ခဲ့တယ်၊ ထောင်ထဲမှာ ဘယ်လိုဖြတ်သန်းခဲ့တယ်၊ အခု ထောင်က ဘာကြောင့်လွတ်လာပြီး ဘာတွေဆက် လုပ်မယ်ဆိုတဲ့ သူတို့ရဲ့ အတွေးအမြင်၊ နှုတ်ထွက် စကားတွေကို ပြည်တွင်း၊ ပြည်ပက ပရိသတ်တွေနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းကပါ သိချင်နေကြပါတယ်။ ကျနော့်မေးခွန်းတွေကို ကိုကိုကြီးက အရင်တုန်းကလိုပဲ ပထမဆုံး လုပ်မယ့် သတင်းစာရှင်းလင်းပွဲ မတိုင်ခင် မကျွံရအောင် ထိမ်းသိမ်း ပြောဆိုသွားပြန်ပါတယ်။
“ငါက မင်းကို Reporter ဆိုတာ မေ့ချင်သလို ဖြစ်နေတယ်။ ငါက လွတ်လွတ်လပ်လပ် ပြောချင်တာ။ အားရပါးရ စိတ် ထဲရှိတာ ပြောလိုက်ချင်တာ” လို့ ကိုကိုကြီးက ပြောပါတယ်။
မှန်ပါတယ်။ အဖိုးကြီးဟာ သိပ်လူသား ဆန်ဆန် ပြုမူနေထိုင်ပြောဆို ချင်သူပါ။ ဒါပေမယ့် သူ့ဘ၀က နိုင်ငံရေး ဘ၀ ဖြစ်နေပါတယ်။
အတူနေခဲ့တဲ့ အကျဉ်းစံ နှစ်ပေါင်းများစွာ ကာလမှာ လူတဦးချင်းစီရဲ့ အတွင်းသရုပ်ကို အမှန်အတိုင်း သိခွင့်ရခဲ့ ပါတယ်။ ဒါကလည်း သဘာဝပါဘဲ။ အဲဒီလို ပိတ်လှောင်ခံ ဘ၀တွေမှာ အလွန် ဟန်ဆောင်ကောင်းတဲ့ သူတွေလည်း အရေခွံ ကျွတ်ကျရတာပါပဲ။
ဒီအတွက်ကြောင့်ပဲ ကိုကိုကြီးကို အတားအဆီး မရှိ သူ့ဘ၀၊ သူ့အကြောင်း သိခွင့်ပိုရခဲ့တာပါ။ အင်းစိန်ထောင်ထဲမှာ ရှိစဉ်က တိုက်ဝန်းထဲမှာ တိုက်က ၆ တိုက်ရှိပါတယ်။ အဲဒီတုန်းက ကျနော်က ကြိုးတိုက် ခေါ် ၂ တိုက်မှာ နေခဲ့ရပြီး သူ ကတော့ ၅ တိုက်မှာပါ။
သူဟာ အကျဉ်းထောင်ထဲမှာလည်း တခြား နိုင်ငံရေးအကျဉ်းသား များနည်းတူ အမြဲတမ်း လေ့လာတတ်သူဖြစ်ပြီး အထူးသဖြင့် သူ့ခေါင်းထဲမှာ နိုင်ငံရေးအကြောင်းပဲ တွေးဖြစ်၊ ပြောဖြစ်နေတာ သတိထားမိတယ်။ ဒါကြောင့်ပဲ ကိုကိုကြီးဟာ နိုင်ငံရေးသမားအဖြစ် မွေးဖွားလာတယ်လို့တောင် ပြောချင်ပါတယ်။
သူဟာ ၈၈ အုပ်စုထဲမှာ အသက်အရွယ်အရလည်း အကြီးဆုံးဖြစ်သလို ကျောင်းသားသက် အရှည်ဆုံးလည်း ဖြစ်ပါတယ်။ သူက ၈ တန်းအထိ တက်ခဲ့ပြီး အဲဒီတုန်းက က စက်မှုလက်မှုသိပ္ပံ (THS) ၂ နှစ် တက်ခဲ့တယ်။ THS လည်း အောင်တဲ့အချိန်မှာ ၁၀ တန်းလည်း အောင်ခဲ့ပါတယ်။
၁၀ တန်းအောင်တုန်းက ရမှတ်က ကျနော် အမှတ်မမှားဘူးဆိုရင် ၃၉၉ မှတ်ရခဲ့ပြီး နိုင်ငံတကာ ဆက်ဆံရေး ဘာသာ အထူးပြု (IR) နဲ့ ရန်ကုန်တက္ကသိုလ်မှာ ပထမဆုံး အပတ်စဉ် တက်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ကျောင်းသား လှုပ်ရှားမှုကြီး ဖြစ်တော့ သူ က (IR) နောက်ဆုံးနှစ် ကျောင်းသားပေါ့။ သူက HGP စာမေးပွဲကိုလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဘာသာရပ် ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါသေးတယ်။
“ငါက ကျောင်းသား လုပ်စားသလိုများ ဖြစ်နေလား မသိဘူး” လို့ သူ တခါက ပြောဖူးတာ သတိရပါတယ်။
အဲဒီတုန်းက သူ့ကို တချို့က ဗိုလ်ချုပ် (ဗိုလ်ချုပ်အောင်ဆန်း) နဲ့ တူတယ်လို့ ပြောကြသေးတယ်။ မတူတာကတော့ ဆံပင် ကောက်တာပါ။
ကိုကိုကြီးဟာ သစ်ကုမ္ပဏီ ၀န်ထန်းဖခင်နဲ့ တောင်ဥက္ကလာမြို့မှာ ကြီးပြင်းလာတယ်။ ညီအစ်ကို ၂ ဦးတည်းသာ ရှိတဲ့ မိသားစုမှာ အစ်ကိုကြီးဖြစ်တယ်။ ပြီးတော့ သူ့မိခင်က ချဉ်ပတ် ရောင်းခဲ့တာကြောင့် သူ့ကို “ချဉ်ပတ်” လို့ ကျောင်းနေဘက် သူငယ်ချင်းတချို့က ခေါ်ဝေါ် ခဲ့တာကိုလည်း ပြန်ပြောပြခဲ့ ဖူးပါတယ်။
ချဉ်ပတ် ဆိုတဲ့ နာမည်က နိုင်ငံရေးသမား ဘ၀မှာလည်း ရခဲ့ပါသေးတယ်။ သူက ဘယ်နိုင်ငံရေး ပါတီကြီးရဲ့ ကြိုးကိုင်တာကိုမှ မခံသလို၊ သူမှန်တယ်ထင်ရင် ပြောတတ်တဲ့ အလေ့အကျင့်ကြောင့် တချိန်က နိုင်ငံရေးနယ်ပယ်မှာ ချဉ်ပတ် ဖြစ်ခဲ့ဖူးတယ် ဆိုတာကိုလည်း သူက မကြာခဏ ပြောလေ့ရှိပါတယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်း သူ့ရဲ့ အကျဉ်းစံကာလက တွေမှာတော့ သူဟာ တခြား နိုင်ငံရေး အကျဉ်းသားတွေရဲ့ ငတ်လင့်မှု အပေါ် မူတည်ပြီး အကိုကြီးတာဝန်၊ ညီငယ်တာဝန်၊ မိခင်တာဝန်၊ ဖခင်တာဝန်၊ မိတ်ဆွေတာဝန်တွေကို ယူခဲ့တယ်ဆိုတာ မျက်မြင်တွေ့ခဲ့ရပါတယ်။
တချို့က သူ့ကို ကွန်မြူနစ် မလိုလားသူလို့ ပြောကြသလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ပြိုင်ဘက်လို့ လည်း ပြောကြတယ်။ တချို့က စစ်အစိုးရ အရည်စုတ်လို့ ကျန်ခဲ့တဲ့ ကျန်ဖတ်လို့လည်း သူ့ကို ဝေဖန်ကြတယ်။ တကယ်တော့ သူက စစ်အစိုးရအတွက်လည်း ဘာတခုမှ အလုပ်လုပ်ခဲ့သူ မဟုတ်တာ သေချာပါတယ်။
သူက မြန်မာနိုင်ငံတော်နဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက်ပဲ ခေါင်းထဲမှာ စဉ်းစားလုပ်ကိုင်လေ့ရှိတာပါ။ တခုချင်း စီကို အာရုံစိုက်သလို အထွေထွေခြုံငုံပြီး လေ့လာ သုံးသပ်တတ်တဲ့ သူ့ရဲ့ အထူးခြားဆုံးကတော့ စကား ပြောရင် ပြတ်သားတယ်၊ အဓိပ္ပာယ် ရှင်းအောင် ပြောတတ်တယ်။
အခုထောင်က ပြန်ထွက်လာတော့လည်း အရင်ကလိုပဲ မပြောင်းလဲတဲ့သူ့ရဲ့အသံ၊ သူ့ရဲ့ယုံကြည်ချက်က ထင်ရှားနေပါတယ်။ သူ့ရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုနဲ့ အပြောအဆို တွေကတော့ ပိုပြီး ရင့်ကျက်လာတာကို သတိထားမိတယ်။
သေချာတာက ကိုကိုကြီးနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ပြည်တွင်း ပြည်ပ အတိုက်အခံအဖွဲ့အစည်း တွေဟာ ၁၉၈၈ ခုနှစ်က သူတို့တွေနဲ့ အစပျိုးခဲ့၊ သူတို့တတွေ နှစ်ပေါင်း ၂၀ ကျော် လုပ်ဆောင်ရင်းနှီးခဲ့ကြ တာတွေရဲ့ အသီးအပွင့် တံခါးက အခု စတင်ပွင့်လင်းလာခဲ့ပြီ။
ဇာတ်လမ်းက အခုမှ စ တယ်လို့ ပြောလို့ရပါပြီ။ ဒီလို အခြေအနေကို ရောက်လာဖို့အတွက် အကျဉ်းထောင်တွေထဲ၊ တောတောင်တွေထဲ၊ နိုင်ငံရပ်ခြားတွေမှာ အခု ရှိနေကြသူတွေ၊ အသက်ပါ ဆုံးရှုံးသွားသူတွေ၊ ဘ၀တွေ ဆုံးရှုံး နစ်နာ ခဲ့ရတာတွေအတွက် ကိုကိုကြီးနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက အကောင်းဆုံး လက်တွေ့အကျဆုံး လုပ်ဆောင် သွားကြမယ်လို့ ယုံကြည်မိပါတယ်။
“လွတ်လာတာ အပေါင်းလက္ခဏာပဲ၊ ဖမ်းလိုက်တာကတော့ အနုတ်လက္ခဏာပေါ့။အဲဒီလိုပဲ ပြောရမှာပဲ။ အမှန် ကတော့ အနုတ်လက္ခဏာနဲ့ ဖမ်းထားပြီးပြန်လွှတ်လို့ ဇီးရိုးဖြစ်သွားတယ် ဆိုတာတောင်မှ အဲဒီကာလကြီး တခုလုံးဆုံးရှုံးသွားတယ်လို့ မြင်ပါတယ်” ဆိုပြီး သူလွတ်လာလာချင်း ကျနော့်ရဲ့ အင်တာဗျူးမှာ ကိုကိုကြီးက ပြောခဲ့တာပါ။
ကိုကိုကြီးက ကာလကြီးတခုလုံး ဆုံးရှုံးသွားတယ်လို့ ပြောခဲ့ပေမယ့် သူ့ရဲ့ အကျဉ်းစံ ကာလတွေဟာ ကြယ်ငါးပွင့် ဟိုတယ်ကြီးမှာ ဇိမ်ခံအနားယူခဲ့တာ မဟုတ်ဘူး၊ လူ့ဘ၀ စာမျက်နှာ များစွာကို သင်ယူခဲ့ရတာ၊ သူကိုယ်တိုင် သင်ယူခဲ့သလို ကျနော်တို့ကိုလည်း သင်ပေးခဲ့တာ၊ တရက်ချင်း ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ အကျဉ်းစံ ကာလမှာ အဓိပ္ပာယ်ရှိရှိ နေခဲ့တာလို့ ကျနော်လက်ခံ နားလည်ပါတယ်။
ဒီလို နားလည်ခဲ့တာကလည်း အကျဉ်းစံ သတင်းသမား ဘဝ၊ လွတ်လပ်တဲ့ သတင်းသမားဘဝ၊ ဒီနှစ်ဘဝစလုံးမှာ ကိုကိုကြီးဖြေခဲ့တဲ့ စကားလုံးတွေကတဆင့် ကျနော့်ကို ပြောပြခဲ့တာတွေကို မှတ်သား သိရှိခဲ့ရတာလို့ ဆိုချင်ပါတယ်။

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ စစ်တပ် ထောက်ခံ

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ စစ်တပ် ထောက်ခံ

သမ္မတ ဦးသိန်းစိန် အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းတို့ကို တပ်မတော်အတွင်းမှ အရာရှိအရာခံ အကြပ်တပ်သားများက နှစ်သက်ကြကြောင်း သိရသည်။
ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာရှိစဉ်က သမ္မတ ဦးသိန်းစိန်သည် အမိန့်နာခံ၍ အကောင်အထည်ဖော်ရသူ ဖြစ်ပြီး ယခု သမ္မတ တာဝန်ယူရသည့်အခါ သူ၏ လုပ်ဆောင်မှုများသည် တပ်မတော်၏ သမိုင်းကောင်းစေရန် ဖြစ်သည်ဟု တပ်မတော်သား အများစုက ယူဆကြောင်း စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ဆိုသည်။
သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ အကြားဆက်ဆံရေးမှာ ကောင်းမွန်သော်လည်း အဖုအထစ် အနည်းငယ်ရှိကြောင်း သိရသည်။
“တခါတလေ ဦးမင်းအောင်လှိုင်က ထင်ရာမြင်ရာ လုပ်ချင်တာလေးတွေကို ဟန့်တာပြုတာကလွဲပြီးရင် ဆက်ဆံရေးကောင်းတယ်” ဟု အဆိုပါ နီးစပ်သူက ဆိုသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ယခုလအတွင်း ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ရာ၌ ဒီမိုကရေစီစနစ်ကို ထူထောင်ရာတွင် မြန်မာ့တပ်မတော်အနေဖြင့် နောက်ကြောင်းပြန်လှည့်ရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့် ဝါရှင်တန်ပို့စ် သတင်းစာတို့ တွေ့ဆုံမေးမြန်းခန်းတွင် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံသည် စစ်တပ်အာဏာကို ဦးစားပေးလွန်းကြောင်း၊ လက်ရှိအခြေအနေအရ သမ္မတ ဦးသိန်းစိန်မှာ နိုင်ငံဥသျှောင်ဖြစ်သော်လည်း အာဏာအပြည့်အ၀ ရှိသည်ဟု ကျိန်းသေမဆိုနိုင်ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်မှ လိုအပ်သည်ဟု ယူဆလျှင် အာဏာ အလုံးစုံကို လွှဲပြောင်းရယူနိုင်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အား တပ်မတော်မှ မည်မျှထောက်ခံသည်ကို မသိသော်လည်း စစ်သားဟောင်းတဦးဖြစ်သည့်အတွက် ထောက်ခံမှု အထိုက်အလျောက်ရှိမည်ဟု ခန့်မှန်းကြောင်း ပြောဆိုခဲ့သည်။
ကချင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ရန် သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်ကို ဗိုလ်ချုပ် ကြီး မင်းအောင်လှိုင် လက်အောက်ရှိ စစ်တပ်က လိုက်နာခြင်းမရှိပေ။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်မတော်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့လက်ထက်က ခန့်ထားခဲ့သည့် စစ်အရာရှိကြီးများကို အပြောင်းအရွှေ့များ ပြုလုပ်ခြင်း၊ နုတ်ထွက်စေခြင်းများ ပြုလုပ်၍ ၎င်း၏ သြဇာကို တည်ဆောက်နေကြောင်း တပ်မတော် အရာရှိကြီးတဦးက ဧရာဝတီသို့ ပြောသည်။
“ဦးသန်းရွှေ သမီးတွေနားက လူတွေ၊ လားရှိုးတို့ ရခိုင်တို့ဘက်က တိုင်းကာနယ် (ဗိုလ်မှူးကြီး) တွေကို ပြောင်းရင်ပြောင်း၊ မပြောင်းချင်ရင်ထွက်ဆိုပြီး လုပ်တော့ တော်တော်များများ ထွက်ကုန်တယ်” ဟု ၎င်းက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူးမှ အနားမယူမီက တိုင်းမှူး တပ်မမှူးနေရာအတွက် လျာထားခဲ့သည့် စစ်ဘက်အရာရှိကြီး တချို့ကို ပြီးခဲ့သည့် ရက်ပိုင်းက တပ်မတော်အတွင်း အရေးမကြီးသည့် နေရာများသို့ ပြောင်းရွေ့ခဲ့သေးသည်။
သမ္မတ ဦးသိန်းစိန်မှာ စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၉ ကျောင်းဆင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကကကြည်း) တွင် စစ်ဦးစီးပထမတန်း (Col.GS) တာဝန်ယူခဲ့သူဖြစ်သည်။ ထို့နောက် ရန်ကုန်တိုင်း အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၄ တွင် တပ်မမှူး၊ ၁၉၉၇ ခုနှစ်တွင် ရှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ရေးချုပ် စသည့်တာဝန်များ ထမ်းဆောင်ခဲ့သည်။
တပ်မတော်၏ ထုံးစံအရ အထက်အောက်စနစ်တွင် ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၁၀ ခု ကွာခြားသည်။
လက်ရှိကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့အခြေစိုက် တပ်မ ၄၄ တပ်မမှူး၊ ထို့နောက် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တြိဂုံတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ ရေ/လေ) စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

Tuesday, January 24, 2012

ပြည်သူလူထုကို လုံခြုံမှုပေးနိုင်သော ဥပဒေတရပ် ပြဌာန်းပေးရန် လွှတ်တော်အတွင်း ၀င်ရောက်မည့် ကိုယ်စားလှယ် လောင်းများအား တောင်းဆို လိုက်သည်။

သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြည်သူလူထုကို လုံခြုံမှုပေးနိုင်သော ဥပဒေတရပ် ပြဌာန်းပေးရန် လွှတ်တော်အတွင်း ၀င်ရောက်မည့် ကိုယ်စားလှယ် လောင်းများအား တောင်းဆို လိုက်သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပဲခူးမြို့ရှိ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်စဉ် (ဓာတ်ပုံ - ဧရာဝတီ)
“လူတွေက အချိန်မတော် ဘယ်သူ ငါ့အိမ်ကို တံခါးလာခေါက်မလဲ၊ ဘယ်လို ရှာစားရမလဲ ဆိုတဲ့ မလုံခြုံတဲ့ ဘ၀တွေအတွက် ကာကွယ်မှုပေးနိုင်တဲ့ ဥပဒေတွေ ရေးဆွဲပေးပါ” ဟု ယနေ့ နံနက် ပဲခူးမြို့၌ ကျင်းပသော လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုသော အခမ်းအနားတွင် ကိုမင်းကိုနိုင်က ပြောသည်။
ပြည်သူလူထုဘ၀ လုံခြုံမှုအတွက် ဒီမိုကရေစီ လိုလားသူများအားလုံး ပူးပေါင်းကာ လွှတ်တော်အတွင်း အပြင် နှစ်ရပ်စလုံးတွင်
လုပ်ကိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဒီမိုကရေစီ အရေး လှုပ်ရှားမှုများတွင် လူထုပူးပေါင်းပါဝင်မှုကို ဒီမိုကရေစီ အင်အားစုများသာမက အာဏာပိုင်များကလည်း လက်ခံနားလည်မှု ပေးကာ အကောင်းမြင်ပေးရန် ကိုမင်းကိုနိုင်က ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးကလည်း ၎င်းတို့ ကျောင်းသားများအား နှစ် ၂၀ ကျော် ကြာသည်အထိ ထောက်ခံအားပေးခဲ့သော လူထုကို ဂုဏ်ပြုချင်သည်ဟု ဆိုသည်။
“နိုင်ငံရေးဆိုတာကို မစားကောင်းတဲ့အသီးလို လူတွေက ထင်နေပြီး ထောက်လည်း ထောက်ခံချင်တယ်၊ ထောက်ခံရမှာလည်း ကြောက်တယ် ဆိုတာမျိုး မဖြစ်ရအောင်လို့၊ လူထုကို အကျိုးပြုနေတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံ့ ဝန်ထမ်းတွေက ပူးပေါင်း ဆောင်ရွက်ပါ” ဟု ကိုကိုကြီးက ပြောသည်။
၎င်းတို့ အကျဉ်းထောင်တွင်းမှ ထွက်လာစဉ် လက်ရှိ အစိုးရ အဆောက်အအုံမှာ ပုံသဏ္ဍန်အားဖြင့် ပြောင်းလဲနေသည်ကို မြင်ရကြောင်းနှင့် အနှစ်သာရအားဖြင့် ပြောင်းလဲရန် ဆက်လက်ကြိုးစား ရမည်ဖြစ်ကြောင်း သူက ဆိုသည်။
“ဖြတ်သန်းခဲ့ရတဲ့ အတိတ်ကို ကျနော်တို့ ပြန်မကြည့်ချင်တော့ဘူး။ အနာဂတ်မှာ လှပတဲ့၊ သာယာတဲ့ နိုင်ငံအဖြစ်ကို မျက်နှာမူချင်လို့ပဲ” ဟု ကိုကိုကြီးက ဆက်ပြောသည်။
၎င်းတို့ကဲ့သို့သော ဒီမိုကရေစီ အင်အားစုများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုကို မြင်တွေ့ရသဖြင့် အားရကြောင်း၊ မည်သည့်အဖွဲ့အစည်းနှင့် မဆို တိုးတက်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လိုကြောင်း သူက ဆိုသည်။
“ကျနော်တို့ ရန်ကုန်တိုင်း ဒေသကြီးမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သတင်းစာရှင်းလင်းပွဲ အောင်မြင်ခဲ့တယ်။ အခုလည်း ရန်ကုန် ပြင်ပကို ထွက်ပြီး ပဲခူးတိုင်းမှာ အခမ်းအနား ကျင်းပနိုင်တာဟာ တိုးတက်မှုတခုလို့ မြင်တယ်။ ရှေ့ဆက်ပြီး တယောက်နဲ့ တယောက် သံသယတွေ မရှိဘဲ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒီကနေ့အခမ်းအနား ကနေ ဖိတ်ခေါ်ပါတယ်” ဟု ကိုကိုကြီးက ဆက်ပြောသည်။
ဆက်လက်၍ ၎င်းက ပဲခူးတိုင်း ဒေသကြီး ခရီးစဉ်အတွင်း ယာဉ်ထိန်းရဲများမှ စ၍ မြင်သာထင်သာရှိသော ပူးပေါင်း ကူညီမှုများ ရှိသကဲ့သို့ မမြင်ရသည့် ကူညီမှုများလည်း ရှိနိုင်ကြောင်း၊ တခြားသော တိုင်းဒေသကြီးများသို့ သွားရောက်လျှင်လည်း ယခုကဲ့သို့ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို လိုလားကြောင်း ဖိတ်ခေါ်လိုက်သည်။
နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံသားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းသူများ ဖြစ်စေချင်ကြောင်း၊ လူထုကို အကျိုးပြုနေသော အဖွဲ့အစည်းများအား ရဲရဲတင်းတင်း ဆက်ဆံစေလိုကြောင်း၊ အပ်တိုတချောင်းမှ မရှိသော်လည်း အစိုးရ ဖြစ်နိုင်ကြောင်း ကိုကိုကြီးက ပြောသည်။
ကိုမင်းကိုနိုင် ကလည်း “လူထုက လမ်းပေါ်ထွက်တာကို ငါတို့ကို ဆန့်ကျင်ဖို့ဆိုတဲ့ မကောင်းမြင်တဲ့ ဘက်ကမကြည့်ဘဲ သူတို့ ပူးပေါင်းပါဝင်ချင်လို့ ဆိုတဲ့ ဘက်က ကြည့်ပေးပါ။ လူထုကပဲ အနာဂတ်ကို လှပအောင်လုပ်ပေးမှာပါ” ဟု ဆိုသည်။
လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ကြိုဆိုဂုဏ်ပြုပွဲ အခမ်အနားကို ပဲခူးမြို့ရှိ ၉ လေးလုံး အဖွဲ့ဝင်များ၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့သည်။
ထောင်ဒဏ် ၂၆ နှစ် ကျခံရာမှ ပြန်လည် လွတ်မြောက်လာသော ၉ လေးလုံးအဖွဲ့ဝင် ဦးမြင့်ဦးကလည်း ပဲခူးမြို့မှ နိုင်ငံရေး အကျဉ်းသား ၆၀ ကျော်စလုံး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဒီမိုကရေစီ အရေး ဆက်လုပ် သွားမည်ဖြစ်ကြောင်း ပြောသည်။
ကိုကိုကြီးက ၎င်းတို့ လွတ်မြောက်လာသကဲ့သို့ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက်လွတ်မြောက်ရေးကို မျှော်လင့်သည်ဟု ဆိုသည်။
“နံရံလေးဘက်ကြားက ကျနော်တို့ မိတ်ဆွေတွေနဲ့ ဒီထက် ပြည့်စုံတဲ့ ဆုံဆည်းမှုမျိုးနဲ့ ပြန်ဆုံချင်ပါတယ်” ဟု ကိုကိုကြီးက အခမ်းအနားတွင် ပြောသည်။
ပဲခူးမြို့တွင် ကျင်းပသည့် လွတ်မြောက်လာသော အကျဉ်းသားများကို ဂုဏ်ပြုသော အခမ်းအနားကို ရန်ကုန်မှ လာရောက်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေး၊ မနီလာသိန်း၊ မမီးမီး တို့အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ ကိုကျော်ကိုကို၊ ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း စသည့် ၂၀၀၇ မျိုးဆက် ကျောင်းသားများ တက်ရောက်ခဲ့သည်။
ရန်ကုန်မှ လာရောက်သည့် ကျောင်းသားခေါင်းဆောင်များသည် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲအပြီးတွင် ပဲခူး ရွှေမော်ဓော ဘုရားကို ဝင်ရောက် ဖူးမျှော်ပြီး ရန်ကုန်သို့ ပြန်လည် ထွက်ခွာခဲ့သည်။
ဧရာဝတီသတင်းထောက် လင်းသန့် ပူးပေါင်း ရေးသားသည်။

Wednesday, January 18, 2012

talk with Kyaw Ko Ko

“ရိုးသားမယ်။ ပွင့်လင်းရမယ်။ ရဲရဲလုပ်ရမယ်၊ အစိုးရကို အဲလိုပြောချင်တယ်”
Eleven Media Group – http://www.weeklyeleven.com
ဇန်န၀ါရီ ၁၈၊ ၂၀၁၂
kkk
ဇန်န၀ါရီ ၁၃ တွင် တောင်ကြီးထောင်မှ ပြန်လွတ်လာသူ ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုနှင့် Eleven Media Group အင်တာဗျူးကို ကူးယူ ဖော်ပြပါသည်။
မေး – ၂၀၀၇ခုနှစ် လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။ ပါဝင်တဲ့နေရာမှာ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ)ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပါခဲ့တယ်။ ဗကသ ဆိုတာ အစဉ်အလာ ကြီးခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၂ခုနှစ် နောက်ပိုင်းမှာ ပျောက်သွားခဲ့ရတယ်။ ၁၉၈၈ ခုနှစ်မှာ ကိုမင်းကိုနိုင်တို့နဲ့ အတူ ပေါ်ခဲ့ပေမယ့် ထပ်ပြီး ပျက်သွားခဲ့ရပြန်တယ်။ ၂၀၀၇ခုနှစ်မှာတော့ ကိုကျော်ကိုကိုတို့ ဦးဆောင်ပြီး ထပ်ပေါ်ခဲ့ပါတယ်။ (ကို) အောင်ဝေး ရေးသလိုဆိုရင်တော့ ကိုဗဟိန်းမှသည် ကျော်ကိုကို အထိ။ တူညီတဲ့ စိတ်ဓာတ်တွေ။ ကိုကျော်ကိုကို အနေနဲ့ ၂၀၀၇ခုနှစ်မှာ ဗကသကို ဘာကြောင့် ပြန်ပြီး ဖွဲ့ဖြစ်ခဲ့တာပါလဲ။
ဖြေ – ၂၀၀၇ခုနှစ်၊ ကျောင်းသားသမဂ္ဂ ဗကသများ အဖွဲ့ချုပ်ကို စတဲ့ ကိစ္စမှာပေါ့ ကျွန်တော်တို့က ပထမပိုင်းမှာ ကျောင်းသားထု တစ်ရပ်လုံးရဲ့ ကြားထဲမှာ မခံမရပ်နိုင်အောင် ဖြစ်ပေါ်လာတဲ့ စိတ်ဓာတ်တွေပေါ့ နော်။ အနှိမ်ခံ၊ အချိုးခံရလို့ဆိုပြီး ကျောင်းသားတွေက ခံပြင်းတဲ့ ဒေါသတွေ ထွက်တယ်ပေါ့။ အဲဒီ ဒေါသတွေက နေရာအနှံ့မှာ စီးမျောတဲ့ အခါကျတော့ ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်တယ်။ ဒါဟာ ပရမ်းပတာ ပေါက်ကွဲသွားလို့ရှိရင် ကျောင်းသားထုလည်း နာမည်ပျက်မယ်၊ သိက္ခာကျမယ်။ ကျောင်းသားထုအတွက် ဒီပေါက်ကွဲမှုအားလုံးကို Control လုပ်မယ်။ Lead လုပ်မယ်။ စုစည်းပေးပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ် တင်ပေးနိုင်တဲ့ အဖွဲ့အစည်းမျိုးက အဲဒီအချိန်ကာလမှာ မရှိသေးဘူး။ ဒီအဖွဲ့အစည်းမျိုးဖြစ်အောင် ကျွန်တော်တို့က ဖန်တီးရမယ်၊ ကြိုးစားရမယ်။ အဲဒီ အတွေးကို ရတယ်။
ရတဲ့အခါမှာ ကျွန်တော်က စီးပွားရေးတက္ကသိုလ် ရွာသာကြီးက။ အခြား သူငယ်ချင်းတွေကျတော့ ဒဂုံ တက္ကသိုလ်က ပါမယ်။ အနောက်ပိုင်း တက္ကသိုလ် ပါမယ်။ အရှေ့ပိုင်း တက္ကသိုလ်ပါမယ်။ ကွန်ပြူတာ တက္ကသိုလ်၊ GTC အစရှိသဖြင့်။ သူငယ်ချင်းတွေ အားလုံးက အမေရိကန်စင်တာမှာ Book Club တစ်ခုဖွင့်တယ်။ အဓိက ကတော့ စာပေဆွေးနွေးပွဲလေး တစ်ခုပါပဲ။
အဲဒီမှာ ကျွန်တော်တို့ တိုင်ပင်ကြတယ်။ တိုင်ပင်ကြတဲ့ အခါမှာ ကျောင်းသားထုက ဘာတွေ မခံမရပ်နိုင် ဖြစ်နေလဲ၊ ဘာတွေ ဒေါသဖြစ်နေလဲ။ အစစ အရာရာပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတယ်။ ကုန်းဈေးနှုန်း ကြီးမြင့်လာတဲ့ ဂယက်က မိဘတွေက တစ်ဆင့် ကျောင်းသားတွေကို ရိုက်ခတ်လာတယ်။ တစ်ချို့ ကျောင်းသားတွေဆိုရင် ကျောင်းတက်ဖို့၊ ကျောင်းကို လာဖို့အတွက်တောင် လမ်းစရိတ် မဖူလုံတာတွေ ရှိလာခဲ့တယ်။ လမ်းစရိတ်ပေးလိုက်ရတဲ့ အတွက် တစ်နေကုန်ဘာမှ မစားရတော့တဲ့ ကျောင်းသားတွေ ရှိလာတယ်။ စာပေ သင်ကြားရေးအတွက် စာအုပ် စာတမ်း အခက်အခဲတွေ၊ ကျောင်းမှာလည်း အခြား facility မလုံလောက်မှုတွေ ရှိလာခဲ့တယ်။ အဲဒီအတွက် ကျွန်တော်တို့ ဖြစ်နေတဲ့ အထွေထွေ ပြဿနာကို ဖြေရှင်းဖို့ အတွက် ဆိုရင် ကျောင်းသားထုကို ကိုယ်စားပြုပြီး တောင်းဆိုတဲ့ ကျောင်းသား သမဂ္ဂ ဆိုတာ ရှိရမယ် ဆိုပြီးတော့ ကျွန်တော်တို့ အကြံ ထုတ်ကြတယ်။
အရင်တုန်းက သမဂ္ဂကို ပြန်ပြီးကြည့်တဲ့အခါ သမိုင်းအစဉ်အလာက ကြီးခဲ့တယ်ဗျ။ ၁၉၃၆ခုနှစ် ဒုတိယ ကျောင်းသားသပိတ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ) ဆိုပြီး ပေါ်ပေါက်လာခဲ့တယ်။ အဲဒီကမှ တစ်ဆင့် တောက်လျှောက်မှာ ကျောင်းသားတွေရဲ့ လိုအပ်ချက်ကို တောင်းဆိုရင်းနဲ့ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ ဖိနှိပ်မှုကို တွန်းလှန်ရင်း ဗကသများ အဖွဲ့ချုပ် ဖြစ်ပေါ်လာခဲ့တယ်။ အဲဒါတွေကို သွားတွေ့ရှိတယ်။ သွားတွေ့ရှိတော့ ကျွန်တော်တို့ လက်လှမ်းမီသလို စာအုပ်တွေ ဖတ်တယ်။ အရင် ဗကသဟောင်းမှာ ပါဖူးတဲ့သူတွေနဲ့ ချိတ်ဆက်တယ် အကြံဉာဏ်တွေ ယူတယ်။ လုပ်ပုံလုပ်နည်းတွေကို မေးတယ်၊ မြန်းတယ်။ ဒါပေမဲ့ တကယ်တမ်း ဖွဲ့တဲ့အခါကျတော့ ကျောင်းသားတွေပဲ၊ လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားတွေပဲ ဦးဆောင်ပြီးတော့ ဖွဲ့ကြတယ်။
အဲဒီထဲမှာ Founder ကတော့ လေးယောက်။ ဒီ လေးယောက်လုံးက အားလုံးလိုလို ထောင်ကျပြီးတဲ့အတွက် အခု အကုန်လုံး အသီးသီးပဲ ပြန်လွတ်လာကြ ပြီ။ ကျွန်တော် ပါတယ်။ ကိုစည်သူမောင်ကို အဓိက ခေါ်လိုက်တယ်။ ပြီးတော့ မဟန်နီဦးကို ခေါ်လိုက်တယ်။ ပြီးတော့ ကိုလင်းထက်နိုင် ဆိုတာ ခေါ်လိုက်တယ်။ ဒီလေးယောက် တိုင်ပင်လိုက်တဲ့ အခါကျတော့ နိုင်ငံခြား မီဒီယာကနေ မေးမယ်၊ မြန်းမယ်၊ ကြေညာချက်ထုတ်မယ် ဒါတွေ ရှိလာခဲ့တယ်။ ဗကသက ၂၀၀၇ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ပြန်လည် ပေါ်ပေါက်လာပါတယ်။ အဲဒီနေ့ကို ဘာကြောင့် ရွေးရလဲဆိုတော့ ၁၉၈၈ခုနှစ်က ကိုမင်းကိုနိုင်တို့ ဗကသ ဖွဲ့စည်းခဲ့တဲ့ နေ့ကို အထိမ်းအမှတ် ဂုဏ်ပြုတဲ့ အနေနဲ့ သမိုင်းတန်ဖိုးရှိတဲ့နေ့ကို ကျွန်တော်တို့ ရွေးလိုက်တယ်။ ရွေးပြီးတော့ ကိုဒီငြိမ်းလင်း၊ နောက်တစ်ခါ မဖြိုးဖြိုးအောင်၊ ကိုရဲမြတ်ဟိန်း အစရှိတဲ့ ကျောင်းသားတွေကို ခေါ်ပြီးတော့ အသိပေးတယ်။ အသိပေးတယ် ဆိုတာက ဗကသ ဖွဲ့ပြီးသွားပြီပေါ့။
အဲဒီတော့ တို့ ဆက်လုပ်ဖို့ အစီအစဉ်တွေ တိုင်ပင်ပြီး ဆွဲကြမယ်။ အဲဒီတုန်းက သံဃာထုက ရှေ့ထွက် မလာသေးဘူး။ ကျွန်တော်တို့က ကြေညာချက် ထုတ်တယ်။ စာဝေရင်းနဲ့ စာကြဲရင်းနဲ့ အခြေခံကျောင်းသားတွေ အပါအ၀င် ကျောင်းသား အားလုံးကို စည်းရုံးထားတယ်။ လက်လှမ်းမီသလောက်ကို နီးစပ်ရာ တူရာ တူရာစုထားတယ်။ အဖွဲ့တွေကို ဖွဲ့ထားတယ်။ အဲဒီကမှတစ်ဆင့် လူကြီးတွေ အပြင်မှာ ဘာလုပ်သလဲ ဆိုတာကို ကြည့်တယ်။ ၈၈ကျောင်းသားအဖွဲ့က လောင်စာဆီ အခက်အခဲ ဖြစ်ပေါ်လာတဲ့အချိန်မှာ လမ်းလျောက် ဆန္ဒပြတာတွေ ရှိလာတယ်။
သူတို့ မကြာခင်မှာ ပါသွားတယ်။ ဖမ်းဆီး ခံရတယ်။ သြဂုတ်မှာ ပါသွားတယ်။ ပါသွားတဲ့ အခါကျတော့ သမဂ္ဂအလံကို လဲမသွားအောင် ဆက်ထိန်းဖို့၊ ဆက်ကိုင်ဖို့၊ ကျွန်တော်တို့ အဲဒီ ရည်ရွယ်ချက်နဲ့၊ သမဂ္ဂအလံကို ဆက်လွှင့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ထွက်မှ ဖြစ်တော့မယ် ဆိုပြီးတော့ အခြေအနေအရ လမ်းပေါ်ထွက်လာရတာ ဖြစ်ပါတယ်။ သံဃာတော်တွေကလည်း ပခုက္ကူကနေစပြီးတော့ သပိတ်မှောက် ကံဆောင်တဲ့အခါ ကျွန်တော်တို့ သံဃာတော်တွေ နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါပြီးတော့ ချီတက်ခဲ့ကြပါတယ်။
မေး။ ဗကသကို ဖွဲ့တဲ့အချိန်မှာ ကိုကျော်ကိုကိုရဲ့ အသက်က ၂၆နှစ်ရှိပါပြီ။ စီးပွားရေးတက္ကသိုလ်မှာ မဟာတန်းတက်နေစဉ်လည်း ဖြစ်ပါတယ်။ ဒါက ပညာရေးပိုင်းပါ။ နောက် ဗကသဖွဲ့ဖို အတွက် အခုစိတ်ကူးရ၊ အခု ထလုပ်လို့လည်း မဖြစ်နိုင်ပါဘူး။ ဗကသဖွဲ့ဖို့ ရည်မှန်းထားတဲ့စိတ်က ဘယ်လို ကိန်းအောင်းခဲ့တာပါလဲ။
ဖြေ – ဒီလိုဗျ။ ကျွန်တော်ရဲ့ ဘ၀တစ်လျောက်လုံးကို ငယ်ငယ်တည်းက သူများတွေလို ပြေးလွှား ဆော့ကစားတဲ့ အပိုင်းမှာ အားနည်းခဲ့တယ်။ အားနည်းတဲ့ အပိုင်းကလည်း ကျွန်တော့်ကို စိတ်မချလို့၊ မိဘတွေက အပြင်ကို ပေးမလွှတ်တာတွေ ဘာတွေပေါ့။ ကျွန်တော့် ကျန်းမာရေးကလည်း သိပ်ကောင်းတာ မဟုတ်တော့။ အဲလို အချိန်မျိုးမှာ အိမ်ထဲနေရင်း စာဖတ်တာတွေကို တလျှောက်လုံး လုပ်ခဲ့တယ်။ အိမ်မှာ စာအုပ်စာတန်းလည်း စုံတဲ့အခါကျတော့ ဟိုတုန်းက စာအုပ်အဟောင်းတွေ ပြန်ဖတ်မိတယ်။ အဲဒီထဲမှာ လက်လှမ်းမီသလို အိုးဝေမဂ္ဂဇင်းဟောင်းတွေ၊ ဟိုးရှေးခေတ်က သမဂ္ဂသမိုင်းတွေ၊ အဲဒါ ပြန်လေ့လာမိတာလေးတွေ ရှိတယ်။ အဲဒီမှာ ideal ဖြစ်ဖို့ person တွေပေါ့နော် – ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှရွှေ အစရှိသဖြင့် ရာဇ၀င်တွေကို လေ့လာတယ်။ လေ့လာရင်း ကျွန်တော် သူတို့ကို အားကျတယ်။ အားကျရတဲ့ အကြောင်းအရင်းက သူတို့ဟာ သမိုင်းပေးတာဝန်ကို၊ ပုခုံးပေါ်ကျလာတဲ့ သမိုင်းပေးတာဝန်ကို မငြီးမငြူ ထမ်းဆောင်ခဲ့ကြတယ်။ ဒါကြောင့်မို့ သူတို့ဟာ သမိုင်းမှာ တင်ကျန်ရစ်ခဲ့တဲ့ လူတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ရပ်ကို လူတွေက တသသနဲ့ ပြောကြတုန်းပဲ၊ ဆိုကြတုန်းပဲ။ ဒီလိုပြောကြ၊ ဆိုကြတာက သူတို့လုပ်ရပ်က အများပြည်သူအတွက် အကျိုးရှိလို့ပေါ့။ မှန်ကန်လို့ပေါ့။ ကျွန်တော်က အဲဒီလိုသွားပြီးတော့ ယုံကြည်လိုက်တယ်။ အဲဒီတော့ ကျွန်တော်လည်း လူငယ်ပီပီ၊ အဲဒီလို လူငယ်တွေကို အားကျချင်တဲ့ စိတ်ပေါ်ပေါက်လာတယ်။
ပြီးတော့ အခုခေတ်လူငယ်တွေရဲ့ သဘောတရားက လမ်းပျောက်နေတာ များတယ်ပေါ့နော်။ လမ်းပျောက်ရတဲ့ အကြောင်းတရားကလည်း အခြေအနေ အရပ်ရပ်ကြောင့်ပေါ့။ အထူးသဖြင့် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ အခြေအနေ အရပ်ရပ်ကြောင့် ရှေ့ဆက်ရမယ့် အနာဂတ်ကို မမြင်ဘူး။ မှုန်ဝါးနေကြတယ်။ အဲဒါက ကျွန်တော်တို့ နိုင်ငံအတွက် အလားအလာ မကောင်းဘူးဗျ။ သမိုင်းပေးတာဝန်က ဒီဟာကို အရင်ဆုံးဖယ်ခွာရမယ်။ အကြောက်တရားတွေ၊ ထိုင်းမှိုင်းမှုတွေ၊ လေးလံမှုတွေကို ဖယ်ခွာရမယ်လို့ ကျွန်တော်က ယုံကြည်လိုက်တယ်။ ဒါမှလည်း မျိုးဆက်တစ်ဆက်က တစ်ဆက် အဆင့်မြင့်လာမယ်ပေါ့နော်။ ကျွန်တော်က အဲလိုထင်တယ်။ ထင်တဲ့အတွက်ကြောင့် အဲဒီကိစ္စကို ကြိုးစားဆောင်ရွက်ဖို့ အစဉ်တစိုက် အတွေးထဲမှာရှိတယ်။
ကျောင်းမှာကတော့ တက္ကသိုလ်ကျောင်းသား ဘ၀မှာ လူမှုရေးအဖွဲ့လောက်ပဲ အဒီအချိန်မှာ ဖွဲ့လို့ရတာကိုး။ ကူညီမှုလေးတွေကို ကျွန်တော်တို့ စလုပ်တယ်။ သာရေးနာရေးတွေ စလုပ်တယ်။ တိုင်းရင်းသား ညီအစ်ကိုကျောင်းသားတွေရဲ့ ပွဲတွေကို လိုက်တတ်တယ်။ သူတို့လိုအပ်ချက်တွေ ဘာရှိလဲ၊ ကျွန်တော်တို့ လိုအပ်ချက်တွေ ဘာရှိလဲ။ အချင်းချင်း အပြန်အလှန် ပြောကြတယ်။ ကျွန်တော်တို့ စီးပွားရေး တက္ကသိုလ်ကျတော့ နယ်စုံတယ်ပေါ့လေ။ အဲဒါတွေလုပ်ရင်း သူငယ်ချင်း မိတ်ဆွေတွေ ပေါများလာတယ်၊ သူတို့ခံစားချက်တွေနဲ့ ကျွန်တော်ခံစားချက်တွေ တစ်ထပ်တည်းကျတာ တွေရှိလာတယ်။ သူတို့က ဘယ်လိုလုပ်ရမလဲ ဆိုတာကိုသာ မသိကြတာ။ ဒါနဲ့ အားလုံးညှိနှိုင်းပြီးတော့ သမဂ္ဂဆိုတာ ရှိရင် လမ်းစပေါ်ပြီ ဆိုပြီးတော့ အဲဒီအတွေးနဲ့ ရှေ့ဆက် လျှောက်ခဲ့ကြတာပါ။
မေး – ဗကသ ဥက္ကဋ္ဌနေရာတွက် တာဝန်ကို အာလုံးက ၀ိုင်းပေးခဲ့ တာလား။ ဒါမှမဟုတ် ကိုယ့်သဘောနဲ့ပဲ ယူခဲ့တာလား။
ဖြေ – ကျွန်တော့်ကိုယ် ကျွန်တော်တော့ ဥက္ကဋ္ဌဆိုပြီး မသတ်မှတ်ပါဘူး။ သဘောကတော့ ပြောရေးဆိုခွင့်ရတဲ့ လူတစ်ယောက်အနေနဲ့ပဲ အဖွဲ့က တာဝန်ပေးအပ်ထားတယ်။ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်ဆိုပေမယ့်ပြောရင်း၊ ပြောရင်း ကနေ တဖြည်းဖြည်းနဲ့ ကျွန်တော်ပြောတဲ့ လိုင်းက Policy Maker ဖြစ်လာရတယ်။ ကျွန်တော်လည်း ညှိနှိုင်းပြီး လုပ်တာပါ။ တစ်ယောက်တည်း မလုပ်ပါဘူး။ collective leadership အနေနဲ့သွားတာပါ။ သူတို့က ကျွန်တော့်ကို ဦးတည်ပြီးတော့ပဲ အစစ အရာရာပြော ခိုင်းတယ်ပေါ့နော်။ အဲဒီကစပြီးတော့ ပြည်ပ မီဒီယာတွေက ကျွန်တော့်ကို ရေးကြတယ်။ ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌဆိုပြီးတော့၊ ပြည်ပ မီဒီယာတွေက ပေးလိုက်တဲ့သဘော ဖြစ်သွားပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေက လက်ခံတယ် ဆိုပြီး အခုချိန်ထိတော့ ယုံကြည်ထားကြတယ်ပေါ့နော်။ ကျွန်တော်တို့ ကျောင်းသားတွေ အားလုံးပြန်လွတ်လာတော့မှ ဥက္ကဋ္ဌက ဘယ်သူ၊ ဒုဥက္ကဋ္ဌက ဘယ်သူဆိုပြီးတော့ ဆုံးဖြတ်ကြမယ် ထင်ပါတယ်။
မေး – ဗကသ ဖွဲ့ပြီး ၇ လလောက် အကြာမှာ အဖမ်းခံလိုက်ရတယ်။ ကိုဉာဏ်လင်းအောင်နဲ့ အတူ တွဲလျက်ဖမ်းခံလိုက်ရတယ်။ ဒီနောက်မှာ ပထမ ၃ နှစ် ထောင်ကျတယ်။ မကြာဘူး။ နောက်ထပ် ၃ နှစ် ထပ်တိုးတယ်။ တစ်ခါ ၂ နှစ်ထပ်ပေါင်းတယ်။ အဲဒါက ဘယ်လိုဖြစ်သွားခဲ့တာလဲ။ နောက်ပြီး ကိုကျော်ကိုကို ရင်ဆိုင်ခဲ့ရတဲ့ တရားစီရင်မှု အတွေ့အကြုံကို ပြောပြပါဦး။
ဖြေ – ကျွန်တော့်ကို စဖမ်းတဲ့အခါမှာ ကိုဉာဏ်လင်းအောင်နဲ့ တွဲပြီးတော့ ပေါ့နော်။ ၃၂(ခ)ဆိုတဲ့ ဗီစီဒီပေါ့။ တရားမ၀င် လိုင်စင်မဲ့ ကိုင်ဆောင်မှု ဆိုပြီးတော့ ဖမ်းတယ်ဗျ။ တော်တော်တော့ ရယ်စရာကောင်းတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ဗီစီဒီ ဘာလဲဆိုတာ ကျွန်တော် မမြင်ဖူးဘူး။ ကြည့်လည်း မကြည့်ရဘူး။ ဖြစ်တဲ့ ပြဿနာက ကိုဉာဏ်လင်းအောင် လက်ထဲမှာ စီဒီတစ်ချပ် တွေ့တယ်ပေါ့။ အဲဒီဟာက အားလုံးအတွက် ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်နဲ့ သူတို့ အဲဒီအချိန် ကာလက လှုပ်ရှားမှုတွေအတွက် ၀ါဒဖြန့်ဖို့ လုပ်ထားတဲ့ ဗီစီဒီ အဲလိုမျိုး ပြောကြတယ်ဗျ။ ဒါက ရုံးတော်မှာ ကြားရတဲ့ သတင်း။ ကျွန်တော်က အဲဒီဗီစီဒီမှာ ဘာပါသလဲဆိုတာ ဒီနေ့အထိ မမြင်ဖူးဘူး။ ကြည့်လည်း မကြည့်ဖူးဘူး။ ဒါပေမယ့် ချိတ်ချင်တဲ့ အခါကျတော့ လှမ်းချိတ်လိုက်တာပဲ။ အဲဒီကိစ္စကြီးကလည်း ပြောရခက်တယ်။ အမှန်တကယ်တော့ လူကို ဖမ်းတာပါ။ ကိုမင်းကိုနိုင်ပြောသလို ဆိုရင် ဖမ်းတာကလည်း နိုင်ငံရေး၊ အခုလွှတ်တာကလည်း နိုင်ငံရေးပါပဲ။ အဲဒီသဘောပါပဲ။
အမှန်တကယ်က ၃၂(ခ)ဆိုတဲ့ ပုဒ်မကို ကျွန်တော်က လုံးဝ မကျူးလွန်ခဲ့ပါဘူး။ မကျူးလွန်ပေမယ့် ကျွန်တော့်ကို ဘာကြောင့် ဖမ်းဆီရသလဲဆိုရင် ဒီသမဂ္ဂနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် လူကို လိုချင်တယ်။ လူကို ဖမ်းချင်တယ်။ လူကို ထိန်းထားချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်ကြီး ပါနေတယ်လို့ ကျွန်တော်ထင်တယ်လေ။ အဲဒီလိုနဲ့ ပထမဦးဆုံးအကြိမ် အင်းစိန်ထောင်မှာ ကျွန်တော်ထောင်ကျခဲ့ပါတယ်။ အဲဒီကမှတစ်ဆင့် ကျွန်တော် တောင်ကြီးထောင်ကို ပြောင်းသွားပါတယ်။
ပြောင်းရွှေ့ ခံရပြီးနောက်ပိုင်းမှာ အဲဒီအချိန်ကာလရဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးရဲ့ ညွှန်ကြားချက်အရ ဆိုပြီး ကျောက်တံတား ရဲစခန်းကနေ တောင်ကြီးထောင်ကို ရောက်လာပြီး ပြန်လည် ခေါ်ဆောင်သွားတယ်။ ထပ်ပြီး အင်းစိန်ထောင်မှာ တရားရင်ဆိုင်ရတယ်။ အကြောင်းရင်းက ၂၀၀၇ခုနှစ် စက်တင်ဘာမှာ ဆူးလေဘုရားလမ်းမှာ တရားဟောခဲ့တယ်တဲ့၊ အဲဒီအချက်ရယ်၊ နောက် သမဂ္ဂဖွဲ့စည်းမှုဟာ သင်း/ဖွဲ့ ဥပဒေ ပုဒ်မ ၆ နဲ့ ငြိစွန်းတယ်ဆိုပြီး ကျွန်တော့်ကို နောက်ထပ် ၃ နှစ် တစ်မှု၊ ၂ နှစ် တစ်မှု ထောင်ချလိုက်တဲ့အခါ စုစုပေါင်း ၈ နှစ်ဖြစ်သွားတယ်။ ကျွန်တော့်ကို မြို့နယ်တရားရုံးတွေ၊ အပြင်ပေါ့၊ ကျောက်တံတားမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အဲဒီလိုမျိုး ရုံးတွေကို တင်ပြီး စစ်ပါတယ်။
အဲဒီအနေအထားမှာ ဘယ်လိုရှိလဲဆိုတော့ လွတ်လပ်မှုက အတွင်းတရားရုံးခေါ်တဲ့ အင်းစိန်ထောင်တွင်းက အထူးတရားရုံးမှာ စစ်တာထက်တော့ မိသားစုတွေ ၀င်တွေ့ခွင့်ရတယ်ဆိုတဲ့ အချက်တစ်ချက်ပဲ ပိုတာရှိတယ်။ ကျန်တာကတော့ ဘာကိုမှ ခုခံချေပခွင့်ကိုလည်း ဆုပ်ဆုပ်ကိုင်ကိုင် မပြနိုင်တဲ့ သဘောဗျ။ ကိုယ့်ဖက်က ရှေ့နေ ပြောတာ မှန်သမျကိုလည်း ပယ်ချတာများပြီး တရားလိုရှေ့နေဖြစ်တဲ့ အစိုးရရှေ့နေ ပြောတဲ့ဟာတွေကို မှန်၏ မမှန်၏ မစဉ်းစားဘဲနဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်မှုတွေ တွေ့ရှိ ရတယ်ဗျ။ ဒါတွေကတော့ တရားစီရင်ရေးစနစ်ရဲ့ အားနည်းချက်တွေပဲ။ တရားစီရင်ရေးရဲ့ အထက်မှာ တစ်စုံတစ်ရာရှိနေတယ်လို့ ကျွန်တောတို့ ခံစားလိုက်ရတယ်။ အဲဒီတုန်းက အခြေအနေတွေပေါ့။
ကျွန်တော်နဲ့အတူ အမှုတွဲဖြစ်တဲ့ ကိုဉာဏ်လင်းအောင်ကတော့ ပထမအမှုဖြစ်ပြီးတဲ့ ဗီဒီယိုအက်ကို ၃ နှစ်ကျပြီးတော့ နောက်ပြီးတော့ ပြန်လွတ်သွားတယ်။ နောက်အမှု ထပ်မံကျရောက်ခြင်း မရှိတော့ဘူး။ ကိုလင်းထက်နိုင်၊ ဖြိုးဖြိုးအောင်၊ ကိုရှိန်းရာဇာထွန်း၊ ကိုဖုန်းပြည့်ကြွယ် သူတို့ကျတော့ နာဂစ်မုန်တိုင်း တိုက်ခတ်တဲ့ ကာလမှာ လူမှုကူညီရေး သဘော၊ NGO သဘော ဧရာဝတီ တိုင်းမှာ အလောင်းကောက်တဲ့ ကိစ္စတွေမှာ သွားပြီးတော့ ငြိစွန်းတယ် ဆိုပြီးတော့၊ အမှန်တကယ်က အဲဒါ မဟုတ်ဘူး၊ သမဂ္ဂ ဖွဲ့စည်းရေးမှာ ပါတဲ့အတွက် ဖမ်းချင်လို့ နိုင်ငံရေး အရဖမ်းတယ်၊ သူတို့ ထောင်ကျတယ်၊ ၄ နှစ်လောက် သူတို့ ထောင်ကျပြီး ၃ နှစ် ကျော်ကျော်နေတဲ့အခါမှာ ပြန်လည် လွတ်မြောက်သွားတယ်။
ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း၊ မဟန်နီဦး၊ ကိုရဲမြတ်ဟိန်း သူတို့ကျတော့ နှစ်ကြီးတယ်။ သူတို့က ၅၀၅(ခ)ဆိုတဲ့ လမ်းလျှောက် ဆန္ဒပြမှုကို မြို့နယ် သုံးမြို့နယ်ဖြတ်ရင် ၃ မှု တပ်ခံရတယ်။ ကျောက်တံတား၊ ပန်ဘဲတန်း၊ လသာဆိုရင် ဒီလမ်းကြောင်း လျှောက်လိုက်တာ သုံးမြို့နယ် ကျော်သွားရင် သုံးမှုဆိုပြီးတော့ သူတို့ တရားစွဲခံရတယ်။ အမှန်တကယ်ကတော့ ဖြစ်စဉ်က တစ်ခုထဲ။ ဖြစ်စဉ်တစ်ခုတည်းကို သုံးမှုခွဲ စွဲတဲ့အခါကျတော့ နှစ်က များသွားတယ်။ အဲဒီလိုနဲ့ ကျွန်တော့် ထက်ပိုပြီးနှစ်တွေ များခဲ့တယ်ပေါ့ဗျာ။ တစ်ချို့ဆိုရင် ၂၀နီးပါးကို ရောက်သွားတယ်။ ဝေးကွာတဲ့ ထောင်တွေမှာလည်း ရွှေ့ပြောင်းခံခဲ့ ရတယ်။ ဒါပေမယ့် အခုတော့ အားလုံး ပြန်လွတ်လာကြပါပြီ။
မေး – ထောင်ကျနေတုန်း ထောင်တွင်းနေခဲ့ရတဲ့ ဘ၀ကရော ဘယ်လိုရှိပါသလဲ။
ဖြေ – ကျွန်တော်တို့ထောင်မကျခင် အခြေအနေနဲ့ အခုနဲ့ကတော့ ကွားခြားသွားပြီလို့ ပြောလို့ ရနိုင်ပါတယ်။ ဟိုအရင်တုန်းက အခြေအနေက ICRC မ၀င်ခင်က တော်တော်လေးကို အခြေအနေဆိုးဝါးခဲ့တယ်။ အရင် ကျဖူးတဲ့လူတွေကလည်း ပြောတယ်။ အခုအခြေအနေက ဆေးဝါး၊ အစားအသောက်ဆိုလို့ရှိရင် ပေးသင့်သလောက်လည်း ပေးတယ်။ ကိုယ့်ဘက်ကနေ ၀ယ်ယူသုံးစွဲတာတွေလည်း ရှိတယ်။ အစားအသောက်ကတော့ ပြင်ပထောင်ဝင်စာက ပေးသွင်းတဲ့ အစားအသောက် လည်းပေးတယ်။ ထောင်ကလည်း ကျွေးတဲ့ဟာတွေက အရင်လိုပေါ့ နော်၊ မသန့်ရှင်းတဲ့ အစားအစာတွေ မဟုတ်တော့ဘူး။ သန့်သန့်ရှင်းရှင်း ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို ကျွေးတာတော့ ရှိပါတယ်။ အဲဒါ အဓိကအချက်ပေါ့နော်။
ဟိုတုန်းကတော့ ပဲတွေ အချဉ်ပေါက်တာ ရှိခဲ့ပါတယ်။ အခုတော့ အဲဒါတွေ မဖြစ်အောင် ထိန်းတာတွေရှိတယ်။ အခြေအနေက အကောင်းကြီးတော့ မဟုတ်သေးဘူးပေါ့နော်။ အပြင်ထွက် လမ်းလျှောက်ခွင့်တွေလည်း ရခဲ့ပါတယ်။ အချိန်ကာလတစ်ခုအထိ လျှောက်။ ပြီးရင် အခန်းထဲပြန်ဝင်ပေါ့။ စာဖတ်ခွင့်၊ သတင်းစာဖတ်ခွင့်၊ ဗီဒီယို၊ ဗီစီဒီကြည့်ခွင့်တွေလည်း ရပါတယ်။ တီဗီကတော့ အခုပေးပါပြီ။ ကျွန်တော်တို့ စရောက်ပြီး ၂ နှစ် အထိတော့ မပေးသေးဘူး။ တိုက်ထဲကို။ အခုနောက်ပိုင်းတော့ တိုက်တွေလည်း တီဗီကြည့် ခွင့်ရခဲ့ပါပြီ။ အစိုးရမီဒီယာက လာတဲ့ သတင်း၊ အဲဒါတွေကို ကြည့်ရပါတယ်။
မေး – လွတ်လာခဲ့ပြီး နောက်ပိုင်း အခြေအနေနဲ့ပတ်သက်လို့ မေးချင်ပါတယ်။ တစ်ဖက်မှာက လူထုနဲ့ ယှဉ်တွဲလုပ်ဆောင်တဲ့ လူထုနိုင်ငံရေးကို အားသန်တယ်ဆိုတဲ့ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသား အုပ်စုရှိနေပါတယ်။ တစ်ဖက်မှာတော့ ကြားဖြတ် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော် နိုင်ငံရေးမှာ ပါဝင်မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရှိနေပါတယ်။ ကြားထဲမှာ အသက်အငယ်ဆုံး မျိုးဆက်ဖြစ်နေတဲ့ ကိုကျော်ကိုကိုတို့ အုပ်စုက ဘယ်လိုဆက်သွားဖို့ စဉ်းစားထားလဲ။
ဖြေ – ကျွန်တော်ရဲ့ အမြင်ပေါ့။ ကျွန်တော်ရဲ့ အမြင်ကို အရင်ဆုံး ပြောချင်တယ်ပေါ့။ လွှတ်တော်တွင်း နိုင်ငံရေးကို ကျွန်တော်ကတော့ တစ်ဦးတည်းအားဖြင့် စိတ်မ၀င်စားဘူးဗျ။ လတ်တလောမှာ။ လွှတ်တော် ပြင်ပနိုင်ငံရေးမှာ ကိုမင်းကိုနိုင်ပြောတဲ့ လူထုအကျိုးပြုတဲ့ လုပ်ငန်း၊ လူထုနဲ့ တစ်သားတည်းကျတဲ့ နိုင်ငံရေး၊ လူထုလိုက်ပါ ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေးမျိုးပဲ ကျွန်တော်က စိတ်ဝင်စားတယ်။ ကိုမင်းကိုနိုင်နဲ့ ကျွန်တော် သဘောထားချင်း တိုက်ဆိုင်မှု ရှိပါတယ်။ ဒါဟာလည်း ဘာကြောင့်လဲ ဆိုတော့ သူဟာ ကျွန်တော်တို့ရဲ့ စံပြ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ရင်ခုန်သံကို ကျွန်တော်တို့ ၀တ်မှုန်ကူးခဲ့ကြတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ရင်ခုန်သံချင်း ထပ်တူကျတယ်ပေါ့လေ။ အဲဒီပုံစံမျိုးရှိပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ မျိုးဆက်က ရှေ့မျိုးဆက်တွေနဲ့ ယှဉ်လိုက်ရင် အင်မတန်မှ ငယ်လွန်းတဲ့ အရွယ်တွေပါတယ်။ ငယ်ပေမဲ့ လက်ရှိ လူငယ်မျိုးဆက်ကို ကျွန်တော်တို့က ဦးဆောင်သွားနေရတဲ့ အခါကျတော့ ဒီမျိုးဆက်ဟာ လမ်းကြောင်း တစ်ခုပေါ်ကို မှန်မှန်ကန်ကန် ရောက်ရှိဖို့အတွက် ကျွန်တော်တို့ ပြင်ဆင် ရမယ်၊ ကြိုးစားရမယ်။
အဓိက ဘယ်လမ်းကြောင်းပေါ် ရောက်ဖို့လဲ ဆိုတော့ Civil Society တွေ ပေါ်ထွန်းရေး လမ်းကြောင်းပေါ့နော်။ Civil Society တွေပေါ်ထွန်းရမယ်ဆိုတာ အလကားပြောတာ မဟုတ်ဘူးဗျ။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ Civil Society ရဲ့ အားပေါ့နော်၊ အဲဒီမဏ္ဍိုင်ပေါ့။ ပထမ၊ ဒုတိယ၊ တ တိယ၊ စတုထ္ထမဏ္ဍိုင်ကြီးတွေနဲ့အတူပေါ့နော်၊ အဲဒါ မရှိလို့ရှိရင် ရရှိထားတဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်တယ်။ အခြေအနေ အရပ်ရပ်ကြောင့် ပေါ့နော်။ မူလအကျပ်အတည်းကို ပြန်လည်ဆိုက်ရောက် သွားနိုင်တယ်။ အဓိကကတော့ လူထုလူ့အဖွဲ့အစည်းတွေ အားကောင်းဖို့ လိုတယ်။ လူထုလူ့အဖွဲ့အစည်းတွေ အားကောင်းရေးအတွက် သမဂ္ဂက သမိုင်းအစဉ်အလာကို ဆုပ်ကိုင်ပြီး ဦးဆောင်သွားမယ်လို့ ကျွန်တော်ရဲ့တစ်ဦးတည်း အမြင်အရ အဲလိုမြင်တယ်။
ကျွန်တော့်ရဲ့ ညီအစ်ကို သူငယ်ချင်းတွေရဲ့ အမြင်ကလည်း ဒီအမြင်နဲ့ သိပ်ကွာခြားလိမ့်မယ်လို့ မထင်ဘူး။ အဖွဲ့အစည်းအနေနဲ့ ပြောရင် ဗကသရဲ့ အမြင်က တဖြည်းဖြည်းနဲ့ နိုင်ငံရေးနဲ့ လူထုလုပ်ငန်းယှဉ်တွဲသွားတဲ့ အနေအထားကို ရောက်လာလိမ့်မယ်။ အထူးသဖြင့်ကတော့ အမျိုးသားအချင်းချင်း စည်းရုံးညီညွတ်ရေး၊ တိုင်းရင်းသား အချင်းချင်းစည်းရုံးညီညွတ်ရေး၊ ပြည်သူအချင်းချင်း စည်းရုံးညီညွတ်ရေးက တစ်ဆင့် ထာဝရငြိမ်းချမ်းရေးဆီကို သွားမယ်။
မေး- ထာဝရ ငြိမ်းချမ်းရေးလို့ ဆိုလာတဲ့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ- လက်ရှိအစိုးရ အနေနဲ့က မြန်မာ့နိုင်ငံရေး ရေစီးကြောင်းမှာ ပိတ်ဆို့နေတဲ့ အချိန်တစ်ခုဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား အမြန်ဆုံးလွတ်မြောက်ရေးဆိုတဲ့ အချက်ကို အရင်ဦးဆုံး စတင်ကိုင်တွယ်လိုက်ပြီ။ အဲမှာ ကျန် ရှိနေသေးတဲ့ နိုင်ငံရေးသမားတွေလည်း ကျန်နေသေးတယ်။ အများစုကတော့ ထောင်ပြင်ပကို ပြန်ရောက်လာပြီ။ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေအကုန်လုံးပြန်လည် လွတ်မြောက်ခွင့်ပေးမှသာ ဒီစီးကြောင်း ပိတ်ဆို့မှုက အထစ်အငေါ့ မရှိဘဲနဲ့ ပွင့်လင်းသွားမယ်လို့ ထင်တယ်။ အကောင်းဆုံးကတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ အနေအထားမျိုးထိ ရောက်သွားရင် အကောင်းဆုံးပဲ။ ဒါဆိုမြေပေါ် မြေအောက်မှာရှိတဲ့၊ ပြည်ပကနေ ပြန်လာမယ့်သူတွေ အတွက်လည်း လုံးဝအဆင်ပြေသွားမယ်။ အခုချိန်မှာဆိုရင် ပြန်လာရကောင်းနိုးနိုး၊ မလာရ ကောင်းနိုးနိုး အဲလိုမျိုး စိုးရိမ်ကြောင့်ကြမှုတွေ၊ ပူပန်မှုတွေ၊ မတင်မကျ စိတ်မချရတာတွေ ရှိနေတုန်းပဲ။ အစိုးရအနေနဲ့ တကယ်တမ်း ရိုးသား ပွင့်လင်းမယ်ဆိုရင်တော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးသင့်တယ်။ ပေးကိုပေးရမယ်လို့ ကျွန်တော် မြင်တယ်။ ဒါပထမအချက်။
ဒုတိယအချက်အနေနဲ့ ကတော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်ကို ချွင်းချက်မရှိရပ်နားဖို့ ကောင်းနေပြီ။ ထိုးစစ်ရှိနေရင် ဘယ်လောက်ပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခုတစ်ရာ ကျင်းပပါစေ ကျည်ဆံတစ်တောင့် လေထုထဲကို ပစ်လွှတ်လိုက်တယ်ဆိုတဲ့ အသံက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အသံကို ဖုံးလွှမ်းသွားတယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲမြင်ပါတယ်။ အဲဒီ အနေအထားမှာ ဘယ်လိုနည်းနဲ့မှ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရဖို့မမြင်ဘူး။ အဲဒီတော့ ဒါဟာ ရိုးသားမယ်။ ပွင့်လင်းရမယ်။ ရဲရဲလုပ်ရမယ်၊ အစိုးရကို အဲလိုပြောချင်တယ်။ အခုလုပ် နေတဲ့အစိုးရဲ့ ပြောင်းလဲမှု လုပ်ဆောင်ချက်လုပ်ငန်းတွေဟာ အရှိန်အဟုန် နှေးကွေးနေပါတယ်။
အရှိန်အဟုန် နှေးကွေးခြင်းဟာ တကယ်တမ်းကျတော့ အချိန်ကာလကလည်း အကျပ်အတည်း ဖြစ်လာလိမ့်မယ်။ နောက်ပိုင်းကျတော့ အချိန်ကာလအခက်အခဲ Time Crisis ဖြစ်လာလိမ့်မယ်။ အဲလိုဖြစ်လာလို့ ရှိရင် အဖက်ဖက်က ကျပ်တည်းလာပြီး တစ်ဖန်ပြန်ကွေ့သွားနိုင်တယ်။ အဲဒီအလားအလာရှိတယ်။ တချို့ လူတွေပြောနေကြတာ ရှိတယ် – နောက်ပြန်လှည့်မယ်။ နောက်ကြောင်း ပြန်လှည့်သွားမယ်ဆိုတဲ့ အလားအလာ။ အဲဒီအလားအလာကို လုံးလုံး မရောက်ခဲ့သည့် တိုင်အောင် အဲဒီအတိုင်းအတာ နီးပါးကို ရောက်သွားနိုင်တယ်။ အဲဒါကြောင့် ရှေ့ကိုပဲ ထာဝရ ရှေ့ဆက်သွား မယ်။ မဆုတ်မနစ်စွာနဲ့ ဆက်သွားမယ် ဆိုရင် ရိုးသား၊ ရဲရင့် ရဲရင့်စွာ ပွင့်လင်းစွာနဲ့ ရှေ့ဆက် လျှောက်ရမယ်။ အစိုးရအနေနဲ့ အာဃာတထားလို့ မရဘူး။ အရင်တုန်းကဟာတွေကို သင်ပုန်းချေပစ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က တူတာ တွဲလုပ်မယ်။ မတူတာခွဲလုပ် မယ်လို့ ပြောနေတဲ့ အချိန်မှာ အစိုးရအနေနဲ့ တူတာကိုပဲ ရှာကြည့်ရမယ်။ မတူတာတွေကို ဘာလို့ ဆုပ်ကိုင်ထားနေတာလဲ။ ရင်ထဲမှာ ဘာလို့ သိမ်းဆည်းထားတာလဲလို့ ကျွန်တော်မေးချင်တယ်။

မေး- နိုင်ငံရေးပြဿနာအတွက် လမ်းစပေါ်ပြီ ဆိုပေမယ့် တစ်ဖက်မှာက ဆင်းရဲတွင်းနက်နေတဲ့ စီးပွားရေးပြဿနာ ရှိနေပါသေးတယ်။ အခြေခံလူတန်းစားတွေ၊ လူလတ်တန်းစားတွေရဲ့ ဘ၀ အဆင်ပြေနိုင်ဖို့ကိစ္စမှာ စီးပွားရေး တိုးတက်ဖို့က အဓိကကျနေတာကြောင့် ဒီအပိုင်းမှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ – စီးပွားရေးပြဿနာဆိုကတော့ တိုင်းပြည်ရဲ့ စီးပွားရေးက စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့် ချွတ်ခြုံကျခဲ့ရတာပေါ့။ အကြောင်းအရင်းက ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူပိုင်သိမ်းတယ်။ စီးပွားရေးမူဝါဒကို သူတို့ ထင်သလိုရေးဆွဲတယ်။ ပညာရှင်တွေရဲ့ အကြံဉာဏ်ကို မယူဘဲနဲ့ ရေးဆွဲခဲ့တာတွေရှိတယ်။ အဲဒီကျတော့ တိုင်းပြည်ရဲ့စီးပွားရေးမှာ သယံဇာတ ယုတ်လျော့ပါးမှုတွေ ရှိလာတယ်။ ပြီးတော့ ထွက်ရှိသမျှ ထွက်ကုန်တွေကလည်း အရည်အသွေး မမီတာနဲ့ ဘယ်နိုင်ငံမှ မ၀ယ်တာ၊ ဈေးကွက်မရှိတာ။ အဲလိုအမျိုးမျိုး ပြဿနာတွေကြုံတွေ့ပြီးတော့ အကျပ်အတည်း ဆိုက်လာတာပေါ့။ အကျပ်အတည်းဆိုက်လာတော့ မြန်မာနိုင်ငံက အဆင်းရဲဆုံးနိုင်ငံစာရင်းတောင်မှ ၁၉၈၈ က ၀င်သွားခဲ့တာကိုး။ အဲဒီနောက်ပိုင်းမှာ စီးပွားရေး လမ်းကြောင်းဖွင့်ပြီ ဆိုပေမယ့်လည်း အစိုးရနဲ့ ပတ်သက်ရင်းနှီးတဲ့ လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းရှင်တွေပဲ ထွန်းကားခဲ့တာကိုး။ အများပြည်သူကတော့ ဆင်းရဲကျပ်တည်းပြီး သံသရာထဲမှာ နစ်နေတုန်းပဲ ရှိသေးတယ်။ အဲဒီ အခြေအနေမျိုးက တိုင်းပြည်မှာ ရေ ရှည်စွဲကပ်နေတဲ့ ဝေဒနာကြီးတစ်ရပ်လို ဖြစ်နေလို့ရှိရင် ဒီဝေဒနာ နလန်မထူနိုင်သေးတဲ့ ကာလပတ်လုံး နိုင်ငံရေးတိုးတက်မှု လမ်းစကလည်း မြင်မှာ မဟုတ်သေးဘူး။
အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေးဘ၀၊ ရုပ်ပိုင်းဆိုင်ရာ မတိုးတက်ဘူးဆိုလို့ရှိရင် တိုင်းပြည် တစ်ပြည်က သူများနဲ့ ယှဉ်လိုက်တိုင်း ယှဉ်လိုက်တိုင်းမှာ အများကြီး နိမ့်ကျနေတယ်။ အဲဒီတော့ ဒီတိုင်းပြည်ရဲ့ အနာဂတ်ကလည်း မရေရာဘူး။ အဲဒီတော့ လူငယ်တွေအတွက် အလုပ်အကိုင် ဖန်တီးပေးမယ့် Ground မျိုး ရှိရမယ်။ အဲဒါဟာလည်း ပညာရေးနဲ့ နှီးနွယ်နေတယ်လို့ ကျွန်တော် ထင်တယ်။ အခု လက်ရှိပေးနေတဲ့ ပညာရေးအဆင့်အတန်း နိမ့်ကျမှုက ဘယ်တိုင်းပြည်ကိုမှ ယှဉ်လို့မရဘူး။ အဲဒီတော့ ဒီပညာရေးကို အဆင့်အတန်း မြင့်မားလာအောင်လို့ အစိုးရက မူဝါဒချမှတ်ပြီး ဆောင်ရွက်ပေးရမယ်။
အစိုးရကိုလည်း အချို့အပိုင်းတွေမှာ လုံးလုံး အားကိုးလို့ မရခဲ့ဘူး။ အခု အချိန်အထိပေါ့နော်။ အားကိုးလို့ မရခဲ့တဲ့အတွက် ကိုယ့်နည်းကိုယ့် ဟန်နဲ့ ကြိုးစားနေတဲ့ အလွှာတွေ၊ လူ့အဖွဲ့အစည်းတွေလည်း ရှိတယ်။ NGO တွေ၊ Civil Society တွေ နောက်ပိုင်းပေါ်လာရင် လူငယ်တွေကို ပညာရေးဘက် တွန်းအားပေးမယ်။ အထူးသဖြင့် လူငယ်တွေက ကိုယ့်နိုင်ငံကနေ ပြည်ပနိုင်ငံကိုထွက် သွားတယ်ဆိုတာ ကိုယ့်နိုင်ငံကပညာနဲ့ မဖူလုံလို့လည်း ပါတယ်။ ဒီမှာလည်း သင်လာရတဲ့ ပညာနဲ့ ထိုက်တန်တဲ့ လစာမပေးနိုင်တဲ့အခါကျတော့ တိုင်းတစ်ပါးမှာပဲ အလုပ်လုပ်ရင်းနဲ့ အဲဒီမှာပဲဘ၀ကို အသက်မွေးဝမ်းကြောင်းပြုသွားပြီး ဒီနိုင်ငံကို ပြန်လှည့် မလာတော့တာတွေ လည်းရှိတယ်။ အဓိကက ပြဿနာက အဲဒါပဲ။ ပညာရေး အဆင့်အတန်း မမြင့်မားမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း မဖန်တီး ပေးနိုင်မှုကြောင့် ထိုက်တန်တဲ့နေရာ မရမှုကြောင့် လူငယ်တွေ Brain Drain ဖြစ်သွားရတာပေါ့။ အဲဒါကြောင့် ပြန်ပြင်ရမယ့် မူဝါဒတွေမှာ ပညာရေးကို ထိပ်ဆုံးကထားပြီး ပြင်ဆင်သင့်တယ်။ ကျွန်တော်တို့ တောင်းဆိုတဲ့ ဗကသရဲ့မူ ငါးချက်မှာ ဒီမိုကရေစီ ပညာရေးဆိုတာလည်း ပါတယ်။ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေးဆိုတာလည်း ပါတယ်။ အဲဒီကျောင်းသားထု အခွင့်အရေးကာကွယ်ရေးနဲ့  ဒီမိုကရေစီပညာရေးဟာလည်း ဆက်စပ်နေတယ်။ အဲဒီအချက်ကို ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်တဲ့အခါ ထည့်သွင်း လုပ်ဆောင်သွားမှာပါ။
မေး- နိုင်ငံရေးလုပ်ဖြစ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး တခြားသော လူငယ်တွေကို မျှဝေချင်တဲ့ ပုဂ္ဂလိက ခံယူချက်၊ ယုံကြည်မှုက ဘာဖြစ်မလဲ။
ဖြေ – နိုင်ငံရေးကို ကြောက်စရာလို့ မြင်နေတာက ယဉ်ကျေးမှုတစ်ခုလို ဖြစ်ခဲ့တယ်။ ဒါကလည်း မြန်မာနိုင်ငံက အာဏာရှင် အဆက်ဆက်ရဲ့ ခေတ်အဆက်ဆက်မှာ နေခဲ့ရတာ အတော်ကြာပြီကိုးဗျ။ ကိုလိုနီကလည်း တစ်နည်းအားဖြင့် အာဏာရှင်ပဲ၊ ဖက်ဆစ်ကလည်း အာဏာရှင်ပဲ၊ နောက်ပိုင်းလည်း အာဏာရှင်ပဲဆိုတော့ အာဏာရှင်အစိုးရက လူထုကို ခြိမ်းခြောက်မှုနဲ့ အကြောက်တရားနဲ့ လွှမ်းမိုးထားခဲ့တယ်။ အဲဒါ ယဉ်ကျေးမှုလိုဖြစ်ခဲ့တယ်။ ဒါပေမယ့် မြန်မာပြည်သူလုထုရဲ့ စိတ်မှာ တကယ်တန်းကျတော့ အကြောက်တရားက လွတ်ကင်းအောင်လို့ ရှာဖွေချင်တဲ့ အမြင်တော့ရှိတယ်။ မီးခဲပြာဖုံး ဖြစ်နေတာပေါ့နော်။
ဒီအမြင်တွေက၊ အဲဒါတွေကို ဖယ်ရှားပစ်နိုင်တာက ဒီနိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေ၊ သံဃာတော်တွေပေါ့။ အကျပ်အတည်းကာလတွေ မှာတောင် သူတို့က လူထုကို ဦးဆောင်ပြီး အားပေးခဲ့တယ်၊ မြှင့်တင်ခဲ့တယ်။ ကျွန်တော်တို့ လူငယ်တွေ ကလည်း နိုင်ငံရေးက ကြောက်စရာ မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ လူသားတိုင်းနဲ့ ဆိုင်တဲ့ကိစ္စ၊ နိုင်ငံသားတိုင်းနဲ့ ဆိုင်တဲ့ကိစ္စ၊ နိုင်ငံသားတိုင်းနဲ့ ဆိုင်တဲ့ အရေးကို ကိုယ့်အရေး ကိုယ့်အရာလို့ သဘောထားရမယ်လို့ အမြဲတမ်းပြောတယ်၊ အမြဲတမ်း တိုက်တွန်းတယ်။ အဲဒါလေးကို ဆောင်ရွက်ဖို့လဲ ကျွန်တော်တို့က အားပေးတယ်ပေါ့။ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဗျ။ ခုနကပြောခဲ့တဲ့ အခက်အခဲကြီး တစ်ခုလုံးကို ကျွန်တော်တို့က ပြောင်းလဲပစ်ရမှာဗျ။
ကျွန်တော့်ရဲ့ ခံယူချက်ကို ပြောမယ်ဆိုရင် ကျမ်းစာတွေမှာပါတဲ့ အတိုင်းပေါ့နော်။ အမှန်တရားသည်၊ သစ္စာတရားသည် သင့်အား လွတ်လပ်ခွင့်ကို ဆောင်ကြဉ်းပေးလိမ့်မည် ဆိုတာမျိုး၊ အဲသဘောမျိုးနဲ့ ကျွန်တော်က အမှန်တရားနဲ့ သစ္စာတရားကို ဆုပ်ကိုင်ထားရင် လွတ်မြောက်ခြင်းကို ရောက်လိမ့်မယ်ဆိုတဲ့ အမြင်မျိုး ခံယူချက်ရှိတယ်။ သစ္စာတရားဆိုတာ ဘာလဲဆိုရင် လူသားတိုင်း ဦးထိပ်ထားရမယ့် ကိစ္စ၊ လူသားတိုင်း အချင်းချင်းပေါ်မှာ ခွင့်လွှတ်ရမယ်၊ သည်းခံရမယ်ဆိုတဲ့ ကိစ္စတွေရှိတယ် လူသားတိုင်း အများပြည်သူဘ၀ တိုးတက်ကောင်းစားရေးအတွက် အမှန်တရားကိုပဲ ဆုပ်ကိုင်ရမယ်၊ ပြောမယ်ဆိုလို့ ရှိရင် Right is Might ပေါ့ ဗျာ။ အမှန်တရား အင်အားပေါ့။ အမှန်တရား၊ သစ္စာတရားကို ဆုပ်ကိုင်ထားမှ လွတ်လပ်ခွင့်ကို ဆောင်ကြဉ်းနိုင်မယ်၊ လွပ်လပ်ခွင့် ရလာလိမ့်မယ်လို့ ကျွန်တော်ကမြင်တယ်။ လွတ်လပ်မှုကို သွားဖို့အတွက် အမှန်တရားနဲ့ သစ္စာတရားရှိမှရမယ်။
မေး- ထောင်ကပြန်လွတ်လာပြီး ပြင်ပမှာမြင်ရတဲ့ အခြေအနေနဲ့ ထောင်မကျခင်က အခြေအနေ ဘာများကွာခြားသွားတယ်လို့ ထင်ပါသလဲ။
ဖြေ – ကျွန်တော် ထောင်ထဲဝင်သွားတဲ့ ကာလမှာ လူတွေက နိုင်ငံရေးအကြောင်းကို လက်ဖက်ရည်ဆိုင်တွေ မှာတောင်မှ ကျယ်ကျယ် မပြောရဲသေးဘူး။ ပြောလို့ရှိရင် တိုးတိုးတိတ်တိတ် ပြောကြတယ်။ ပြောတာတောင်မှ တစ်ယောက်နဲ့ တစ်ယောက်စကြတယ်။ နိုင်ငံရေးတွေ မပါနဲ့ ဆိုတာမျိုး။ နိုင်ငံရေးအကြောင်းပြောရင် နောက်ကျော မလုံဘူးလို့ ခံစားရတယ်။ အဲအချိန်ကာလက အဓိကက ကြောက်နေရတာပေါ့။ ထောက်လှမ်းရေးတို့ သတင်းပေးတို့။
အခုကျတော့ နိုင်ငံရေး ခေတ်တစ်ခေတ်ကို ရောက်တော့မယ်၊ အစပျိုးနေပြီဆိုတော့၊ နိုင်ငံရေးခေတ်ဆိုတာ လွတ်လွတ်လပ်လပ် နိုင်ငံရေးအကြောင်း ဆွေးနွေးနိုင်တဲ့ခေတ်၊ ဆွေးနွေးတယ်ဆိုတာက ဆွေးနွေးခွင့်ပေးထားလို့ ဆိုတာထက် ကြိုးစားပမ်းစား ကိုယ့်ဟာကို အားထုတ်ပြီး လုပ်လာကြတာ၊ အစိုးရပေးတာထက် ပိုပြီးရအောင် အားထုတ်လာကြတာ၊ သူတို့က ဒီနေရာအထိ ပေးတယ်ဆိုရင် ကိုယ်က ရှေ့ကို ဆက်သွားချင်တဲ့၊ အမြဲတမ်းအား ထုတ်နေတဲ့ စိတ်ရှိမယ်ဆိုရင် ကိုယ်လိုချင်တဲ့ နေရာ ရောက်မှာပဲ။ သူပေးတဲ့နေရာနဲ့ တင်းတိမ်ရောင့်ရဲနေလို့ မရဘူးပေါ့။ ကိုယ်လိုချင်တဲ့ နေရာအထိ ရောက်အောင်လို့ ကျွန်တော်တို့က ဆက်လျှောက်ရမှာ။
အခုခေတ် လူတွေက ပြောကြ၊ ဆိုကြတယ်။ ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်ကြတယ်။ ဝေဖန်သုံးသပ်တာတွေက ဟိုဘက် ဒီဘက်ရှိမှာပဲ။ အစိုးရဘက်ကို ဝေဖန်တာလည်း ရှိမယ်။ အတိုက်အခံဘက်ကို ဝေဖန်တာတွေလည်း ရှိမယ်။ ဝေဖန်ကန့်ကွက်သံတွေ၊ ဆွေးနွေးသံတွေက ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားရတယ်။ ဒါဟာ လူထုကြားထဲမှာ အဓိက ပြောင်းလဲမှုအရာတွေလို့ ကျွန်တော် မြင်ပါတယ်။
ကိုကျော်ကိုကို
မွေးသက္ကရာဇ်- ဒီဇင်ဘာ ၉၊ ၁၉၈၁။
မိဘအမည်- ဦးကျော်အေး၊ ဒေါ်စိုးစိုးသော်
ပညာအရည်အချင်း- B.Com. (Hons.)၂၀၀၅ခုနှစ်၊ M.Com. ၂၀၀၆-၂၀၀၇ ခုနှစ်။ (M.Com အတွက် အောင်စာရင်းတွင် အမည်စာရင်း ပါဝင်ခဲ့သော်လည်း ဘွဲ့ယူရမည့် စာရင်းတွင် မပါဝင်ခဲ့။ )
ဇာတိ- ရန်ကုန်
လူမျိုး – ဗမာ
ကိုးကွယ်သည့်ဘာသာ- ဗုဒ္ဓ

၂ဝဝ၇ မျိုးဆက် ဗကသ ပြန်လည် ဖွဲ့စည်း – return of 2007 generation

ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၁၈၊ ၂၀၁၂၂၀၀၇ မျိုးဆက် ဗကသကို မကြာသေးမီက ထောင်မှ ပြန်လွတ်လာသူတို့နှင့် ယနေ့ ပြန်လည် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။
ဥက္ကဋ္ဌ ကိုကျော်ကိုကို၊ ဒု- ဥက္ကဋ္ဌ — ကိုဒီငြိမ်းလင်းနှင့် ကိုလင်းထက်နိုင်၊ အတွင်းရေးမှူး မဖြိုးဖြိုးအောင်တို့ ဖြစ်သည်ဟု သိရသည်။ (ဓာတ်ပုံများ-ဗကသ)



Tuesday, January 17, 2012

               ချိတ်ပိတ်ခံ ကျောင်းနှစ်ကျောင်း အရှင်ဂမ္ဘီရ ပြန်ဖွင့်


ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ၆ ထပ်ကြီးကျောင်းတိုက်ဝင်းအတွင်း
ချိတ်ပိတ်ခံထား ရသော ကျောင်းတိုက် နှစ်ခုအား ဆရာတော် အရှင်ဂမ္ဘီရ က အင်္ဂါနေ့
နံနက် ၉ နာရီခွဲခန့်တွင် ပြန်ဖွင့်ခဲ့ကြောင်း သိရသည် ။
အဆိုပါ ချိတ်ပိတ်ခံထားရသော ကျောင်းတိုက်များမှာ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်နှင့် သာသနာ့သိပ္ပံကျောင်းတိုက်တို့ ဖြစ်ကြောင်း ၆ ထပ်ကြီး ကျောင်းတိုက်ဝင်းမှ သံဃာ
တော်တပါးက မဇ္စျိမကို ပြောသည်။
mkin
၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး ချိတ်ပိတ်ခံထားရသော ရန်ကုန်မြို့ ၆ ထပ်ကြီးဝန်းအတွင်းမှ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်အား အရှင်ဂမ္ဘီရ က ၁၇.၁.၂ဝ၁၂ ရက်နေ့က လာရောက်၍ သော့ဖျက် ဖွင့်ပေးသွားသည်။ (ဓါတ်ပုံ မဇ္ဈိမ)

၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် ကိုယ်တော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရမှာ နှစ်ရှည်ထောင်ဒဏ် ကျခံထားရရာမှ ဇန်နဝါရီ ၁၃ ရက်နေ့တွင် သရက်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနှင့် ပတ်သက်သည်ဟုဆိုကာ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်အား ၁.၁၁.၂ဝဝ၇ ရက်နေ့က လည်းကောင်း၊ သာသနာ့သိပ္ပံကျောင်းတိုက်အား ၁၃.၆.၂ဝဝ၈ ရက်နေ့က လည်းကောင်း နအဖ အစိုးရက ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။

ယင်း ကျောင်းတိုက်နှစ်ခုမှ ဆရာတော် နှစ်ပါးလုံးမှာ ကင်ဆာရောဂါဖြင့် ပျံလွန်တော်မူသွားကြကြောင်း သာသနာ့ သိပ္ပံ ကျောင်းတိုက်မှ ဦးကုသလ က မဇ္ဈိမကို မိန့်ကြားသည်။

“ဦးဇင်းတို့လည်း တပတ်လောက် ဖမ်းခံရတာပဲ။ လွတ်လာတော့ ကျောင်းမှာ နေစရာ မရှိတော့ဘူး။ ဟိုမှာနေလိုက်၊ ဒီမှာနေလိုက်ပေါ့။ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်မှာ သံဃာ ၈ ပါး ရှိတယ်။ ကျောင်းထိုင်ဆရာတော်ကတော့ အဖမ်းမခံရဘူး။ ဒါပေမယ့် ကျောင်းကို ချိတ်ပိတ်တာဆိုတော့ ဟိုမှာနေလိုက် ဒီမှာနေလိုက်ပေါ့။ အခုတော့ ပြီးခဲ့တဲ့
နှစ်ကပဲ ကင်ဆာရောဂါနဲ့ ပျံလွန်သွားပါပြီ။ ကျောင်းတိုက် တခုလုံးက သံဃာတွေ ဖမ်းခံရတာက လွတ်လာတော့ လည်း နယ်တွေကို ပြန်ကြွရတာပေါ့”ဟု မိန့်ကြားသည်။

ချိတ်ပိတ်ခံ ကျောင်းတိုက် နှစ်ခုလုံးကို ပြန်လည်ဖွင့်ပေးရေးအတွက် နအဖ လက်ထက်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ထံသို့ တကြိမ်၊ ယခု အစိုးရသစ် ရန်ကုန်ဝန်ကြီးချုပ်ထံသို့ တကြိမ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံသို့ တကြီမ် စာတင်ပြီး တောင်းဆိုခဲ့သော်လည်း အကြောင်း မထူးကြောင်း ဦးကုသလ က မိန့်သည်။

၆ ထပ်ကြီး ကျောင်းတိုက်ဝင်းတွင် ၂ဝဝ၇ ခုနှစ် မတိုင်မီက သံဃာအပါး ၁ဝဝဝ ကျော်ခန့် ရှိကြောင်း၊ ရွှေဝါရောင် လှုပ်ရှားမှု နောက်ပိုင်း သံဃာများအား လက်မခံရဲတော့ သည့်အတွက် အပါး ၃ဝဝ ကျော်သာ ကျန်ရှိတော့ကြောင်း ကိုယ်တော်တပါးက မိန့်သည်။

Monday, January 16, 2012

  နော်လွီဇာဘင်ဆင် ကွယ်လွန်
E-mailPrint
မြန်မာ့ ဒီမိုကရေစီ အရေးနှင့် တိုင်းရင်းသားများ အရေးကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည့် ကရင်တိုင်းရင်းသူ နော်လွီဇာ ဘင်ဆင်သည် ဦးနှောက် ကင်ဆာ ရောဂါဖြင့် အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် အင်္ဂါနေ့က ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ် ရှိပြီ ဖြစ်သည်။

နော်လွီဇာဘင်ဆင် (ဓာတ်ပုံ - မိုးမခ)
ရန်ကုန်ဇာတိ နော်လွီဇာ ဘင်ဆင်သည် ၁၉၅၆ ခုနှစ်မှ စတင်၍ မယ်ဗမာဘွဲ့ နှစ်ကြိမ် ရခဲ့ပြီး ရုပ်ရှင် လောကသို့ ၀င်ရောက်ခဲ့သည်။

ရန်ကုန် တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စု ဘော်စတွန် တက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့သည်။

ဖခင်သည် ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ် ရှစ်မိုင် သမိုင်းလမ်းဆုံတွင် နေထိုင်ခဲ့သည့် ပေါ်တူဂီ ဂျူးလူမျိုး မစ္စတာ ဘင်ဆင် ဖြစ်ပြီး၊ မိခင်မှာ ပဲခူးတိုင်း သာယာဝတီခရိုင်မှ ကရင် အမျိုးသမီးတဦး ဖြစ်သည်။ နော်လွီဇာ ဘင်ဆင်တွင် ညီမ ၂ ဦး ရှိကြောင်း၊ ရန်ကုန်တွင် ၎င်းနေထိုင်သည့် ခြံကြီးသည် စောဘင်ဆင်ခြံဟု ပြည်တွင်းစစ် ကာလတွင် နာမည်ကြီး ခဲ့ကြောင်း၊ ဂွတ္တလစ်တွင်လည်း ခြံမြေ အများအပြား ပိုင်ဆိုင်ကြောင်း သိရသည်။

“ဟိုတုန်းကတော့ အရမ်း ချောတဲ့သူပေါ့။ ဗိုလ်ချုပ်ကြီး နေ၀င်းကတောင် ငပလီ ကမ်းခြေကို ဖိတ်ခဲ့တာလေ” ဟု ၎င်းနှင့် သိကျွမ်းသည့် ရန်ကုန်မြို့မှ သင်းအုပ်ဆရာ ဦးမောင်မောင်လှက ပြောသည်။

နော်လွီဇာဘင်ဆင်သည် ကရင် အမျိုးသား အစည်းအရုံး (KNU)၏ အမှတ် ၅ တပ်မဟာမှူး ဗိုလ်လင်းထင် နှင့် လက်ထပ်ခဲ့သည်။ ၁၉၆၁ ခုနှစ်က ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ၀င်ရောက်တိုက်ခိုက်ခဲ့သူ ခင်ပွန်းသည် ဗိုလ်လင်းထင်သည် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး ၁၉၆၄ ခုနှစ်တွင် လက်နက်ချခဲ့ပြီး ပြန်လည် လက်နက်ကိုင် တောခိုရန် ကြိုးစားမှုဖြင့် သတ်ဖြတ်ခံခဲ့ရသည်။

နော်လွီဇာဘင်ဆင်သည် မကွယ်လွန်မီက ၀ါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသည့် US Campaign for Burma ၏ အဖွဲ့ဝင်တဦး အဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ကရင်လူမျိုးများ အရေးကိုလည်း တက်ကြွစွာ ဆောင်ရွက်သူဖြစ်ကြောင်း၊ အမေရိကန်တွင် အခြေချသည့် ကရင်လူမျိုးများကို ကူညီသူ ဂုဏ်ယူဖွယ် အမျိုးသမီးကြီးတဦး ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

နော်လွီဇာဘင်ဆင်တွင် သားသမီးသုံးဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
 
လက်ရှိသိန်းစိန်အစိုသည် စစ်အုပ်စု၏လက်ဝေခံရုပ်သေးအစိုးရသာဖြစ်ကြောင်း လက်ရှိဟန်ပြအပြောင်းအလဲများဖြစ်သည့် ၄င်းတိုပြင်ဆင်လုပ်ဆောင်နေသည့် လမ်းပြမြေပုံ
( ရုပ်မတ် )အဆင့်( ၇ )ဆင့်ကိုစနစ်တကျအချိနှ်ဆွဲလုပ်ရပ်များကသက်သေခံပေသည် ။
စစ်အုပ်စုသည် ဘယ်သူသေသေငတေမာရင်ပြီယောစိုသည့်အတိုင်း ၄င်းတို့အာဏာ
တည်မြဲရေးအတွက်သူတို့အာဏာ ကိုထိပါးလာရင် ရဟန်းသံဃာတောင် အဓမ္မလူဝတ်ချွတ်
နှိပ်ကွတ်ခြင်းများကို ဗြောင်ကျကျလုပ်နေပြီသည်မှာလ...တ်တလောပြန်လည်လွတ်ပေးလိုက်သည့်
အဓမ္မလူဝတ်ချွတ်ခံရသည့်သံဃာတော်များကသက်သေခံနေသလိုရွှေည၀ါစရာတော်
ဘုရားကြီးအားအရေးယူမည့်အခြေအနေအပ်ါဆရာတော်ကြီးမှ တိုင်းသံဃမဟာနာယက အဖွဲ့မှ လာမည့် ၁၉ရက်နေ့ ကြာသာပတေးနေ့မှာ ရွှေညဝါ ဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန်ကိစ္စ ဆင့်ခေါ်စာ. ပေးပို့ထားပါတယ်...။ အဆိုပါ ခြိမ်းခြောက်စာဆန်ဆန် ဆင့်ခေါ်စာနဲ့ ပတ်သက်ပြီး ရွှေညဝါဆရာတော်မှ ဒါယိကာ၊ ဒါယိကာမများသို့ သာသနာတော်အတွက်၊ မြန်မာပြည် လောကအတွက်၊ အမှန်တရားအတွက် မည်သည့် အခက်အခဲမျိုးမဆို ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးတိုင် ရင်ဆိုင်ဖြေရှင်းသွားဖို့ အသင့်ရှိနေပါကြောင်း.. ဆုံးဖြတ်စဉ်းစားထားပြီး ဖြစ်ပါကြောင်း မိန့်ဆိုပါတယ်....။
သို့ဖြစ်ပါသောကြာင့်အမျိုးဘာသာသာသနာကိုကာကွယ်ဘို့ ဗုဒ္ဓဘာသာနွယ်ဝင်များ
သာမက
အခြားဘာသာနွယ်ဝင်များမှလည်း မိမိတို့ဘာသာကိုယ်ပါမစောကားမထိပါးရဲအောင်ကာ ကွယ်ဆောင့်ရှောက်သွားရန်တာဝန်ရှိသည်ဖြစ်ပါသောကြောင့်ကိုင်းထထကြွကြွနဲ
ဝိုင်းကြပေတော့ ................................................................................. ။
( paing paing no gaing ) အနာခံပြီးအသာမစံနိုင်တဲ့အခြေအနေထက်( no paing no gaing )
အနာခံမှအသာစံနိုင်မဲ့အခြေအနေနှစ်ရပ်ကတရပ်ရပ်ကိုပြတ်ပြတ်သားသားရွေးချယ်ရမည့်အခွင့်အခါကောင်သောအချိန်ကောင်းပင်ဖြစ်ပေသည်း ။
အမျိုးသားလွတ်မြောက်ရေးအင်အားစု ( မြန်မာပြည် )
ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံရဲ့ Legion of Honorအမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ပေးအပ် 01/15/2012
 
Picture
_ပြင်သစ်နိုင်ငံခြားရေးနှင့်ဥရောပရေးရာဝန်ကြီးမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား

Commandeur de la legion d'Honor ဆုကို ယနေ့ည ၇း၃၀အချိန်ကဒဂုံမြို့နယ်၊ ပြည်ထောင်စု

ရိပ်သာလမ်းရှိပြင်သစ်နိုင်ငံသံရုံးတွင် ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

Sunday, January 15, 2012

                   မင်းကိုနိုင် (သို့) ဒီမိုကရေစီ သူရဲကောင်း။
မင်းကိုနိုင်ကို ဘာကြောင့် ကျနော်တို့တွေ အရမ်းလေးစားကြသလဲ?

မင်းကိုနိုင်ကို ဘာကြောင့် ကျောင်းသားထုရဲ့ အမြဲတမ်းခေါင်းဆောင်အဖြစ် သတ်မှတ်သဘောထားနေကြသလဲ?
မင်းကိုနိုင်ကို ဘာကြောင့် ကျနော်တို့ အရမ်းလွတ်စေချင်ခဲ့ကြသလဲ?


ဒီလိုတွေ မေးလာခဲ့ရင် အရင်က တော်တော်ဖြေရလိမ့်မည် ဖြစ်ပါသည်။
ယခုတော့ အပြတ်အသား ရင်ကော့ခေါင်းမော့ကာ ပြန်ပြောနိုင်ပေပြီ။
လွတ်လွတ်ချင်းမှာ သူဘာလုပ်သလဲ ကြည့်ပါဟုသာ တစ်ခွန်းတည်းပြောပါတော့မည်။
ယနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်၏။
ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးကို ပါးနပ်လိမ္မာစွာ နိုင်ငံရေးနည်းလမ်းကျကျ ပြုလုပ်ရတော့မည်ဖြစ်၏။
မင်းကိုနိုင်သည်ကား နှစ်ပေါင်းများစွာ နံရံလေးဘက်ကြားတွင် နေထိုင်ခဲ့ရပါလျက်
ယနေ့ခေတ်လုပ်ထုံးလုပ်နည်းနှင့် အညီ ရင်ဘောင်တန်းနိုင်ရုံသာမက ရှေ့က ပြေးနေသည်ကို အားကျ အတုယူစဖွယ်မြင်တွေ့လိုက်ရပါသည်။
တကယ်တော့ နှစ်ပေါင်းများစွာ နံရံလေးဘက်ကြားတွင် နေထိုင်ခဲ့ရသူမို့ သူ့ခမျာ ပင်ပန်းနွမ်းလျ ရှာပေမည်။
သို့သော် သူကား လွတ်လွတ်ချင်း အနားယူဖို့မစဉ်းစား။
လမ်းတလျောက် ဘုရားများ ၀င်ဖူး၏။ ဗုဒ္ဓဘာသာ ပီသလိုက်ပါဘိချင်း။
ပြီးတော့ လမ်းတလျာက် ပြည်သူလူထုအား တန်ဘိုးရှိသော စကားများဖြင့် လမ်းညွှန်ခေါင်းဆောင်မှု ပေးခဲ့ချေသေး၏။



ကျနော်သာ သူ့နေရာမှာဆိုလျှင် ခုမှ ထောင်ကလွတ်တာ မိသားစုနဲ့တွေ့ဖို့ အချိန်ပေးမိမည်။
အိမ်ကို မြန်မြန်ပြန်ဖို့ အရင်ဆုံးစဉ်းစားမိမည်ထင်၏။
လက်ရှိဖြစ်ပေါ်တိုးတက်နေသော နိုင်ငံရေးအခြေအနေကို လေ့လာဖို့ အချိန် နည်းနည်းလေးတော့ ယူပေဦးမည်။
သို့သော် မင်းကိုနိုင်ကား ထိုသို့မဟုတ်။
သူသည် အချိန်နေရာမရွေးပဲ သူလုပ်ရမည့်လမ်းစဉ်ကို အပြတ်အသားချမှတ်ထားနိုင်သူသာ ဖြစ်ပါသည်။

ထို့ကြောင့် မင်းကိုနိုင်ဆိုသည်မှာ ဘယ်နေရာမှာ ဘယ်လိုပင် ပိတ်လှောင်ထားသည်ဖြစ်စေ
အလင်းကို တွေ့ရှိခံစားနိုင်စွမ်းသူဖြစ်သည်ဟု ကျနော်နားလည်လိုက်မိပါသည်။
ထောင်မှ လွတ်လာလာချင်းမှာပင် ...
တွေဝေ တုန့်ဆိုင်းခြင်းမရှိသော သူ့အပြုံးများ၊
လေးနက်ပြတ်သားသော သူ့စကားသံများ၊
မားမတ် ဖြောင့်ဖြူးသော သူ့ခြေလှမ်းများအားကြည့်ကာ
ကျနော့်ရင်ထဲ စကားတစ်လုံးပေါ်လာလေ၏။
ခေါင်းဆောင်။
သူသည်ကား ကျနော်တို့အတွက် အငြင်းပွားဖွယ်မရှိသော ခေါင်းဆောင်ပင်ဖြစ်ပေတော့သည်။
ယခုခေတ်တွင် အတွင်ကျယ်ဆုံးမှာ မီဒီယာများဖြစ်ပေလိမ့်မည်။
သို့သော် မင်းကိုနိုင်ကား လွတ်လာလာချင်းတွင် မီဒီယာပေါ်မှတစ်ဆင့် ထိတွေ့မှုများပြုဖို့ထက်
တကယ့် ပြည်သူကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခဲ့သူ၊ ခေါင်းဆောင်မှုပေးခဲ့သူဖြစ်ပါသည်။
သူ့အတွက် မိသားစု သံယောဇဉ်သည် အဓိက မဟုတ်။
ကိုယ်ခန္ဓာ နွမ်းလျ ပင်ပန်းမှုသည် အဓိက မဟုတ်။
ထင်ပေါ်ကျော်ကြားမှုသည် အဓိကမဟုတ်။
လမ်းပေါ်က လက်လုပ်လက်စားပြည်သူအများစုသာ အဓိကဖြစ်ပါသည်။
ထို့ကြောင့် မင်းကိုနိုင်ကို ပြည်သူတွေက မေတ္တာရောင်ပြန်ဟပ်ကာ မြတ်နိုးကြခြင်း ဖြစ်ပေလိမ့်မည်။
ဒီကမ္ဘာမြေပြင်ပေါ်ရှိ သက်ရှိလူသားများထဲတွင် `သတ္တိ´ဆိုသောအခြင်းအရာအတွက် ပြယုဂ်မည်သူနည်းဟု
ကျနော့်အား မေးလာငြားအံ့။ မင်းကိုနိုင်အား လက်ညှိုးထိုး ညွှန်ပြမိတော့မည်ဖြစ်ပါသည်။
သူသည်ကား ...
နောက်လာမည့် မျိုးဆက်များအား အတုယူစရာ စိတ်ဓာတ်ပိုင်ရှင်အဖြစ်အမြဲ တည်ရှိသွားတော့မည်သူဖြစ်ပါသည်။
သူလွတ်မလာခင်ညက ကျနော်ရေးခဲ့ပါသည်။
ငါတို့ရဲ့ သက်ရှိ သူရဲကောင်း၊
ငါတို့ရဲ့ သက်ရှိ ဒဏ္ဍာရီ၊
ငါတို့ရဲ့ သက်ရှိ စံပြုပုဂ္ဂိုလ်၊
ငါတို့ရဲ့ သက်ရှိ ကျောင်းသားသမဂ္ဂ ဟု
ထောင်မှ ထွက်လာလာချင်း မင်းကိုနိုင်၏လုပ်ရပ်များက ထိုတင်စားချက်များထက်ပင် ပိုလွန်အောင် ပြုမူပြခဲ့ပါပြီ။
သေချာသည်ကတော့ မင်းကိုနိုင်သည်ကား ကျနော်တို့ မျှော်လင့်ချက်များအား ဘယ်တော့မှ အလဟဿမဖြစ်စေခဲ့သူပင် ဖြစ်ပါလေတော့သည်။
သွန်းနေစိုး Thorn Nay Soe

Friday, January 13, 2012

        အကျဉ်းသားများ လွတ်မြောက်၊ နိုင်ငံရေး အကျဉ်းသား အများအပြား ပါဝင်

တိုက်ရိုက်တင်ဆက်မှု
မဇ္ဈိမ သတင်းဌာန ။ ။ သမ္မတ ဦးသိန်းစိန်မှ ကြာသပတေးနေ့ ကြေညာချက်အရ သောကြာနေ့တွင် အကျဉ်းသား ၆၅၁ ဦး လွှတ်ပေးလိုက်ရာ ၈၈ ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများစွာ ပြန်လည် လွတ်မြောက်လာခဲ့သည်။

မဇ္ဈိမက ရရှိထားသည့် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ကနဦး စာရင်းကို တင်ပြပေးလိုက်သည်။

ရွှေဝါရောင် ဆန္ဒပြမှု ဦးဆောင်ကိုယ်တော် အရှင်ဂမ္ဘီရ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ပဏ္ဍိတ်ထွန်း၊ မမီးမီး၊ မနီလာသိန်း၊ ကိုအံ့ဘွယ်ကျော်၊ ကိုဂျင်မီ၊ ကိုပြုံးချို စသည်တို့အပြင် စာနယ်ဇင်းသမား များ ဖြစ်ကြသည့် ကိုဇော်သက်ထွေး၊ နေဘုန်းလတ်တို့ အပါအဝင် စုံစမ်းရရှိထားသည့် အခြေအနေအား အချိန်နှင့် တပြေးညီ တင်ပြသွားမည် ဖြစ်သည်။


လှိုင်သာယာမြို့နယ် NLD ဦးတင်ယု လွတ်မြောက်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၈ နာရီ ၁၄ မိနစ်

OoTinYu
  • သောကြာနေ့က လွတ်မြောက်လာသည့် လှိုင်သာယာမြို့နယ် NLD မှ ဦးတင်ယု။ (ဓါတ်ပုံ - မဇ္ဈိမ)
ရမည်းသင်းမှ ၆ ဦးလွတ်သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၈ နာရီ ၁၀ မိနစ်
ရမည်းသင်းထောင်က အရှင် ဦးဝေပုလ္လ ခေါ် ဝင်းတင်၊ ဦးသောဘိတ ခေါ် သန်းထိုက်စိုး၊ အရှင်သုဝဏ္ဏ ခေါ် ဟန်စိုး၊ ဦးဃောသိတ ခေါ် ဟန်မြင့်၊ ကောင်းကောင်း ခေါ် ဇော်ဝင်းမြင့်၊ ကိုဖိုးထောင် ခေါ် ကိုလှမြင့် တို့ဖြစ်သည်။
မိတ္ထီလာထောင်မှ ၆ ဦးလွတ်သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၈ နာရီ ၁၀ မိနစ်
မိတ္တီလာထောင်မှ နိုင်ငံရေးအကျဉ်းသား ၃ ဦးနှင့် ဦးခင်ညွန့်၏ တပည့် ၃ ဦး စုစုပေါင်း (၆) ဦး လွတ်သည်။
နိုင်ငံရေးအကျဉ်းသား ၃ ဦးအနက် ၂ဝဝ၇ ခု ရွှေဝါရောင် ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံခဲ့ရသူ အင်းစိန်မြို့နယ်NLD လူငယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထွန်းထွန်းဦးတို့ ပါဝင်ပြီး ယနေ့ည ကားဖြင့် ရန်ကုန်ပြန်ကြမည်။ အောင်လံမှ ကိုမြတ်ကို မှာ အောင်လံသို့ ပြန်သွားပြီ ဖြစ်သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချို
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၈ နာရီ ၀၄ မိနစ်
pyonecho
pyonecho1

pyonecho2
  • ကော့သောင်းထောင်မှ သောကြာနေ့က လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချို အား ရန်ကုန်မြို့၌ ကြိုဆိုသူများနှင့်အတူ တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၇ နာရီ ၅၉ မိနစ်
kkg
  • မိုင်းဆတ်ထောင်မှ သောကြာနေ့က လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ရန်ကုန်မြို့သို့ ရောက်လာစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

kkg1
  • သာယာဝတီထောင်မှ လွတ်မြောက်လာသည့် မနီလာသိန်းနှင့် မိုင်းဆတ်ထောင်မှ လွတ်မြောက်လာသည့် ကိုကိုကြီးတို့အား ရန်ကုန်မြို့၌ ကြိုဆိုသူများနှင့် တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
မန္တလေးတိုင်း NLD ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ပူတာအိုအကျဉ်းထောင်မှ လွတ်မြောက်သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၇ နာရီ ၄၉ မိနစ်
မန္တလေးတိုင်း NLD ဥက္ကဋ္ဌ အသက် ၆၃ နှစ်အရွယ် ဒေါ်ဝင်းမြမြသည် မြန်မာ့လေကြောင်းလိုင်းဖြင့်
သောကြာနေ့ နေ့လည် ၂ နာရီချိန်တွင် ကချင်ပြည်နယ် ပူတာအိုအကျဉ်းထောင်မှ နေရပ် မန္တလေးသို့
ရောက်ရှိလာပြီ ဖြစ်သည်။

ထောင်ဒဏ် ၁၂ နှစ်ကျခံရာမှ အယူခံ တက်ခဲ့ရာ ၈ နှစ်သို့ လျှော့ချပေးခဲ့သည်။ ထိုမှ သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် ၁ နှစ်လျော့ပေးခဲ့ပြီး ၁၃.၁.၂ဝ၁၂ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ သည်။

ပူတာအိုအကျဉ်းထောင်မှ အကျဉ်းသားပေါင်း ၆၁ ဦး လွတ်မြောက်လာရာ နိုင်ငံရေးအကျဉ်းသား ၃ဝ ကျော် ပါဝင်ပြီး ကျန်သူများသည် စစ်ထောက်လှန်းရေး၊ အကောက်ခွန်အရာရှိများ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိများ
ဖြစ်ကြသည်ဟု ဒေါ်ဝင်းမြမြင်၏ ညီမဖြစ်သူ ဒေါ်တင်ဝင်းရီက မဇ္ဈိမကို ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အောင်လံမြို့သို့
ရောက်ရှိ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၆ နာရီ ၂၆ မိနစ်
သရက်ထောင်မှ သောကြာနေ့နံနက်က လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အောင်လံမြို့တွင် ရောက်နေပြီဖြစ်သည်။ မကွေးထောင်မှ လွတ်မြောက်လာသူများအား
စောင့်ရမယ်လို့ အစ်မဖြစ်သူ မသန္တာညွန့်က မဇ္ဈိမကို ပြောသည်။
အင်းစိန်ထောင်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင် လွတ်မြောက်သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၆ နာရီ ၂၁ မိနစ်
ဗိုလ်ကြီးဟောင်း နေမျိုးဇင်လည်း အင်းစိန်ထောင်မှ ချိုင်းထောက်ဖြင့် သောကြာနေ့က လွတ်မြောက်လာပြီ
ဖြစ်ပြီး နေအိမ်သို့မူ ပြန်မရောက်သေးကြောင်း နှမဖြစ်သူက မဇ္ဈိမကို ပြောသည်။ NLD လူငယ်များ ပါဝင် သည့် သွေးလှူအဖွဲ့ကို ကူညီခဲ့သူ ကိုနေမျိုးဇင်ကို ၂၀၁၁ ခုနှစ် ဧပြီလ ၂ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံ ခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် အပစ်ပေးခံခဲ့ရသူဖြစ်သည်။
ကိုမင်းဇေယျာ လားရှိုးထောင်မှ လွတ်မြောက်သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၆ နာရီ ၂၁ မိနစ်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုမင်းဇေယျာလည်း လားရှိုးထောင်မှ
သောကြာနေ့က လွတ်မြောက်လာပြီ ဖြစ်ကြောင်း ကိုမင်းဇေယျာနှင့် ဖုန်းအဆက်အသွယ်ရခဲ့သူ ဇနီး မချိုချိုဝင်းက မဇ္ဖျိမကို ပြောသည်။ စနေနံနက်စောပိုင်းတွင် ရန်ကုန်သို့ ကားဖြင့် ရောက်လာမည်ဟု ဆိုသည်။
အင်းစိန်အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်မျှော်နေသည့်
မြင်ကွင်း

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၅ နာရီ ၁၂ မိနစ်

inseinfont5
  • နိုင်ငံတော် သမ္မတ၏ “လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာချက်အရ လွတ်မြောက်လာမည့် နိုင်ငံရေး အကျဉ်းသားများအား လာရောက် စောင့်မျှော်နေသည့် အမျိုးသမီးကြီးတဦးအား အင်းစိန်ထောင်ရှေ့ တွင် ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)
အကျဉ်းသားများကို လာရောက် စောင့်မျှော်နေသည့် ပရိတ်သတ် :: လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာချက်ကြောင့် လွတ်မြောက်လာမည့် နိုင်ငံရေးအကျဉ်းသားများကို လာရောက် စောင့်မျှော်နေသည့် ပရိတ်သတ်အား အင်းစိန် အကျဉ်းထောင်ရှေ့တွင်  ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)အကျဉ်းသားများကို လာရောက် စောင့်မျှော်နေသည့် ပရိတ်သတ် :: လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာချက်ကြောင့် လွတ်မြောက်လာမည့် နိုင်ငံရေးအကျဉ်းသားများကို လာရောက် စောင့်မျှော်နေသည့် ပရိတ်သတ်အား အင်းစိန် အကျဉ်းထောင်ရှေ့တွင်  ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)အကျဉ်းသားများကို လာရောက် စောင့်မျှော်နေသည့် ပရိတ်သတ် :: လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာချက်ကြောင့် လွတ်မြောက်လာမည့် နိုင်ငံရေးအကျဉ်းသားများကို လာရောက် စောင့်မျှော်နေသည့် ပရိတ်သတ်အား အင်းစိန် အကျဉ်းထောင်ရှေ့တွင်  ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)အကျဉ်းသားများကို လာရောက် စောင့်မျှော်နေသည့် ပရိတ်သတ် :: လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာချက်ကြောင့် လွတ်မြောက်လာမည့် နိုင်ငံရေးအကျဉ်းသားများကို လာရောက် စောင့်မျှော်နေသည့် ပရိတ်သတ်အား အင်းစိန် အကျဉ်းထောင်ရှေ့တွင်  ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)အကျဉ်းသားများကို လာရောက် စောင့်မျှော်နေသည့် ပရိတ်သတ် :: လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာချက်ကြောင့် လွတ်မြောက်လာမည့် နိုင်ငံရေးအကျဉ်းသားများကို လာရောက် စောင့်မျှော်နေသည့် ပရိတ်သတ်အား အင်းစိန် အကျဉ်းထောင်ရှေ့တွင်  ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)အကျဉ်းသားများကို လာရောက် စောင့်မျှော်နေသည့် ပရိတ်သတ် :: လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာချက်ကြောင့် လွတ်မြောက်လာမည့် နိုင်ငံရေးအကျဉ်းသားများကို လာရောက် စောင့်မျှော်နေသည့် ပရိတ်သတ်အား အင်းစိန် အကျဉ်းထောင်ရှေ့တွင်  ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် သားဖြစ်သူနှင့် အတူ တွေ့မြင်ရစဉ်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၃ နာရီ ၃၃ မိနစ်
khinnyunt4
khinnyunt3
  • နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် သားဖြစ်သူ ဒု-ဗိုလ်မှူးကြီးဟောင်း ဇော်နိုင်ဦး တို့အား ရန်ကုန်မြို့ နဝဒေးလမ်းသွယ်ရှိ နေအိမ်တွင် ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)
စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၈ ဦး လွတ်မြောက်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၂ နာရီ ၃၈ မိနစ်
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၈ ဦး သောကြာနေ့က လွတ်မြောက်လာသည်။ အဆိုပါ ၈ ဦးမှာ အရှင်စန္ဒာသီရိ (ခ) ဦးဇင်းပုရစ်၊ ဒေါက်တာသက်လွင်၊ ကိုသန်းတင် (ခ) ကိုကြီးသန်း၊ ကိုပြည့်ဖြိုးလှိုင်၊ ကိုအောင်အောင်ကျော်၊ ကိုဇေယျာဦး၊ ကိုကျော်ဇင်ဝင်း၊ ကိုကျော်လင်းဦးတို့ ဖြစ်ကြောင်း သိရပါသည်။
ရွှေဘိုထောင်မှ ၈၈ ကျောင်းသားခေါင်းဆောင် မမီးမီးနှင့် ကိုသက်ဇော် လွတ်မြောက်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၂ နာရီ ၃၇ မိနစ်
အလားတူ ၈၈ ခေါင်းဆောင်များဖြစ်သည့် မမီးမီးနှင့် ကိုသက်ဇော်တို့မှာ ရွှေဘိုထောင်မှ လွတ်မြောက်လာပြီ
ဖြစ်ပြီး ယနေ့ညနေ ကားဖြင့် ရန်ကုန်သို့ ပြန်လာကြမည်ဟု မမီးမီးနှင့် ဖုန်းအဆက်သွယ်ရသူ သူ၏ ခင်ပွန်း ကိုလှမိုးက မဇ္ဈိမကို ပြောသည်။ ကသာထောင်မှ ၅ ဦး လွတ်မြောက်သည့်အထဲတွင် မလှလှဝင်းနှင့် ကိုအံဘွယ်ကျော်တို့ လည်းပါသည်ဟု သူက ဆိုသည်။
လွိုင်ကော်ထာင်မှ HRDP ဦးမြင့်အေး မလွတ်မြောက်သေး
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၂ နာရီ ၃၆ မိနစ်
လွိုင်ကော်ထာင်မှ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကွန်ယက် HRDP မှ ဦးမြင့်အေးမှာမူ လွတ်မြောက်ခြင်း မရှိကြောင်း HRDP မှ ဦးမောင်မောင်လေးက မဇ္ဈိမကို ပြောသည်။
မြောင်းမြထောင်မှ အရှင်ဂမ္ဘီရ လွတ်မြောက်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၂ နာရီ ၃၃ မိနစ်
၂၀၀၇ ခု ရွှေဝါရောင် သံဃာ့ခေါင်းဆောင် ကိုယ်တော်တပါးဖြစ်သူ အရှင်ဂမ္ဘီရသည် မြောင်းမြထောင်မှ
သောကြာနေ့က လွတ်မြောက်လာပြီး ဖြစ်သည်။ ဦးဇင်းနှင့် ယနေ့မနက်က စကားပြောခဲ့ရသည့် မယ်တော်ဖြစ်သူ
ဒေါ်ရေး က ဦးဇင်းနှင့် တွေ့ဆုံရန် ညနေတွင် ရန်ကုန်သို့ ဆင်းမည်ဟု မဇ္ဈိမကို ပြောသည်။ မြောင်းမြမြို့ခံက ဦးဇင်းကို သိမ်ထပ်ပေးခဲ့သဖြင့် သင်္ကန်းဝတ်ဖြင့် ရန်ကုန်သို့ ကြွရောက်လာမည် ဖြစ်သည်။ မြောင်းမြထောင်မှ စုစုပေါင်း ၁၁ ဦး လွတ်မြောက်သော်လည်း အရှင်ဂမ္ဘီရ တပါးတည်းကို ရန်ကုန်သို့ သီးသန့် ပို့ဆောင်ပေးခြင်း
ဖြစ်သည်။ ရန်ကုန်သို့ ညနေပိုင်းတွင် ရောက်ရှိမည်။
အင်းစိန်ထောင်ရှေ့တွင် ကြိုဆိုနေသူများ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၁ နာရီ ၅၁ မိနစ်
freeprison
  • နိုင်ငံတော် သမ္မတ၏ “လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာချက်အရ သောကြာနေ့တွင် လွတ်မြောက် လာသူများကို အင်းစိန်ထောင်ရှေ့တွင် ကြိုဆိုနေကြစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ) နိုင်ငံတဝှမ်း အကျဉ်းထောင်များမှ လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား အမြောက်အများ ပါဝင်သည်။
ရှင်ဆန္ဒာဓိက အင်းစိန်ထောင်မှ လွတ်မြောက်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၁ နာရီ ၄၄ မိနစ်
freeprison1
  • ရှင်ဆန္ဒာဓိက အင်းစိန်ထောင်မှ ပြန်လွတ်လာစဉ်။ (ဓါတ္ပံု - မဇၹ်ိမ)
တောင်ကြီးထောင်မှ ၈၈ မျိုးဆက်ကျောင်းသားများလည်း လွတ်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၁ နာရီ ၁၁ မိနစ်
တောင်ကြီးထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၃ ဦး လွတ်မြောက်လာရာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များ ဖြစ်ကြသည့် ကိုဂျင်မီ၊ ကိုမြအေး၊ ကိုကျော်ကိုကို၊ ကိုရာဟု တို့အပါအဝင် လူ့အခွင့်အရေးအဖွဲ့ HRDP အဖွဲ့မှ ဦးမောင်ကန်တို့လည်း လွတ်မြောက်လာသည်ဟု ရှမ်းပြည်နယ် NLD ၏ နိုင်ငံရေးအကျဉ်းသားများ ကူညီမှုအဖွဲ့မှ
ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် လွတ်လာသူ ၃၃ ဦးထဲတွင် ဗိုလ်ချုပ်ခင်ညွန့်၏ ထောက်လှမ်းရေးတပ်မှ ၃ ဦး ပါဝင်ပြီး အရှင်ဂမ္ဘီရ ၏ အစ်ကို ကိုအောင်ကျော်ကျော်လည်း လွတ်မြောက်လာသည်ဟု သိရသည်။

လွတ်မြောက်လာသူများအတွက် ရှမ်းပြည်နယ် NLD မှ ကူညီနေသည်ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။

“ သူတို့နေဖို့ ထိုင်ဖို့ အိမ်က လာမကြိုနိုင်တဲ့လူတွေအတွက် ကျမတို့ ရှမ်းပြည်နယ် NLD က စီစဉ်နေပါတယ်” ဟု ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။
ကော့သောင်းထောင်မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုပြုံးချို လွတ်မြောက်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၄၀ မိနစ်
ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုသည် ကော့သောင်းထောင်မှ လွတ်မြောက်လာပြီး သောကြာနေ့ မနက် ၁၁ နာရီတွင် ကော့သောင်းလေဆိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးဝင်းမောင်က မဇ္ဈိမကို
ပြောသည်။ မွန်းလွဲ ၂ နာရီတွင် ကော့သောင်းမှ ထွက်ခွာမည်ဖြစ်ပြီး ညနေပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်မည်ဟု ခန့်မှန်းသည်။ သူနှင့်အတူ မည်သူများ လွတ်မြောက်သည်ကိုမူ မသိရသေးပါ။
ဘူးသီးတောင်ထောင်မှလည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၃၅ မိနစ်
ဘူးသီးတောင်ထောင်မှ ကိုဌေးကြွယ်၊ ကိုစည်သူမောင်၊ ကိုအောင်ဇော်ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးလွတ်မြောက်လာပြီဖြစ်ကာ စစ်တွေမြို့သို့ ရောက်ရှိနေပြီဖြစ်သည်ဟု ကိုဌေးကြွယ်၏ ညီမဖြစ်သူ မမိမိကြွယ်က မဇ္ဈိမကို ပြောသည်။ ကိုဌေးကြွယ်မှာ သောကြာနေ့ ညနေပိုင်းတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

ယင်းအပြင် ဘူးသီးတောင်ထောင်မှ စုစုပေါင်း ၃၁ ဦး လွတ်မြောက်လာရာ ကျန် ၂၁ ဦး၌ ဗိုလ်ချုပ်ခင်ညွန့်၏
ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များနှင့် အကောက်အခွန် အရာရှိများ ပါဝင်သည်ဟု ဆိုသည်။ ဗိုလ်ချုပ်ခင်ညွန့်တပ်မှ ဗိုလ်မှူးကြီး မောင်မောင်သန်းမှာမူ လွတ်မြောက်လာခြင်း မရှိဟု သိရသည်။
ဦးခွန်ထွန်းဦး မှာ တောင်ငူထောင်မှ ပြန်လည် လွတ်မြောက်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၃၂ မိနစ်
ဦးခွန်ထွန်းဦး မှာ တောင်ငူထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပြီး ယခု တောင်ငူမှ ရှမ်းပြည်နယ်သို့ အပြန် လမ်းပေါ်တနေရာတွင် ရောက်ရှိနေပြီ ဖြစ်သည်။

ယင်းအပြင် ဘလော့ဂါဟု လူသိများသည့် နေဘုန်းလတ်မှာ ဘားအံထောင်မှ လွတ်မြောက်လာပြီဟု ဖခင်ဖြစ်သူ က မဇ္ဈိမကို ပြောသည်။

၈၈ မျိုးဆက် ကျောင်းသူတဦးဖြစ်သူ မနီလာသိန်းမှာ သာယာဝတီထောင်မှ ပြန်လည် လွတ်မြောက်လာပြီဟု လည်း ယောင်းမဖြစ်သူ မသန္တာက မဇ္ဈိမကို ပြောသည်။

ကိုဇော်သက်ထွေးမှာလည်း တောင်ကြီးထောင်မှ ပြန်လည် လွတ်မြောက်လာပြီဟု စုံစမ်းသိရသည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးမှာ မိုင်းဆတ်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီး အစိုးရမှ စီစဉ်ပေး သည့် လေယာဉ်ဖြင့် နေ့လည် ၂ နာရီတွင် ရန်ကုန်သို့ ရောက်မည်ဖြစ်သည်ဟု ညီဖြစ်သူ ကိုအောင်ထွန်းက မဇ္ဈိမကို ပြောသည်။ ယင်းလေယာဉ်သည် ကျိုင်းတုံထောင်မှ လွတ်မြောက်လာမည့် အကျဉ်းသားများကိုလည်း ဝင်ခေါ်မည်ဟု ကိုအောင်ထွန်းက ဆက်ပြောသည်။

လားရှိုးထောင်မှ နိုင်ငံရေးအကျဉ်းသားများ ဖြစ်သည့် ဗကသ ကျောင်းသူ မဟန်နီဦး၊ ငွေစိုးလင်း၊ မဂ္ဂင်ဆရာတော်၊ မြင်းခြံဆရာတော် ဦးနန္ဒဝံသ၊ ကိုမင်းဟန်၊ ကိုမြင့်နိုင်၊ ဇာနည်အောင်၊ ဉာဏ်လင်းထွဋ်၊ ကိုမင်းဇေယျာ တို့ပြန်လည် လွတ်မြောက်လာကြကြောင်း မဂ္ဂင်ဆရာတော်က မဇ္ဈိမကို အမိန့်ရှိသည်။
ဦးခင်ညွန့် လွတ်မြောက်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၃၁ မိနစ်
khinnyunt
  • ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် နေအိမ်အကျယ်ချုပ်မှ ယနေ့
    လွတ်မြောက် လာစဉ် (ဓါတ်ပုံ။ မဇ္ဈိမ)။ လွတ်မြောက်လာပြီးနောက် သတင်းထောက်များကို
    ပြောကြားရာတွင် သူ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်းပြောသည်။

khinnyunt1
  • ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် နေအိမ်အကျယ်ချုပ်မှ ယနေ့
    လွတ်မြောက် လာစဉ် (ဓါတ်ပုံ။ မဇ္ဈိမ)။ လွတ်မြောက်လာပြီးနောက် သတင်းထောက်များကို
    ပြောကြားရာတွင် သူ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်းပြောသည်။